Monday, August 12, 2013

နမ္မတျူမှာ ကုလား-ဗမာ ပဋိပက္ခဖြစ်စေရန် မူဆလင်ဘာသာရေးခေါင်းဆောင် ငကြွက် (ခ) ကျော်ကျော်ထွေး ဦးဆောင်လှုံ့ဆော် လှုပ်ရှားနေ




နမ္မတူ မူဆလိန် ဥက္ကဋ္ဌ ဆိုတဲ့ တိရိစ္ဆာန်နာမည် နဲ့ ငကြွက် (ခ) ကျော်ကျော်ထွေး
ဆိုသောသူသည် ဗမာ-ရှမ်း
လူမျိုးတစ်ယောက်ပါ ၊ ၄င်းမှ ဦးဆောင်ပြီး၊ လားရှိုးမြို့ တွင် ၄င်းတို့
ဘာသာဝင်များ နှင့်ဗုဒ္ဒဘာသာဝင်များ
ဖြစ်စဉ်ကို မခံမရပ်ဖြစ်နေခြင်းကြောင့် နမ္မတူမှာ ပြန်လည်လက်တုံ့ပြန်ရန်
ကျိုးပမ်းနေပါတယ်၊ မေ၂၈/၂၉ ရက်နေ့တုန်းကလည်း လားရှိုး မှ
မူဆလိန်ဘာသာဝင်(အစ္စလာမ်ဘာသာဝင်/

မူဆလင်စစ်စစ်မဟုတ်ပါ၊
ကပြား)လူအင်အား(၄၀)အား နမ္မတူသို့ ခေါ်ဆောင်ပြီး၊ လားရှိုး နှင့် နမ္မတူ
တစ်ချိန်တည်း တစ်ပြိုင်တည်း အဓိကရုန်းဖြစ်ပေါ်၊ လုပ်ဆောင်ရန် ၊
မြို့မိမြို့ဖ အမည်ခံ ဦးဘကြည်( မူဆလိန်မ၏ ယောက္ခမ) ၄င်း၏သားနှင့်
မူဆလိန်ကုလားမယူထားသူနှင့် ပူးပေါင်း ကြိုးစားစဉ် ၊ ဗမာအများစုနေထိုင်သော
ဝန်ထမ်းရပ်ကွက်မှ နမ္မတူမြို့အတွင်း လားရှိုးမှ
အစ္စလာမ်ဘာသာဝင်လူ(၄၀)အား လုံးဝ ၀င်ခွင့်မပြုဘဲ၊ အဓိကရုံးမဖြစ်အောင်
ထိန်းခဲ့ပါတယ်၊
ယခု အမက(၃)မူလွန်ဆရာမကြီးအား ပြဿနာရှာ ရန်စမှု တစ်မျိုးနှင့်
တိုက်ကွက်ဖော်နေပါတယ်၊
၎င်း ငကြွက် (ခ) ကျော်ကျော်ထွေး ဟာ အာဏာပိုင်များအား
အပိုင်ပေါင်းထားပါတယ်၊ မေလဆန်းပိုင်းတုန်းကလည်း နမ္မတူမှာ
လာရောက်အလှူခံသော ဗုဒ္ဒဘာသာဘုန်းကြီးတစ်ပါးမှ လာရောက်အလှူခံစဉ်
၎င်းအပိုင်ပေါင်းထားတဲ့ မြို့နယ်ရဲမှူး ရဲမြင့် ထံဖုန်းဆက်ပြီး၊
မြို့တွင်းအလှူခံမှု ပျက်ပြားအောင် ဖျက်ဆီးနှောက်ယှက်ခဲ့ပါတယ်၊
၎င်းရဲမှူး ရဲမြင့် မှလည်း သက်ဆိုင်ရာမြို့နယ်သာသနာရေး
အဖွဲ့များအဖွဲ့စုံဖြင့်စစ်ဆေးခဲ့ပါတယ်၊ ၄င်းဆရာတော်မှာ
တရားဝင်ခွင့်ပြုချက်မျာနှင့်အထောက်ထားပြည့်စုံမှုကြောင့်
ပြဿနာမဖြစ်သော်လည်း အလှူခံမှု ပျက်ပြားခဲ့ပါတယ်၊ နိုင်ငံဝန်ထမ်းဘဲ
ငကြွက် ကို မ လွန်ဆန်နိုင်တာလား ၊ ပြဿနာမဖြစ်ပေါ်စေရန်
ထိန်းသိမ်းခြင်းလား မပြောလိုတော့ပါ၊
ငကြွက်သည် အဓိကရုန်းဖြစ်စေရန်
လှုပ်ရှားနေတာတော့ပေါ်လွင်နေပါတယ်၊တာဝန်ရှိသူများဝိုင်းဝန်း
တာဝန်ယူပေးကြပါ၊ သက်ဆိုင်ရာခရိုင်ရှိ လူကြီးမင်းများ နမ္မတူကို
ပစ်မထားပါနှင့်၊ ငကြွက် ကိုနမ္မတူတွင်လှုပ်ရှားနေသော
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ငွေကြေးတောင်းခံသော စာပေးပို့ထားပါတယ်၊
ငွေမပေးလျှင် ၄င်းတို့ ထုံးစံအတိုင်း စီမံ မည်ဟု
လည်းပြောကြားထားပါ၊၄င်းပိုင်(၁၂)
ဘီး PEကား (၁၀)စင်းနှင့် အသက်ကိုရန်ရှာရန် အစီစဉ်ရှိပါသည်၊ အုတ်ရောရော ၊
ကျောက်ရောရောနှင့် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေနိုင် ပါသည်၊
အများပြည်သူ ဘေးဆိုးကြရောက်နိုင်ပါသည်၊ အချိန်မှီပါသေးသည် ၊
ထိန်းလို့ရနိုင်ပါသေးသည် ။

နမ္မတူ ဒေသခံတစ်ဦး
၎င်းသတင်းနှင့်ပတ်သက်လို့ အသေးစိတ်မေးမြန်းလိုလျှင် ဖုန်း/ ၀၉-၄၇၃၁၂၂၂၀
နှင့် ၀၉/ ၇၃၂၀၀၀၂၁
ဆက်သွယ်မေးမြန်းနိုင်ပါသည်-

မကြာခဏ ဆန္ဒပြပွဲရှိသဖြင့် ရန်ကုန်မြို့တွင်းရှိ နေရာအချို့ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပွားလျက်ရှိ


From : ..mrtv4



ရန်ကုန်မြို့တွင်းရှိ နေရာတစ်ချို့ ဖြစ်တဲ့ ပန်းဆိုးတန်း၊ အနော်ရထာလမ်း၊ ကျောက်တံတား အစရှိတဲ့ နေရာတွေမှာ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပွားလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ယာဉ်ကြော ကျပ်တည်းမှု တွေဟာ ရန်ကုန်မြို့တွင်းမှာ များစွာရှိနေတဲ့ အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ တာဝန်ရှိသူတွေက ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းဖို့ အတွက် ခုံးကျော် တံတား ဆောက်လုပ်ခြင်း၊ လမ်းချဲ့ခြင်းများကို ပြုလုပ် ပေးလျက် ရှိပါတယ်။

ဒါပေမယ့်လည်း ယာဉ်ကြော ပိတ်ဆို့မှုတွေ ကတော့ ဆက်လက် ဖြစ်ပေါ် နေတာဖြစ်ပြီး တာဝန်ရှိသူတွေ ကလည်း ဒီလို ယာဉ်ကြော ကြပ်တည်းတဲ့ နေရာတွေမှာ ဖြေရှင်း ပေးမှုတွေကို ပြုလုပ်ပေး နေပါတယ်။ အခုလို ရန်ကုန်မြို့တွင်း ဖြစ်ပေါ် လျက်ရှိတဲ့ ယာဉ်ကြောကြပ်တည်းမှု တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ နေ့မအား၊ ညမအား တာဝန်ယူ ဖြေရှင်းပေး နေတာဖြစ်ပြီး ပြည်သူတွေ အလုပ်သွားချိန်နဲ့ အလုပ်ဆင်းချိန် တွေမှာ ပိုမိုဂရုစိုက် ဖြေရှင်းပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ယာဉ်ကြော ပိတ်ဆို့မှု တွေဟာ မြေနီကုန်း၊ ဦးဝိစာရအ၀ိုင်း၊ ဟံသာဝတီ အ၀ိုင်း၊ ဘုရင့်နောင်၊ လှိုင်သာယာ၊ အင်းစိန် အစရှိတဲ့ နေရာတွေမှာ ပိုမိုကျပ်တည်းမှု ဖြစ်ပွား နေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ရန်ကုန်မြို့တော်တွင်း ခရီးသွား ပြည်သူများ အတွက် Traffic Gam ဖြစ်ပွားမှု ကင်းဝေးစေရန် ခုံးကျော် တံတားများ ဆောက်လုပ်ခြင်း၊ လမ်းများ ချဲ့ထွင်ခြင်း တို့ကို ပြုလုပ်ပေးဖို့ အတွက် စာပေး ပြုလုပ်မှုများ ရှိတယ်လို့ သိရပါတယ်။

