Friday, September 6, 2013

တစ်နိုင်ငံလုံး မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ငါးသန်းခွဲကျော်ရှိ


မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ငါးသန်းခွဲကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုလအတွင်း မိုဘိုင်းလ်ဖုန်း လိုင်းသုံးသိန်းခွဲ ထပ်မံချထားပေးခဲ့ပြီးနောက် ပြည်တွင်းတွင် ချထားပေးခဲ့သော လိုင်းအရေအတွက် စုစုပေါင်း ၅ ဒသမ ၅၅ သန်းရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် ၁ ဒသမ ၇၅ သန်းကို ဧပြီလမှ သြဂုတ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အသီးသီးမှတစ်ဆင့် ရောင်းချခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု အရေအတွက် ၈ ဒသမ ၇ သန်းကျော်ရှိပြီး အိမ်ထောင်စု ၁ ဒသမ ၇ ခုသာလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံးနှုန်းခန့် သုံးစွဲနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ပြည်သူတွေ မိုဘိုင်းလ်ဖုန်းများများသုံးရင် GDP တက်မယ်။ တိုင်းပြည်ရဲ့ စီးပွားရေးပမာဏ ပိုကြီးလာမယ်။ ဒီလိုအားသာချက်တွေ ရှိနေတာတောင်မှ ဆက်သွယ်ရေးက မဖြစ်စလောက် အတိုင်းအတာလေးကို လစဉ်ခွဲချပေးနေတယ်။ လူဦးရေ သန်းခြောက်ဆယ်လောက်ရှိတဲ့ နိုင်ငံမှာ ခြောက်သန်းလောက်သုံးတာ များတယ်လို့ မဆိုနိုင်ဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားတစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသော မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှုန်း မြင့်မားလာစေရန် လုပ်ဆောင်နေပြီး ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က လာမည့် ၂၀၁၄ ခုနှစ်မှ စတင်၍ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုက ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်း တပ်ဆင် ပေးရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ရာနှုန်းပြည့်နီးပါး ရှိသော်လည်း အချို့ကတစ်ဦးတည်း ဖုန်းတစ်လုံးထက် ပိုသုံးသည့်အတွက် လူတိုင်း မိုဘိုင်းလ်ဖုန်း သုံးသည်ဟု မပြောနိုင်သေးကြောင်း ဦးသန်းဦးက ပြောဆိုသည်။

The Voice Weekly

သူရ ဦးရွှေမန်းနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် တပ်ဖွဲ့ခေါင်းဆောင် များ တွေ့ဆုံ


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက် ပိုင်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းရွှေလီရိပ်သာမှာ ဒီနေ့ပထမဆုံးအကြိမ်တွေ့ဆုံပြီး လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ပိုင်း နိုင်ငံရေးဆွေးနွေး အဖြေရှာမယ့်ကိစ္စမှာ မိမိတို့အနေနဲ့ လွှတ်တော်ပြင်ပကပဲ ဆွေးနွေးဆောင် ရွက်သွားလိုတဲ့ အကြောင်း SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင်က တင်ပြခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။

“အလုံးစုံအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကို အောက်တိုဘာလမှာ ကျင်းပမယ်လို့တော့ကြားတာပဲ၊ ကျနော်တို့ ဗိုလ်ချုပ် ဆေထင်က အဲဒီလက်မှတ်ထိုးပွဲထက် နိုင်ငံရေးဆွေးနွေးပွဲကို အရင်လုပ်မယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးဟာသူ့ဟာသူအလိုလိုဖြစ်သွားမှာပေါ့နော်၊ နောက်လက် မှတ်ထိုးပြီးတဲ့နောက်ပိုင်းလွှတ်တော်ထဲမှာဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေး
အဖြေရှာမယ့်ကိစ္စမှာ လွှတ်တော်ပြင်ပြကနေပဲ ကျနော်တို့ဆွေးနွေးချင် တာပေါ့၊ ဆွေးနွေးပြီးရတဲ့ သဘောတူညီချက်ကို လွှတ်တော်မှာပြန်ပြီးတော့ အတည်ပြုပြဌာန်းပေးဖို့ပဲ ကျနော်တို့တောင်းဆိုတင်ပြတာ၊ ပြီးတော့ ကျနော်တို့တင်ပြချက်ကိုလည်း အလေးထားပါ့မယ်လို့တော့ပြောသွားတာပဲ”

