Monday, August 12, 2013

ယောက်ျားမိန်းမ ထိုကိစ္စ


From : ..ခလေးလေး



ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော
သတင်းတပုဒ်ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ
သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး
နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်ပေါ်လွှင့်တင်လိုက်ရာ
ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများအဖြစ်
ရောက်ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည်
ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody World
တေးစီးရီးတွင်ပါဝင်လျှက် နာမည်ထွက်လာခဲ့သော အဆိုတော်မလေးတစ်ယောက်
ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသား
ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက
သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့်
သူမအနုပညာပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင်
မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊
ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း
မကင်းနိုင်သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ
သွေဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင်
ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ်တည်နေရမလဲ
ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း
အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်
ဖြစ်ခဲ့ရသည် ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော
အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊
အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြောရလျှင် ရိုင်းသည်ဟုလည်း
မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက်
ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင်
ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော
အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်းသာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ်
မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်းအတွက် ကြီးမားသော
အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရားအနိုင်ကျင့်မှုမျိုး
မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊
အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊
ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင်
လူနှင့်တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည်
သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း
ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာ
ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်
ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့
အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊
ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော
မြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊
ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု
တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား
ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်
နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊
ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင်
အလွယ်တကူ ရိုက်ကူးထားနိုင်သော စက်ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊
မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်
ပြဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ
များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာများ ဖြစ်နိုင်စွမ်းရှိသည် ၊
အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိစ္စတွင်
နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊
ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင်
ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုးသားလုပ်သူက
“ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်
တွေ့ရသော မြန်မာညစ်ညမ်းဇာတ်ကားအများစုသည် ပြန်ဖျက်ပါ့မယ်ဟူသောစကားကို
ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည် ၊ ဤနေရာတွင်
ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည်
ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊
ထိုစိတ်သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့အပေါင်းအသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊
တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊
ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ
မရှိတော့၊ အယုံအကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံ
သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျားသည် မိမိနှင့် အစဉ်ထာဝရ
အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်
အဆင်မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊
ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို
ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့်
သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ
ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊
ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း၏အဖြစ်အပျက်ကဲ့သို့
မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး
ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း
ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင်
ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ
ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း
“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ
Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည်
အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး
လေးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ်
များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊
ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင်
တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊
ဒီကောင်မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊
ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊
(ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊
မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ
ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီးနောက်
အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ )
vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်
ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊
ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး
အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို
မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊
ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ
အနေဖြင့် ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ
အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊
ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသောကိစ္စရပ်လေးတစ်ခုက မိမိ၏
မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါသည်၊
ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့်
နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက်
ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက်
ထားပေးနိုင်ကြလျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊
အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား
အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါးလင်ယောက်ျားနှင့်
နောက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏
နှစ်ဦးသဘောတူချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊
ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့်
ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို
ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံထားသော
လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏
အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍
အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်
သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း
ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်
ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊
မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

.. www.MyanmarExpress.net

1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...