LA ရဲ့ လမ်းမပေါ်မှာအကြမ်းစားဒီဇိုင်းနဲ့ထပ်တွေ့ပြန်တဲ့ လေဒီဂါဂါ


ပြီးခဲ့တဲ့တစ်ခေါက်က နယူးယောက်ရဲ့ လမ်းမပေါ်မှာ Bra နဲ့ ဂါဂါဆိုပြီး မီဒီယာ
စာမျက်နှာတွေမှာ ရေပန်းစားခဲ့တဲ့ လေဒီဂါဂါတစ်ယောက် ဒီတစ်ခါလည်း
လော့အိန်ဂျလိစ်ရဲ့လမ်းမပေါ်မှာ bra ဒီဇိုင်းနဲ့ထပ်မံမြင်တွေ့ရပြန်ပါပြီ။

Mtv တွေမှာ သရုပ်ဆောင်ကြမ်းသူတစ်ယောက် တင်မကပဲ အပြင်လူနေ
မှုပုံစံကလည်း ခပ်ကြမ်းကြမ်းရှိတဲ့ လေဒီဂါဂါတစ်ယောက် သူမရဲ့  ပရိသတ်
တွေအတွက်တော့ မျက်လုံးပြူးစေပါတယ်။

လာမယ့် သြဂုတ်လ-၁၉ မှာအယ်ဘမ်အသစ်ထွက်ရှိဖို့ရှိတဲ့ လေဒီဂါဂါဟာဆို
ရင် အသက် ၃၀ အောက်အချမ်းသာဆုံးစာရင်းဝင်အနုပညာရှင်တစ်ယောက်
ဖြစ်သလို၊မကြာသေးခင်ကမှ တင်ပါးခွဲစိတ်ကုသထားတယ်လို့သိရပါတယ်။

Khun Nay(Fashion & Design)

ဒီကနေ့ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေအားလုံးက ရှစ်လေးလုံး အရေးအခင်းမှာ ဘာမှ ထဲထဲဝင်ဝင်လုပ်ခဲ့ကြတာ မရှိဘူး (ကိုယ်တွေ့ဖြစ်ရပ်မှန်)

12.8.2013

၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက စတင်ဦးဆောင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေထဲမှာမှ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ၈၈ ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ စကားလုံးက ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး ၅ နှစ်လောက်ကြာမှ ပြည်ပအခြေစိုက် မီဒီယာတွေက သူတို့တင်ချင်တဲ့လူတွေကို ကျောင်းသားခေါင်းဆောင်ဆိုပြီး တင်ပေးလိုက်တာပါ။ တကယ်တမ်း ကျတော့ ဒီကနေ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ လူအားလုံးက ဆန္ဒပြပွဲတွေမှာ ရှေ့ကနေဦးဆောင်ခဲ့တဲ့ လူတစ်ယောက်မှ မပါပါဘူး။

ကိုဆလိုင်းကိုကိုဦး၊ ကိုဗထူးမောင် တို့ကမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်တွေ ဖြစ်ပါ တယ်။ ကျောင်းသားတွေကို ဘာမှ ခေါင်းဆောင်မှု မပေးခဲ့ပါဘူး။ အခု နာမည်ခံ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုမိုးသီးဇွန် စတဲ့ ပုဂ္ဂိုလ်များကလည်း ဆန္ဒပြကျောင်းသား တွေနဲ့ လှုပ်ရှားနေတဲ့လူထုကို ဘာမှခေါင်းဆောင်မလုပ်ခဲ့ပါဘူး။ ဘယ်ကနေ ဘယ်လို ခေါင်းဆောင်ဖြစ်သွား တယ်ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။


ရှစ်လေးလုံး ဆန္ဒပြပွဲ မတိုင်ခင်မှာ ရှေ့မှာဆန္ဒပြပွဲ (၇) ပွဲရှိပါတယ်။ ၃-၈-၈၈ ရက်နေ့ပွဲက ခုနှစ် ခုမြောက်ဆန္ဒပြပွဲဖြစ်ပြီး ၈-၈-၈၈ ရက်နေ့ ဆန္ဒပြပွဲကတော့ ၈ ခုမြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲ ရှစ်ခု လုံးမှာ ဒီကနေ့ နာမည်ကြီးနေတဲ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့လူတွေ တစ်ယောက်မှ မပါပါဘူး။ သူတို့ကို မေးကြည့်လို့ရပါတယ်။ အရေးအခင်းတုန်းက “သပိတ် သပိတ်၊ မှောက်မှောက်” “မီးဒုတ် မီးဒုတ်၊ ရှို့ရှို့” “ဒီမို ကရေစီ ရရှိရေး၊ ဒို့အရေး” အဲလိုတွေ လက်သီးလက်မောင်းတန်းပြီး အော်ကြတာပါ။ အခု ကျောင်းသား ခေါင်းဆောင် ဆိုတဲ့ ကိုမင်းကိုနိုင်ဆိုတာ နွဲ့နွဲ့နောင်းနောင်းနဲ့ အဲလိုအော်ခဲ့ဖူးသလား မေးကြည့်လို့ရပါတယ်။


၃-၈-၈၈ ရက်နေ့က ဆန္ဒပြပွဲကို ကိုဗထူးမောင် နဲ့ ကိုညိုထွန်း တို့က ဦးဆောင်ခဲ့တာပါ။ ရွေတိဂုံဘုရား အောက်ဘလောက်ကနေ စခဲ့တာပါ။ အဲဒီကနေ အလုံဖက်ကိုသွားခဲ့ပြီး မြေနီကုန်းအထိ ခရီးဆက်ခဲ့ပါတယ်။ အဲဒီနောက် ပြည်လမ်းအတိုင်း လမ်းတန်းကို ချီတက်ခဲ့ပြီး ညနေ ၅ နာရီမှာ ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။ စတဲ့အချိန်တုန်းက အယောက် ၂၀ နဲ့ စခဲ့ပေမယ့် ပြီးတဲ့အချိန်မှာ ဆန္ဒပြသူအရေအတွက်ကတော့ ၃ သောင်း ကျော်လောက်ရှိမယ် ထင်ပါတယ်။
၈-၈-၈၈ ဆန္ဒပြပွဲကိုလည်း အနော်ရထာလမ်းနဲ့ ဆူးလေနား ၃၃ ထောင့်က စခဲ့တာပါ။ အဲဒီနေ့ကလည်း ပထမဆုံး စတင်ဆန္ဒပြ ဦးဆောင်ခဲ့သူကတော့ ကိုဗထူး ဖြစ်ပါတယ်။ နောက်ထပ် ဆန္ဒပြခေါင်းဆောင်တွေ ကတော့ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေနဲ့ အစ္စလမ်ဘာသာဝင် လူငယ်တစ်ချို့ပါ။ ကျောင်းသား တစ်ချို့ လည်း ပါပေမယ့် ဒီကနေ့ နာမည်ခံ ကျောင်းသားတစ်ဦးမှ မပါပါဘူး။

ဒါပေမယ့် အဲဒီတုန်းကအလုပ်လုပ်ခဲ့တဲ့ကျောင်းသားတစ်ယောက်တော့ရှိပါတယ်။ အဲဒါက ကိုဌေးကြွယ် ပါ။ ကိုဌေးကြွယ် လုပ်တာကလည်း ကျောင်းသားကို လူရှေ့သူရှေ့ထွက်ပြီး ခေါင်းဆောင်တာတော့ မဟုတ် ပါဘူး။ ကိုဌေးကြွယ်နဲ့ ကိုကိုလတ်က ခရစ္စတိုဖာနဲ့ချိတ်ပြီး ကျောင်းသူတွေကို မုဒိန်းကျင့်ပါတယ်လို့ လုပ်ဇာတ် ခင်းပြီး ဘီဘီစီကနေ့ လွှင့်ခဲ့တာပါ။ ကိုဌေးကြွယ်ကို မယုံရင်မေးကြည့်လို့ရပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ကတော့ ၈-၈-၈၈ ဆန္ဒပြပွဲပြီးချိန် ဒေါ်အောင်ဆန်းစုကြည် ထွက်လာမှ အနားရောက်သွားခဲ့ ကြတာပါ။ နိဂုံးချုပ်ရရင်တော့ အခု ၈၈ ကျောင်းသားခေါင်းဆောင်ပါ ဆိုတဲ့ လူအားလုံးဟာ ၈-၈-၈၈ နေ့ အရေးအခင်းနဲ့ အဲဒီမတိုင်ခင် ဆန္ဒပြပွဲတွေမှာ ဘယ်နေရာမှ မပါခဲ့သလို၊ ဘယ်ကျောင်းသားကိုမှ ခေါင်းမဆောင်ခဲ့ဘူးဆိုတာပါပဲ။