အခုလိုတွေ့ဆုံတာဟာ နောင်ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်တဲ့လမ်းကြောင်းမှာ ပိုပြီးအထောက်အကူဖြစ်စေဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်မှူးစိုင်းလက သုံးသပ်ပြောကြားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားတွေလို လားတဲ့ ဖက်ဒရယ်မူအကြောင်း ဆွေးနွေးပြောကြားခဲ့သလို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးလည်း အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ သူရဦးရွှေမန်း က တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုးမြို့တို့မှာ လက်နက်ကိုင်အ ဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံနေတာဖြစ်
ပါတယ်။

RFA

NAIL COSMETICS လက်သည်းအလှပြင်ခြင်းနဲ့ ကျန်းမာရေး









ဆရာရေ လက်သည်းပေါ်အလှဆင်တဲ့ဆေးတွေဟာ ဘယ်လောက်ဆိုးကျိုးပေးနိုင်သလဲ သိခြင်ပါတယ်။

အလှဗေဒက စရေးပါရစေ။ လက်သည်းခြေသည်း အလှပြင်ရာမှာ ဒါတွေကိုသုံးပါသတဲ့။
• Base coat အောက်ဆုံးလွှာမှာ လသက်သည်းဆိုးဆေး စွဲစေဘို့အရည်ကို စသုံးတယ်။ ဆိုးဆေးအရည် အသွေးလဲ ကောင်းစေပါသတဲ့။
• Nail polish ဆိုးဆေးမှာ Color or Gloss အရောင်အမျိုးမျိုး ကြိုက်တာကိုသုံးမယ်။ Thick liquid ဆေးရည်က ခပ်ထူထူ၊ Nitrocellulose ဆိုတာပါတယ်။ ကပ်နေအောင်လို့ Amyl acetatethat ဆေးထဲမှာ ဖျော်ထားတယ်။ ပျော့ပြောင်းမှုအတွက် Resins နဲ့ Plasticizers တွေလဲပါမယ်။ အရောင်အတွက် Different pigments ရောင်ချယ်ဓါတ်တွေ သုံးတယ်။ ဝေါဟာရတွေအနေနဲ့ Nail polish, Enamel, Lacquer, Varnish နဲ့ Color ဆိုပြီးခေါ်ကြတယ်။
• Top coat ဆေးဆိုးပြီးရင် အရောင်မဲ့ဆေး ထပ်တင်ပါမယ်။ ပိုကောင်းအောင်တဲ့။ တချို့အမျိုးအစား တွေမှာ Sunscreen နေလောင်ခံပါမယ်၊ ဆေးမပျယ်အောင်ထိန်းပေးတာမျိုးပါမယ်။

လက်သည်းဆိုးဆေးရဲ့ ကောင်ကျိုးကတော့ အလှအပအပြင် လက်သည်းခြေသည်းကို တခြား ပြင်းထံတဲ့ အရာတွေက ထိတွေ့မှာကို ကာကွယ်ပေးမယ်။ ခြောက်သွေ့တာ၊ ကြွပ်ဆတ်တာကိုပါ အကာကွယ်ပေးမယ်။

