Tuesday, August 13, 2013

သစ်ပင်စိုက်ခြင်းအားဖြင့် စည်းရုံးကြမည်ဆိုလျှင်--






သစ်တောများပြန်လည်စိုက်ပျိုးမှုသည်လူသားတို့အတွက်အလွန်တရာအရေးကြီးနေပြီဖြစ်ပါ၏၊ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် အဓိကတရားခံမှာ လူသားများသာဖြစ်သည်။ကမ္ဘာပေါ်တွင် ထုတ်လွှတ်သမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၀% ကို သစ်တောကစုပ်ယူပေးလျှက်ရှိရာမှ သဘာဝဘေးဒဏ်တို့ကြောင့် သစ်တောများ ပြုန်းတီးလာရခြင်းနှင့် လူသားတို့၏ မဆင်မခြင်ဆောင်ရွက်မှုတို့ကြောင့် ပို၍ဆိုးရွားသွားခဲ့ရသည်။သစ်တောများပြုန်းတီးကုန်းပြီဖြစ်၍ ကမ္ဘာကြီးက ပူနွေးလာခဲ့ရသည်။ဤသည်မှာ အမှန်တရားပင်ဖြစ်ပါ၏။တရုတ်နှင့်အိန္ဒိယ က သစ်တောများပြန်လည် စိုက်ပျိုးလာကြသည်ကို အတုယူအားကျစရာတွေ့မြင်လာရသည့် ၂၀၀၅ ခုနှစ်က ပြန်လည်စိုက်ပျိုးသည် သစ်တောဧရိယာ တစ်နှစ်လျှင်ပျမ်းမျှ စတုရန်းကီလိုမီတာ ၂၆.၇၇ကို(တရုတ်)တွင်တွေ့ရှိရပြီး အိန္ဒိယ တွင်မှု ကီလိုမီတာ ၂.၅ သန်းရှိလာကြောင်း အင်တာနက်မှာဖတ်ခွင့်ရလိုက်ပါသည်။



ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိန်းသိမ်းရမည်ဖြစ်၏။ယခု အခြေအနေထက်များစွာ လျော့ကျအောင်စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်သည်။နာဂစ်အပြီးတွင် မိန်းမလှကျွန်းဘေးမဲ့တောသို့ရောက်ခဲ့ရပါ၏။ယခင်ကတွေ့လေ့ရှိသော ငှက်များ မတွေ့ရတော့ပဲ စန်ပိုငှက်များ အုပ်စုလိုက် ပျံသန်းနေကြသည်ကိုတွေ့မြင်ခွင့်ရခဲ့သည်။လေ့လာချိန်မှာ ၂ရက်သာဖြစ်၍ သတ်မှတ်ရက်အတွင်း တွေ့ရှိရသမျှ ငှက်တို့ကို လေ့လာမှတ်သားမိခဲ့သည်။

ကြိုးကြာ၊ ဗျိုင်း၊ ခရုစုပ်၊ ငုံး၊ ချိုး၊ ပိန်တူး၊ ငှက်သူခိုး၊ စစ်စလီ၊ ချောင်းတလိုင်း၊ စွန်၊ တလိုင်းခေါင်းနှုတ်သီးထိုး၊ တင်ကျီး၊ တုံးစပ်ဖြူ၊ ၀န်ပို၊ ရေညှောင့်၊ မြစ်တွေးတို့ကိုသာ တွေ့ခွင့်ရခဲ့သည်။

ငှက်တို့သည်သဘာဝအခြေအနေကိုဖော်ကြူးသည့်ညွှန်းကိန်းပြသတ္တ၀ါများဖြစ်ကြပါ၏။၎င်းတို့အတွက်နေစရာမှာသစ်တောဖြစ်သည်စားစရာမှာသစ်တောဖြစ်သည်၊နေစရာ၊စားစရာလျော့ပါးသွားပါကငှက်မျိုးစိတ်တို့ရှားပါး

လေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်ပါ၏။ ကျူပင်များ၊ ဓနိပင်များ၊ ကျိုးကြေနေသော သဘာဝဘေးဒဏ်က ဖယ်ရှားလိုက်ခြင်းကြောင့်ငှက်တို့နေရာလေးများပျောက်ခဲ့ရပြီဖြစ်ပါ၏။ဒီရေတောများတွင် ဆိုင်ကလုန်းက ၀င်မွှေသွားခြင်းကြောင့် ငှက်၊ ငါး၊ တွားသွားသတ္တ၀ါ မျိုးစိတ်အတော်များများလျော့ပါးသွားမည်မှာ အသေအချာပင်ဖြစ်ပါ၏။