အညတရကျောင်းသားဟောင်းတစ်ဦး

C Chit Lay

ယောက်ျားမိန်းမ ထိုကိစ္စ


From : ..ခလေးလေး



ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော
သတင်းတပုဒ်ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ
သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး
နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်ပေါ်လွှင့်တင်လိုက်ရာ
ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများအဖြစ်
ရောက်ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည်
ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody World
တေးစီးရီးတွင်ပါဝင်လျှက် နာမည်ထွက်လာခဲ့သော အဆိုတော်မလေးတစ်ယောက်
ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသား
ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက
သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့်
သူမအနုပညာပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင်
မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊
ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း
မကင်းနိုင်သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ
သွေဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင်
ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ်တည်နေရမလဲ
ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း
အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်
ဖြစ်ခဲ့ရသည် ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော
အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊
အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြောရလျှင် ရိုင်းသည်ဟုလည်း
မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက်
ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင်
ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော
အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်းသာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ်
မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်းအတွက် ကြီးမားသော
အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရားအနိုင်ကျင့်မှုမျိုး
မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊
အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊
ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင်
လူနှင့်တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည်
သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း
ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာ
ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်
ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့
အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊
ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော
မြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊
ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု
တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား
ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်
နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊
ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင်
အလွယ်တကူ ရိုက်ကူးထားနိုင်သော စက်ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊
မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်
ပြဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ
များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာများ ဖြစ်နိုင်စွမ်းရှိသည် ၊
အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိစ္စတွင်
နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊
ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင်
ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုးသားလုပ်သူက
“ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်
တွေ့ရသော မြန်မာညစ်ညမ်းဇာတ်ကားအများစုသည် ပြန်ဖျက်ပါ့မယ်ဟူသောစကားကို
ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည် ၊ ဤနေရာတွင်
ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည်
ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊
ထိုစိတ်သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့အပေါင်းအသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊
တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊
ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ
မရှိတော့၊ အယုံအကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံ
သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျားသည် မိမိနှင့် အစဉ်ထာဝရ
အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်
အဆင်မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊
ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို
ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့်
သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ
ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊
ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း၏အဖြစ်အပျက်ကဲ့သို့
မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး
ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း
ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင်
ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ
ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း
“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ
Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည်
အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး
လေးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ်
များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊
ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင်
တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊
ဒီကောင်မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊
ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊
(ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊
မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ
ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီးနောက်
အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ )
vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်
ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊
ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး
အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို
မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊
ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ
အနေဖြင့် ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ
အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊
ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသောကိစ္စရပ်လေးတစ်ခုက မိမိ၏
မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါသည်၊
ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့်
နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက်
ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက်
ထားပေးနိုင်ကြလျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊
အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား
အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါးလင်ယောက်ျားနှင့်
နောက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏
နှစ်ဦးသဘောတူချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊
ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့်
ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို
ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံထားသော
လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏
အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍
အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်
သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း
ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်
ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊
မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

.. www.MyanmarExpress.net

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်



ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေးအဖွဲ့နှင့်သဘောတူညီမှုရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေအချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိသူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ်ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပလာခဲ့သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲများဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

ကျောင်းရေလောင်းအိမ်သာ အောက်ခြေအင်္ဂတေကြမ်းခင်းပြိုကျ ကျောင်းသူသုံးဦးသေ၊ ၁၂ ဦး ဒဏ်ရာရ


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ၀မ်ကန်တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ် ၉ရက် နံနက်ပိုင်းက ကျောင်းသုံးရေလောင်းအိမ်သာ ငါးခန်းတွဲနှစ်ခု၏ အောက်ခြေအင်္ဂတေ ကြမ်းပြင် ပြိုကျခဲ့ရာ ကျောင်းသူသုံးဦးသေဆုံး၍ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ယင်းနေ့ နံနက် ၁၀ နာရီခွဲခန့် မုန့်စားကျောင်းဆင်းချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များသွားရခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ န၀မတန်းကျောင်းသူ နှစ်ဦးနှင့် တတိယတန်းကျောင်းသူတစ်ဦးဖြစ်သည်။

“သူတို့အဆောက်အအုံကလည်း သိပ်ခိုင်မာမှုမရှိဘူးထင်ပါတယ်။ ပြီးတော့ မိုးများတာလည်းပါတယ်။ မိလ္လာကန်ပေါ်မှာ ဆောက်ထားတဲ့အိမ်သာတွေ အိပြီးပြိုကျတာ။ ကလေးတွေအကုန်ပြုတ်ကျကုန်ပြီး အုတ်ကျိုးတွေနဲ့ ထိခိုက်ကုန်တယ်။ အောက်ဆုံးရောက်တဲ့ကလေးတွေ သေကုန်တာ”ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဆောက်အအုံပြိုကျသည့်နေရာသို့ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားမိဘများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသောကျောင်းသူ ၁၂ ဦးကို ၀မ်ကန်တိုက်နယ်ဆေးရုံ၌ ကုသပေးလျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများရှိနေခြင်းကြောင့် မြေပြိုမှုအန္တရာယ်များကြုံတွေ့ရနိုင်ပြီး အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ် ၈ ရက်တွင် သတိပေးပြောကြားထားသည်။

7Day News Journal

ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်


အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့က ဒေသစံတော်ချိန် ည ၁၂ နာရီခန့် အချိန်တွင် ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆွဲကြိုးချသေဆုံးသူ ကရင်လူငယ်အမျိုးသား၏ အမည်မှာ ကညောစိုး(Ka Nyaw Soe) အသက် ၂၅ နှစ် (ဘ) ဦးရဲထူး (မိ) ဟာ့စ်အ်လဲအ်ပို (Hse Lae Paw)တို့၏သား ဖြစ်ကြောင်း သိရသည်။

မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။ မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။

ကညောစိုး ကြိုးဆွဲချ အဆုံးစီရင်သည့် အချိန်၊ နေ့ ၊ လမှာ ၄င်း၏ အသက် ၂၅ နှစ် ပြည့်မြောက်သည့် အချိန်၊ နေ့ ၊ လ တို့နှင့် ထူးခြားစွာ တိုက်ဆိုင်နေကြောင်း ဖခင်ဖြစ်သူ ကရင်အမျိုးသား ဦးရဲထူး ပြောကြားချက်အရ သိရသည်။

ကညောစိုး ယခုလို ဆွဲကြိုးချ အဆုံးစီရင်ရသည့် အဓိကအကြောင်းရင်းခံမှာ မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ချစ်သူရည်းစားနှင့် လက်ထပ် အိမ်ထောင်ပြုမည့်ကိစ္စနှင့် ပတ်သက်၍ သူတို့အချင်းချင်း စကားများ အဆင်မပြေဖြစ်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက သုံးသပ်သည်။

"သူက မင်နီဆိုးတားပြည်နယ်မှာ အလုပ်လုပ်ပြီးနေတော့ အဲဒီက သူနဲ့ ရွယ်တူ အမျိုး သမီး တယောက်နဲ့ ချစ် ကြိုက်နေကြ ပါတယ်။ ကျနော့်သား ကျနော့်အိမ်ကိုရောက်ရှိပြီးတဲ့ခါ အဲဒီက သူနဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသမီးကို လက်ထပ်ယူဖို့ ကျနော့် ဆီမှာ ငွေရေးကြေးရေး အကူအညီတောင်းပါတယ်။ ကျနော်ကလည်း တတ်အားသရွေ့ ကူညီပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။ နောက်တနေ့ မှာ ကျနော့်တို့ သိရတာက သူ့ချစ်သူအမျိုးသမီးနဲ့  လက်ထပ်အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ချင်း စကားများ၊ အဆင်မပြေတော့ပါဘူးဆိုပြီး သိရပါတယ်။ ဒီအကြောင်းကိစ္စအပေါ်မှာ အခြေခံပြီးတော့ သူ စိတ်ဓာတ်တွေကျပြီး သူ့ကိုယ်သူ ဆွဲကြိုးချသေသွားတာလို့ ကျနော်တို့က ယူဆထားကြပါတယ်" ဟု ဦးရဲထူးက ဆိုသည်။

အဆိုပါ ဆွဲကြိုးချ ကရင်လူငယ်အမျိုးသားသည် အမေရိကန်ပြည်ထောင်စု မြောက်ဖက်ခြမ်း မင်နီဆိုးတားပြည်နယ် (Minesota) ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေရာမှ လွန်ခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် ၄င်း၏ မိသားစု အခြေချနေထိုင်နေသည့် တက္ကဆက်ပြည်နယ် အမာရီလိုမြို့ သစ်ပင်စိမ်းရပ်ကွက်(Green Tree)ရှိ နေအိမ်သို့ အလည်အပတ်ရောက်ရှိလာပြီးနောက် တပတ်အကြာတွင် ထိုသို့ မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက ပြောသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်သည့်အိမ်မှာ အမာရီလိုမြို့၊ သစ်ပင်စိမ်းရပ်ကွက် (GreenTree) ဆာ့ရာ့လမ်း၊ တိုက်အမှတ် ၂၊ အိမ်အမှတ် ၅၃၁၇၊ ၄င်း၏ဖခင် ဦးရဲထူး၏နေအိမ် အိပ်ခန်းအတွင်းရှိ အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းတွင် ၀ါယာကြိုးငယ်ဖြင့် လည်ပင်းစွပ်ကာ ခြေဖျားဆန့်ထိုင်ချလိုက်သည့်ပုံစုံဖြင့် ဆွဲကြိုးချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ကညောစိုး ဆွဲကြိုးချသတ်သေသည့် အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းမှာ အမြင့်ပေ ၃ ပေခွဲခန့်၊ အလျား ၅ ပေခွဲ ခန့်နှင့် လုံးပတ် ၁ လက်မခန့်ရှိပြီး၊ ဆွဲကြိုးမှာ တီဗွီနှင့်ဗွီဒီယိုအောက်စက်ကို ဆက်သွယ်အသုံးပြုသည့် ၀ါယာကြိုးငယ်ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးမစီရင်မှီ ညနေ ၁၁ နာရီခန့် အချိန်တွင် မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ ချစ်သူနဲ့  အရုပ်မြင် အသံကြားနိုင်သည့် အိုအိုဗွီအိုအို (OOVOO-Chat Room) ဖြင့် ကွန်ပျူတာ အင်တာနက်မှနေ ဆက်သွယ်စကားပြောကြားခဲ့ကြောင်း ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်ထားသည်ကို ပထဆုံးတွေ့ မြင်သည့် တစ်အိမ်တည်းနေထိုင်ကြသော အသက် ၁၈ နှစ်အရွယ်ရှိ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