ဘယ်လိုဓါတ်တွေပါသလဲ -
• Nail polish remover လက်သည်းဖျက်ဆေးဆိုတာမှာ Acetone-based solvent ဆေးဖျော်ရည်ကို သုံးတယ်။ Acetone, Alcohol, Ethylacetate or Butyl acetate တွေပါနေတယ်။ Cotton ball ဂွမ်းစလုံး လေးသုံးပြီး ဖယ်ရှင်းပြစ်ရတယ်။
• Cuticle creams ကျူတီကယ်-ခရင်မ် ဆိုတာ လက်သည်းခြေသည်း အနားလေးက အရေပြားနေရာ အတွက် သုံးတာဖြစ်တယ်။ Lanolin, Petroleum or Beeswax တွေပါတယ်။ Dry cuticles ဒီနေရာခြောက် နေတာနဲ့ Brittle nails ကြွတ်ဆတ်တာကို ကာကွယ်ဘို့အတွက်သုံးကြတယ်။
• Cuticle remover အဲတာကိုရှင်းဆေး Alkali နဲ့ glycerin ကို ရေမှာဖျော်ထားတာဖြစ်တယ်။ Hangnails လက်သည်းကုပ်နေတာနဲ့ Excess cuticle အပိုဖြစ်နေတာကိုပါ ကာကွယ်စေတယ်လို့ဆိုတယ်။
• Nail moisturizer လက်သည်းစိုဆေးထဲမှာ Glycerin, Mineral oils, Alpha-hydroxy acids စတာတွေ ပါတယ်။
• Nail hardener လက်သည်းမာဆေးဆိုတာလဲ ရှိသေးတယ်။
• Nail bleach ဆိုတာက လက်သည်းကို အစွန်းအထင်းတွေ ချွတ်ပေးတယ်။ ပိုဖြူသွားစေမယ်။

Artificial nails လက်သည်းတု (၂) မျိုးရှိတယ်။
(၁) Preformed plastic nails ကို ကြိုက်သလို ပုံစံ၊ အတို-အရှည် ကိုက်ဖြတ်ယူနိုင်တယ်။ press-on ဖိလိုက်ယုံ လုပ်နိုင်တာနဲ့ Glue ကော်သုံးရတာဆိုပြီးလာတယ်။
(၂) Sculptured nails ဒီအတုမှာ Acrylic compound ဆေးနဲ့ မာကျောအောင်လုပ်ထားတယ်။ Filed တံစဉ်နဲ့ တိုက်တိုက် Manicured အနုစိတ်လုပ်လုပ် ကြိုသလိုပုံဖေါ်နိုင်တယ်။

Adverse effects of nail cosmetics လက်သည်းအလှပြင်ပစ္စည်း ဘေးထွက်-ဆိုးကျိုးတွေ
• Regular use အမြဲလိုလိုသုံးနေရင် Staining of nails လက်သည်းမှာ အရောင်တွေတင်နေမယ်။ Allergic contact dermatitis အတည့်တဲ့အတွက် အရေပြားနာဖြစ်နိုင်တယ်။
• Acetone-based nail polish remover ဖျက်ဆေးကနေ Nail dryness ခြောက်သွေ့စေပြီး၊ Brittleness ကျွတ်ဆက်စေတယ်။ ဘေးနားကနေရာကိုလဲ ယားယံစေတယ်။
• Cuticle remover ကို တအားသုံးမိရင် Cuticle တခုလုံးပျက်စီးစေနိုင်တယ်။ Sculptured nails ပုံသွင်း ထားတာမျိုးထဲမှာပါတဲ့ Acrylic နဲ့ Nail hardeners ထဲက Formaldehyde ကနေ Allergic reactions (အလားဂျစ်) ဖြစ်စေနိုင်တယ်။ Acrylics ကို ဖယ်ထုတ်လိုက်ရင် Surface layers အပေါ်ယံအလွှာဟာ ထိခိုက်မှု ပိုခံရစေနိုင်တယ်။ လက်သည်းကြားမှာ Moisture ရေဓါတ်အောင်းနေလို့ Fungal infection မှိုပိုး ဝင်တာ ခဏခဏဖြစ်လာစေနိုင်သေးတယ်။
• Artificial nails ကို အကြာကြီးတပ်ထားရင် Nail plate နေရာကို ဖိအားသက်ရောက်စေလို့ ထိခိုက်မှု သဘော ခံရမယ်။
• Nail moisturizers ကနေ တချို့မှာ Stinging နဲ့ Irritant contact dermatitis အရေပြား နာလိုဖြစ် တယ်။

