Saturday, August 24, 2013

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံးပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံးသွားပါက သွေးတိုးကျဆင်းစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြား သည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့သည်။

Ref; medic-facts

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...