"ကညောစိုးဟာ အိပ်ခန်းထဲကို ကြာသပတေးနေ့ ည ၁၁ နာရီအချိန်လောက်မှာ ၀င်သွားပါတယ်။ သူဝင်သွားပြီး ၁ နာရီလောက်အကြာ ၁၂ နာရီအချိန်လောက်မှာ ကျမသူ့ကို သွားကြည့်တော့ သူဆွဲကြိုးချ အဆုံးစီရင်ထားတာကို တွေ့ပါတယ်။ သူ့ရဲ့ရှေ့က လက်တော့ကွန်ပျူတာ အင်တာနက်ထဲမှာ မင်နီဆိုးတားပြည်နယ်မှာရှိတဲ့ သူ့ချစ်သူအမျိုးသမီးနဲ့ အိုအိုဗွီဗွီအို ချတ်ရုန်း (Chat Room) ကနေ ဆက်သွယ် စကားပြောခဲ့တာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ကညောစိုးဟာ သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားတာကို အင်တာနက် အိုအိုဗွီအိုအို ချတ်ရုန်း ကနေတဆင့် သူ့ချစ်သူအမျိုးသမီးကို ပြသွားပုံရပါတယ်။ " ဟု ၄င်းအမျိုးသမီးငယ်က ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် မိသားစုဝင်များက အရေးပေါ်တယ်လီဖုန်းနံပါတ် နိုင်းဝမ်းဝမ်း ၉၁၁ ကို ဆက်သွယ်တိုင်ကြား ခေါ်ဆိုပြီးနောက် တာဝန်ရှိရဲဌာနမှ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ ကညောစိုး၏ မိသားစုဝင်များထံမှ မေးမြန်းစစ်ဆေးချက်များရယူကာ ကညောစိုး၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးချက် ရယူရန်အတွက် အမာရီလိုမြို့၏ တောင်ဖက် ၁၂၃ မိုင်ခန့် ကွာဝေးသော လာ့ဘို့ခ်ဆေးရုံကြီး (Lubbock Hospital) သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

ယခုအခါ ကညောစိုး၏ ရုပ်အလောင်းကို ရဲဌာနမှ လိုအပ်သည်များကို ဆရာဝန်၏ ခွဲစိတ် ဆေးစစ်ချက်မှတ်တမ်းများရယူလျက်ရှိနေပြီး၊ ရုပ်အလောင်း ပြန်ရရှိသည့်အခါမှသာ မည်သို့မည်ပုံ သင်္ဂြိုလ်သွားမည်ကို ကျန်ရစ်သူမိသားစုများက ၄င်းတို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ခရစ်ယန်ဘာသာ အသင်းတော်၏ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
မြန်မာတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ထောင်ထားသော အမာရီလိုမြို့ "နာရေးကူညီမှုအသင်း" မှလည်း ကညောစိုး၏ ဈပနကို ငွေကြေးထောက်ပံ့မှုများနှင့်အခြားသော လိုအပ်မှုများကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ ဦးကျော်သူရက ပြောသည်။

သေဆုံးသူ ကညောစိုးနှင့် သူ၏ မိသားစုမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနိုင်ငံ Maelahoo ဒုက္ခသည် စခန်းမှနေ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့သို့ ရွေ့ပြောင်းအခြေချ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ကညောစိုး၏ မိမိသားစုတွင် ကညောစိုးအပါအ၀င် မိသားစု ၉ ယောက်ရှိပြီး ကညောစိုးမှာ သားသမီး ၇ ယောက်အနက် တစ်ဦးတည်းသော သားအကြီးဆုံးဖြစ်သည်။ ကညောစိုး သေဆုံးချိန်တွင် ညီမ ၆ ယောက်နှင့်အတူ အဘ ဦးရဲထူး+အမိ ဒေါ်ဟာ့စ်အ်လာ့အ်ပို (Hse Lae Paw)တို့  ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကညောစိုး၏ ဆွဲကြိုးချ အဆုံးစီရင်မှုမှာ အမာရီလိုမြို့ မြန်မာကွန်မြူနတီထဲတွင် တတိယမြောက် ဆွဲကြိုးချ အဆုံးစီးရင်မှုဖြစ်ပြီး ယင်းမတိုင်မှီ ၂၀၁၂ ခုနှစ်တွင် ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးပျိုတစ်ဦးနှင့် သက်ကြီးပိုင်းအရွယ် ကရင်အမျိုးသားတစ်ဦးလည်း အလားတူ ဆွဲကြိုးချ အဆုံးစီရင်မှုမျိုး ဖြစ်ပွားခဲ့ကြောင်းလည်း မြန်မာအသိုင်းအ၀ိုင်းထံမှ သိရသည်။

arakan time

ပြတင်းပေါက်မှန်များ

Monday, August 12, 2013

စိတ်ရောဂါကုဆေးရုံတွင်ဖြစ်သည်... လူနာတစ်ဦးကို စစ်ဆေးသည်...
" မင်း.. အခု အားလုံးကောင်းနေပြီ.. မင်းကို ဆေးရုံကနေတို့ ဆင်းခွင့်ပေးတော့မယ်... အပြင်ကို ရောက်ရောက်ချင်း... မင်းဘာလုပ်မလဲ"
"့ ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်ဆရာ"
မကောင်းသေးဟု ဆိုကာ... ဆေးထပ်ကုရန်ထားလိုက်သည်.. သုံးလအကြာတွင် ထပ်စစ်ဆေးသည်
"မင်းကို တို့ အခု ဒီဆေးရုံကနေဆင်းခွင့်ပေးတော့မယ်...မင်းအပြင်ကို ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်"
မကောင်းသေးဟုဆိုကာ.. ဆေးထပ်ကုသည်.. မတတ်နိုင်တော့ သည့် အဆုံး... နိုင်ငံခြားမှ... ပညာရှင်.. ဆရာဝန်များကို အကူအညီလှမ်းတောင်းသည်.. လူနာနှင့် ပတ်သက်သော ဒေတာများ.. ပို့ပေးသည်.... ဆရာဝန်ကြီးများ ကလည်း စိတ်ဝင်စားကြသည်.. သို့ နှင့် ဆရာဝန်များအားလုံး....ထို ဆေးရုံသို့ လာပြီး လူနာကို ထပ်မံစစ်ဆေးသည်......

" မင်းလည်း အားလုံး ကောင်းနေပြီပဲကွာ... မင်းကို ဆေးရုံက ဆင်းခွင့်ပေးတော့မှာပါ.... မင်း အပြင်ရောက်ရင်ဘာလုပ်မလဲ ပြောပါဦး"
" ကျွန်တော်.. ကျွန်တော့ ချစ်သူဆီ သွားပါ့မယ်"
ဆရာဝန်များအားတက်သွားသည်
" အေး.. မင်းချစ်သူဆီ ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော်သူ့ကို နမ်းပါမယ်....."
" ဟုတ်ပြီ ပြီးရင်ဘာလုပ်မလဲ... "
"ကျွန်တော်သူ့ ရဲ ဘလောက်စ်အင်းကျီလေးကို ချွတ်လိုက်ပါမယ်.."
" ဟုတ်နေပြီ.. မင်းပြီးရင်ဘာလုပ်မလဲ"
" ကျွန်တော် သူ့ရဲ့စကတ်ကလေးကို ချွန်လိုက်ပါမယ် ဆရာ"
ချွေးပျံသည့်ဆရာဝန်တွေ ပျံကုန်သည်။
" ဟုတ်ပြီမင်းပြီးရင်ဘာဆက်လုပ်မလဲ.. "
" ကျွန်တော်.. သူရဲ့.. .အတွင်းခံ ဘာရာစီရာလေးကို ချွတ်ပါမယ်.. "
"ပြီးရင်ရောကွာ...."
"သူဝတ်ထားတဲ့ စက်စပိုင်တာလေးကို ဆွဲချွတ်ပစ်လိုက်ပါမယ်"
"ဒါဆိုပြီးရင်ရော... "
" အဲ.... စက်စပိုင်တာက.. သရေကြိုးကို ဖြုတ်...လောက်လေးဂွမှာတပ်ပြီး... ကျွန်တော် ပြတင်းပေါက်မှန်တွေကို လိုက်ခွဲပါမယ်ဆရာ.."