Tips for safer use of nail cosmetics အကြံပြုချက်များ
• Removal or manipulation of cuticle ကို မသုံးသင့်ပါ။
• Acetone-based nail removers ကို မသုံးသင့်ပါ။
• Moisture ကို သက်သာစေအောင် Nail conditioner နေ့တိုင်းသုံးပါ။
• Nail cosmetics သုံးလို့ Burning sensation ပူလောင်သလို ခံစားရရင် ဆက်မသုံးပါနဲ့တော့၊
• Artificial nail သုံးလို့ Irritation နေမထိသလိုခံစားရရင် မသုံးပါနဲ့တော့၊
• Nail polish remover ကို ခဏခဏ မသုံးပါနဲ့၊
• Harsh environmental conditions ကြမ်းတမ်းတဲ့အခြေအနေမှာ လက်သည်းကို အသုံးမပြုပါနဲ့။
• Artificial nails ဆိုရင် တိုတာက သက်သာမယ်။


FDA ကနေထုတ်ထားတဲ့ Nail Care Products Safety and Regulatory Information ပြဌာန်းချက်တွေ
• Potentially harmful ingredients အဆင်မသင့်ရင် အန္တရာယ်ပေးနိုင်တဲ့ဓါတ်တွေပါတယ်။ ပါးစပ်ထဲ၊ မျက်စိထဲ ဝင်ရင် ပိုဆိုးတယ်။
• Labels တံဆိပ်တွေမှာ Warning statement သတိပေးချက်ပါရမယ်။
• Infections ပိုးဝင်နိုင်တာနဲ့ Allergic reactions (အလာဂျီ) ရတာတွေ ဖြစ်စေနိုင်တယ်။
• မီးလောင်လွယ်လို့ သတိထားရမယ်။
• Artificial Nail Removers ထဲမှာ Acetonitrile ပါတယ်။ 500 mg ထက်ပိုပါတာမျိုးကို Child-resistant packaging ကလေးတွေမဖွင့်နိုင်အောင် ထုပ်ပိုးထားရမယ်။
• Nail Hardeners ထဲမှာပါတဲ့ Formaldehyde က စိတ်ချရပေမဲ့ 0.2% by weight ထက်ပိုပြီးမပါစေရပါ။
• Artificial Nails (Acrylics) ထဲက Methacrylate Monomers စိတ်ချရပေမဲ့ တချို့မှာ Nail bed လက်သည့်အခြေကို Redness, Swelling, and Pain နီ-ရောင်-နာတာ ဖြစ်စေနိုင်တယ်။
• Nail Primers ထဲမှာ Methacrylic Acid ပါရင် Child-resistant packaging ကလေးတွေမဖွင့်နိုင်အောင် ထုပ်ပိုးထားရမယ်။
• Nail Polishes and Other Products တွေထဲက Toluene ဟာ 50% ထက်ပိုမပါရဘူး။

လက်သည်းလှ စိတ်ထဲလှ၊ ရောဂါဘယကင်းပကြပါစေ။



ဒေါက်တာတင့်ဆွေ

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း



ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

သစ္စာတရားရဲ့ အပိုင်းအစလေးကို တွေ့ရှိခြင်း











တစ်နေ့မှာ မာရ်နတ်နဲ့ သူ့ရဲ့နောက်ပါတပည့်တစ်ဦးတို့ အိန္ဒိယနိုင်ငံရဲ့ ရွာကလေးတစ်ရွာကိုဖြတ်ပြီး
ခရီးထွက်ခဲ့ကြတယ်။ တစ်နေရာအရောက်မှာ စင်္ကြန်လျှောက်ရင်း သမာဓိထူထောင်နေတဲ့ လူပုဂ္ဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရတယ်။



