Tuesday, September 3, 2013

စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ





 

ချက်ကို ကျောရိုး ဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင် ၏ ဝမ်းဗိုက်ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက် စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကို လွှဲပါ။
တင်၊ပေါင်မှ ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက် ပါ။ ပေါင်အတွင်းဖက်ကြွက်သားများ ကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့် ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။
ခါးကို မတ်၍ လျှောက်မိ စေ ဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။
ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ် နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက် ပါ။
ဦးခေါင်းအတွက် ခေါင်းပေါ် တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်း ကလည်း ခေါင်း၏အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။
ထူး
Health Updates Journal

" ရေသန့် ဘူး နဲ့  အမျိုးသမီးများ အတွက် အထူးသတိပြုရမည့် အချက်"






အလုံပိတ်ထားတဲ့ ကား ၊ ပိတ်လှောင်နေတဲ့ ကားထဲမှာ ထည့်ထားတဲ့
ရေသန့် ဘူးများကိုအမျိုးသမီးများ သောက်သုံးဖို့ မသင့်တော်ဘူး လို့  ဆိုထားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကားထဲက အပူဒဏ်နဲ့  ရေသန့် ဘူးက ပလတ်စတစ် မှာ ပါတဲ့ ကယ်မီကယ် နဲ့ ဓာတ်ပြုပြီး dioxin ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးလိုက်ပါတယ်။

Dioxin ဆိုတာ အမျိုးသမီးများ ရင်သားကင်ဆာကို ဖြစ်ပေါ်စေတဲ့ အဆိပ်ဓာတ် တစ်မျိုး ဖြစ်ပါတယ်။Dioxin များဟာ မိမိတို့ ခန္တာကိုယ် ထဲက ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တစ်ရှူး အရေအတွက်ကို တိုးလာစေပါတယ်။ သို့ နှင့် ရင်သားကင်ဆာကို ဖြစ်ပွားမှု များလာပါတယ်။

ဒါကြောင့် ကားထဲမှာ အချိန်အတော်ကြာ ထည့်ထားတဲ့ ရေသန့် ဘူးကို မသောက်သုံး သင့်ပါဘူး ။

ပလပ်စတစ်နဲ့ မဟုတ်တဲ့ သတ္တူဗူး ၊ ဖန်ပုလင်းတို့ နဲ့ ထည့်ထားတဲ့
ရေသန့် ကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။

Ref: Medical

ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား



24 August 2013 | By Health Digest
သားသမီး ယူဖို့ အချိန်ကျရောက် ပြီလို့ သင်ထင် ပါသလား။ ကလေးယူဖို့ စဉ်းစားတဲ့အခါ အောက်ပါ အချက် တွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
- သင့်ရဲ့လက်တွဲဖော်က ကလေးယူ ဖို့ သဘောတူရဲ့လား။
- ကလေးတစ်ယောက်ကို ကျွေးမွေး ပြုစုစောင့်ရှောက်ဖို့ စရိတ်ကို တတ် နိုင်ရဲ့လား။
- သင့်ရဲ့အလုပ်က နာရီပေါင်းများစွာ လုပ်ရတဲ့အလုပ်ဖြစ်ပါသလား။
- ကလေးယူခြင်းက မပြေလည်တဲ့ အိမ်ထောင်ရေးကို သာယာသွားစေ နိုင်မယ်လို့ သင်ယုံကြည်ထားလား။
- ဆေးလိပ်၊ အရက်နဲ့ အခြားဆေး ဝါးသုံးစွဲမှုရှိရင် ဖြတ်ဖို့အဆင်သင့် ဖြစ်ပြီလား။
- ကလေးကို ဘယ်လို အုပ်ထိန်းဆုံးမ ရမလဲ ဆိုတာကို သင်နဲ့သင့်လက်တွဲ ဖော် ညှိနှိုင်းတိုင်ပင်ပြီးပြီလား။
- ကလေး တစ်ယောက်ရဲ့ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစီ အစဉ်ရေး ဆွဲပြီးပြီလား။
- သင်နဲ့သင့်လက်တွဲဖော်ဟာ အချိန် နဲ့လွတ်လပ်မှုတွေကို စွန့်လွှတ်ပြီး ကလေး တစ်ယောက်ကို အနစ်နာခံ ပြုစုဖို့ ဆုံးဖြတ်ချက် ချထားပြီလား။


ဇင်မာမြင့်

T-ara Roly Poly dance cover

 


ကထိကဆရာဝန်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်


 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်သော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သည့် ဆရာဝန်တစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် အမှုတစ်ခု စက်တင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ရာ ရန်ကင်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်သည်။

ယင်းနေ့ည ၁၀ နာရီကျော်အချိန်တွင် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာ ၂ ၌ လူတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းရသဖြင့် မြို့နယ်ရဲစခန်းမှူး နှင့် သက်သေများက သွားရောက်စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ြပန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူမှာ နေအိမ်ရေချိုးခန်း အမြင့်ရှစ်ပေထုတ်တန်းတွင် နိုင်လွန်ကြိုးကို ကွင်းလျှောပြုလုပ်ပြီး ကြိုးဆွဲချ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၅၂ နှစ် အရွယ်ရှိပြီဖြစ်ပြီး တက္ကသိုလ်၏ သွားအတုဆေးပညာဌာနတွင် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း ရဲဌာနကအတည်ပြု ထားသည်။

အဆိုပါအမှုကို စစ်ဆေးလျက်ရှိသော ရန်ကင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်ဇော်က “သေဆုံးသူက စိတ်ကျရောဂါရှိလို့ပါ။ ဆေးမှတ်တမ်းတွေလည်း ရရှိထားပါတယ်။ Depression (စိတ်ကျရောဂါ) ကြောင့်ပဲ သတ်သေသွားတာပါ”ဟု ဆိုခဲ့သည်။

အလောင်းတွင် ပြင်ပဒဏ်ရာများမတွေ့ရသော်လည်း ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဟုတ် မဟုတ် သေချာစေရေး ဆက်လက်စစ်ဆေးရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကင်းရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ချက်တွင်ပါရှိသည်။

Source : Mizzima

ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသဧည့်နေဘဂါင်္လီအချို့နေရပ်ပြန်ကြမည်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက်နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါ”ဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။

အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ဖြစ်သည်ဟု သိရသည်။

“နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီအချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။

“ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလိုအခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။” ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။

၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေအငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်းလုပ်ငန်းများကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်။


Myit Ma Kha Media

ဘီကီနီဝတ်စုံနဲ့ရိုက်ဖို့ သုံးလကျော် လေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ ဘောလိဝုဒ်မင်းသမီး




ဘောလိဝုဒ်မင်းသမီးချော အာဒီတီရာအိုဟီဒါရီဟာ လာမယ့်အောက်တိုဘာလမှာထွက်ရှိမယ့် ရုပ်ရှင် ဇာတ်ကား "Boss" မှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ့် အခန်း တစ်ခန်းအတွက် သုံးလကျော်လောက်လေ့ကျင့်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ ဟီဒါရီရဲ့ သရုပ်ဆောင်မှုဟာ အားလုံးကိုငေးမောမှင် တက်သွားစေလောက်အောင် ကောင်းမွန်ခဲ့တယ်လို့ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာအန်သိုနီဒီဆူဇာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသမီးရဲ့ အတွင်းသိတစ်ဦးကတော့ ဒီဇာတ်ဝင်ခန်းကို တိကျစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့အတွက် သုံးလ ကျော်လောက် အချိန်ပေးလေ့ကျင့်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ်ဆိုတာသိရလို့ ဘယ်လိုခံစားခဲ့ရသလဲလို့ မင်းသမီးကိုမေးမြန်းကြတဲ့ အခါမှာတော့ “ရေချိုးကန်ထဲမှာ ဆိုရင်တော့ ကျွန်မအမြဲတမ်း ဘီကီနီဝတ်လေ့ရှိပါတယ်။ ဒါကို ကျွန်မ ပထမဆုံးဝတ်ရတာတော့ မဟုတ်ပါဘူး”လို့ မင်းသမီးက ဖြေကြားခဲ့ပါတယ်။

နာမည်ကျော်မင်းသား အာရှေးကူးမားက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခြား နာမည်ကျော် မင်းသားတွေအများကြီး ပါဝင်ထားတဲ့ "Boss" ရုပ်ရှင်ဇာတ်ကားဟာ အိန်္ဒိယအက်ရှင်ဟာသရုပ်ရှင်ဖြစ်ပြီး မင်းသမီးဟီဒါရီအတွက်တော့ ခုနစ်ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။

အောင်သုတ
Mizzima

ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင်



 

Myanmar Forward စာဖတ်ပရိသတ် အတွက် ကျန်းမာရေး ဆိုင်ရာမေး၊ဖြေများ အကြောင်းကို ဖော်ပြ လိုက်ပါတယ်။

မေး ။ ။ ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင် ဘာလုပ်သင့်လဲ ဆရာ။

ဖြေ ။ ။ မျက်စိ အနားပေးပါ၊ မိနစ် အနည်းငယ်ကြာ မျက်စိကို ပိတ်(မှိတ်)ထားပါ။ လည်ပင်းနဲ့ ခေါင်းကို မိနစ် အနည်းငယ်ကြာ လေ့ကျင့်ခန်း လုပ်ပေးပါ။ သွေးပူ လေ့ကျင့်ခန်း လုပ်တာဟာ အကြောတက် တာကို သက်သာ စေပါတယ်။

မေး ။ ။ ခြေထိပ်၊ လက်ထိပ် ကျဉ်လာရင် ဘာလုပ် ရမလဲဆရာ။

ဖြေ ။ ။ ခြေထိပ်၊ လက်ထိပ်ကျဉ်တာ ရောဂါအခံ ရှိသူကလွဲပြီး ဖြစ်နိုင်ခြေ ရှိတာက အာရုံကြော အားနည်းလို့ပါ။ ခန္ဓာကိုယ်မှာ ဘီဝမ်းဓာတ် ချို့တဲ့လာရင် ထုံ၊ ကျဉ်၊ ကြွက်တက် တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးမွေးပြီးစ မိခင်တွေမှာ ဖြစ်လေ့ ရှိတယ်။ အရက် သောက်သုံးသူ တွေမှာလည်း ဖြစ်တတ်တယ်။ ဒီလို လက္ခဏာတွေ ပြရင် ဘီဝမ်း ချို့တဲ့မှုကြောင့် ဖြစ်ပြီး၊ ကယ်လ်စီယမ် ဘီဝမ်းဓာတ်ပါတဲ့ ပဲပင်ပေါက်၊ ပဲပြား၊ အုန်းစိမ်းရည်၊ဆန်လုံးညို စတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

မေး ။ ။ လိပ်ခေါင်းကြောင့် သွေးထွက်များရင် ဘာလုပ် သင့်သလဲဆရာ။

ဖြေ ။ ။ ဝမ်းချုပ်တာများပြီး၊ လိပ်ခေါင်း ထွက်ရာကနေ ပိုဆိုးပြီး သွေးပါ လာရင် သတိထားသင့်ပြီ။ လိပ်ခေါင်းသွေး ပါလာပြီဆိုရင် သွေးအား နည်းတာပါ ဖြစ်လာနိုင်တယ်။ အသက်ကြီးတဲ့ လူတွေဆိုရင် မူးဝေတာပါ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လိပ်ခေါင်းရှိသူတွေ ဝမ်းချုပ်တာမျိုး မဖြစ်အောင် ဂရုစိုက်သင့်တယ်။ အရက်၊ ဘီယာ သောက်တာများရင် နဂိုလိပ်ခေါင်း ရှိသူတွေမှာ ရုတ်တရက် ဝမ်းသွားရင် သွေးပါ ပါလာတတ်တယ်။ အခုလို မဖြစ်အောင် အရက် အလွန်အကျွံ သောက်တာ ရှောင်သင့်တယ်။ ဒါ့အပြင် ဝမ်းပျော့ စေမယ့် အစာစားပြီး ရေအိမ်ထဲမှာ ကြာကြာထိုင်တာကို ရှောင်သင့်တယ်။