ငှက်အုပ်စုကိုနေရာကိုလိုက်၍ အကြိမ်အရေအတွက်အနည်းအများ တွေ့ရလေ့ရှိခြင်းပေါ်မူတည်၍ common နှင့် uncommon ဟူ၍သာခွဲခြားသတ်မှတ်ခဲ့ရသည်။မြန်မာပြည်ရှိ ကျေးလက်လူထုကို သစ်တောသစ်ပင်တို့က စောင့်ရှောက်ပါ၏ နေစရာစားစရာနှင့်ဝတ်စရာပေးသည်။သတ္တ၀ါတို့အတွက်နေစရာသည် သစ်ပင်သစ်တောဖြစ်၏။ထို့ကြောင့် သစ်ပင်သစ်တောများလျော့နည်းသွားပါက သတ္တ၀ါများတွက် နေစရာမရှိတော့ပဲ၊ ၀တ်မှုံကူးခြင်းဖြင့် သစ်တောပြန်လည်ဖြစ်ထွန်းမှုတို့လည်း အလိုအလျောက် လျော့နည်းသွားပေလိမ့်မည်ဖြစ်သည်။သစ်ခွပင်များကိုတောနက်များတွင်မည်သူစိုက်ပျိုးပါသနည်း။ သတ္တ၀ါများက နားခိုပျံသန်းရင်းမှ ၀တ်မှုံများ ကြွေကြကာ မျိုးပွားလာခဲ့ကြခြင်းဖြစ်ရာ ပျား၊ လိပ်ပြာ၊ ငှက်၊ ပုစဉ်း တို့၏ သစ်တောပင်ထူထောင်ခြင်းကလည်း အရေးပါလှပါသည်။သစ်တောများမှ သစ်ခွပင်များကို ခွာယူ၍ရောင်းချကာ မိမိကိုယ်ကြိုးအတွက် ရောင်းဝယ်ဖောက်ကား လာကြသည်မှာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီဖြစ်သည်။သစ်တောဥပဒေ နှင့် ငြိစွန်းလာပါသော်လည်း Rule of Law ကို ဂရုမပြုခဲ့ကြချေ။ လက်ရှိအခြေအနေများထက်ပို၍ ကောင်းမွန်ရေးကို ကြိုးစားကြရမည်သာဖြစ်ရာ သစ်တောများပြုစုပျိုးထောင်ပါမှရာသီဥတုပြောင်းလဲမှုတို့ကိုနှေးကွေးစေရာမှတဆင့်ဟန့်တားနိုင်ပေလိမ့်မည်။

သစ်တောနေသတ္တ၀ါများ ရှင်သန်ခွင့်ရပေလိမ့်မည်၊ သစ်တောများမရှိတော့လျှင် နေစရာမရှိတောသော သတ္တ၀ါတို့ပျောက်ဆုံးခြင်းဖြင့် အစာကွင်းဆက်ပြတ်သွားပါက လူသားတို့မှာ ကြီးမားသော ပြဿနာတို့နှင့် ကြုံကြရဦးမည်သာဖြစ်ပါ၏။

အိန္ဒိယသည် ၁ဒဿမ၅ ဘီလီယံသော လူဦးရေကိုစောင့်ရှောက်ထားခဲ့၏။ထိုလူသားတို့အတွက် သစ်တောသစ်ပင်ကို ပြန်လည်စိုက်ပျိုးလျှက်ရှိသည်။ အတိုက်အခံဘက်ကဘဲဖြစ်ဖြစ် အာဏာရပါတီများဘက်ကဘဲ ဖြစ်ဖြစ် ပြည်သူတွေဘက်ကဘဲဖြစ်ဖြစ် သစ်တောသစ်ပင်များကို စိုက်ပျိုးပေးကြမည်ဆိုလျှင် ငွေကြေးကုန်ကျမှု အလွန်နည်းသော ပြည်သူ့အကျိုးပြုလုပ်ငန်းကို လုပ်သည်မည်ပါ၏။ ဆင်းရဲသူများကလည်း သစ်ပင်စိုက်နိုင်သလို ချမ်းသာသူများကလည်း သစ်ပင်စိုက်နိုင်ကြပါသည်။ ၂၀၀၀ခုနှစ်က ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံမှာ နှစ်စဉ် ကာဗွန်၇၄တန်ထုတ်သောလည်း ယခုအခါ သည့်ထက်မက ထုတ်ပေရော့မည်။

လက်ရှိ ကျန်ရှိနေသေးသည့် သစ်တောများက ကာဗွန်ကို မည်သည့်ပမာဏနှင့် စုပ်ယူပေးနေကြောင်းကိုတော့ အတိအကျမသိရသေးပါ။ယခုအခြေအနေတွင် လွန်ခဲ့သည့် ၁၀နှစ်ကထက် ကာဗွန်စုပ်ယူသည့်နှုန်း ပိုမိုမြင့်မားရန်လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့်ပင် ဆင်းရဲသောနိုင်ငံရေးပါတီများရော ချမ်းသာသော နိုင်ငံရေးပါတီများကပါ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ကြပါသည်။ မည်သည့်ပါတီကမဆို သစ်ပင်များကို စိုက်ပေးမည်ဆိုပါက ၂၀၁၅ မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အတော်လေးလျော့ပါးသွားနိုင်ပါသည်။သို့ဖြစ်ပါ၍ သစ်ပင်များစိုက်ပျိုးပေးစေခြင်းဖြင့် ပြည်သူ့အကျိုးပြု အမတ်များမွေးဖွားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း…..။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...