Tuesday, August 13, 2013

တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီးများသာ ဖတ်ရန်)


From: ဒေါက်တာ တင့်ဆွေ


မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။




Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

4 comments:

ကျန်းမာရေးနဲ့ ဆေးပညာစာတွေကို ၃ဝ-၉-၂ဝဝ၈ နေ့ကတည်းက ရေးနေတာ ကနေ့အထိ (ပို့စ်) ပေါင်း ၈၄၄ ခုရှိပါပြီ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများကတော့ အခုထိ ၅၇၈ ပုဒ် ရှိနေပါပြီ။ ဒါတွေကို (ဘလော့ခ်) မှာသာ ရေးတာပါ။ ရေးကာစက (ဘလော့ခ်) ထဲကို မြန်မာပြည်ကလူတွေ ဝင်မရဘူးဆိုလို့ (ဝက်ဘ်ဆိုက် ဒိုမိန်း) တခု ဝယ်ပြီး လုပ်ရပါသေးတယ်။ ၂ နှစ်နေတော့ မတတ်နိုင်တာရော၊ (ဘလော့ခ်) ထဲကို ဝင်လို့ ရလာကြတာမို့ပါ၊ (ဝက်ဘ်ဆိုက်) ကို ပြီးခဲ့တဲ့ တလလောက်ကမှ ဖြုတ်လိုက်ပါတယ်။

(ဘလော့ခ်) တွေမှာ ကျွန်တော်ရေးထားတာတွေကို ကူးယူပြီး၊ တခြား (ဘလော့ခ်) နဲ့ (ဝက်ဘ်ဆိုက်) တွေမှာတင်တာ တချို့တော့သိပါတယ်။ တကူးတက ခွင့်တောင်းစရာတော့ မလိုပါ။ ဒါပေမဲ့ မေတ္တာရပ်ခံစရာ ပေါ်လာပါတယ်။

မနေ့တနေ့က (ဆိုက်) တခုမှာ တင်ထားတာကို မိတ်ဆွေတယောက်က (လင့်ခ်) ပေးလို့ ကြည့်မိပါတယ်။ ကျွန်တော် ရေးထားတဲ့ စာတပုဒ်ကို ရုပ်သေနဲ့ ဗီဒီယို အပိုင်းအစတွဲပြီး တင်ထားတာ တွေ့လိုက်ရပါတယ်။ အဲလိုလုပ်တာ မကောင်းဘူး ထင်ပါတယ်။ ဆေးပညာပေးရည်ရွယ်ချက် တမျိုးဖြစ်သွားပါတယ်။ အဲဒီစာအောက်က (ကွန်မင့်) ကိုလဲ ဆက်ဖတ်တော့ ဒီစာရေးဘို့ ဖြစ်ရပါတယ်။

Blog (ဘလော့ခ်) မှာ စည်းကမ်းထားပါတယ်။ Adult Content လူကြီးများသာ ဖတ်စရာ အတန်းအစားလို့ ရှိပါတယ်။ အဲလို လုပ်မထားရင် အဲဒီ (ဘလော့ခ်) ဟာ ကြာကြာအသက်မဝင်နိုင်ပါ။ ကျွန်တော့်စာတွေမှာ သုံးတဲ့ရုပ်ပုံတွေကို သတိထား ရွေးပါတယ်။ ရုပ်ပုံနဲ့ ဗီဒီယိုပါတွဲတင်ရင် ပိုကောင်းမှန်းသိပေမဲ့ မိသားစုတပြိုင်နက်ကြည့်နိုင်တာမျိုး မဟုတ်လောက်ရင် မတင်ပါ။ တချို့ (ဝက်ဘ်ဆိုက်) တွေမှာ အဲလိုစည်းကမ်းမရှိပါ။ (ဖေ့စ်ဘွတ်) မှာလဲ ဘာစည်းကမ်းမှ မထားလို့ ကျွန်တော့် ဖေ့စ်ဘွတ်မှာ အဲတာမျိုးတွေကို လုံးဝမတင်ပါ။

အခုစာရေးနေချိန်မှာ “Medical Writings ဆေးပညာစာများ” စာဖတ်သူပေါင်း ၁,၄၂ဝ,၄၂၇ ယောက်နဲ့ “Medical Writings for Over 18 အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ” စာဖတ်သူပေါင်း ၆၈၅,၂၅၄ ယောက်ရှိပါပြီ။ ဖြေပေးပြီးသား မေးခွန်းအရေအတွက်ကိုတော့ မရေအားသေးပါ။