Sharing For All

အမျိုးသားကြီးတစ်ဦး မိမိလိင်အင်္ဂါကို ဓားဖြင့်လှီးဖြတ်


12.8.2013

အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် မိမိလိင်အင်္ဂါကို ဓားဖြင့် ပြန်လှီးဖြတ်သည့်အမှုတစ်ခု သြဂုတ် ၈ ရက်က ဒဂုံမြို့သစ်
ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းက အတည်ပြုပြောကြားသည်။

“အရက်ကြောင်ကြောင်ပြီး သူ့လိင်အင်္ဂါကို လှီးဖြတ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူ တာတွေ မရှိပါဘူး”ဟု အဆိုပါရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

သြဂုတ် ၈ ရက် ည ၆ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသားကြီးသည် ဇနီးနှင့်အတူ ရှိနေရာမှ အိမ်နောက်ဖက်သို့ ထွက်သွားခဲ့ပြီး အချိန်အတန်ကြာသည်အထိ ပြန်မလာသဖြင့် လိုက်လံကြည့်ရှုရာတွင် ၎င်း၏ လိင်အင်္ဂါကို လှီးဖြတ်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ကာယကံရှင်၏ မိသားစုဝင်တစ်ဦးက ရဲကို ထွက်ဆိုထားသည်။

အဆိုပါအမှုအခင်းမျိုးသည် ဒဏ်ရာကို ဆေးရုံ၊ ဆေးခန်းသို့ သွားမပြမီ ရဲဆေးစာရရှိရန် လိုအပ်သဖြင့် ကာယကံရှင် မိသားစုဝင် တစ်ဦးကရဲများကို ထိုသို့ရှင်းလင်း ထွက်ဆိုထားခြင်းဖြစ်သည်။

ကာယကံရှင်သည် အရက်အလွန်အကျွံသောက်သုံးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမရှိဘဲ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပြီး ကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလိင်အင်္ဂါအရင်းတွင် ပြတ်လုနီးပါးပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် ရဲများက ဆေးစာရေးသား၍ သူ့ကိုသင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့ရာ ခွဲစိတ်ကုသဆောင်၌ ကုသမှု ခံယူနေပြီး စိုးရိမ်ဖွယ်အခြေအနေလည်း မရှိတော့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စုံစမ်းရရှိသည်။

Mizzima News

အီဂျစ် ပိုင်နက်နယ်မြေ အတွင်းသို့ အစ္စရေး မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက် တိုက်ခိုက်


အစ္စရေး နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်သည့် ဆိုင်းနိုင်းကျွန်းဆွယ် အတွင်းသို့ သြဂုတ် ၁ဝရက် ည ပိုင်းက မောင်းသူမဲ့ လေယာဉ်များ (အပေါ်ပုံ)ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်း ဌာနတစ်ခုက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန် ကြေညာ

ခဲ့သည်။ မောင်းသူမဲ့ လေယာဉ်များ၏ လေကြောင်းမှ တိုက် ခိုက်မှု များကြောင့် အနည်းဆုံးငါးဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံး သူများမှာ အစ္စရေး နိုင်ငံအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ရန် အတွက် ကြိုတင် ကြံစည် နေသူများနှင့် အကြမ်းဖက် သမားဟု သံသယရှိသူများ ဖြစ်ကြောင်း သိရ သည်။

ထိုသို့မောင်းသူမဲ့ လေယာဉ်များဖြင့် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် အီဂျစ်နိုင်ငံနှင့် ကြိုတင် သဘော တူညီ ချက် ရယူပြီးမှသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အီဂျစ်နယ်မြေ အတွင်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အစ္စရေးတို့၏ ပထမဆုံးအကြိမ် လေကြောင်း စစ်ဆင် မှု ဖြစ်ကြောင်း သိရသည်။

အီဂျစ် စစ်ဘက် အနေဖြင့်လည်း ဆိုင်းနိုင်း ကျွန်းဆွယ်ရှိ စစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရေး အတွက် ရဟတ် ယာဉ် များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အပါအဝင် အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ် ထားကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လ တွင်လည်း အဆိုပါ နေရာရှိ စစ်သွေးကြွ ၆ဝခန့် ကို သုတ်သင်နိုင် ခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံ အချက် ၇ ချက် ထုတ်ပြန်



မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၉ မိနစ်

သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတ ဦးသိန်းစိန်က ကျန်ရှိနေသေးသည့် သူ့အစိုးရသက်တမ်း လ ၃၀ အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းငန်းများ လုပ်ဆောင်ရန် လမ်းပြမြေပုံအဖြစ် အချက် ၇ ချက်ကို လမ်းညွှန်လိုက်ပြီး ထို လမ်းညွှန်ချက်များကို သြဂုတ်လ ၁၂ ရက် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

သမ္မတ ဦးသိန်းစိန်က ဝန်ကြီးများ ပြည်နယ်နှင့်တိုင်း ပြည်နယ်ဝန်ကြီးများ ဒုတိယဝန်ကြီးများနှင့် သြဂုတ်လ ၉ ရက်ကတွေ့ဆုံရာတွင် ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက် ၇ ချက်ကို ချပြလိုက်ပြီး သူ့အစိုးရ ကျန်ရှိသက်တမ်း လ ၃၀ အတွင်း အပြီးပြတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လျှပ်စစ်မီး ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီးအပြည့်အဝရရှိရေး စီမံဆောင်ရွက်ရန် ညွှန်ကြားထားပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း လျှပ်စစ်တိုးမြှင့်သုံးစွဲနိုင်ရန် သူ၏ အစိုးရအဖွဲ့ဝင်များကို သမ္မတက ညွှန်ကြားထားသည်။ သောက်သုံးရေ ကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့များအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း ဖူလုံစွာ ရရှိနိုင်အောင် စီမံရန် ညွှန်ကြားသည်။

စိုက်ပျိုးရေး ကဏ္ဍအတွက်မူ မျိုးစေ့လိုအပ်ချက်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်၊ အရင်းအနှီးလိုအပ်လျက်ရှိသည့်တောင်သူများအတွက် လိုအပ်ချက်များ ဖြည့်စည်းဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထားသည်။ အလုပ်အကိုင်ရရှိရေးအတွက်တွင် စက်မှုဇုံများ၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ အထူးစီးပွားရေး လုပ်ငန်းဇုန်များ အကောင်အထည်ဖေါ်ရန်ပါဝင်သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်နှင် ငွေကြေးလုပ်ငန်းအတွက်မူ ဘဏ်လုပ်ငန်းများ တိုးတက်ရန်၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်တို့ကို ညွှန်ကြားထားသည်။ နောက်ဆုံး လမ်းညွှန်ချက်ဖြစ်သော အချက် ၇ လမ်းညွှန်ချက်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သိသာစွာ တိုးတက်အောင်လုပ်ဆောင်ရန် တို့ကို သူ၏ အစိုးရအဖွဲ့ဝင်များသို့ သမ္မတက ညွှန်ကြားထားသည်။

သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြပြောဆိုထားသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ကိုင်တော့မည်ဟုလည်း သမ္မတက ပြောဆိုသွားသည်။ "ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတက ပြောသည်။

မဇ္ဈိမသတင်းဌာန

ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ။




From : SMT


အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။


အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။

ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)

ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။

ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ

စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။

စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။

အလုပ်သမားများနှင့်ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာ

နေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။

ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။

ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။

လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်...............Myanmar News Updates

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်



(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။
သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီဖြစ်သည်။


နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။


အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။


ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လိင်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။

ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။

အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။

"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေဆုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။

ME

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆောက်လုပ်ခွင့် တင်ဒါ တောင်ကိုးရီးယားကုမ္ပဏီရရှိ



မြန်မာနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ်လာမယ့် ပဲခူးတိုင်းဒေသကြီးအတွင်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရေး လုပ်ကိုင်ခွင့်ကို တောင်ကိုးရီးယားကုမ္ပဏီ Incheon International Airport Corp (IIAC) ကို ပေးအပ်လိုက်တယ်လို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီး ဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလဲ ရန်ကုန်မြို့ရဲ့ အရှေ့မြောက် ဘက် မိုင် ၅၀ အကွာမှာ တည်ဆောက် မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် IIAC ကုမ္ပဏီ က တင်ဒါအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း နဲ့ နောက်ဆုံးအဆင့်စာချုပ်ကို အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ နဲ့ဒီနှစ်ကုန်ချုပ်ဆိုမှာဖြစ်ကြောင်း ဒီကနေ့ အတည်ပြု ကြေညာပါတယ်။

ဒီလေဆိပ်ကနေ တစ်နှစ်ကို ခရီးသည် ၁၂ သန်းခန့် ဝင်ရောက် သွားလာနိုင်မှာဖြစ်ကြောင်း တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုးရီးယား ဆောက်လုပ်ရေးကုမ္ပဏီ လေးခု ဖက်စပ်ပါဝင်တဲ့ IIAC ကုမ္ပဏီ အနေနဲ့ လေဆိပ်ကို၂၀၁၈ ခုနှစ် မတိုင်မီ အပြီး ဆောက်လုပ်ရမှာဖြစ်ပြီး လေဆိပ် စီမံခန့်ခွဲခွင့် နဲ့ ထိန်းသိမ်းခွင့်ကို ၂၀၆၇ ခုနှစ်အထိ ရရှိထားတယ်လို့ သိရပါတယ်။

ကင်တားနားကို ဆန္ဒပြကြပြီ (ဓာတ်ပုံ - ၄ ပုံ)




