Saturday, August 24, 2013

အိန္ဒိယအကျဉ်းသား ၃၆၅ ဦးအား ပါကစ္စတန် ပြန်လွှတ်ပေးမည်


နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သင်္ကေတကို ပြဆိုသောအားဖြင့် အိန္ဒိယနိုင်ငံသား အကျဉ်းသား ၃၆၅ ဦးအား ပြန်လွှတ်ပေးရန် ပါကစ္စတန်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေး ၀န်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ ယင်းအကျဉ်းသားဦးရေ ၃၆၅ ဦးထဲတွင် အိန္ဒိယရေလုပ်သားဦးရေ ၃၄၀ နှင့် ငါးဖမ်းရေယာဉ်အဖွဲ့သား ၂၅ ဦးတို့ ပါဝင်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ (ဆင်ဟွာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...