မေး ။ ။ ရောဂါအခံ ရှိသူတွေ ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ်ဝန်တား ဆေး မသောက်သင့်တာ ဘာကြောင့်လဲ။

ဖြေ ။ ။ နှလုံးသွေးကြောကျဉ်း ရောဂါအခံ ရှိသူ၊ အသည်းရောဂါဖြစ်သူ အဲဒီလို လူမျိုးတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲ တား ဆေးမသောက်သင့်ဘူး။ တားဆေးတွေကြောင့် သွေးပြန်ကြော ပိတ်တာ၊ သွေးခဲတာတွေ ဖြစ်တတ် သလို နှလုံး သွေးကြော ကျဉ်း ရောဂါ နဲ့ နှလုံးသွေးကြောပိတ် ရောဂါလည်း ဖြစ်တတ်တယ်။ တားဆေးကို နှစ်ရှည်လများ သောက်ရင်လည်း အန္တရာယ် ရှိနိုင်တယ်။ ရေရှည် သောက်နေရင် ကင်ဆာ အလုံးအကျိတ်တွေ ထွက်လာ တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ တားဆေးကို ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးဆိုင် ကနေ ဝယ် သောက်တာမျိုး မလုပ်ဘဲ၊ တတ်ကျွမ်းတဲ့ ဆရာဝန်ထံ မိမိဖြစ်နေတဲ့ ရောဂါ အကြောင်းကို တိုင်ပင်ပြီး သုံးသင့်တယ်။

မေး ။ ။ မိုးရာသီမှာ ပင်လယ်စာ ဘာလို့ သတိထား စားသုံး သင့်သလဲ ဆရာ။

ဖြေ ။ ။ မိုးရာသီမှာ ပင်လယ်စာ အစားများရင် အသက်ကြီးပိုင်းနဲ့ ကလေး တွေ အစာ အဆိပ်သင့်သလိုမျိုး ခံစားရတယ်။ ပူလိုက်၊ အေးလိုက်၊ ခြောက်လိုက်၊ စိုလိုက်နဲ့ အစာအိမ်က ချက်အားမကောင်းလို့ ဗိုက်နာ၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား၊ ဝမ်းလျှောတာမျိုး ဖြစ်တတ်တယ်။ မကျက်တကျက် ချက်ပြုတ် စားသောက်လို့လည်း ဖြစ်နိုင်ပါ တယ်။ ဒါ့အပြင် ရက်လွန်ပြီး မသန့်တဲ့ ပစ္စည်း (သိုးနေတာမျိုး) ဝယ်ယူ စားသုံးမိရင်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ ကိုက်ညီ တဲ့ အစားအသောက် တွေကို ရွေးပြီး စားသင့်တယ်။

မေး ။ ။ လူနေရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ဘာတွေ ဆင်ခြင်သင့်သလဲ ဆရာ။

ဖြေ ။ ။ လူနေများတဲ့ ရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ပတ်ဝန်းကျင် သန့်ရှင်း မှုရှိရမယ်။ အကြော်ဆိုင်၊ ထမင်းဆိုင်၊ အရက်၊ ဘီယာဆိုင်တွေနဲ့ ဝေးရမယ့်အပြင် လေကောင်းလေသန့် ရသင့်တယ်။ ရှိသင့် ရှိထိုက်တဲ့ အကျယ်အဝန်းမှာ လေဝင်လေထွက် ကောင်းကောင်း၊ အလင်းရောင် ကောင်းကောင်း ရှိရမယ်။ ဆေးခန်းသုံး ဆေးထိုးပြွန်နဲ့ အပ်၊ လူနာအတွက် သုံးပြီးဖြစ်တဲ့ ဂွမ်း၊ ပတ်တီး၊ အနာက အညစ်အကြေး တွေကို သီးသန့် အမှိုက်ပုံး ထားပြီး မြေမြှုပ်ပစ်ခြင်း သို့မဟုတ် စနစ်တကျ စွန့်ပစ်ရမယ်။ အမှိုက်ပုံး တွေကိုလည်း အမြဲ သန့်ရှင်း နေစေရမယ်။ ။

From: မြ၀တီ

မမပြုံး ပြုံးစမ်းပါ ဇာတ်ကားနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့သဘောထား



ကိုမင်းကိုနိုင်ရဲ့ဝတ္ထုမောင် သူရ(ဇာဂနာ)က ဇာတ်ညွှန်းရေးထားတဲ့ ” မမပြုံး ပြုံးစမ်းပါ” ဇာတ် လမ်းက ဇာတ်ကားအဖြစ် ၂ ကြိမ်ရိုက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ယခုတစ်ေ ခါက်မှာတော့ မဟာ ထွန်း ဗီဒီယိုထုတ်လုပ်ဖြန့်ချိ ရေးမှ ဒါရိုက်တာ ကြည်ဖြူသျှင်က ” မမပြုံး ပြုံးစမ်းပါ” ဇာတ်လမ်းကို နေတိုး ၊မိုးဟေကိုတို့နဲ့ ပြန် လည် ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက် တာကြည်ဖြူသျှင်ရိုက်ထားတဲ့ မမပြုံးပြုံးစမ်းပါ ဇာတ်ကားကို ဒါရိုက်တာတစ်ဦးမှ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ထပ်မံရိုက်ကူးခဲ့ ကြောင်းလည်း သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒါ ရိုက်တာကြည်ဖြူသျှင်ကို ဆက် သွယ်မေးမြန်းတဲ့အခါ..

” အစ်မတို့အနေနဲ့ ကိုယ် ကိုယ်တိုင်လည်း ဘယ်ကိစ္စမဆို မှန်မှန်ကန်ကန်ပဲလုပ်တယ်။ အနုပညာနဲ့ ပတ်သက်ရင်လည်း စည်းဘောင်ထဲကပဲ လုပ်တယ်။ နေရာတိုင်းမှာ ဥပဒေဆိုတာ ရှိ တယ်။ ဒီမိုကရေစီမှာ မှန်ကန် တဲ့ လူ့အခွင့်အရေးဆိုတာ ရှိ သလို တိကျတဲ့ ဥပဒေဆိုတာ လည်း ရှိတယ်။ အစ်မအမြင်က တော့ အစ်မတို့ အစည်းအရုံးက တအားသက်ညှာမှု ရှိတယ်လို့ ထင်မိတယ်။ ပြောမယ်ဆိုရင် ကိုလူမင်းတို့က လောကသား တွေအပေါ် တအားကို ညှာတာ တယ်လို့ အစ်မတော့ မြင်တယ်။အစ်မတို့တွေက အဆက်အသွယ် ပြတ်နေတဲ့ လောကမှာ ရှိနေ တာ မဟုတ်ပါဘူး။ ရန်ကုန် မြို့မှာပဲ ရှိနေကြတာပါ။ တစ် ယောက်နဲ့တစ်ယောက်ဖုန်း ဆက် လို့ရတယ်။ နောက်ဆုံးတအား အချိန်မရတော့လို့ ဖုန်းဆက်လို့ မရတော့ဘူးဆိုရင်လည်း ကိုမင်း ကိုနိုင်ရဲ့ ဝတ္ထု၊ ကိုသူရ (ဇာဂ နာ)ရဲ့ဇာတ်ညွှန်း၊ ဇာတ်ကား နာမည် မမပြုံး ပြုံးစမ်းပါဆိုပြီး အမှန်အတိုင်း တင်လေ။

အဲဒါ ဆိုရင် ရုပ်ရှင်အစည်းအရုံးက လည်း ဒါကတော့ တူနေပါတယ် ဆိုတာမျိုးပြောမှာပေါ့။ အခု လုပ်တဲ့ ဒါရိုက်တာကိုလည်း အစ်မ မမုန်းပါဘူး။ အစ်မနဲ့ ရင်းနှီးတဲ့ သူတွေပါ။ ကိုယ့်လက်ထဲမှာ ဇာတ်တစ်ခု ဇာတ်ညွှန်းတစ်ခု ရှိနေရင် ဒီလိုပဲ နာမည်ပြောင်း ရိုက်ခွင့်ရှိလား။ဒါတွေက အစ်မ အနေနဲ့တစ်ဖက်ကဒါရိုက်တာကို ပြောတာ မဟုတ်ပါဘူး။ရုပ်ရှင် အစည်းအရုံးကို တိုက်ခိုက်တဲ့သူတွေ ကိုပြောချင်တာပါ။မူတစ်ခုကို ရုပ် ရှင်အစည်းအရုံးက သတ်မှတ် ထားရင် ဘယ်ဥက္ကဋ္ဌတက်တက် ဒီမူအတိုင်း သွားရမှာပါပဲ။ လူ ကြောင့်ပြောင်းတာ၊ အခြေအနေ ကြောင့် ပြောင်းတာမျိုးတွေ မရှိ ရဘူး။ အစ်မတို့လည်းအစည်း အရုံးကထုတ်ပြန်တဲ့ စည်းမျဉ်း စည်းကမ်းကို အမြဲလေးစား တယ်။မှန်မှန်ကန် ကန်ကျင့်သုံးတယ်။

ဒီမူကကိုလူမင်းလက် ထက် မှာမှ သတ်မှတ်ခဲ့တာမဟုတ်ပါ ဘူး။အနုပညာမှာတာဝန်သိ စိတ် ရှိရမယ်၊တာဝန်ယူစိတ်ရှိရ မယ်။ ရုပ်ရှင်လောကသားတွေကောင်းဖို့ တည်ေ ထာင် ထားတဲ့ ဌာနတစ်ခုမှာ ရုပ်ရှင်လောကသားတွေအတွက် မှန်ကန်တဲ့၊မျှတတဲ့စည်းမျဉ်း စည်းကမ်း ဆိုတာရှိတယ်။ နေရာတိုင်းမှာလည်း သူ့ ဥပဒေဆိုတာ ရှိတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို လောကသားတွေက လိုက် နာသင့်တယ်။ ဒီလိုလိုက်နာမှ လည်း လောကက အောင်မြင် မယ်။ တိုးတက်မယ်။ မဟုတ် ရင် လော ကကြီး တစ်ခုလုံးက ပရမ်း ပတာ ကြီးဖြစ်သွားမှာပဲ။

” မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကိုရိုက်ရခြင်းက ကိုမင်းကိုနိုင်နဲ့ ကိုသူရ (ဇာဂနာ)ကို လေးစားလွန်းလို့ ရိုက်တာပါ။ ကိုမင်းကိုနိုင်ရဲ့ နာမည်သုံးခွင့်မရဘဲနဲ့ ” မမပြုံး ပြုံးစမ်းပါ” က နှစ်ကြိမ်ထွက်ခဲ့တယ်။ ဒါကြောင့်အစ်မက ဒီဇာတ်ကားကို တတိယကြိမ်ရိုက်တဲ့ ရည်ရွယ်ချက်က မင်းကိုနိုင်ဆိုတဲ့ နိုင်ငံသမားတစ်ယောက်၊ အနုပညာသမား တစ်ယောက် နဲ့ ဦးသူရ (ဇာဂနာ)ဆိုတဲ့အနုပညာသမား တစ်ယောက်၊ နိုင်ငံရေးသမားတစ် ယောက် ဒီလူနှစ်ယောက်က ထောင်ထဲမှာအနုပညာ တစ်ခုမွေးဖွားခဲ့တယ်။ သူတို့နှစ်ယောက် မွေး ဖွားခဲ့တဲ့ဇာတ်ကရှေ့ မှာ နှစ်ကြိမ်ရိုက်ပြီးသွားပြီ။ ဒါပေမဲ့သူ တို့ရဲ့နာမည်တွေကို တရားဝင်သုံးခွင့်မရ ခဲ့ဘူး။ ဒါကြောင့်အစ်မရိုက်တဲ့ အခါ မှာတော့ သူတို့ကို လေးစားသောအားဖြင့် သူတို့ကို ဂုဏ်ပြု သောအားဖြင့် ဒီဇာတ်ကားကိုရိုက်တာပါ” လို့ပြောပါတယ်။