၁၂.၈.၂၀၁၃ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသော ကင်တားနားအား ဘင်္ဂလီတို့ ဖက်မှ ဘက်လိုက် မှုများရှိခြင်း၊ ဘင်္ဂလီများကို တိုင်းရင်းသား သတ်မှတ်ခိုင်းခြင်း၊ ဥပဒေများကို ပြင်ဆင်ခိုင်းခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ပေါင်းကာ ကမ္ဘာသို့ ပေါက်ကရများ ပြောနေခြင်းကြောင့် ရခိုင်တိုင်းရင်းသားများက မကျေနပ်သဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဆက် လက်ဖော်ပြပေးမည်။ 





သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို



အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်းရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့သည်။

လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြားခဲ့သည်။

MyanmarExpress

ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ကျင်းပရန် မာလီနိုင်ငံ စီစဉ်


12/8/2013

မာလီ သမ္မတရွေးကောက်ပွဲ ဒုတိယ အကျော့ကို သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်နေပြီး မဲပေးနိုင်ရန် မာလီ ပြည်သူများ ပြင်ဆင်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ပထမ အကျော့ကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ ဒသမ ၈ သန်းအနက် ၄၉ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၀ ရာခိုင်နှုန်း ရရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း ကိုင်တာက ဒုတိယမြောက် မဲအများဆုံး ရရှိထားသည့် ဘဏ္ဍာဝန်ကြီး ဟောင်းစစ်ဆီကို ထပ်မံ အနိုင်ရရှိမည်ဟု အများက ခန့်မှန်းထားသည်။

ပထမအကျော့ သမ္မတရွေးကောက်ပွဲတွင် မသမာမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒမဲပေါင်း ၄၀၀,၀၀၀ ကျော် အလွဲသုံးစား ပြုခံ ခဲ့ရကြောင်း စစ်ဆီက စွပ်စွဲ ပြောကြားခဲ့သည်။

သို့သော်လည်း စွပ်စွဲချက်များကို မာလီ အခြေခံဥပဒေ တရားရုံးက ငြင်းပယ် ထားပြီး ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ကလည်း မာလီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပွင့်လင်း မြင်သာမှု ရှိကြောင်း ချီးကျူး လိုက်သည်။

ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို သြဂုတ်လ ၁၁ ရက်နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ပြီး မဲရုံပေါင်း ၂၁,၀၀၀ ခန့် ဖွင့်လှစ်သွားမည် ဖြစ်သည်။

သမ္မတလောင်း ကိုင်တာက ရှင်းလင်း ပြတ်သားစွာ ထောက်ခံမဲပေးရန် မဲဆန္ဒရှင်များကို တိုက်တွန်း လိုက်ပြီး အမျိုးသား ပြန်လည် စည်းလုံးရေးနှင့် နိုင်ငံသစ် တည်ထောင်ရေး ဦးစားပေး လုပ်ဆောင် မည်ဟု ကတိပြုလိုက်သည်။

အသက် ၆၈ နှစ်အရွယ် ကိုင်တာကို သဘောထား တင်းမာခြင်း မရှိသော အစ္စလာမ္မစ် ခေါင်းဆောင် များနှင့် ပထမအကျော့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသည့် ကိုယ်စားလှယ်လောင်း ၂၂ ဦးတို့က ထောက်ခံ အားပေးထားသည်။

ကိုင်တာ၏ ပြိုင်ဘက် စစ်ဆီကမှု ပညာရေး တိုးမြှင့်ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ တပ်မတော် ပြုပြင် ပြောင်းလဲရေးတို့ လုပ်ဆောင်ပေးမည်ဟု ကတိပြုထားပြီး ၂၀၁၂ ခုနစ် မာလီ အာဏာသိမ်း ခေါင်းဆောင်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသည်။

“ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ အခုမဲတွေက ပထမအကျော့က မဲတွေကို သွားပေါင်းမှာ မဟုတ်ပါ ဘူး။ မဲအသစ်တွေပါ။ အခုက ရွေးကောက်ပွဲ အသစ်ပါ” ဟု စစ်ဆီက AFP ကို ပြောသည်။

မာလီနိုင်ငံတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခြင်း နိုင်ငံ မြောက်ပိုင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွများကို ပြင်သစ် ဦးဆောင်ပြီး စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်း စသည့် ဖြစ်ရပ်များ ပြီးခဲ့သည့် နှစ်အတွင်း ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူ အနေနှင့် မာလီနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာက ကတိပြုထားသော နိုင်ငံတကာ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ကို ကြီးကြပ် ကွပ်ကဲရမည် ဖြစ်သည်။

မာလီနိုင်ငံတွင်း ကုလသမဂ္ဂ မာလီ တည်ငြိမ်မှု တည်ဆောက်ရေး အဖွဲ့ဝင်ပေါင်း ၁၂,၆၀၀ ထိ တပ်စွဲထားပြီး ပြင်သစ်နိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင် ၃၀၀၀ ကို စတင် ရုပ်သိမ်းလျက် ရှိသည်။

အခြေခံဥပဒေ အမိန့်အာဏာ ပြန်လည် အသက်သွင်းရေး၊ အမျိုးသား တွေ့ဆုံ ဆွေးနွေးရေးနှင့် ပြန်လည် သင့်မြတ်ရေး တို့ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲမှာ အလွန် အရေးကြီးနေကြောင်း ကုလသမဂ္ဂအဖွဲ့က အလေးအနက် တိုက်တွန်းထားသည်။

The Voice Weekly

အီးဒ် ပွဲတော်ကာလ အီရတ်တွင် ကားဗုံးများ ပေါက်၍ တစ်ရက်တည်း လူ ၆၀ ကျော် သေဆုံး


12/8/2013

အစ္စလာမ္မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်လာသော အီရတ်နိုင်ငံတွင် အီးဒ်ပွဲတော် အပြီး ကာလအတွင်း မြို့တော် ဘဂ္ဂဒက် အပါအဝင် နေရာများစွာ၌ ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့မှုကြောင့် သေဆုံးသူ ၆၀ ကျော်သွားပြီ ဖြစ်ကာ ဒဏ်ရာ ရရှိသူလည်း ၂၀၀ ကျော် ရှိကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြသည်။

မြို့တော် ဘဂ္ဂဒက် တစ်နေရာတည်းတွင်ပင် ကားဗုံး ပေါက်ကွဲမှု ၁၂ ကြိမ်တိုင်တိုင် ဖြစ်ခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကာ တိုက်ခိုက်သူများက လူစည်ကားရာ စားသောက်ဆိုင်များ၊ ဈေးများ၊ ကော်ဖီဆိုင်များကို ပစ်မှတ်ထားပြီး ဖောက်ခွဲခဲ့ကြခြင်း ဖြစ်ပေသည်။

ရှာအက်ဘ် ဒေသတွင်လည်း ကားဗုံး နှစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ငါးဦး သေဆုံးခဲ့ရကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြသေးသည်။

ကာဒီမီယာခရိုင်တွင် ဖြစ်ခဲ့သော ပေါက်ကွဲမှုကြောင့် လေးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက နာမည် မဖော်ပြဘဲ အတည်ပြုပေးခဲ့သည်။

အထက် ဖော်ပြပါအတိုင်း မြို့တော် ဘဂ္ဂဒက်နှင့် အခြား ဒေသများ တွင် ပေါက်ကွဲမှုများ တစ်ရက်တည်းတွင် နေရာအနှံ့ ဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ဦးရေသည် ၆၀ ကျော်သွားဖွယ် ရှိသည်။

အချို့ တိုက်ခိုက်မှုများသည် ရှီးယိုက်ဘာသာ ကိုးကွယ် ယုံကြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် ကြခြင်း ဖြစ်ပြီး၊ ဆွန်နီ ဘာသာရေး အစွန်းရောက် များက အဆိုပါ ပြစ်မှုများကို ကျူးလွန်နေကြသည် ဟု လုံခြုံရေး အရာရှိ များက ယူဆကြသည်။

ယင်းတိုက်ခိုက်မှုများသည် ယခုနှစ်များအတွင်း အီးဒ် ပွဲတော်ကာလ တိုက်ခိုက်ခံရမှုများတွင် အပြင်းထန်ဆုံး ဖြစ်ပြီး ငါးနှစ်အတွင်း ဗုံးပေါက်ကွဲမှု များတွင် အကြမ်းဆုံး ဖြစ်သည်။

ဇူလိုင်လ တစ်လတည်းမှာပင် စုစုပေါင်း သေဆုံးသူ ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာ ရရှိသူ ၂၃၀၀ ကျော် ရှိကာ အဆိုပါ သေဆုံးသည့် ကိန်းဂဏန်းများ သည် ငါးနှစ်အတွင်း အဆိုးရွားဆုံး ဖြစ်သည်ဟု ကုလသမဂ္ဂက သုံးသပ်သည်။

အီရတ်တွင် အီးဒ် ပွဲတော်ကာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များကို အယ်လ်ကေဒါ အဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြစ်တင် ပြောဆိုလိုက်ပြီး အယ်လ်ကေဒါ အင်အားစုသည် အစ္စလာမ်၏ ရန်သူများလည်း ဖြစ်သည်ဟု ရှုတ်ချလိုက်ပေသည်။