သူ့ရဲ့မျက်နှာက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြည်လင်တောက်ပနေတယ်။ အဲဒီပုဂ္ဂ္ဂိုလ်ဟာ သူ့ရှေ့တည့်တည့်က မြေကွက်ကလေးပေါ်ကနေ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိလိုက်ခြင်းဖြစ်သည်။ (ကျွန်တော့်အထင် ပထ၀ီကသိုဏ်း စတင်အောင်မြင်ခါစကို ဆိုလိုရင်းဖြစ်လိမ့်မည်)


အဲဒီအချိန်မှာ မာရ်နတ်ရဲ့ နောက်ပါသာဝကဖြစ်သူက ဆရာသခင်ဖြစ်သူကို အရှင်မာရ်နတ်မင်း အဲဒီ အံ့သြဖွယ်ရာ သူ့မျက်နှာပေါ်မှာ တောက်ပနေတဲ့အရာက ဘာပါလဲအရှင် လို့ မေးလိုက်တယ်။


မာရ်နတ်က... အဲဒါ သစ္စာတရားရဲ့ အပိုင်းအစလေးပေါ့ကွာ...လို့ ပြန်ဖြေတယ်။


ဟာ...ဒါဆို..တစ်စုံတစ်ယောက် သစ္စာတရားကိုတွေ့မြင်သွားတာဟာ အရှင့်ကိုစော်ကားနှောင့်ယှက်ရာ
မရောက်ဘူးလား အရှင်လို့ သိလိုဇောပြင်းပြနေတဲ့ တပည့်က မေးလိုက်တယ်။


မာရ်နတ်ကြီးက .... မဟုတ်သေးဘူး ငါ့ကောင်ရဲ့..များသောအားဖြင့် လူအတော်များများက
အဲဒီ အသေးအမွှားဖြစ်တဲ့ အောင်မြင်မှု၊ အသေးအမွှားဖြစ်တဲ့ သစ္စာတရား..
အသေးအမွှားလေး အမျိုးမျိုးကို ရရှိပြီးတဲ့နောက်ပိုင်းမှာ ...သူတို့ရဲ့ ယုံကြည်ချက်တွေက ပျောက်ကွယ်သွားတတ်ကြတယ်။




Finding a Piece of the Truth


One day Mara, the Evil One, was travelling through the villages of India with his attendants. he saw a man doing walking meditation whose face was lit up on wonder. The man had just discovered something on the ground in front of him. Mara’s attendant asked what that was and Mara replied, “A piece of truth.”


“Doesn’t this bother you when someone finds a piece of truth, O Evil One?” his attendant asked. “No,” Mara replied. “Right after this, they usually make a belief out of it.”



From : .... တီအာဝိုင်
 

NidaTaylor တဲ့...

 
 
 
 

ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် .....





လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် ( ၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး လုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်းသိပေမယ့် သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....

သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့ အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက် လက်ခံထားခဲ့ပါတယ်....

ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....

အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို .... ကိုယ် နဲ့ တန်းတူစား ၊ တန်းတူ သွားလာတာ ကို အကျင့်လုပ်ထားမိတဲ့ အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....

အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့ ( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် .... ဆိုပြီး ဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGER ဖွင့်တဲ့ အချိန်ကျမှ ကျွန်မ ဖခင် ကို နှလုံးဆေးခန်း တစ်ခု သွားပြရင်းနဲ့ ဖြစ်ချင်တော့ ....ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် .... ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ... ပြန်တွေ့တဲ့ အချိန်မှာ အပျိုကြီးဖားဖား ဖြစ်နေပြီ မို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့ သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....

သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကို သနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ က ကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက် ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင် မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ...... တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ... သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......

နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် .... ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့.... ရိုးရိုးကောင်းကောင်း မွန်မွန် အိမ်မျိုး မှာ ဘဲ အလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့ ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....