ယခု လက်ရှိမှာ” မမပြုံး ပြုံးစမ်းပါ” ဇာတ်ကားထွက်ရှိနိုင်မယ့် အနေအထားနဲ့ ပတ်သက်ပြီးဒါရိုက်တာ ကြည်ဖြူသျှင်ကိုဆက်မေးတော့ ” မင်းသားချင်းတူနေရင် ဆင်ဆာ အရင်စောတဲ့ထုတ်လုပ်ရေးက အရင်ထွက်ရတယ်။ ဒါကစည်းကမ်းအတိုင်းပဲ။ ကိုယ့်ရှေ့က စော တဲ့လူတွေကိုစောင့်ရမှာလေ။ အခု ဒါကြောင့် မမပြုံးပြုံး စမ်းပါရဲ့ ပြသ ဖို့ရက်ကိုအစ်မတို့ စောင့်နေရပါတယ်။ အစည်းအရုံးက ပြ ဌာန်းထားတဲ့မူအတိုင်းပေါ့။ ကိုယ့် ထက်ရှေ့ကစီနီယာကျ တဲ့ နေတိုးကားတွေ ရဲ့ နောက် ကနေ တန်းစီရ မှာပဲလေ” လို့ပြောပါတယ်။

From: Popular Journal

Player Pro Music Player V2.72 For Android




Android ဖုန်း/Tablet နဲ့သီချင်းနားဆင်လေ့ရှိသများအတွက် Player pro Music Player for Android ကိုတင်ပေးလိုက်ပါတယ်။ မိမိစိတ်ကြိုက် Music Audio အသံပိုင်းတွေကို ချိန်ညှိနားဆင်နိုင်ပြီး လက်ရှိနားထောင်နေတဲ့သီချင်းဟာ ဘယ် အယ်ဘမ်ထဲကသီချင်းဆိုတာကိုပါ အင်တာနက်ကနေရှာဖွေပြသပေးနိုင်ပါတယ်။ ဗီဒီယို Player အနေနဲ့လည်းအသုံးပြုနိင်ပါသေးတယ် ။ Player Pro ဟာ Google Play ရဲ့ အကောင်းဆုံး Music Player ငါးခုစာရင်းထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့ Android application လေးဖြစ်ပါတယ်။ Player pro သုံးသူများအတွက် bass တွေဘာတွေချိန်လို့ရမဲ့ dsp pack ရယ် widget pack ရယ် skin လေးတွေပါ တစ်ပါတည်း တင်ပေးလိုက်ပါတယ်။ Player Pro Music Player for Android ကို Google Play မှာ ၄ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို အောက်က link မှာ တော့ freedownload ရယူနိုင်ပါတယ်။

ဒါကတော့ player pro ပါ။>>>https://copy.com/J7rXnHgzUD3EFVoH
ဒါကတော့ bass တွေဘာတွေ ချိန်ညှိလို့ရတဲ့ dsp pack ပါ။>>>https://copy.com/CB2FUXbEg8PrlZQH

ဒါကတော့ Widget pack ပါ။ home screen ပေါ်မှာ သီချင်း play လို့ရတဲ့ widget လေးတွေပါ။>>>https://copy.com/poEP7snqDLtqlM8r

ဒါကတော့ player pro ရဲ့ skin လေးတွေပါ စုစုပေါင်း 23 ခု ပါပါတယ်။>>>https://copy.com/VBJk92KEPefXEofR








From: Myanmar Mobile App

ရင်သား ကင်ဆာ ဘယ်လိုကာကွယ် မလဲ




 

ရင်သား ကင်ဆာဟာ အမျိုးသမီးတိုင်း ဖြစ်ပွားတတ်တဲ့ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး သေဆုံးမှု အမြင့်ဆုံး အမျိုးသမီး ကင်ဆာပဲ ဖြစ်ပါတယ်။

ရင်သားကင်ဆာကို ဗြိတိန်မှာတစ်နှစ်လျှင် ဝေဒနာရှင် ၃၅ဝဝဝ ခန့် ဖြစ်လေ့ရှိပြီး အမျိုးသမီး ၁ဝ ဦးမှာ တစ်ဦး ဖြစ်လေ့ရှိပါတယ်။ ယနေ့ ခေတ်ကာလ ရင်သားကင်ဆာ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းနဲ့ ဖြစ်ပွားမှုအပေါ် လုံးဝပျောက်ကင်း သို့မဟုတ် သက်တမ်းစေ့ နေနိုင် ရေး နည်းလမ်းကောင်းတွေ ရှိလာပါပြီ။ အမျိုးသမီးတွေက ရင်သားကင်ဆာနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်လွန်ကဲ နေကြ တယ်။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရင်သားတွေ လှီးဖြတ်ထုတ်လေ့ ရှိတယ်။ အမှန်မှာ မျိုးရိုးဗီဇ လိုက်တယ်ထားဦး။

ကျန်းမာတဲ့ နေထိုင်မှု ပတ်ဝန်းကျင်နဲ့ စိတ်ဓာတ်ကို ပြုပြင်ရင် မျိုးဗီဇ အပြောင်းအလဲ သို့မဟုတ် ပြင်ဆင်ချက်များ ဖြစ်လာနိုင်တယ်။ ရင်သား ကင်ဆာ ဖြစ်ပွားမှု မြင့်မားရခြင်းနဲ့ ဟော်မုန်း အစားထိုး ကုသမှု ကြာမြင့်ခြင်း၊ ကိုယ်ဝန်တားဆေး သုံးခြင်း၊ ပြည့်ဝဆီ၊ ဝက်ဆီနဲ့ စားအုန်းဆီ စားသုံးမှု လွန်ကဲခြင်း၊ နို့ထွက်ပစ္စည်းများ၊ အရက်၊ ဘီယာ၊ ပိုးသတ်ဆေး၊ ဓာတုမြေသြဇာများ၊ ပေါင်းသတ်ဆေးများဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားသုံးမှု များခြင်းတို့ဟာ ရင်သား ကင်ဆာနဲ့ ဆက်နွှယ် နေတတ်တယ်။ အမျိုးသမီး အများစုမှာ အီစတြိုဂျင် ဟော်မုန်း လွန်ကဲစွာ ပါနေလို့ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာ စုတွေဖြစ်လာနိုင်တယ်။ တကယ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးရင် ယင်း ဟော်မုန်းကို အသည်းကတစ်ဆင့် စွန့်ထုတ် နိုင်တယ်။ အကယ်၍ ပြည့်ဝဆီများ၊ တိရစ္ဆာန်အဆီနဲ့ အရက် သောက်သုံးတာ များနေရင် အီစတြိုဂျင် ဟော်မုန်းကို စွန့်ထုတ်ဖို့ မစွမ်းနိုင်တော့ဘူး။ အဲဒီ ဟော်မုန်းကို ပြန်လည်အသုံးပြုရာက တစ်သျှူးများ ထိခိုက်မှု ဖြစ်စေနိုင်တယ်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အကြွင်းအကျန်များ ပါရှိသော သောက်သုံးရေနဲ့ အစားအသောက်များဟာ ကင်ဆာဖြစ်နိုင်ဖို့ ပိုများသလို အဲဒီပစ္စည်း မပါဖို့ အထူးဂရုစိုက်သင့်တယ်။ ရှောင်နိုင်တဲ့ အစာမှာ သွေးလည်ပတ်မှု ထိခိုက်စေတယ်။ အထူးသဖြင့် တိရစ္ဆာန်က ရတဲ့အဆီ၊ မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ် နည်းတဲ့ အစားအစာ၊ ရေခဲရေ၊ ရေခဲမုန့်၊ ဂျယ်လီ၊ ပူတင်းနဲ့ ကိတ်မုန့်များ ရှောင်သင့်တယ်။ အဆီဓာတ် အနည်းဆုံး အစားအစာ ဖြစ်သင့် တယ်။ ဆေးလိပ်၊ အရက်နဲ့ ဘီယာ ရှောင်ရမယ်။




သင့် ကျန်းမာရေး (ရင်သား ကင်ဆာ)
စားသုံးသင့်တာက အဆီဖြိုးတဲ့ငါး၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ပျော်ဝင်စေသော အမျှင်များ ပါတဲ့ နှမ်း၊ ဂျုံ နဲ့ ဆန်လုံးညိုတို့ စားနိုင်တယ်။ အဲဒီ အစားအသောက်တွေ ဟာ သွေးလည်ပတ်တာ ကောင်းစေတဲ့ အပြင် သွေးတွင်းရှိ သိပ်သည်းဆ နည်းတဲ့ မကောင်းတဲ့ ကိုလက်စ ထရော များကို လျော့နည်းစေတဲ့ အပြင် သွေးတွင်း သိပ်သည်းဆနည်းတဲ့ အတွက် ဂင်ဂိုဘာလိုဘာ (၁၂ဝ) မီလီဂရမ် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် တစ်မီလီလီတာ အရည်ကို တစ်နေ့ နှစ်ကြိမ် သောက်ရင် သွေးလည်ပတ်မှု ကောင်းစေတယ်။ အိုမီဂါ(၃) နဲ့ (၆)၊ ဖက်တီးအက်စစ် ပါတဲ့ ယုဒိုချွိုင်း ဟာလည်း သွေး လည်ပတ်မှု ကောင်းစေတယ်။ ဗီတာမင်အီး ၄ဝဝ အိုင်ယူ စားသုံးရင်လည်း သွေးကြောပိတ်ဆို့မှု ကာကွယ်နိုင်တယ်။ ဗီတာမင်ဘီ (၃) (၃ဝ-၁ဝဝ) မီလီဂရမ်ကို ဖြည့်စွက် စားသုံးရင် သွေးကြောငယ် အတွင်း သွေးလည်ပတ်မှု ကောင်းစေတယ်။ ပထမဆုံး နိုင်ယာစင် သောက် ရင် အနည်းဆုံး ၃ဝ မီလီဂရမ်က တဖြည်းဖြည်း တိုးသွားသင့်တယ်။ နိုင်ယာစင်ဟာ အရေပြား နီမြန်းစေတယ်။ အခြား ဗီတာမင်စီ အုပ်စုဝင်များ တွဲဖက် စားသုံးနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်များပါတဲ့ အားဆေး မှာ ဗီတာမင်စီ (၁ဝဝ) မီလီဂရမ်နဲ့ ဘိုင်အိုလေ ဗင်နွိုက်တို့ဟာ ဆံခြည်မျှင် သွေးကြောငယ်များကို ပိုမို ကြံ့ခိုင်စေတယ်။

ရင်သားကင်ဆာ ဖြစ်နေသူများ အတွက် တစ်နေ့ကို အင်ဇိုင်း (၁ဝ-၃ဝ) မီလီဂရမ် နှစ်ကြိမ် စားပါ။ ယင်းဟာ ကင်ဆာဆဲလ် ပွားမှုကို ကာကွယ် ပေးတယ်။ တစ်နေ့ (၁ဝဝ) မီလီဂရမ် ကာကွယ်ဖို့ မှီဝဲသင့်တယ်။ လင်ဇင်း၊ ဝှိုက်ထိတ်နဲ့ ဝှိုက်တက်မှိုများ အရည် သို့မဟုတ် ဆေးတောင့် တစ်နေ့ သုံးကြိမ် မှီဝဲပါ။ ဖိုင်ဘာကာသနောကို နေ့စဉ် တစ်ခါသောက် တစ်ပြားနဲ့ တစ်နေ့ သုံးကြိမ်သောက်ပါ။ ပန်းမုန်လာ၊ ဟင်းသီးဟင်းရွက်၊ ကိုက်လန် နဲ့ မုန်ညင်းစားပါ။ မိမိ ရင်သားမှာ မူမမှန်ရင်၊ အဖုအကျိတ် စမ်းမိရင် ဆရာဝန်နဲ့ ပြပါ။ နေ့စဉ်လေ့ ကျင့်ခန်းလုပ်ပါ။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြဝတီ

ကျောင်းသူဟောင်းတစ်ဦး၏ ဒိုင်ယာရီ




“စာကျက်ပျင်းတဲ့သမီးတော့ စာအုပ်ပုံထဲရောက်နေရပြီ မေမေရေ”
ဆေးဝါးတက္ကသိုလ်ကို စတင်တက်ရောက်ဖြစ်စရက်မှာပင် ဇာတိမြေမှ မိဘထံသို့ ထိုသို့အစချီ ထားပြီး စာရေးဖြစ်ပါတယ်။ ကျွန်မတက္ကသိုလ်တက်စဉ်က အင်တာနက်မရသေးပါ။ ဒါကြောင့်ရပ်ဝေး တွင် တက္ကသိုလ်တက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း နယ်ကမိဘထံသို့ ဖုန်း ဒါမှမဟုတ် စာနဲ့ အကျိုးအကြောင်းပြောရပါတယ်။ စာထဲမှာ ကျွန်မနေထိုင်ရာလှည်းတန်းအဆောင်မှ မြောက်ဥက္ကလာပရှိ တက္ကသိုလ်ကို ရောက်ဖို့ကားစီးချိန် ၄၅မိနစ်ကြာမြင့်ကြောင်း၊ တက္ကသိုလ်ဆိုသော်လည်း အထက်တန်း
ကျောင်းများလိုပင် စည်းကမ်းကြီးမားလှကြောင်း၊ စာသင်ကြားချိန်တွေကလည်း အပြည့်ဖြစ်နေကြောင်း၊ စာမေးပွဲကလည်း မကြာခဏစစ်ဆေးလေ့ရှိကြောင်း.. ညည်းညူတဲ့စာရေးသားမိပါတယ်။ တက္ကသိုလ် တက်စဉ်မှာမှန်မှန်ရေးဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာလည်း ဒီအကြောင်းတွေကို စီကာ ပတ်ကုံးရေးဖြစ်ခဲ့ပါတယ်။

ရန်ကုန်ဆေးဝါးတက္ကသိုလ်သို့ စတက်ရချိန်တွင် ဇာတိမြို့မှ အဖော်သူငယ်ချင်းလည်း မပါတာ
ကြောင့်အားငယ်ခဲ့မိတယ်။ မိဘတွ၊ မောင်နှမတွေနဲ့ဝေးပြီး အဆောင်မှာနေရမှာ၊ တက္ကသိုလ်တက် ရမှာ.. အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အဆင်ပြေမှပြေပါ့မလားဆိုတဲ့ စိုးရွံ့စိတ်ဝင်ခဲ့ပါတယ်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနယ်သို့ပြန်လာတဲ့ အစ်မတချို့က “တက္ကသိုလ်က သူငယ်ချင်းတွေကို ငယ်သူငယ် ချင်းတွေထက်တောင် ပိုခင်သွားလိမ့်မယ်၊ စိတ်ပူမနေနဲ့” လို့ အားပေးခဲ့တဲ့ စကားကိုလည်းမယုံတ၀က်၊ ယုံတစ်ဝက်။ ဒီလိုနဲ့ပဲ ဆေးဝါးတက္ကသိုလ်ကို စတက်ဖြစ်ခဲ့ပါတယ်။
အဆောင်မှာနေလို့ အဆောင်နေသူငယ်ခင်းတွေနဲ့ စတင်ဆုံစည်းခဲ့ရသလို ဆေးဝါးတက္ကသိုလ် တက်စရက်တွေမှာကတည်းက သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ မှန်ပါတယ်။ အစ်မတွေပြောခဲ့ သလိုပါပဲ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ဆိုရင် အတူတကွ
ဆာ့ကစားရုံ၊ အတူတူစာကျက်ရုံထက်မပိုခဲ့ပါဘူး။ အခုလိုကြီးပြင်းလာလို့ တစ်ဦးတည်း နေထိုင်ရတဲ့ အချိန်မှာ သူငယ်ချင်းတွေရဲ့ ခွန်အား၊ မေတ္တာတရားတွေနဲ့ ရပ်တည်နိုင်ခဲ့ရပါတယ်။ ဒါကြောင့်ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူငယ်ချင်းနဲ့ ပတ်သက်ပြီး ခံစားရေးသားဖြစ်ခဲ့တဲ့ စာသားလေးတွေက ပာင်းလဲသွားခဲ့ပါတယ်။
“သူငယ်ချင်းမေတ္တာမှာ အံ့သြစရာကောင်းတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ သူငယ်ချင်းတွေရဲ့ ခိုင်မာတဲ့မေတ္တာတရားဟာ နားလည်ဖို့ခက်ခဲတဲ့ နက်ရှိုင်းမှုတစ်ခုပါပဲ၊ ၀မ်းနည်းမှုတွေ ခံစားရတိုင်း သူငယ်ချင်းရဲ့ သံယောဇဉ်ကပပျောက်အောင် နှစ်သိမ့်နေမှာပါ။ ၀မ်းသာမှုတွေကြုံတွေ့ရတိုင်း ပိုမိုကြည်
နူးပျော်ရွှင်စေဖို့ ပံ့ပိုးနေမှာပါ။”
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


ကျွန်မငယ်ငယ်ကတည်းက စာကျက်ရတာ အတော်ပျင်းပါတယ်။ ဒါကြောင့် ဆေးဝါးတက္ကသိုလ်ကို စတင်တက်ခါစ သီတင်းပတ်တွေမှာ တစ်နှစ်ပတ်လုံး စာကိုမှန်မှန်ကျက်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ထဲမသက်မသာဖြစ်မိပါတယ်။ ပြီးတော့ ကျွန်မမှာအချိန်ဇယားနဲ့ စာကျက်တတ်တဲ့အလေ့အထ လည်းမရှိဘူးလေ။ ကျွန်မ တွေးခဲ့မိတဲ့ တက္ကသိုလ်ကျောင်းသူဘ၀ဆိုတာလည်း လှလှပပပြင်ဆင်၊ အတန်းတက်၊ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ထိုင်၊ ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေကို လျှောက် လည်၊ အလှဓာတ်ပုံတွေရိုက် . . အဲဒီလို ပေါ့ပေါ့ပါးပါးဖြတ်သန်းရမယ်လို့ပဲ ထင်ခဲ့မိတာကိုး။ ဒါကြောင့် တက္ကသိုလ်တက်စရက်တွေက စာသင်ချိန်အပြည့်ဖြစ်နေတဲ့ ကျွန်မတို့ ကျောင်းကိုရော စာသင်ချိန်တစ်ချိန်မှာ စာတွေအများကြီးသင်ကြားပေးတတ်တဲ့ ဆရာ၊ ဆရာမ တွေကိုပါ နားမလည်နိုင် ခဲ့ပါဘူး။ ကျောင်းတက်လို့မှ သိပ်မကြာသေးဘူး။ Notice Board မှာဖြေရမယ့် အစမ်းစာမေးပွဲ အချိန်စာရင်းတွေကလည်းအပြည့်၊ အစမ်းစာမေးပွဲတွေက တစ်ခုနဲ့တစ်ခုရက်က သိပ်မခြားထားပါဘူး။ အဲဒီအချိန်တုန်းက ညည်းတွားခဲ့မိပါတယ်။ ဒါပေမယ့် သိပ်မကြာလှတဲ့အချိန် ကာလတစ်ခုအတွင်းမှာပဲ ကျွန်မတို့တစ်တွေဟာ ကျောင်းစာမေးပွဲအချိန်ဇယားတွေကြားမှာ ကောင်းကောင်းကျင်လည်ဖြတ်သန်းသွား
နိုင်ပါတယ်။
“ဆေးဝါးတက္ကသိုလ်ရဲ့ ကျေးဇူးကြောင့်အချိန်ကို ကောင်းကောင်းအသုံးချတတ်လာတယ်၊ ကိုယ့်ရဲ့အရည်အချင်းတွေကို စနစ်တကျ အသုံးပြုတတ်လာတယ်၊ စာပေလေ့လာမှတ်သားရတာကြောင့် အာရုံစူးစိုက်နိုင်စွမ်းလည်း ပိုကောင်းလာတယ်” ကျွန်မရဲ့ ဒိုင်ယာရီလေးထဲမှာ ကျောင်းတက်ကာလ တစ်နှစ်မပြည့်ခင်မှာပဲ ရေးသားဖြစ်ခဲ့တဲ့ စာသားလေးတွေပါ။
(နောက်ပိုင်း လုပ်ငန်းခွင်ထဲ အသီးသီးဝင်ခဲ့ကြချိန်မှာ အရေးကြီးဆုံးအလုပ်ကိုပြီး မြောက်အောင်
မြင်အောင် လုပ်ဆောင်တတ်တဲ့ အကျင့် ကစွဲမြဲသွားခဲ့ပါတယ်။ ဒီအကျင့်က ကျွန်မတို့ တက္ကသိုလ်ကပေးခဲ့တဲ့ ကောင်းမွေတစ်ခုပါ။ ဒီအကြောင်းလေးကိုလည်း လုပ်ငန်းခွင်ဝင်ပြီး မကြာခင် ကျွန်မရဲ့ ဒိုင်ယာရီမှာ ရေးသားဖြစ်ခဲ့ပါတယ်။)
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


တက္ကသိုလ်တက်ရချိန်မှာ ဆရာ၊ ဆရာမတွေက စာသင်ကြားပေးရုံသာမက မိန်းကလေးများတဲ့
ကျောင်းသား၊ ကျောင်းသူတွေကို အနေအထိုင်ပါတတ်အောင် သင်ကြားပေးခဲ့ပါတယ်။ အစပိုင်းက စာသင်လွန်းလို့ စိတ်ရှုပ်ခဲ့ရတဲ့ ကျွန်မအနေနဲ့ နောက်ပိုင်းမှာ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို သိနားလည်ပြီး မြတ်ဆရာဆိုတဲ့ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့မိပါတယ်။


အလှကင်းပါလျက်
ဘ၀က လင်းသူမို့
စေတနာလမ်းခင်းကာ
ငြိမ်းအေးရင်း လျှောက်ဝံ့သူ။

အနေအစား ရိုးစင်းလျက်
အသရေ တိုးသူမို့
များအကျိုး သယ်ပိုးရင်း
စာသင်ကြား ပျိုးထောင်သူ။

ကြင်တပည့်များအတွက်
ရင်ဝယ်ပွား သမီးသားပမာ
အငြီးတွား မများပါလို့
မေတ္တာထား မပျက်ခဲ့သူ။

အဲဒီဆရာဟာလေ..
ဇမ္ဗူမှာ ရှာမှ ရှားရယ်မို့
အင်အားတွေတစ်ပွေ့တစ်ပိုက်
တွေ့လိုက်တဲ့ အခိုက်မှာဖြင့်
ဒူးတုပ်ခါ ဂါရ၀ထားမိပါရဲ့
ဦးညွတ်ဝပ်တွား။

တတိယနှစ်ကျောင်းသူဘ၀ အာစရီယပူဇော်ပွဲမှာ ဒီကဗျာလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အခါ ဆုရရှိခဲ့ပါ တယ်။ ပြိုင်ပွဲတွေမှာမဖော်ပြဖြစ်ဘဲ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာပဲ ရေးခြစ်မိတဲ့ ဆရာ့ဂုဏ်ဖွဲ့ ကဗျာ
တွေလည်းရှိခဲ့ပါသေးတယ်။