အမေရိကန် အစိုးရအနေနှင့် အီရတ်အစိုးရနှင့် ပူးပေါင်းကာ အယ်လ်ကေဒါ အပါအဝင် အခြား အကြမ်းဖက် အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

The Voice Weekly

ထိုင်းနိုင်ငံရေး တင်းမာမှုအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူး စိုးရိမ်


12/8/2013

ထိုင်းနိုင်ငံတွင် ပါလီမန် လွှတ်တော်တွင်း အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူ အင်အားစုများ အကြား ထိပ်တိုက်တွေ့မှုနှင့် လမ်းမပေါ် ဆန္ဒပြမှုများကြောင့် ဖြစ်သော နိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက အထူးပင် စိုးရိမ်လျက် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ဖူထိုင်းပါတီ ဦးဆောင်သော အစိုးရက ဦးဆောင် ရေးဆွဲလျက်ရှိသည့် အငြင်းပွားဖွယ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပ၌ အစိုးရ လိုလားသူနှင့် ဆန့်ကျင်သူ များ ထိပ်တိုက် ပဋိပက္ခ ဖြစ်မှုအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

“နိုင်ငံရေး တင်းမာမှုဆိုတာ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ စက်မှုလုပ်ငန်းတွေ အတွက် အမြဲတမ်း အနုတ် လက္ခဏာ ဆောင်စေတဲ့ အရာပဲ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ထုတ်ပြန်ထားတယ်၊ မြို့တော် ဘန်ကောက်က မြို့နယ် သုံးခုမှာလည်း အဲဒီ ဥပဒေ ထုတ်ပြန်ထား တယ်။ အဲဒါတွေ အားလုံးဟာ ထိုင်းနိုင်ငံရဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်” ဟု ပူးတွဲ နိုင်ငံခြား ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နာဒေါဗွန်ဒါလီချီက ပြောကြားသည်။

လက်ရှိ အခြေအနေတွင် အမေရိကန် အပါအဝင် အနောက် နိုင်ငံများက ၎င်းတို့ နိုင်ငံသားများ အနေနှင့် ထိုင်းနိုင်ငံသို့ သွားရာတွင် အထူး သတိပြု ရမည့် အချက်များကို ထုတ်ပြန်ထားသလို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြား လုပ်ငန်းများကလည်း ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ အပေါ် မျက်ခြည်မပြတ် စောင့်ကြည့်လျက် ရှိသည်။

“တကယ်လို့သာ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေရဲ့ ယုံကြည်ချက် ကျဆင်းသွား မှာ ဖြစ်ပါတယ်။ သူတို့ ဒီနိုင်ငံကို ဘယ်တော့မှ လာချင်တော့မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် အခြားနိုင်ငံ တစ်ခုခုဆီကို ပြောင်းသွားကြလိမ့်မယ်” ဟု မစ္စတာ နာဒေါဗွန်ဒါ လီချီက ဆက်လက် ပြောကြားသည်။

အကယ်၍ အခြားနိုင်ငံ အစိုးရ အသီးသီးကလည်း ထိုင်းနိုင်ငံသို့ လည်ပတ် ရာတွင် သိရှိထားရမည့် သတိပေးချက်များ ထုတ်ပြန်မည် ဆိုပါက တိုင်းပြည်၏ ခရီးသွား လုပ်ငန်းအပေါ် များစွာ ထိခိုက်လာမည် ဖြစ်သည်ဟု ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုသည်။

“တကယ်လို့ ခရီးသွားတွေအတွက် အာမခံချက် အလုံအလောက် မပေးနိုင်ဘူးဆိုရင် ခရီးသွား အေဂျင်စီတွေကလည်း သူတို့ရဲ့ ဖောက်သည်တွေအတွက် ဘွတ်ကင် တင်ပေးတော့မှာ မဟုတ်ဘူး” ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

သို့အတွက်ကြောင့် ထိုင်းအစိုးရ အနေဖြင့် လမ်းမပေါ်များတွင် ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် အခိုင်အမာ လုပ်ဆောင်ပေးပြီး အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်သွားရန် အရေးကြီးသည်ဟု ယင်းလုပ်ငန်းရှင်များက ဆိုသည်။

လတ်တလော နေ့ရက်များတွင်ထိုင်း နိုင်ငံရေးနှင့် ပတ်သက်သော သတင်း များနှင့် ကောလာဟလများ အဆမတန် ထွက်ပေါ်လျက်ရှိရာ ကမ္ဘာလှည့် ခရီးသွားများနှင့် အခြား ခရီးသည်များက ယင်းနိုင်ငံသို့ သွားရောက်မည့် ကိစ္စအပေါ် ချီတုံချတုံ ဖြစ်လျက်ရှိသည်။

The Voice Weekly

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပါကစ္စတန် အကြီးမားဆုံး ချိုးဖောက်ဟု အိန္ဒိယစစ်တပ် ပြောကြား


12.8.2013

ပါကစ္စတန် နိုင်ငံသည် နှစ်နိုင်ငံအကြား ရရှိထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လတ်တလော ကာလအတွင်း အကြီးမားဆုံး ချိုးဖောက်ခဲ့သည်ဟု အိန္ဒိယ စစ်တပ်က ဝေဖန် ပြောဆို လိုက်ကြောင်း The India Times သတင်းစာက ရေးသား ဖော်ပြသည်။

ပါကစ္စတန် နိုင်ငံသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည့် နောက်ပိုင်း အိန္ဒိယ နယ်စပ်ဒေသ တစ်လျှောက်တွင် လက်နက် ခဲယမ်းများ၊ မော်တာကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံး အကြိမ် သောကြာနေ့ညက ပစ်ခတ်မှုသည် လတ်တလော အချိန်ကာလ များအတွင်း အကြီးမားဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုပင် ဖြစ်သည်ဟု အိန္ဒိယ စစ်တပ် က သတ်မှတ် ပြောဆိုသည်။

နျူကလီးယား ပိုင်ဆိုင်သည့် အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန် အကြားရှိ ပိုင်နက် အငြင်းပွား ကက်ရှ်မီးယားဒေသ တစ်လျှောက် တွင် နှစ်ဖက် တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့ကြမှုကြောင့် ဆက်ဆံရေး ပြန်လည် တင်းမာလျက် ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ပါကစ္စတန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အိန္ဒိယ စစ်သား ငါးဦး သေဆုံးခဲ့ရမှုအပေါ် အိန္ဒိယနိုင်ငံက အမျက်ထွက်လျက် ရှိကြောင်း၊ ပါကစ္စတန်ဘက်ကို အိန္ဒိယတို့က လက်တုံ့ပြန်သည့်အနေနှင့် ပစ်ခတ်ခဲ့သော်လည်း တစ်စုံတဦးမျှ ထိခိုက် သေဆုံးခဲ့ခြင်း မရှိကြောင်း အိန္ဒိယ သတင်းစာများ က ရေးသား ဖော်ပြသည်။

“ပါကစ္စတန် တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသမှာ ရှိတဲ့ အိန္ဒိယ စစ်စခန်းတွေကို ပစ်မှတ်ထားပြီး ယမန်နေ့ ညက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ အကြီးစား လက်နက်တွေနဲ့ မော်တာတွေကို သုံးပြီး အရုဏ်မတက်မီ အချိန် အထိ အကြိမ် ၇၀၀၀ ခန့် ပစ်ခတ်ခဲ့တာပါ။ ဒါဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြီးမားဆုံး ချိုးဖောက်မှု တစ်ခုပါပဲ” ဟု အိန္ဒိယ စစ်တပ်၏ ပြောရေးဆိုခွင့် ရှိသူ အာချာရာက ပြောကြားသည်။

ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အိန္ဒိယဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ရာ အနီးအနား ဒေသတွင် နေထိုင်သူ အရပ်ဘက် ပြည်သူများသည် သေနတ်သံ များကြောင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။

ယခုကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် လက်စားချေသည့် ပုံစံမျိုးဖြင့် အပြန်အလှန် ပစ်ခတ်မှုသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပြန်လည် စတင်နိုင်ရေး ကို ပျက်ပြားစေမည့် ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်သည်။

ပါကစ္စတန် နိုင်ငံသည် အိန္ဒိယ အရာရှိကြီးများနှင့် အဆင့်မြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ယခုနှစ် အစောပိုင်းတွင် ကျင်းပ ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း၊ သို့သော် ကက်ရှ်မီးယားဒေသတွင် အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက် ခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း နှစ်ဖက် အစိုးရ အာဏာပိုင်များ၏ အဆိုအရ သိရသည်။

The Voice Weekly

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာ လူအုပ်က ကိုလံဘို ဗလီကို တိုက်ခိုက်

ကိုလံဘို၊ သြဂုတ် ၁၁

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ ဗလီဝတ်ကျောင်း တစ်ခုကို ဗုဒ္ဓဘာသာ လူအုပ်ကြီးက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူငါးဦး ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထား သည်။

ယင်းသို့ ဗလီကို ခဲများဖြင့် ပေါက်၍ တိုက်ခိုက်ကြပြီးနောက် ဗုဒ္ဓဘာသာ လူအုပ်နှင့် မွတ်ဆလင်များ ထိပ်တိုက် ရန်ပွဲများ ဖြစ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က အဆိုပါနေရာကို ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့သည်။

