ကျွန်တော်တို့ နေထိုင်တဲ့ရွာဟာ နှစ်ပေါင်း (100)ကျော် နေထိုင်လာခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုအခါ စားကျက်မြေတွင် နေထိုင်သည်ဟုဆိုကာ (15)ရက်အတွင်းအိမ်တွေကိုဖျက်ပေးဖို့ Notice စာကို ရွာအုပ်ချုပ်ရေးမှူးထံရောက်လာပါသည်။ ကျွန်တော်တို့ နေထိုင်တဲ့ သ၀န်းတောကျေးရွာအုပ်စုတွင် စားကျက်မြေမှာနေထိုင် သူများဟာ အိမ်ခြေ(700)ကျော်ရှိပါတယ်။
ထိုအိမ်များဟာ ကျူးကျော်တဲများ မဟုတ်ကြပါဘူး။ အခိုင်အမာတည်ဆောက်ထားတဲ့ တိုက်တွေ၊ အိမ်တွေ၊ စပါးကျီးတွေ၊ ဆန်စက်တွေ ပါဝင်ပါတယ်။
အခုတော့ စားကျက်မြေမှာ နေထိုင်တယ်ဆိုပြီးတော့ ဖျက်သိမ်းခံရတော့မယ်အရေးနဲ့
ရင်ဆိုင်နေရပါတယ်။ ကျေးရွာနေ လူအဖွဲ့အစည်းမှာ အင်မတန် စိတ်ဆင်းရဲနေရပါတယ်။ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့နေရာတွေကို မဖျက်သိမ်းခံနိုင်ကြပါဘူး။ ကျွန်တော်တို့ ရွာသူရွာသားများကို တစ်ဖက်တစ်လမ်းက အကူအညီတောင်းခံရခြင်းဖြစ်ပါတယ်။
သ၀န်းတောကျေးရွာသားလေး
0 comments:
Post a Comment