Tuesday, August 13, 2013

ဖော်မြူလာဝမ်း ကားမောင်းသမား ဂျိမ်းစ်ဟန့်အကြောင်း ရုပ်ရှင်ရိုက် ကူးမည်

Tuesday, August 13, 2013

ဘဝတစ်လျှောက် အမျိုးသမီး ၅၀၀၀ ကျော်နှင့်အိပ်ခဲ့၍ ဇနီးဖြစ်သူကို လက်လွှတ်ခဲ့ရသူ၊ အရက်ကို အရူးအမူးသောက်ပြီး ပြိုင်ကားလမ်းများပေါ်တွင် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းရဲရင့်သူ အစရှိသဖြင့် နာမည်ကြီးခဲ့

ဖော်မြူလာဝမ်း ကားပြိုင်ပွဲများ၏ သမိုင်းတစ်လျှောက် Hot အဖြစ်ဆုံး ကားမောင်းသမားဟု နာမည်ကြီးခဲ့သူ ဂျိမ်းစ်ဟန့်အကြောင်း ဟော လီးဝုဒ်ရုပ်ရှင်အဖြစ် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဘဝတစ်လျှောက် အမျိုးသမီး ၅၀၀၀ ကျော်နှင့်အိပ်ခဲ့၍ ဇနီးဖြစ်သူကို လက်လွှတ်ခဲ့ရသူ၊ အရက်ကို အရူးအမူးသောက်ပြီး ပြိုင်ကားလမ်းများပေါ်တွင် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းရဲရင့်သူ အစရှိသဖြင့် နာမည်ကြီးခဲ့သော ဟန့်တ်သည် ၁၉၉၃ ခုနှစ်က ၎င်းအသက် ၄၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ အဆိုပါ ဗြိတိသျှ ကားမောင်းသမားသည် ပါရမီ ပြည့်ဝသော ဖော်မြူလာဝမ်း ပြိုင်ပွဲဝင်တစ်ဦး၊ မိန်းမလိုက်စားသည့် Playboy တစ်ဦး၊ အရက်ဂျိုးတစ်ဦး အစရှိသဖြင့် အမျိုးစုံ သတ်မှတ်မှုများ ကြုံခဲ့ရသည်။

ယခုအခါ ၎င်း၏အကြောင်းကို ဩစတြေးလျမင်းသား ခရစ်ဟမ်းဆွော့သ်က အဓိက သရုပ်ဆောင်ပြီး ရုပ်ရှင်အဖြစ် ရိုက်ကူး ပြီးစီးခဲ့ပြီဖြစ်သည်။ Rush ဟုအမည်ပေးထားသည့် ဇာတ်ကားကို ဒါရိုက်တာ ရွန်ဟောင်းဝပ်က တာဝန်ယူခဲ့ကြောင်းလည်း သိရသည်။ Thor စတား ဇာတ်ဆောင် ဟမ်းဆွော့သ်က ကျွန်တော် ဒီဇာတ်ကားကိုမရိုက်ခင် ဟောင်းဝပ်ကို မေးတယ်။ ဟန့်က ဗီလိန်တစ်ယောက်လား၊ ဒါမှမဟုတ် သူရဲကောင်း တစ်ယောက်လား ဆိုတာကိုပါ။ သူက လှပတဲ့အရာတွေရော၊ ခွင့်လွှတ်လို့မရတဲ့ အရာတွေကိုပါ လုပ်ပြခဲ့သူလေဟု မှတ်ချက်ပြုခဲ့သည်။

ဟောင်းဝပ်က ကျွ န်တော်ကတော့ ဟန့်ဟာ သူရဲကောင်းလည်း ဖြစ် တယ်၊ ခေါင်းမာတဲ့ လူဆိုးတစ်ယောက်လို့လည်း မြင်တယ်။ သူက အစွန်းရောက်လွန်းသူ တစ်ယောက်ပဲဟုပြောကြားခဲ့သည်။ ဟန့်သည် ပြေးလမ်းများပေါ်တွင် Hunt the Shunt အမည်ဖြင့် ထင်ရှားခဲ့ဖူးသည်။ ၎င်းသည် ၁၉၇၆ ခုနှစ်က ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးကြောင်း သိရှိရသည်။ ဟန့်နှင့် ပြိုင်ဘက် ကားမောင်းသမားတစ်ဦးဖြစ်သော နစ်ကီလော်ဒါတို့ကြား အားပြိုင်မှုများကို ဖော်ကျူးထားသည့် Rush ဇာတ်ကားကို ယခုနှစ်၊ စက်တင်ဘာလအတွင်း ရုံတင်ပြသသွားရန် စီစဉ်ထားသည်

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...