ဆေးပညာနယ်ပယ်တွေမှာ မြင်အပ်တာတွေ၊ မမြင်အပ်တာတွေ ရှိပါတယ်။ မမြင်အပ်လို့ ရောဂါမရကြတာ မဟုတ်ပါ။ ဆေးစာတွေရေးရင် ရောဂါဗေဒစနစ်ပေါင်းစုံပါမှသာ ပြည့်စုံတယ်။ မျိုးပွါးလမ်းကြောင်းရောဂါဆိုတာ ယောက်ျား-မိန်းမ အဖြစ်များတယ်။ ချန်ထားခဲ့လို့ မဖြစ်သင့်တာတွေ ပိုဖြစ်ခဲ့တယ်ထင်ပါတယ်။ ဆေးပညာရှင်တိုင်းက ဆရာဝန်ပဋိညာဉ်ကို လိုက်နာကြရပါတယ်။ လူနာရဲ့လျှို့ဝှက်အပ်တာကို ကိုယ့်ဆီလာပြ-လာပြောတာမှန်သမျှ သူများကို ထုတ်မပြောရပါ။

တနေ့ကပဲ အမျိုးသားတဦးကနေ Masturbation (မာစတာဘေးရှင်း) အကြောင်းမေးတာကို ဖြေတော့ ကျေးဇူးတင်စကား ပြန်ရေးပါတယ်။ အထက်က ထောက်ပြတဲ့ ဆေးစာက Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) ကို တဆင့်ကူးယူထားတာ ဖြစ်ပါတယ်။

မနှစ်လောက်က VOA (ဘလော့ကာ) အစီအစဉ်မှာ အင်တာဗျူး ပေးခဲ့ရဘူးပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆေးပညာစာတွေကို ကျွန်တော်က နာမည်အပျက်ခံပြီး ရေးတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအသံကို မသုံးလိုက်လို့ VOA က ကိုဇော်ဝင်းလှိုင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုတင်မှန်းဆပြီးသားလို့ ပြောချင်တာပါ။ တချိုကိစ္စတွေမှာ အနစ်နာခံမဲ့သူမရှိရင် အခက်အခဲတွေ ပိုဖြစ်တတ်တယ် မဟုတ်ပါလား။ နိုင်ငံရေးမှာ အနာခံထားတာမို့ ကျန်းမာရေးလဲ မထူးတော့ပါ။ သူများ (ဆိုက်) မှာ ဝေဝေဆာဆာ တင်ထားတဲ့ ကျွန်တော့်စာအောက်မှာ (ကွန်မင့်) တွေကို အပြေးအလွှား ဖတ်ကြည့်တော့ စာရေးသူကျွန်တော့်ကို ရစရာမရှိအောင် ရေးထားတာကို ဖတ်ရပါတော့တယ်။ “ဒီလိုစာမျိုးရေးတာ ကျွန်တော့်မှာ သိက္ခာမရှိဘူး၊ သားသမီး မရှိဘူးလား” စသဖြင့်။ ဒီထက်ဆိုးတာကတော့ ကျွန်တော့်နိုင်ငံရေး၊ ကျွန်တော် ဝင်ထားတဲ့ နိုင်ငံပါတီအထိ အပြစ်တွေဖို့ ထားပါတယ်။ ကျွန်တော့်နိုင်ငံရေးကိုပါ ထည့်ပြောလာသူမျိုးဟာ ကြံ့ခိုင်ရေးဘက်သား ဖြစ်ဘို့များပါတယ်။

ကောင်းပြီဗျာ့ ကျွန်တော့်ကျန်းမာရေး၊ ကျွန်တော့်နိုင်ငံရေးနဲ့ ကြံ့ခိုင်ရေး ပြိုင်ကြသေးတာပေါ့။

ဒေါက်တာတင့်ဆွေ
၂-၈-၂ဝ၁၃

“စေတနာတွေ ဖြိုးဝေစွာတကယ်”

‘ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်’ ခေါင်းစဉ်နဲ့ (ဘလော့ခ်) တခုမှာရေးထားတာကို (ဖေ့စ်ဘွတ်) မှာ မျှဝေနေတာ မကြာမကြာ တွေ့ရပါတယ်။ Ecee 2 ဆိုတာ အရေးပေါ်ကိုယ်ဝန်တားဆေးနာမည်ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တွဲနေတဲ့ ဆေးရောင်းကုန်နာမည်ဖြစ်လာနေတာ သတိထားမိတယ်။ အမေရိကားမှာဆိုရင် Plan B, Morning after Pills နာမည်နဲ့ တွဲနေတာပါ။