တပည့်တကာ၊ တတ်စရာ၌
လိမ္မာပွန်က၊ အရွယ်လွန်မူ
ရွှေဆင်းတူရောင်၊ လုပ်ငန်းဘောင်တွင်
အတောင်ဖြူကာ၊ ဗျိုင်းပမာသို့
ပညာရှိလယ်၊ တင့်တယ်မြဲအောင်
ဆေးဝါးနယ်ပယ်၊ ကော်နှယ်ကျို၍
ထိုးဆရာများ၊ ရင်ဝယ်သားပမာ
သွန်သင်ပါ၏တကား။
အဲဒီလို ကဗျာတိုလေးတွေကို ရေးဖွဲ့မိတဲ့အထိ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို နားလည်မိလာခဲ့ပါတယ်။
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


အခုကျောင်းပြီးလို့ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲ ၀င်ရချိန်ရောက်တော့ လူကြီးဖြစ်ပြီဆိုတဲ့ အသိစိတ် ကို ရင်ဝယ်ပိုက်ရင်း အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်ခဲ့ရတဲ့ ကျောင်းသူဘ၀ကို သတိရမိပါတယ်။ Facebook စာမျက်နှာပေါ်မှာ သူငယ်ချင်းတစ်ဦးတစ်လေက “Missing University Student’s Life” လို့များရေးလိုက်ရင် ကျန်သူငယ်ချင်းတွေအားလုံး သဘောတူကြောင်းထောက်
ခံမိကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့တစ်တွေ ဟိုတုန်းကလို... ကျာင်းသူဘ၀တုန်းကလို သူငယ်ချင်းတွေ စုဝေးပြီး ချစ်ခင်ပျော်ရွှင်မှုအပြည့်နဲ့ ၀ိုင်းဖွဲ့စကားပြောဖို့ အချိန်မပေးနိုင်တော့ပါဘူး။ Facebook မှာ၊ G talk မှာ ဆုံရင်တောင် မြင်နေပါရက် အလုပ်များနေလို့ ကောင်းကောင်းမနှုတ် ဆက်နိုင်ကြပါဘူး။ ဟိုတုန်းကလို... ကျောင်းသူဘ၀တုန်းကလို ဆရာတွေရဲ့ သင်ကြားပို့ချမှုကို နာခံ ချင်လို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဆရာတွေသင်ကြားပေးလိုက်တဲ့ အသိပညာ၊ အတက်ပညာတွေကို အသုံးချနေရ တာကြောင့် မအားမလပ်နိုင်လောက်အောင် အလုပ်များနေလို့ပါ။
ဟိုတုန်းကလို . . ကျောင်းသူဘ၀တုန်းကလို အပူအပင်မရှိ ကျောင်းကားစီးပြီး ကျောင်းတက် ရတာကိုလည်း ပြန်တမ်းတမက် မောမိပါသေးတယ်။ ကျောင်းကနေ အပြန်မှာအရင်ထွက်တဲ့ကားက မထွက်ဖြစ်သေးတဲ့ နောက်ကားက သူငယ်ခင်းတွေကို လက်ပြနှုတ်ဆက်တော့ ကျန်ခဲ့တဲ့ သူတွေက မခံချိမခံသာဖြစ်ရတဲ့ ပုံရိပ်တွေကိုလည်း အမှတ်ရမိပါသေးတယ်။ အခုအချိန်မှာ ကျွန်မတို့အဲဒီလို ကလေးဆန်ခွင့်မရှိတော့ပါဘူး။ ကျွန်မတို့ဟာ ကျောင်းတော်ကသင်ပေးလိုက်တဲ့ ပညာတွေနဲ့ လောက အလယ်မှာ လူကြီးတစ်ယောက်လို လျှောက်လှမ်းနေရပြီလေ။ အလုပ်ကိစ္စကြီးငယ်မှန်သမျှကို တာဝန် ယူနေတာ၊ ကျောင်းကထိန်အတွက် ပဒေသာပင်သီခဲ့ကြတာ၊ ကျောင်းရဲ့ အစဉ်အလာမပျက်စည်ကား လှတဲ့ အာစရိယပူဇော်ပွဲမှာ ဆရာတွေကို ဦးခိုက်ကန်တော့ခဲ့တာတွေ... အရာရာတိုင်းက အမှတ်ရစရာတွေပါပဲ။
လေးနှစ်တာကာလ တက္ကသိုလ်တက်ရချိန်မှာ စာမေးပွဲတစ်ကြိမ်ဖြေဆိုတိုင်း ရင်ခုန်စိတ်လှုပ်ရှား ခဲ့ရတာ၊ နှုတ်ဖြေစာမေးပွဲဆိုရင် ထိတ်လန့်ခဲ့ရတာ၊ အောင်စာရင်းကပ်ပြီဆိုတာနဲ့ အပြေးအလွှားသွား ကြည့်ခဲ့ရတာ... ဒါတွေကလည်း မမေ့နိုင်စရာ အချိန်လေးတွေပါပဲ။ ဒီလို... ဒီလိုနဲ့ပဲ ကျွန်မတို့
ဆေးဝါးတက္ကသိုလ်ကဘွဲ့ကို အသီးသီးရရှိခဲ့ကြပါတယ်။ နောက်ပိုင်း ကျွန်မရဲ့ ဒိုင်ယာရီမျက်နှာထက်မှာ တက္ကသိုလ်နောက်ခံမြင်ကွင်းတွေ မပါဝင်တော့ပေမယ့် လုပ်ငန်းခွင်က ဘ၀အမောတွေကြား ရုန်းကန် လှုပ်ရှားရင်း တက္ကသိုလ်ကျောင်းသူဘ၀ကို ပြန်တပ်မက်တဲ့ ခံစားချက်တွေကတော့ပါစမြဲပါ။ သူငယ်ချင်းတွေနဲ့ဆုံမိတိုင်း ကျောင်းနဲ့ပတ်သက်တဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေ၊ ငယ်နုစဉ်က
ပေါ့ပါးလွတ်လပ်တဲ့ အခိုက်အတန့်လေးတွေကို ပြန်ပြောင်းအောက်မေ့ ပြောလေ့ရှိတုန်းပါ။ ရယ်စရာ အဖြစ်အပျက်တွေကိုပြောရင်း လွတ်လပ်ကြည်နူးစွာ ရယ်မောမိတဲ့အခါ ကျွန်မတို့တစ်တွေ ကလေးတွေ လို စိတ်တွေပေါ့ပါးသွားလိုက်ကြတာ။

ဒါကြောင့် ထင်ပါရဲ့... ။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀ဆိုတာ ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းလို့ ဖြတ်သန်းခဲ့
ပြီးရင်လည်း ပြန်လည်မရ နိုင်တော့တဲ့ အိပ်မက်တစ်ခုပါပဲလို့ တင်စားလေ့ရှိကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့မက်ခဲ့ရတဲ့ အိပ်မက်လေးက ဘယ်လောက်အထိ သာယာကြည်နူးစရာကောင်းသလဲဆိုတာကို အိပ်ရာကနိုးထလို့ အိပ်မက်လေး လွင့်ပြယ်သွားတော့မှပဲ သိနားလည်ခွင့်ရခဲ့ပါတယ်။ ဒီအိပ်မက်လေးရဲ့
ကျေးဇူးကြောင့် လက်တွေ့ဘ၀ထဲကို တိုးဝင်တဲ့အချိန်မှာ အဆင်ပြေပြေ၊ စွမ်းဆောင်နိုင်စွမ်းပြည့်ဝစွာနဲ့
လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတက်ခဲ့ရတဲ့ ဆေးဝါးတက္ကသိုလ်ကိုရော၊ သင်ကြားပို့ ချပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုပါ ကျေးဇူးဥပသကာရ တင်ရှိစွာ အကြိမ်ကြိမ်ဦးခိုက် ကန်တော့မိပါ
တော့တယ်။

မေတ္တာတရားဟူသည်




(က)



 နေရောင်ခြည်ဖျော့ဖျော့အောက်ရှိ တစ်ညနေတွင် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီးသစ်ပင်ရိပ်မှာ စာဖတ်နေသော ဖေဖေ့ကို ငေးကြည့်ရင်း ကျွန်မ၏ အတွေးများ အတိတ်ဆီသို့ ပြန်ရောက်သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေ သည် အခုလို ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာထိုင်နေနိုင်သည့် အခြေအနေမျိုး မဟုတ်။ အိပ်ရာပြင်ပေါ်တွင် ညည်းညူအော်ဟစ်ရင်း ရောဂါ
ဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။

ဖေဖေ့ကိုလည်း အခုလို ခပ်လှမ်းလှမ်းမှ ချစ်ခင်ကြည်ညို စွာငေးမော ကြည့်နေနိုင်သည့် အခြေအနေမျိုးမှာမရှိ။ အခုတော့ ကျွန်မတို့ ဘယ်လောက် စိတ်အေးချမ်းရသလဲ။ လမ်းမလျှောက်နိုင်သေးသော်လည်း ရောဂါဝေဒနာ ကင်းစင်ပြီး ငြိမ်ငြိမ်သက်သက်နှင့်ငြိမ်းအေးစွာ နေနိုင်သော ဖခင်ရယ်၊ ကျန်းမာဖျတ်လတ်ပြီး ချစ်ခင်ရသောမိခင်ရယ်၊ ပြီးတော့ ကျွန်မတို့ မောင်နှမများနှင့် အရာရာကို ရောင့်ရဲစွာ
နေတတ်သော မိသားစုတို့၏ထုံးစံအတိုင်း အေးအေးဆေးဆေးရှိလှသည်။ ကျွန်မတို့ကို လွှမ်းခြုံထွေး ပိုက်ထားသော အိမ်ငယ်လေးသည်လည်း သစ်ပင်၊ပန်းပင်များ၏ အလယ်တွင် တိတ်ဆိတ်ငြိမ် သက်လျက်။
သြော် . . ဒီလိုဆိုတော့လည်း လောကကြီးက နေထိုင်ချင်စရာ ကောင်းပါရဲ့နော်..။
သို့ပေမယ့် အရင်တုန်းကတော့ ဒီလိုအေးချမ်းမနေခဲ့ပါလေ။ ဟိုစဉ်ကတော့ ကျွန်မတို့ မိသားစုကို ပူဆွေး ဝမ်းနည်းစရာ တစ်ခုက လွှမ်းခြုံထားခဲ့ဖူးသည်။ သို့ဆိုတော့ ကျွန်မတို့ကလည်း ပုထုစဉ်လူသားများပီပီ ပူပင်သောက ဟူသမျှကို ရင်နှင့်မဆန့်အောင် လူးလှိမ့်ပူဆွေးမိခဲ့တာပါပဲ။


