Saturday, August 24, 2013

မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်၍ သစ်ပင်လဲကျ


၂၂.၈.၂၀၁၃ ရက်နေ့ ၁၉၄၅ အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)
ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ အ.မ.က(၄)ကျောင်းဝင်းအတွင်း
ကျောင်းဆောင်နောက်ရှိ ညောင်ပင်မှာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်
လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် လဲကျခဲ့ပါသည်။

ထိုသိုလဲကျခဲ့သဖြင့် ကျောင်းဝင်းအားကာရံထားသော အုတ်တံတိုင်း အမြင့်(၇)ပေ၊ အကျယ်(၉)ပေ ခန့်မှာပျက်စီးခဲ့ပြီး အနီးရှိလူနေအိမ်များ
ဖြစ်သော ဦးခင်မောင်လွင်၊ဦးထွန်းထွန်းဝင်းနှင့် ဦးစိုးဝင်းမောင် တို့၏နေအိမ်များပေါ်သို့လည်းပိမိ၍ ထုတ်၊ ယောက်၊ ဒိုင်း၊ အမိုးများ
အနည်းငယ်စီပျက်စီခဲ့ရာ စုစုပေါင်းတန်ဘိုး ငွေကျပ်(၉၃၀၀၀၀)ခန့်
ပျက်စီးဆုံးရှုံးခဲ့ပါသည်။

၂၃.၈.၂၀၁၃ ရက်နေ့ (၁၀၀၀) အချိန်တွင် အဆိုပါလဲကျသည့်
ညောင်ပင်အား မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး သည့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...