အဲဒီနောက်ပိုင်းမှာတော့ ... ကျွန်မ လည်း ဆိုင် နှစ်ဆိုင် ၊ အလုပ် ( ၂ ) မျိုး နဲ့ ရှုပ်ယှက်ခတ်နေတာမို့ .... သူ့ကို လုံးဝ သတိ မရတော့ဘဲ နေရင်းမှ ..... လုံးဝ မမျှော်လင့်တဲ့ တစ်ရက်မှာ .... ငိုကြီးချက်မ ၊ ကယ်ပါ ယူပါ တစာစာ နဲ့ ကျွန်မ ဓာတ်ပုံဆိုင် ကို ၀ရုန်း သုံးကား နဲ့ရောက်ချလာပါတော့တယ် ... သူ့ ၀တ်စားလာပုံ နဲ့ သူ့ အမူအရာ ကို မြင်လိုက်ကထဲ က သူ့အနေအထား ကို ကျွန်မ သဘောပေါက်လိုက်ပါတယ် ..... ကျွန်မ အတန်တန် တားခဲ့ ၊ သတိပေးခဲ့တဲ့ ကြားက ဖြစ်ရလေခြင်း ဆိုပြီး လည်း စိတ်မကောင်း ဖြစ်ရ ပါတယ် .... သူ ပြောချင်ရာ ပြောပါစေ ဆိုပြီး နားထောင်ပေးမိတော့ .... ကျွန်မ နဲ့ နောက်ဆုံး ဖုံးပြောပြီးတဲ့ နောက်မှာ အနှိပ်ခန်း တစ်ခု မှာ အလုပ် ရတဲ့ အကြောင်း ... အဲဒီမှာတော့ သမားရိုးကျဘဲ မို့ .... သူ့ထက် ပိုရမယ် ... နင့် အိမ် ကို လည်း အချီကြီး ပြန်ထောက် ပံ့နိုင်မယ် ဆိုတဲ့ ပွဲစား စကား ကို ယုံစားမိတဲ့ အတွက် .....တခြား ပိုက်ဆံ ပိုရမယ့် နေရာ ကို ကူးရင်း သူ့ဘ၀ ပျက်ခဲ့ရပြီ ဖြစ်ကြောင်း ၊ အဲဒီနေရာမှာ လာတဲ့ ဧည့်သည် ကို ငြင်းဆန်ရင် သူတို့ခေါ်တဲ့ သူဌေး ဆိုသူ က ဧည့်သည် ပြန် တာ နဲ့ အရှိုး အပြိုင်းပြိုင်းထအောင် ရိုက် တဲ့ အကြောင်း ၊ သူ့ အိမ် ကို ကောင်းကောင်းထောက်ပံ့နိုင်မယ် ဆိုတဲ့ ပို့ပေးတဲ့ ပွဲစား ကလည်း ရောင်းစားသွားတာ မို့ .... ထွက်ပြေး တာ နဲ့ အသတ်ခံရမှာ ဆိုတဲ့ အကြောင်း .... နဲ့ စပ်စပ် စုစု ကျွန်မ က နင် ရောဂါ ကူးမှာ မကြောက်ဖူးလား ... လို့ မေးတော့ ... စာ မတတ်တဲ့ မိန်းကလေးငယ်တွေ ကို ရိုက်သွင်းထားပုံ က သုံးလဆေး မှန်မှန်ထိုးတာ ... ကာကွယ်ပြီးသား ဖြစ်ကြောင်း ... ဘာရောဂါ မှ မရနိုင်ကြောင်း နဲ့ ... သူ နဲ့ ဘ၀တူ မိန်းကလေး တွေ အများကြီးလည်း ဤသို့ဘဲ လုပ်ကြကြောင်း ပြောပြသွားသလို .... ပိုက်ဆံ က ဧည့်သည်ပေါ် မူတည်ပြီး တစ်လ ကို ငါးသိန်းလည်း ဟုတ် ၊ ခြောက်သိန်းလည်း ဟုတ် .... ရတယ်..... ဆိုတဲ့ အကြောင်း ကြားရတဲ့ ကျွန်မ က ..... အမ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မှ ဖြစ်မှဖြစ်ရလေ ... သမီးရယ် ...... နင့် မှာ ဘ၀ ပျက်တယ်ဆိုတာ ဘာမှန်း ညာမှန်း မသိဘဲနဲ့ ပျက်ရတာ ... ယောကျာ်းဆိုတာ လည်း ဘာမှ မသိ ၊ ရည်းစားထားတယ် ဆိုတာ လည်း မကြားခဲ့ရ ဖူးဘဲ နဲ့ ... ဆိုးရွားလိုက်တဲ့ ဘ၀ .... ကြည့်စမ်း ... အမ ဆိုင် က ကလေး တွေ လစာ က သမီး ရတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိကြဘူး .... ဒါပေမယ့် သူတို့ မျက်နှာလေးတွေ နဲ့ သူတို့ ဘ၀လေးတွေ သမီး ကြည့်စမ်း ... ညည်းလို ပူလောင် နေရသလား .... အဲဒါ ဘဲ ... သမီး ကို အမ မမှားခင် ၊ မဖြစ်ခင် ၊ အမုန်းခံပြီး ခဏခဏ ပြောခဲ့ရတာ .... ဆိုတော့ ..... သူ့ ကို ကယ်ပါ ... ဒီတစ်ခါ တကယ် ကျွန်မ စကား နားထောင်ပါတော့မယ် တဲ့ ..... ဒီ အလုပ်ကြီး သမီး လုံးဝ ဆက်မလုပ်ချင်တော့ လို့ပါ ဆိုပြီး .... ငိုငိုပြီး ပြောနေပါတော့တယ် .....