ကျွန်တော်လဲ ‘အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ’ ဆိုပြီး (ဘလော့ခ်) တခုရေးနေတာ အရွယ်ရောက်သူတွေမှာ မလွဲမသွေ ကြုံရတဲ့ ရောဂါတွေ၊ အခက်အခဲတွေကို ရေးပါတယ်။ မေးတာတွေကိုလဲ ဖြေပါတယ်။ အခုဆိုရင် စာပုဒ်ရေပေါင်း ၅၈၈ ရှိသွားပါပြီ။ မွေးရာပါရောဂါ၊ ကူးစက်ရောဂါ၊ ကြိုတင်ကာကွယ်မှု လုပ်ရကောင်းမှန်းမသိလို့၊ ဒါမှမဟုတ် သိလျှက်နဲ့ မလုပ်နိုင်-မလုပ်ချင်လို့ ပြဿနာ ဖြစ်လာတာတွေ ပါတယ်။ ဆရာဝန်တွေအနေနဲ့ ဖြစ်လာနိုင်တာမှန်သမျှ ဘာလုပ်ပေးရမလဲဆိုတဲ့ တာဝန်ကို ယူကြရပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်စေအောင်လဲ ကာကွယ်နည်းတွေနဲ့ ပညာပေးတာတွေ လုပ်ရပါတယ်။

‘နည်းတွေရှိနေတာပဲ ဘာလုပ်လုပ် ကိစ္စမရှိဘူး’ ဆိုပြီး၊ လုပ်ချင်သူတွေက လုပ်နိုင်တဲ့အခွင့်အရေးကို အသုံးချနိုင်ကြတယ်။ လက်နက်လိုပါပဲ၊ ပြည်ပအန္တရာယ် ရန်သူအစစ်ကိုလဲ ပြစ်ခတ်နိုင်သလို ကိုယ့်အာဏာကို ကာကွယ်ဘို့ရာ ကိုယ့်လူထုကိုပါ ပြစ်သတ်နိုင်တယ်။

အရေးပေါ်ကိုယ်ဝန်တားဆေး ရှိနေလို့ လူမှုရေးနဲ့ စာရိတ္တ ဘေးချပြီး၊ ယောက်ျား-မိန်းမ တရားမဝင် အတူနေကြရာမှာ အသုံးချကြပါတယ်။ ဒီနေရာမှာ အဲလိုဆေး ထုတ်လုပ်ရောင်းသူတွေဟာ စစ်လက်နက်တွေ ထုတ်လုပ်ရောင်းချသူတွေနဲ့ တူပါတယ်။ စစ်ပွဲရှိမှ စီးပွါးဖြစ်ကြလို့ စစ်ပွဲတွေဖြစ်စေအောင် အားပေးမှုတွေ လုပ်သူတွေကလုပ်ကြပါတယ်။ ဆေးကုသမားတချို့ကလဲ ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ရှိတတ်သေးတယ် မဟုတ်လား။

အရွယ်ရောက်သူတွေအတွက်လဲ ပညာပေးတွေလုပ်နေရတာက အပြစ်မကင်းသလို ခံစားလာမိပါတယ်။ အရေးပေါ် တားဆေးကို ဘယ်နှစ်နာရီနဲ့ ဘယ်နှစ်နာရီအတွင်းမှာ ဘယ်လိုသောက်ပါလို့ တိတိကျကျရေးပါတယ်။ လက်နက်ပညာ သင်ပေးရသလို အသုံးချမဲ့သူဟာ ဘုရားစေတီကို ဗုံးခွဲမဲ့သူ ဖြစ်နေနိုင်ပါတယ်။

ကျွန်တော်က စည်းကမ်းတော့ထားပါတယ်။ စည်းကမ်းမရှိ အတူနေမိရာကနေ ကိုယ်ဝန်ရှိလာတာမျိုးကို ဘာလုပ်ပါလို့ နည်းမပေးပါ။ ဒါပေမဲ့ ဆေးခန်းမှာ လာကူသူတွေကို သင်ပေးဘို့ ဆေးပညာစာတွေ ရေးဖြစ်တာမို့ ရောဂါဗေဒစနစ် အစုံပါအောင် ရေးရပါတယ်။