(ခ)
ထိုစဉ်က ကျွန်မအသက် ဆယ့်နှစ်နှစ်၊မောင်လေးအသက်က ဆယ်နှစ်၊ အကြီးဆုံးမမကမှ ဆယ့်ငါးနှစ်ဆို
တော့ ဆယ်ကျော်သက်အရွယ် ကလေးတွေပဲ ရှိသေးသည်။ သို့ရာတွင် ကျွန်မတို့သည် တခြားကလေးတွေ လို ပျော်ပျော်ရွှင်ရွှင် ဆော့ပြီး မကစားနိုင်ကြချေ။ အေးအေးချမ်းချမ်းလည်း စာမကျက်နိုင်ကြပါ။ စိတ်ကို တင်းထားသော်လည်း ပြင်းထန်နာကျင်လှသော ဝေဒနာကို မခံရပ်နိုင်စွာတစ်ချက် တစ်ချက် အံကြိတ်ရင်း လွင့်ထွက်လာသော ဖေဖေ၏ ညည်းတွားသံကို ကြားရင်း မျက်စိမျက်နှာပျက်ခဲ့ရသည်။ ဖေဖေ့ခြေသလုံး များ၊ လက်များ၊ ပခုံးများကို နှိပ်ပေးရင်းရောဂါဒဏ်ကြောင့် ယခင်နှင့်မတူ ပိန်ခြုံးကျလာသော ဖေဖေ့ကို ကြည့်ရင်း သနားကရုဏာသက်စွာ မျက်ရည်ရစ်ဝဲနေကြသည်။ ဝဲလာသမျှ မျက်ရည်စတို့ကို ဖေဖေမမြင်
အောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ၊ ထိန်းမနိုင်သိမ်းမရဖြစ်လာသည့်အခါ ကျအံ့ဆဲဆဲ မျက်ရည်စတို့ကို အဝေးတစ်နေရာတွင်းရှိုက်ငင်ငိုကြွေးရင်း ပူဆွေးဝမ်းနည်းရမှုဒုက္ခဆိုတာကို ထိုစဉ်ကတည်းက ခံစားနေ တတ်ကြပြီလေ။ကိုယ်လိုချင်တာ မရလို့၊ ကိုယ်ပူဆာတာမရလို့ ဆိုပြီး စိတ်ဆင်းရဲရသည်ဆိုသည့် ကလေး အတွေးမှ ကိုယ်မှီခို အားကိုးနေရသောမိဘတို့၏ ဝေဒနာကြောင့်၊ ကိုယ်ချစ်ခင်မြတ်နိုးရသော မိဘတို့ကို ဆုံးရှုံးမှာ စိုးသောကြောင့်၊မိဘဆိုသည့် အားထားရာ၊ နားခိုရာ အရိပ်ကြီးတစ်ခုခု ပဲ့ကျပြိုပျက်သွားမှာ စိုး
သောကြောင့်. . ထို့အပြင် ကိုယ့်မိဘခံစားနေရသော ဝေဒနာ ယုတ်လျော့နည်းပါးပြီး ပျက်ပြားစေချင်သော
ကြောင့် စိတ်ဆင်းရဲရသည်ဆိုသည့်တည်ငြိမ်သော အတွေးဝင်လာခဲ့ရသည်မှာဖေဖေ နေမကောင်း စဖြစ် လာသည့် အချိန်မှာပေါ့။ ဖေဖေ အရိုးကြည်းပေါင်းတက်ရောဂါ (ဆရာဝန်တို့ ပြောသည်ဟု ကျွန်မမိခင်က ရှင်းပြသည့်ရောဂါ) ဖြစ်မည်လို့ မသိသေးခင်အချိန်က ကျွန်မတို့ မောင်နှမသုံးယောက် စိတ်လက်ပေါ့ပါး
ပျော်ရွှင်ခဲ့ဖူးသည်။ ရောဂါစဖြစ်တော့ လက်တွေ၊ ခြေထောက်တွေ ထုံကျင်ပြီး၊လေးလံပြီး မလှုပ်ရှားနိုင်ရာမှ စသည်။ကျွန်မတို့ကတော့ ဖေဖေ ထိုင်ပြီး စာဖတ်တာများလို့ . . လမ်းလျှောက်တာ နည်းလို့ ..ကိုယ်အလေး ချိန်များလို့ ဖြစ်တာပါဟု ထင်ကာ ထုံကျင်ကိုက်ခဲနေသော လက်နှင့်ခြေထောက်များကို နင်းပေး၊ နှိပ်ပေး
ကြသည်။ စာဖတ်ချိန်လျှော့ဖို့ ဖေဖေ့ကို ပြောဖြစ်သည်။ ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်ဖို့ တိုက်တွန်း မိသည်။ သို့ရာတွင် ရောဂါက သက်သာမလာ၊ ပို၍သာ ဆိုးလာသည်။ နီးစပ်ရာ ဆေးမြီးတိုများသုံးသော် လည်း အိပ်ရာပေါ်တွင် လှဲပြီး နေနေရသည့်အခြေအနေသို့သာ ရောက်လာသည်။ မြို့မှဆရာဝန်များ ကလည်း ''လေဖြတ်တာလည်း မဟုတ်ဘူး။ လက်တွေ . . ခြေထောက်တွေ ထိတော့လည်း သိတယ် . . ဒီလိုဆိုရင် မန္တလေးသွားပြီး Medical Checkup(ကျန်းမာရေးစစ်ဆေးမှု)လုပ်ပြီး အဖြေရှာသင့်တယ်'' ဟု
ပြောကြသည်။ ထိုစဉ်ကကျွန်မတို့ နယ်မြို့လေးမှာ ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် ကိရိယာအစုံအလင် မရှိ
သေးပါ။ ဒီလိုနှင့် ဖေဖေ့ကို မန္တလေးတွင်ဆေးကုသဖြစ်သည်။ ထိုစဉ်က ဖေဖေနှင့်အတူ မေမေလည်း လိုက် ပါပြုစုရန်လိုသည်မို့ ကျောင်းတက်နေရဆဲ ကျွန်မတို့မှာ ဦးလေး၏ အုပ်ထိန်းမှု အောက်တွင်နေခဲ့ရသည်။ ထိုအချိန်က ကျွန်မတို့ မောင်နှမသုံးယောက်သည် ညအခါ ဘုရားစင်ရှေ့တွင် မျက်နှာငယ်လေးများနှင့် ''ကျေးဇူးရှင်ဖခင်ကြီးကျန်းမာစေဖို့'' ဆုတောင်းကြသည်။ ပြီးတော့ အိပ်ရာမဝင်ခင် တိတ်တိတ်လေး ငိုကြ
ပြန်သည်။ တစ်ယောက်ငိုတော့ တစ်ယောက်က လိုက်ငိုနှင့် မောင်နှမသုံးယောက် တစ်ယောက်နှင့် တစ်
ယောက်ဖက်ကာ ငိုရှိုက်ရင်း အိပ်ပျော်ခဲ့ရသည်။ ကြောက်စရာကောင်းသော အိပ်မက်ဆိုးတို့၏ ခြောက်လှန့် မှုကြောင့် လန့်နိုးရင်းအိပ်ရေးပျက်ခဲ့ရသော ညများသာ ကြီးစိုးခဲ့ရသည်။ နှစ်လခန့်ဆေးကုသပြီး ဖေဖေ ပြန် လာတော့ ရောဂါက သက်သာပျောက်ကင်းပြီလို့မဟုတ်ပြန်။ ဖေဖေ့မှာ နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ဝမ်းတွင်းရောဂါ ဘာမှမရှိ။ သို့ရာတွင် နာတာရှည်ဆန်ဆန် စိတ်ရှည်လက်ရှည်ပြုစု ကုသရမည့် ရောဂါ (အရိုးကြည်းပေါင်းတက်ရောဂါဟုသာ ဆေးပညာနားမလည်သော ကျွန်မမိခင်က ပြောနိုင်သည်။ ကျွန်မတို့ ကြီးပြင်းလာချိန်ရောက်မှ အထူးကုဆရာဝန်များက အဆစ်ရောင်နာနှင့် နာမကျန်းမှုတွဲဖြစ်ခဲ့ပြီး ထိုအနေ အထားအတိုင်း နေချိန်ကြာသွားသဖြင့် အဆစ်များ ခိုင်သွားခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။) ကတော့ အကြီးအကျယ်စွဲကပ်ခဲ့လေပြီ။ ထိုရောဂါသည် ဖေဖေ့အား အိပ်ရာပေါ်မှ မထနိုင်အောင်၊ ကွေးနေသော ဒူးကိုဖြောင့်တန်းစွာ ချမထားနိုင်အောင်ချုပ်ကိုင်ထားခဲ့ပြီ။ ကွေးနေသော လက်ချောင်း၊ ခြေချောင်းတို့ကို သွက်လက်စွာ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားခဲ့ပြီ။



(ဂ)
တကျွတ်ကျွတ်ညည်းညူရင်း ဝေဒနာကို တရားရှုမှတ်ကာ အိပ်ပျော်သွားသော ဖေဖေ့ကို စောင်အသာခြုံပေး
ပြီး ခြင်ထောင်ချပေးခဲ့ရင်း ဖေဖေ့အပါးမှ ကျွန်မတို့ ခွာခဲ့ကြသည်။ ဖေဖေ့ကွယ်ရာမှာ ဖေဖေမသိအောင်၊ မမြင်အောင်၊ မကြားအောင် ရှိုက်ငင်ငိုကြွေးခဲ့ရသော မျက်ရည်များလည်း ရှိခဲ့ပြီ။ ဖေဖေစိတ်မထိခိုက်
အောင်တိုးတိတ်စွာ ပြောရမည့်စကားတို့လည်း ရှိလာခဲ့ပြီ။ ဥပုသ်နေ့မှတပါး မေမေက အိမ်မှာ အနားမနေ ရပေ။ ဈေးမှာ ဖွင့်ထားသော မုန့်ဆိုင်တွင် ဈေးရောင်းရင်း ဝင်ငွေရှာနေရသည်။ ဖေဖေ့ကို အနီးကပ်ပြုစုရန် ဦးလေးနှင့်ကျွန်မတို့သာ အိမ်မှာရှိတာများသည်။ ဖေဖေမကြားနိုင်သော နေရာတွင် ကျွန်မတို့စကားပြော ကြသည်။ ကျွန်မတို့ ထုတ်ဖော်မပြောသော်လည်း ဖေဖေ၏ အသက်အန္တရာယ်ကိုပင် စိုးရိမ်နေကြကြောင်း အချင်းချင်းသိနေကြသည်။ ကျွန်မတို့၏ စိုးရိမ်ရေမှတ်သည်ကျွန်မတို့၏ မျက်ဝန်းများ၊ မျက်နှာများတွင် ထင် ဟပ်ပေါ်လွင်နေသည်ကိုး။
ကျွန်မ၏ စကားသံသည် ခပ်တိမ်တိမ်၊ ခပ်အက်အက် ...
ကိုယ့်အသံကိုပင်ပြန်မမှတ်မိနိုင်လောက်အောင် တုန်နေသည်။ ''ဖေဖေက အရင်လို ဝဝဖြိုးဖြိုးလည်း မဟုတ်တော့ဘူး။ တစ်နေ့တခြား ပိန်လာလိုက်တာ . . မနက်က ထမင်းကျွေးတော့လည်းကောင်းကောင်း မစားနိုင်ဘူး။ ဖျော်ရည်ပဲနည်းနည်းသောက်တယ် ''ဘယ်သူ့ကို ဘယ်သူကမှ မနှစ်သိမ့်နိုင်လောက်အောင် ဝမ်းနည်းမှုကကြီးစိုးနေသည်။ မမကတော့ တိတ်တဆိတ် မျက်ရည်ဝဲရင်းမျက်နှာလွှဲထားသည်။ မောင်လေး ကတော့ယောက်ျားလေးမို့လားမသိ ၊ အေးဆေးသောပုံစံနှင့် တတ်သလောက် နှစ်သိမ့်ရှာသည်။ ''အဲဒီ
လောက် စိုးရိမ်မနေပါနဲ့ . . ဖေဖေက အသက်ရှည်မှာပါ ။ ဒါပေမဲ့ အရင်လိုလမ်းပြန်လျှောက်နိုင်ပါ့မလား မသိဘူးနော်'' ထိုစဉ်တုန်းကတော့ ကျွန်မတို့၏ စိုးရိမ်ပူပင်မှုသည် ဖေဖေ ခံစားနေရသော ဝေဒနာများ၊ ညည်းညူနေရသော ကိုက်ခဲမှုများ ကင်းလွတ်သွားလျှင်ပင် ကျေနပ်ပြီ။ ဖေဖေ၏ ဝေဒနာသာ သက်သာ
လျော့ပါးပါစေဟု ဆန္ဒပြုမိခဲ့သည်။ ကျန်တာက တဖြည်းဖြည်းကောင်းလာလိမ့်မယ်.. လောလောဆယ်
ဖေဖေကောင်းကောင်း စားနိုင်၊ သောက်နိုင်ပြီး စိတ်ချမ်းသာစွာ အိပ်နိုင်၊ အေးအေးဆေးဆေး စာဖတ်နိုင် လျှင် ကျေနပ်ပါပြီ။ မောင်လေး ပြောသည့် ပူပင်မှုမျိုးကတော့ လအနည်းငယ်ကြာမှ ကျွန်မ၏ ရင်ထဲသို့
ရောက်ရှိလာသည်။ ထိုအချိန်ကျတော့ဖေဖေသည် အိပ်ရာနှင့်ကျောချင်းကပ်နေရသည့် အခြေအနေမှ ဟိုဘက်၊ သည်ဘက်လှည့်နိုင်၊ စောင်းနိုင်သည့် အနေအထားသို့ရောက်လာပြီ။ ပက်လက်ကုလားထိုင်ပေါ် ခဏတဖြုတ်ထိုင်နိုင်သည့် အခြေအနေသို့ရောက်နေပြီ။ ပက်လက်အိပ်နေသည့်ဖေဖေကို ကျွန်မတို့က ထမင်းခွံ့ကျွေး၊ မုန့်ကို ခွံ့ကျွေး၊ ရေကို တေ့ကာ တိုက်ရသည့်အနေအထားမှ ထိုင်နေသည့် ဖေဖေကို
ကောင်းစွာကျွေးမွေးပြုစုလာနိုင်ပြီ။ ပြီးတော့ စာဖတ်ဝါသနာကြီးပါရက်နှင့် စာမဖတ်နိုင်သည့်ဖေဖေကို ဘေး မှ ဖတ်ပြရသည့် အခြေအနေမှ ထိုင်နေသည့် ဖေဖေ့ ပေါင်ပေါ်ကို စာအုပ်တင်ပေးပြီး စာကြည့်မျက်မှန် တပ်ပေးကာ ကိုယ်တိုင် စာဖတ်နိုင်သော အခြေအနေသို့ တိုးတက်လာပေပြီ။ သို့သော် ဖေဖေ လမ်းမ
လျှောက်နိုင်သေးပါ။ ထိုအခါကျမှ ကျွန်မ၏ရင်ထဲသို့ မောင်လေး၏ ပူပင်မှုမျိုး ဝင်လာခဲ့ခြင်း ဖြစ်သည်။