ပြီးခဲ့သည့်လက အဆိုပါ ဗလီကို နေရာ ရွှေ့ပေးရန်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဆန္ဒပြခဲ့ကြသေးသည်။

ယခုကာလများအတွင်း သီရိလင်္ကာတွင် သဘောထား တင်းမာသော ဗုဒ္ဓဘာသာများက သီရိလင်္ကာ မွတ်ဆလင်များနှင့် ခရစ်ယာန်များကို ပစ်မှတ်ထား ဆန့်ကျင် လှုပ်ရှားမှုများ ပြုလုပ်လာလျက် ရှိသည်။

ယခုဖြစ်ခဲ့သော သီရိလင်္ကာ ဗုဒ္ဓဘာသာ-မွတ်ဆလင် အဓိကရုဏ်းကြောင့် အိမ်ပေါင်းများစွာလည်း ပျက်စီးခဲ့ရပြီး ဗလီကို လုံခြုံရေး ပေးနေသော ရဲ နှစ်ဦးလည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

ဗလီဝတ်ကျောင်း အတွင်းတွင် ညနေခင်း ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်နေစဉ် လူအုပ်ကြီးက ကျောက်ခဲ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်ဟု BBC သတင်းထောက်က သတင်း ပေးပို့ထားသည်။

ရဲတပ်ဖွဲ့နှင့် အထူး တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ ဒေသ ကို ဖြန့်ကြက် နေရာယူကာ လုံခြုံရေး ပေးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။

ထိုနေရာ၌ ဗလီ ထားရှိခြင်းကို သဘော မတူသော်လည်း မွတ်ဆလင်တို့၏ ဥပုသ်လ အတွင်းသာ ထိုနေရာကို ဝတ်ပြုရန် ခွင့်ပြုမည်ဟု ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက သဘောတူခဲ့ပြီး မွတ်ဆလင်များက ယင်းနေရာ၌ ဝတ်ပြုခွင့်အတွက် သီရိလင်္ကာ သာသနာရေး ဝန်ကြီးဌာနက ခွင့်ပြုထား သည်ဟု တန်ပြန် ပြောဆိုကြသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်လာနိုင်ခြေ ရှိသည့်အတွက် ရဲ အစောင့်အရှောက်များ ထိုဗလီကို ပေးထားသော်လည်း ယခုကဲ့သို့ လာရောက် တိုက်ခိုက်မှု ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ပြီးခဲ့သည့်နှစ်အတွင်း သဘောထား တင်းမာ အစွန်းရောက်သော ဗုဒ္ဓဘာသာ အုပ်စုများက ခရစ်ယာန် ဘုရားကျောင်းများ၊ မွတ်ဆလင် ဗလီများကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။

The Voice Weekly

ဆီးရီးယား ကာ့ဒ် လူမျိုးများကို ကာကွယ်ရန် ဝင်ရောက် စွက်ဖက်မည်ဟု အီရတ် ကာ့ဒ်ခေါင်းဆောင် ခြိမ်းခြောက်



ဘဂ္ဂဒတ်၊ သြဂုတ် ၁၀

ဆီးရီးယား ပဋိပက္ခတွင်း ပိတ်မိနေသော ကာ့ဒ် လူမျိုးများကို ကာကွယ်နိုင်ရန် ဝင်ရောက် စွက်ဖက်မည် ဟု အီရတ် ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ မာဆွတ် ဘာဇာနီက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။

ကာ့ဒ် လူမျိုးများ အကြမ်းဖက်ဝါဒနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှု ကြုံတွေ့နေရပါက ၎င်းတို့ကို ကာကွယ်ပေးနိုင်ရန် အီရတ် ကာ့ဒစ္စတန် က ပြင်ဆင်သွားမည်ဟု မာဆွတ်ဘာဇာနီက ပြောသည်။

ဆီးရီးယား မြောက်ပိုင်းဒေသတွင်း ကာ့ဒ် လူမျိုးများနှင့် အစိုးရ ဆန့်ကျင်ရေး အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများကြား တိုက်ပွဲများ မကြာသေးမီ က ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

ဆွန်နီ မွတ်ဆလင် ဘာသာဝင် အများစုပါသော ဆီးရီးယား လူဦးရေ သန်း ၂၀ ကျော်တွင် ကာ့ဒ် လူဦးရေ ၁၀ ရာခိုင်နှုန်းထိ ရှိပြီး နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စုဝေး နေထိုင်ကြသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များ အဆိုပါဒေသမှ ၂၀၁၂ ခုနစ်တွင်း ဆုတ်ခွာခဲ့သည့် အချိန်မှစ၍ ယင်းဒေသကို ကာ့ဒ်လူမျိုး ကောင်စီ များနှင့် ပြည်သူ့စစ် အဖွဲ့များက အုပ်ချုပ်ခဲ့သည်။

အစ္စလာမ္မစ်ဝါဒီ အယ်နူဆရာ တပ်ဦးနှင့် ဆီးရီးယား ကာ့ဒ် ပြည်သူ့စစ်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယား ကာ့ဒ်ဒေသသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် မာဆွတ် ဘာဇာနီက တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။

ကာ့ဒ် လူမျိုးများကို အကြမ်းဖက်သမားများ သတ်ဖြတ်ကြောင်း ကိုယ်စားလှယ်အဖွဲ့က စစ်ဆေး တွေ့ရှိပါက ရနိုင်သမျှ စွမ်းဆောင်ရည်များ ကို အသုံးပြုပြီး ကာ့ဒ် အမျိုးသမီးများ၊ ကလေးများနှင့် အနောက် ကာ့ဒစ္စတန် နိုင်ငံသားများ ကာကွယ်သွားရမည်ဟု ၎င်းက ဆိုသည်။

မည်ကဲ့သို့သော ပုံစံမျိုးဖြင့် ဝင်ရောက် စွက်ဖက်မည်ကို ဘာဇာနီက ရှင်းလင်းစွာ ပြောကြားသွားခြင်း မရှိပေ။

အီရတ် မြောက်ပိုင်းဒေသတွင်း အီရတ် ကာ့ဒစ္စတန်ရှိပြီး ပြည်နယ် သုံးခုဖြင့် ဖွဲ့စည်းထားသလို ကိုယ်ပိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရှိသည်။

ဆီးရီးယား အာဆတ် အုပ်ချုပ်မှုအောက်တွင် ကာ့ဒ် လူမျိုးများကို ခွဲခြား ဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်း ကြောင့် ဆီးရီးယား တော်လှန်ရေး စတင်ခဲ့သည့် ၂၀၁၁ ခုနစ် မတ်လ နောက်ပိုင်းမှ စ၍ ကာ့ဒ်လူမျိုးများက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း မကြာသေးမီ ကာလများအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု များမှာ ဆီးရီးယား အစိုးရ တပ်ဖွဲ့များနှင့် ကာ့ဒ် လက်နက်ကိုင်များ ကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ မဟုတ်ဘဲ ကာ့ဒ်များနှင့် အစ္စလာမ္မစ် စစ်သွေးကြွများကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများ ဖြစ်သည်။

ကာ့ဒ် လူမျိုးများသည် တူရကီနိုင်ငံ အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်း၊ အီရန် အနောက်မြောက်ပိုင်းနှင့် ဆီးရီးယား အရှေ့မြောက်ပိုင်းများတွင် အဓိက အားဖြင့် အခြေချ နေထိုင်ကြသည်။

The Voice Weekly

စိတ်ဓာတ်ရေးရာအရ အသာစီးရတယ်


စိတ်ဓာတ်ရေးရာအရ အသာစီးရတယ်
.... ဆိုတဲ့စကားကို ကြားဖူးတယ်မဟုတ်လား
အဲ့ဒီဆိုလို လုပ်ငန်းကိစ္စတွေမှာ
အောင်မြင်ဖို တစ်ဝက်သေချာနေပြီဆိုတဲ့ သဘောပဲလေ........
မင်းကို
စိတ်ဓာတ်ရေးရာ အသာစီးရနိုင်မယ့်
နည်းတစ်ခုပေးမယ်၊
ဘာအလုပ်ကိုလုပ်လုပ်
မင်းဘက်က အောင်မြင်ဖို ( လိုတာရဖို့ ) ကျိန်းသေပဲလို့
မှတ်ပြီးလုပ်ပါ........၊
အဆင်မပြေတာတွေ တွေ့ရရင်
အနှောက်အယှက်လေးရှိလို့
နည်းနည်းလေးတော့ လျော့သွားတယ်ပေါ့
ဒါပေမယ့် မပြောပလောက်ပါဘူးပေါ့၊
ဒါဆို ကိစ္စပြီးသွားတဲ့အခါ
ရာနှုန်းပြည့်မဟုတ်တောင်၊ ၈၀.....၉၀% လောက်တော့
မင်းအောင်မြင်မှုတွေရလိုက်တာ တွေ့လိမ့်မယ်
စိတ်ကို သုညကနေ စရတာ ထက်စာရင်
၁၀၀ ကနေစရတာ ပိုမကောင်းဘူးလား။

Related Posts Plugin for WordPress, Blogger...