Saturday, August 24, 2013

ဗန်ကောက်မြို့တွင် ဗုံးခွဲရန် ကြိုးစားသည့် အီရန်နိုင်ငံသားနှစ်ဦး တရားရုံးက ထောင်ဒဏ် ချမှတ်စီရင်


ဗန်ကောက်မြို့တွင် ဗုံးထောင် ဖောက်ခွဲရန် ကြိုးစားမှုဖြင့် အီရန်နိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးက ထောင်ဒဏ် စီရင် ချမှတ်လိုက်ကြောင်း သြဂုတ် ၂၂ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်းအီရန်နိုင်ငံသား နှစ်ဦးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ၄င်းတို့ နေထိုင်သော အိမ်၌ လက်လုပ်ဗုံး မတော်တဆ ပေါက်ကွဲပြီးနောက် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းတို့အနက်မှ တစ်ဦးသည် ထိုင်းရဲစခန်းကို ဗုံးဖြင့် ပစ်ဖောက်ရန် ကြိုးစားစဉ် ထိခိုက်မိပြီး ခြေထောက်များ ဖြတ်လိုက်ရသည်။ ယင်းတို့အား ဖမ်းဆီးပြီးနောက် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အိန္ဒိယနှင့် ဂျော်ဂျီယာတို့တွင် အစ္စရေး သံတမန်များအား ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး တစ်ရက်အကြာ ထိုင်းနိုင်ငံ၌ ၄င်းအီရန်နိုင်ငံသား တစ်ဦး မတော်တဆ ဗုံးပေါက်ကွဲမှု နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗန်ကောက်ရှိ အစ္စရေးသံတမန်များကို ဗုံးခွဲတိုက်ခိုက်လိမ့်မည်ဟု ထိုင်းတာဝန်ရှိသူများက ယုံကြည်ထားသည်။

 (ဘီဘီစီ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...