ကျွန်မ လည်း စိတ်မကောင်းဖြစ်လှပေမယ့် .... ဘယ်လို မှ ကယ်လို့မရတော့သလို ..... နာမည်ပျက် လို့ မရတဲ့ ကျွန်မ အလုပ် ထဲ .... ကျွန်မ ပုံစံ သွင်းထားတဲ့ ကျိုးကျိုးနွံနွံ ကလေးတွေ ကြားထဲ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တာ မို့ .... သမီး ...အမ ပြောတာ နားထောင်စမ်း .... သမီး အခု အမ ဆီ လာနေလို့ လည်း ဘယ်လို မှ မဖြစ်ဘူး ... အမ ယောကျာ်း ကလည်း ရှုပ်ရှုပ် ယှက်ယှက် လုံးဝ မကြိုက်ဘူး .... အဲဒီတော့ သမီး ဘ၀ ကို အမ နောက်ဆုံး အကြိမ် အကြံပေးလိုက်မယ် ..... သမီး အခု လုပ်ချင်ချင် ၊ မလုပ်ချင်ချင် ၊ အခိုက်အတန့်  ခဏမှေးနေပြီး .... အရင်းအနှီး ပိုက်ဆံ တစ်ခု ရအောင် ကြိတ်မှိတ်ပြီး စုလိုက် .... ပြီးရင် သမီး .... အသုတ်ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ ဈေးဆိုင် ကလေး တစ်ခု ဖွင့်ပြီး ..... ငါ ကျန်တဲ့ ဘ၀ တလျှောက်လုံးကောင်းအောင် ကြိုးစား ပြီးနေမယ် ...... စားရသောက်ရမဲ့လို့.... ငတ်ပြတ်ပြီး သေချင်သေပါစေ .... ဒီ မကောင်းတဲ့ အလုပ် နဲ့ မကောင်းတဲ့ ဘ၀ ဆိုး ကို ဘယ်တော့ မှ ပြန် မသွားတော့ဘူး .... လို့ စိတ်ဒုံးဒုံးချပြီး ... အပြတ်ဖြတ်ခဲ့ ..... တကယ် စ လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ကြိုးစားပြီး လုပ် ... မကောင်းခဲ့တဲ့ ဘ၀တွေ အားလုံး ကို ပြန်ပြန် မခံစားဘဲ .... ငါ ဘာ မှ မဖြစ်ခဲ့ဘူး လို့ .... မသိစိတ်ထဲ ပို့ပြီး မေ့လိုက် ... သမီး ကောင်းကောင်း မွန်မွန် အလုပ်လေး လုပ်ရင်း ... နဲ့ တစ်ချိန်မှာ ကိုယ့် အပေါ် အတည်အတံ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တဲ့ သူ ပေါ်လာရင် .... မလိမ်နဲ့ ... မညာနဲ့ ...သူ မယူချင် နေပါစေ ... အရိုးသားဆုံး ၀န်ခံပြီး သူကျေနပ်ရင် ယူလိုက် .... သမီး ဘ၀ မှာ အဲဒီလို နေ့လေး ရောက်ပြီး အမြန်ဆုံး အေးချမ်းနိုင် ဖို့ ... အမ ဆုတောင်းပေးနေမယ် .... လို့ .... ကျွန်မ အဖြစ်သင့်ဆုံးလေး စဉ်းစား ပြီး အကြံလေး ပေးလိုက်ရပါတယ် .....