(ဃ)
''ငါတော့ ဒီလို လုပ်မယ်စိတ်ကူးတယ်''ကျွန်မရော မောင်လေးပါ စကားစလာသည့် မမကို ကြည့်မိသည်။ ပိန်ပိန်ပါးပါးမမ၏ မျက်ဝန်းမှ စိုးရိမ်ပူပင်မှုအရိပ်တချို့ကို မှန်းဆပြီး ဖေဖေ့အကြောင်း ပြောမှာပဲဟု သိ လိုက်ပြီ။ ဖေဖေ လမ်းမလျှောက်နိုင်သေးသည့် ကိစ္စကို မမလည်း စိတ်ပူနေပြီလေ။ ''ဘယ်လိုလုပ်မှာလဲ'' ဆယ်တန်းကျောင်းသူ မမရယ်၊ ခုနစ်တန်းကျောင်းသူ ကျွန်မရယ်၊ ခြောက်တန်းကျောင်းသားမောင်လေး ရယ်က ကျောင်းပိတ်ရက်မှာ တခြားကျောင်းသားတွေလို မပျော်နိုင်ဘဲ ဖေဖေ့ အကြောင်း ဆွေးနွေးနေကြ
ပြန်သည်။ ''ဒီလိုလေဟာ... မီးမလောင်ပေမယ့်မီးလောင်လို့ဗျို့ မီး မီး ဆိုပြီး အော်ရအောင်။ မီးလောင်လို့.. မီးလောင်လို့.. ဆိုပြီး ငါတို့က ဖေဖေနဲ့ ခပ်လှမ်းလှမ်းမှာ ပျာယာခတ်ပြီးတအားအော်ကြရအောင်၊ ဘယ်သူမှ
ဖေဖေ့ကိုပြေးမပွေ့နဲ့၊ ငါတို့ဘာသာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသလိုမျိုး နေကြမယ်.. ဖေဖေခေါ် လည်း မကြားချင်ယောင်ဆောင်နေ'' ''အင်း . .အဲဒါကောင်းတယ် . .ဒါမှ ဖေဖေ အထိတ်တလန့်နဲ့ လမ်းထ
လျှောက်လာမှာ ''တက်ကြွစွာ ထောက်ခံပြီး ကျွန်မကဇဝေဇဝါ ဖြစ်လာသည်။ ''ဒါပေမဲ့ ငါတို့အိမ်နဲ့ တခြား အိမ်တွေကဒီလောက်နီးနေတာ... သူများတွေက မအော်ဘဲငါတို့ချည်းပဲ အော်နေရင် ဖေဖေယုံပါ့မလား၊
အောင်မြင်ရင်တော့ ကောင်းပါရဲ့ . .မအောင်မြင်ရင် ဖေဖေ နှလုံးရောဂါရနေဦးမယ်။ ဖေဖေက အစိုးရိမ်က ကြီးက ကြီးနဲ့'' ကျွန်မ စကားဆုံးတော့ အားလုံးငြိမ်သွားပြန်သည်။ မောင်လေးက စိတ်ဓာတ်မကျဘဲထပ်
ပြောသည်။ ''ဒါဖြင့် အိမ်နီးချင်းတွေကို တိုင်ပင်ထားရအောင်လေ'' ''ဒါတော့ မဖြစ်နိုင်ဘူး၊ သူတို့က အလိုလို မှာ ဖေဖေ့ကို သနားနေတာ.. အရက်မသောက်၊ ဆေးလိပ်မသောက်.. မကောင်းမှုမှန်သမျှ ဘာမှမလုပ်တဲ့ သူမှ ဒီလိုဖြစ်ရလားဆိုပြီး စုပ်တသပ်သပ်ဖြစ်နေတာ၊ သွားပြောရင်လည်း ဖေဖေ စိတ်ဆင်းရဲအောင် မလုပ် ပါနဲ့လို့ တားမှာပဲ'' မမ စကားဆုံးတော့ အားလုံးလက်မှိုင်ချရပေပြီ။ သက်ပြင်းကိုယ်စီချပြီး ငိုင်နေမိကြသည်။ ကျွန်မ စိတ်ထဲမှာတော့ တစ်ခုတွေးမိသေးသည်။ ကားတစ်စီးနှင့် ဖေဖေကို မြို့ပြင်တစ်နေရာသို့ ခေါ်သွား မည်။ လူတချို့က တိုင်ပင်ထားပြီး ကျွန်မတို့ကို ဆွဲလား၊ ရမ်းလားလုပ်ခိုင်းမည်။ သည်တော့ ဖေဖေက သားသမီးဇောနှင့် လမ်းလျှောက်ပြီး ကယ်ဖို့ ကြိုးစားမည်ပေါ့လေ..။ ကျွန်မရဲ့ စိတ်ကူးက အဲဒီလို.. သို့သော် ကျွန်မတို့ကလေးတွေနှင့် အလှမ်းကွာဝေးနေသည်က ကားက ဘယ်ကရမလဲ၊ ကျွန်မတို့လို လူသာမန်မှာ ကားက မရှိ၊ ပြီးတော့ ကားရှိသည်ပဲ ထားဦး၊ ဘယ်သူကကားမောင်းမလဲ၊ ရန်ဖြစ်နေခိုက် ကားမောင်းသမား က ဘယ်သွားနေမလဲ၊ အိပ်ရာထဲလှဲနေတာသာ များသည့် ဖေဖေကရော ဘာကိစ္စအတွက် ကားနှင့်မြို့ပြင် လိုက်မလဲ။ အမေးသာရှိပြီး အဖြေမဲ့သည့် ပုစ္ဆာတစ်ပုဒ်သည် ရုပ်ရှင်ဆန်လွန်းလှသည်ဟုတွေးမိပြီး ထို အတွေးကို ကိုယ့်ဘာသာပင် မျိုသိပ်ပစ်လိုက်မိပါတော့သည်။ ထို့အပြင် ထိုနေ့က ကြံစည်သမျှ၊ တွေးတော သမျှ၊ တိုင်ပင်သမျှသည်လည်း ဘာမှအကောင်အထည် မဖော်ဖြစ်ခဲ့ပါ။