ကျွန်တော့် (ဘလော့ခ်) ကနေ ကူယူပြီး၊ တခြားနေရာတွေမှာ တင်ကြတယ်။ ကျွန်တော်က HIM ခေါ်တဲ့ HIV ပညာပေး (ဆိုက်) မှာသာ ယူသုံးဘို့ သဘောတူထားတာပါ။ သူများတွေက ကိုယ်မသိပဲ ယူသုံးတာလဲ မကန့်ကွက်ပါ။ တချို့ ခေါင်းစဉ်တွေကို အဲလိုတင်ကြတာအတွက် သဘောမကျပါ။ ပိုဆိုးတာက ဖို-မ ဆက်ဆံရေးစာတွေကို ဖတ်တဲ့သူကို ဆွဲဆောင်မှုရှိစေအောင် ဝေဝေဆဆာဆာ၊ ရုပ်သေပုံတွေ၊ ဗီဒီယိုပုံတွေနဲ့ သူတို့ဖါသာတွဲတင်တာမျိုးကို ပြန်တွေ့ရတော့ ‘ငါရေးခဲ့တာ မှားပြီ’ လို့ ခံစားမိပါတော့တယ်။

ကျွန်တော်က ဘာလုပ်လုပ် ကိုယ့်နာမည်အရင်းတိုင်းသာ သုံးတယ်။ နာမည်ရှေ့မှာ ‘ဒေါက်တာ’ လို့တပ်ထားတာလဲ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် ဂေဇက်ထဲမှာပါတဲ့အတိုင်း တမင်တကာသုံးတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂-၈-၂ဝ၁၃ နေ့က “ကြံ့ခိုင်ရေး Vs ကျန်းမာရေး” ဆိုပြီး ၂-၈-၂ဝ၁၃ နေ့က ရေးလိုက်ပါတယ်။ အပြစ်တင်ချင်သူတချို့က ကျွန်တော့် မိခင်နိုင်ငံရေးပါတီကိုပါ ထိပါးတာမျိုးလုပ်တဲ့ မှတ်ချက်ကို ဖတ်ရလို့ပါ။

ဒီစာရေးနေရင်း မေးခွန်းတခုလာပါတယ်။
“မင်္ဂလာပါဆရာ။ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ်ဝန်ကို ဆေးသုံးဖျက်မိပါတယ်။ Misoprostol ဆေးတစ်မျိုးတည်း သုံးနည်းပါ။ အခုဆိုသွေးဆင်းနေတာ ခုနှစ်ရက်လောက် ရှိနေပါပြီ။ ဘေးထွက်ဆိုးကျိုးအဖြစ် ဗိုက်နာတယ်၊ ချမ်းတယ်လို့ ပြောပါတယ်။ ချမ်းတယ်ဆိုပေမယ့်လည်း တုန်နေအောင်ချမ်းတာမျိုး မဟုတ်ပါ။ အဲလိုဖြစ်တာဟာ ပုံမှန်ပါပဲလား၊ တစ်ခြား ဘာတွေ စောင့်ရှောက်စရာ လိုပါလဲ။ သွေးဆင်း နေတာလည်း ကြာပြီမို့  အကုန်ဆင်းတယ်လို့ ယူဆလို့ရသလား။”

ဒီလိုမေးတာကိုတော့ မကူညီလို့မရပါ။ ကျန်းမာ-ချမ်းသာကြပါစေလို့ ဆုတောင်းပေးပြီး၊ ဖြေလိုက်ပါတယ်။

ဆေးပညာစာတွေထဲမှာ စာရိတ္တဆိုင်ရာလေးတွေလဲ တတ်နိုင်သလောက် ထည့်ထည့်ရေးပါတယ်။ မလုံလောက်ပါ။ တခြား ပုဂ္ဂိုလ်တွေကနေ လူမှုရေးစည်းကမ်းတွေ၊ နီတိတွေ၊ စာရိတ္တပြုပြင်ရေးတွေ ရေးသားဟောပြောဘို့ လိုပါတယ်။ အဲလို ရေးတာတွေကိုသာ ဝေဝေဆာဆာ၊ စေတနာနဲ့ မျှဝေကြပါလို့။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၃

ဆရာ.. လူငယ်တွေ အတွက် ဆရာ စာတွေ က အများကြီး အကူ အညီပေးတာမို့ ဆရာဆက်လက် ရေးစေချင်ပါတယ် ။ ဆရာစာတွေကို တိတ်ဆိတ်စွာဖတ်ပြီး အားပေးသွားသူတွေက ဝေဖန်သူတွေထက်ပိုများမယ် ဆိုတာ ကျွန်တော် လုံးဝယုံကြည်ပါတယ်။ ဆရာ ဆက်လက် ရေးသားပေးပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

ဆရာ့ကို အရမ်းလေးစားကြည်ညိုမိတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...