Saturday, August 24, 2013

ရုပ်ရှင်အစည်းအရုံးနှင့် ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌများ နှုတ်ထွက်ပေးရန် ဆန္ဒဖော်ထုတ်



From : ..YPI

မြန်မာနိုင်ငံ ရှပ်ရှင်အစည်းအရုံးဥက္ကဌ သရုပ်ဆောင်လူမင်းနှင့် ဗီဒီယိုအခြေခံ (ဗဟို)အဖွဲ့ ဥက္ကဌ ဦးဝင်းကြည်အပါအ၀င် အမှုဆောင်များမှာအာဏာရှင်ဆန်ဆန်ပြုမူသည်ဟုစွပ်စွဲကာ အားလုံးနှုတ်ထွက်ပေးရန် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် ရုပ်ရှင်လောကသားများက ယနေ့ ၁၁ နာရီခန့်က ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံ အပြင်ဘက်တွင် ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင်ဟိန်းထက်စံဗီဒီယိုထုတ်လုပ်ရေးမှ ဦးညွန့်လွင်ဌေးက “ ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းမော်ကို ခိုးကူးခွေကိစ္စနဲ့ပတ်သတ်ပြီးတော့ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ထုတ်လိုက်တယ်… ဒါအာဏာရှင် ဆန်ဆန်ဆောင်ရွက်တာပါ”ဟုဆိုသည်။

ဥက္ကဌဟောင်း ဦးဇင်ဝိုင်းနှင့် လက်ရှိဥက္ကဌ ဦးလူမင်းတို့မှာကွာခြားခြင်းမရှိဟုလည်း ၎င်းကသုံးသပ်သည်။ မြန်မာနိုင်ငံ ရှပ်ရှင်အစည်း အရုံး နှင့် ဗီဒီယိုအခြေခံဗဟိုအဖွဲ့များကိုတရားမျှတသော လုပ်ငန်းကျွမ်းကျင်မှုရှိသောရုပ်ရှင် လောကသားများထဲမှ တရားမျှတစွာပြန်လည်ရွေးကောက်ပေးစေလိုကြောင်းဦးညွန့်လွင်ဌေးကရှင်းပြသည်။


Photo: Thet Oo Mon

ရုပ်ရှင်သရုပ်ဆောင် ကိုမင်းဇော်မှ“ အဓိကက ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမူး၊ ဗီဒီယိုအခြေခံအဖွဲ့ရဲ့ ဥက္ကဌ ဦးဝင်းကြည်ကရုပ်ရှင်အစည်းရုံးနှင့် အမှုဆောင်အဖွဲ့တွေကို လက်ကိုင်တုတ်လုပ် အသုံးပြုပြီး သူတို့အမြဲတမ်းချမှတ်နေကျဖြစ်တဲ့ ဖြုတ်၊ထုတ၊်ပယ်ဆိုတဲ့မှုတွေသုံးပြီး အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

ခိုးကူးခွေကိစ္စနှင့် အထုတ်ပယ်ခံရသောရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌဒေါ်စန်းစန်းမော်က “ဦးလူမင်းအနေနဲ့က အခုသူဥက္ကဌလုပ်ပြီးနှစ်လအကြာမှာပဲ ကျွန်မတို့တိုင်းဒေသကြီး အဖွဲ့ကို စုံစမ်းမေးမြန်းခြင်းမရှိပဲ ထုတ်ပစ်ပါတယ်။သမာသမတ်ရှိတဲ့ လူသာဆိုရင်ဒါမျိုးမလုပ်ပါဘူး အဲဒီအတွက်ကြောင့် ဦးလူမင်းအပါဝင်အဖွဲ့နဲ့ဦးဝင်းကြည်အပါဝင် အလုပ်အမှုဆောင်အဖွဲ့ အားလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာပါ ”ဟုဆန္ဒပြရသည့်အကြောင်းကိုရှင်းပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ဦးအနေဖြင့်ဆောင်ရွက်သည့်ကိစ္စအားလုံးတွင် တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ရုပ်ရှင်လောကသားများ၏ဆန္ဒဖြင့် ရွေးချယ်ထားသော အလွှာအသီးသီးမှကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့် အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆုံးဖြတ်ခဲ့ပြီးအာဏာရှင်ပုံစံဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိဟု ယနေ့ထုတ် 7 Day နေ့စဉ်သတင်းစာတွင် လူမင်းကပြောကြားထားသည်။

ဆန္ဒပြသူများမှာ မကွေးတိုင်းနှင့်မွန်ပြည်နယ်မှကိုယ်စားလှယ်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများ လူအင်အား ၄၀ ကျော်ခန့်ရှိပြီး ၎င်းတို့မှအုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့၊ အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)ဥက္ကဌ (အလိုမရှိ)၊ကိုယ့်ခွေကိုယ်ရောင်း၊ လာဘ်စားတဲ့ ဗီဒီယို (ဗဟို) (အလိုမရှိ)၊ပြောတော့NGO ၊ လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး(အလိုမရှိ)၊ အလုပ်မလုပ် တရားမဲ့အုပ်ချုပ်တဲ့ဗီဒီယို(ဗဟို)အလိုမရှိ၊အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး (အလိုမရှိ)၊အလုပ်မလုပ်တဲ့ဗီဒီယို (အလိုမရှိ)စာသားများပါဝင်သော ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...