(င)
ဖေဖေနေမကောင်းဖြစ်စဉ်က အသက်၁၂နှစ်သာ ရှိသေးသော ကျွန်မသည် အခုဆိုလျှင် ၂၁နှစ်ပင် ပြည့် ခဲ့ပြီ။ ဖေဖေသည် လမ်းမလျှောက်နိုင်သေးသည်က လွဲလျှင် ကျန်အနေအထားအားလုံးသည် သာမန် ကျန်း မာရေးကောင်းသော လူအတိုင်းပဲ ဖြစ်သည်။ အရင်တုန်းက လှုပ်ပင်မလှုပ်နိုင်သော၊ ကွေးညွတ်နေသော လက်ချောင်းများသည် ကျွန်မတို့လိုပင် ကောင်းစွာ အလုပ်လုပ်နိုင်ပါပြီ။ အခုဆိုလျှင် ထမင်းကို ကိုယ့်ဟာ ကိုယ် စားနိုင်ပြီ။ ရေသောက်နိုင်ပြီ။ စာရေးစာဖတ်လုပ်နိုင်ပြီ။ ရေချိုး၊ အဝတ်လဲ အားလုံးလုပ်နိုင်ပြီ။ အရင် က မောင်နှမသုံးယောက်စလုံးဖေဖေ့ကို နှစ်ယောက်က ချိုင်းတစ်ဖက် တစ်ချက်ဆီမှကိုင်၊ တစ်ယောက် က ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး ဖေဖေ ရွှေ့လိုသည့်နေရာသို့ ခက်ခက်ခဲခဲရွှေ့ပေးနေရာမှ အခုဆို လျှင် ဖေဖေက လမ်းလျှောက်ရင်း တစ်ယောက်တည်းက ဖေးမကိုင်၍ပင် ရွှေ့နိုင်သည့် အခြေအနေသို့
ရောက်လာပြီ။ ခြံထဲသို့ ဆင်းလိုလျှင်၊ လေကောင်းလေသန့် ရှူလိုလျှင် ဘီးတပ်ကုလားထိုင်ပေါ် ဖေးမကာ တင်ပေးလိုက်ရုံနှင့် ဖေဖေ့ဘာသာသွားလို့ ရနေပြီ။အခုဆိုလျှင် အိမ်လာလည်သည့် ဧည့်သည်တိုင်းဖေဖေ့ ကိုမြင်လျှင် အံ့အားသင့်သွားကြသည်။''အိုး . . အံ့သြစရာပဲနော်၊ အရင်တုန်းက ပိန်သွားလိုက်တာ.. နေ့ လား၊ညလားလို့တောင် ထင်မိတယ်၊ အခုဆိုကြည့်ပါဦး.. သားသမီးတွေနဲ့ အပြိုင် နုပျိုပြီး ဝဖြိုးနေတာပဲ၊ လမ်းမလျှောက်နိုင်သေးတာ တစ်ခုပါပဲ၊ ကျန်တာကတော့ တကယ်လူကောင်းအတိုင်းပဲ''ဧည့်သည်၏ စကား ကို ပြုံးရွှင်စွာ နားထောင်နေသည့် ဖေ့ဖေ့ကို ကြည့်ရင်း ကျွန်မတို့ ပီတိဖြစ်ကြရသည်။ ''ကလေးတို့အဖေ အခုလိုပြန်ပြီး နေကောင်းလာတာ ကလေးတို့ အပြုအစုကောင်းလို့လည်း ပါတယ်နော်'' ထိုစကားကိုလည်း ကျွန်မတို့ ပြုံး၍သာနားထောင်နေပါသည်။ ထိုစကား မှန်သည်လော မပြောတတ်ပါ။ သို့ပေမယ့် ကျွန်မတို့ သည် ဖေဖေ ခံစားနေရသည့် ရောဂါဝေဒနာများ လျော့ပါးသက်သာစေချင်သဖြင့် ဖေဖေ့ရောဂါပျောက်
ကင်း မည်ဆိုလျှင် နေရာချင်းပင် လဲပေးလို့ရပါက လဲပေးချင်ခဲ့သည်။ ထို့ကြောင့် ကျွန်မတို့ တတ်နိုင်သမျှ
တော့ ဖေဖေ့ကို ပြုစုစောင့် ရှောက်ခဲ့ကြတာပဲ ဖြစ်သည်။ တစ်ခါတုန်းက ဖေဖေ့ကို ကုသပေးသော ဗိန္ဓော ဆရာတစ်ယောက်ရှိခဲ့သည်။ ထိုဆရာ၏ ကုသပေးမှုကြောင့် အခန့်မသင့်၍ဖေဖေ သတိလစ်သွားခဲ့သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ကျွန်မတို့မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ အားကိုးရာမရ စိတ်ထိခိုက် ခဲ့ရသည်။ ခဏတာဖြစ်ပျက်သွားသည့်ထိုမြင်ကွင်းကြောင့် ကျောင်းတက်ရသည်ကိုပင် စိတ်မဖြောင့်ဖြစ်ခဲ့ရ သည်။ ကျောင်းပိတ်ရက်ဆိုလျှင် အိမ်မှမခွာနိုင်တော့၊ ဖေဖေအပါးမှ မခွာနိုင်တော့။ သို့အတွက် ကျွန်မတို့၏ ငယ်ဘဝများသည် ကလေးတို့သဘာဝအတိုင်း ဆော့ကစားခြင်းဖြင့် ပျော်ရွှင်ကြည်နူးစရာများနှင့် ပြည့်နှက် မနေခဲ့။ အိမ်၏ အမေရှာသော တစ်ခုတည်းသော ဝင်ငွေနှင့် ဖခင်၏ကျန်းမာရေးအကြောင်းတို့ကို သိတတ် နားလည်ကာ လူကြီးဆန်ဆန်ကြီးပြင်းခဲ့ရသည်။ သို့ပေမယ့် ကျွန်မသည် ထို့အတွက်တော့ ဘယ်သောအခါ ကမှဝမ်းမနည်းခဲ့ဖူးပါ။အဘယ်ကြောင့်ဆိုသော် အချိန်များ ကျော်လွန်လာခဲ့သည်နှင့်အမျှ ပြန်၍ တွေးတော ကြည့်လိုက်လျှင် ကျွန်မတို့သည် လွန်ခဲ့သောအချိန်များကို တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ခဲ့သည်ဟု ယူဆသော
ကြောင့်ပင်။ ပြီးတော့ ထိုအရာများထက် ကျွန်မတို့ပိုမိုရရှိခဲ့သည် ကဖခင်တစ်ဦး၏ မေတ္တာနှင့်စေတနာဖြစ် သည်။ ဖေဖေသည် သူနေကောင်းလာသည်နှင့်အမျှတတ်ထားသမျှ အသိပညာများကို ဖြန့်ဖြူလေ့ရှိသည်။
ကျောင်းဆရာဟောင်းပီပီ ဆိုဆုံးမရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသည်။ ပြီးတော့ စာအုပ်များနှင့် ကြီးပြင်းမွေ့လျော်တတ်အောင်၊ စာဖတ်ဝါသနာပါအောင်ဖန်တီးပေးခြင်းဖြင့် အဖိုးတန်မျိုးစေ့တစ်ခုကိုချပေး ခဲ့သည်။ ထို့ပြင် ကောင်းနိုးရာရာ စာအုပ်များ ရွေးချယ်ပေးပြီး ကျွန်မတို့ဘာသာ စိစစ်ရွေးချယ်နိုင်သည် အထိ သင်ကြားပေးသည်။ ထိုအရာများထက် ကျွန်မတို့ ရခဲ့သည်ကဖေဖေ၏ အရိပ်ပင်ဖြစ်သည်။ ဖေဖေ၏ အရိပ်သည် ကျွန်မတို့ကို ခြုံမိုး၍ နွေးစေသည့်အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး ကျွန်မတို့ ရာသီဒဏ် မခံခဲ့ရပါ။ သူငယ်ချင်းများအကြားမှာ ''ငါတို့အဖေကလေ'' ဆိုပြီး ပြောခွင့်ရှိသည်ကပင် အားတစ်ရပ်ပဲ မဟုတ်လား။ပြီးတော့ တစ်ယောက်တည်း အိပ်မပျော်သည့်ညများမှာ ဖေဖေ့ဟောက်သံကြားနေရလျှင်ပင်
ကြောက်စိတ်များ လွင့်ပြယ်ကာ လုံခြုံချမ်းမြေ့စေသည် မဟုတ်လား။ ထို.. ထိုအရာများထက် ကျွန်မတို့ရခဲ့ သည်ကတော့ ဖေဖေ့ကို အခွင့်သာခိုက်ကျေးဇူးဆပ်နိုင်ခွင့် ဖြစ်ပါလိမ့်မည်။


(စ)
တစ်နေ့ ဖေဖေက ကျွန်မကို အရင်ဝေဒနာခံစားနေခဲ့ရစဉ်က အကြောင်းများကို ပြန်ပြောပြရင်း စကားတစ် ခွန်း ပြောပါသည်။ ''သမီးရေ.. ဖေဖေကတော့ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သေပြီလို့မှတ်တာ၊ ရောဂါက လည်း မလှုပ်နိုင်အောင် တုပ်ထားပြီး ဝေဒနာကလည်း ဆိုးရွားလှတော့ မသက်သာတော့ဘူး။ ဒီအခြေ အနေကနေ ဘယ်လိုမှတက်မလာနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေတအားကျသွားလိုက်တာ၊ လူက လဲ၊ စိတ်က လဲ ဆိုတော့ဖေဖေလုံးပါးပါးပြီး ပိန်လာလိုက်တာ၊ သမီးတို့အားလုံးကတောင် ဖေဖေ့ကိုသေပြီမှတ် ကြတာလေ၊ ဖေဖေကလည်းဆေးကုစရိတ်က ကုန်၊ ပြုစုဖို့လည်း လူတွေလိုနဲ့ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်
ယောက်လို့သဘောထားမိတော့ သေလည်း မထူးတော့ပါဘူးလို့ တွက်တယ်လေ.. ဒါပေမဲ့ အဲဒီအချိန်မှာ သမီးတို့ သားတို့က ဝိုင်းဝန်းပြီး ပြုစုကြတော့ ဖေဖေ့စိတ်တစ်မျိုးပြောင်းသွားတယ်.. သမီးက ဖေဖေ့ကို ထမင်းကျွေးနေတော့ ဖေဖေက မစားနိုင်ဘူးလေ . . အဲဒီအချိန်မှာ သမီးက 'တစ်လုတ်လောက်တော့စား လိုက်ပါဦး ဖေဖေရယ်.. ဒါလေးတော့ ကုန်အောင် စားလိုက်ပါဦး' ဆိုပြီး ကလေးထမင်းကျွေးသလို အမျိုး မျိုး ချော့ကျွေးတယ်လေ၊ အဲဒီတော့မှ အတွေးဝင်လာတယ်.. ငါသေသွားရင် ဒီကလေးလေးတွေ မျက်နှာ ငယ်ပြီးကျန်ရစ်ကြမှာပဲ ဆိုတဲ့အတွေး၊ငါက သေသွားလို့ ဝေဒနာလွန်မြောက်သွားပြီလို့ မှတ်နိုင်ပေမယ့် သား သမီးလေးတွေကျတော့ လောကအလယ်မှာ ဖတဆိုးလေးတွေအဖြစ်နဲ့ စိတ်ထိခိုက်ရှာမှာပဲ ဆိုတဲ့အတွေး.. အဲဒီတော့မှ ဒီရောဂါကို ငါ့ကလေးတွေအတွက် တိုက်ရဦးမယ်၊ ဒီရောဂါသက်သာမှငါ့သားသမီးတွေ အားရှိ မယ်ဆိုပြီး စိတ်ဓာတ်ကို ပြန်ပြီး အားတင်းခဲ့ရတာ သမီးရဲ့၊ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ သမီးတို့ကိုကြည့်ပြီးမှ
ဖေဖေ ဖန်တီးရယူခဲ့ရတာပေါ့ သမီးရယ်''ဖေဖေ့စကားအဆုံးတွင် အမျိုးအမည်မသိ ပီတိတစ်ခုက ကျွန်မ တစ်ကိုယ်လုံးကိုနွေးသွားအောင် လွှမ်းခြုံသွားစေပါသည်။

ငွေစုစံ

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်


အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံးပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အားလုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင်ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင် နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။

စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများတွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားခဲ့သည်။

RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်းများပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်းမသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန်ကိုရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ်နေပါတယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

Eleven Media Group

ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်

ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းဆီးမိ


ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန်သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။

ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန်သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ (၇) ဦးထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။

သူတို့အား စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ အ၀င် နာရေး ကူညီမူ အသင်း ရုံးအဆောက်အအုံရှေ့သို့ မရောက်မီ လမ်းကွေ့တွင် ဖမ်းဆီးမိသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

“ ဖြစ်ပုံက ဒီလိုဗျ။ သူတို့က မှန်လုံကား တစ်စီးနဲ့ ကျောက်တော် ကနေ မြောက်ဦးကို ၀င်လာတယ်။ မြောက်ဦး အ၀င်မှာ သူတို့စီးလာတဲ့ကားကို ရှာဖွေရေး ရဲတပ်ဖွဲ့က တားတော့ မတန့်ဘဲ ထွက်ပြေးတယ်။

ရှေ့နည်းနည်း ရောက်တော့ ကားသမားတွေက အဲဒီ ဘင်္ဂလီ လူမျိုး ၇ ဦးကို ကားပေါ်က ချထားခဲ့ပြီး ထွက်ပြေးသွားတယ်။ အနီးအနားရွာသားတွေက အဲဒီ ဘင်္ဂလီ ၇ ဦးကို ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးစလုံးမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကဟု သိရသည်။

သူတို့အား ရန်ကုန်သို့ ငွေကြေးယူပြီး ပို့ဆောင်သူမှာ မြန်မာ အမျိုးသား သုံးဦးဖြစ်ပြီး တစ်ဦးမှာ ရခိုင်၊ နှစ်ဦးမှာ ဗမာ အမျိုးသားများ ဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။

ယခုအချိန်ထိ ထွက်ပြေးသွားသူများနှင့် မှန်လုံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးကို မြောက်ဦးမြို့ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။
- See more at:
http://www.narinjara.com/burmese/?p=6801

Posted From နိရဉ္စရာ

ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ




( မြိတ် စက်တင်ဘာ ၂ ရက် )

မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ

မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င်ကုန်လှေဖြစ်၍ ရေယာဉ်လိုင် စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ် စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာ ရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိသော ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းလှေ၏ ပဲ့နင်းဖြစ်သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီလူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်းကျွန်းမဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊

ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော တရားခံများအား စစ်ရေယာဉ် (၄၀၃) တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိလှေအား စစ်ရေယာဉ်အနီး တွင် ကျောက်ချရပ်နားစေကာ အသေးစိတ် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

Related Posts Plugin for WordPress, Blogger...