အခုနောက်ဆုံးမှာတော့ .... ပြီးခဲ့တဲ့ ..... ခြောက်လ လောက် က ဖုံးဆက် လာပြန်ပါတယ် ..... အမ စေတနာ နဲ့ သမီးဘ၀ အတွက် ပြောပေးတာ ..... ကျေးဇူးတင်ပါတယ် .... တဲ့ .... ဒီ ဘ၀ မှာတော့ မရတော့ပါဘူး....အမ ရယ် ...သမီး ဘ၀ နဲ့ သမီး သာ ရှိပါစေတော့ .... ဆိုပြီး ကြေကြေကွဲကွဲ နာနာကျည်းကျည်း ပြောသွားပြန်တာ မို့ ... သူ့အပေါ် ဘယ်လောက် စိတ်ဆိုးဆိုး ရေစက် မကုန်ခဲ့တဲ့ ကျွန်မ အကျိုးသင့် အကြောင်းသင့် မေးမြန်းလိုက်တော့ ..... အဲဒီ အနှိပ်ခန်း မှာ အလုပ်လုပ်ရင်း .... သူ့ ဘ၀ ကို နားလည်ပေးနိုင်မယ် ထင်တဲ့ ယောက်ျား တစ်ယောက် ကို တွေ့ခဲ့ရပါတယ်.... တဲ့ .... သူ့ အပေါ် ကို လည်း တော်တော်လေး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ နဲ့ပါဘဲ....တဲ့ .... အမ စကားနားထောင်ပြီး သမီး ဒီ ဘ၀ ကို မပျော်တဲ့ အကြောင်း ၊ မိသားစု ဘ၀ လေး နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင်မိတဲ့ အကြောင်းတွေ ပြောပြရင်း နဲ့ ..... သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် ...... အမ ရေ တဲ့ .....

ကျွန်မ Notes ကို ဖတ်မိတဲ့ သူများ ... ဘယ်လို ခံစားရမလဲ မသိပေမယ့် .... ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အစအဆုံး စမြုံ့ ပြန်ပြီး ပြန်ပြောရတဲ့ ကျွန်မ တောင် ..... တလှပ်လှပ် နဲ့ အခါခါ ရင်မောခဲ့ရပါတယ် ..... ရေးရတာ စိတ်မောရစရာ ကောင်းလှသလို ၊ ဖတ်သူတိုင်း စိတ်မချမ်းသာ ရတဲ့ ဒီ Notes လေး ကို ရေးဖြစ်တဲ့ အကြောင်း က ဒီလိုပါ ...... ကျွန်မ Face Book မှာ ရေးခဲ့သမျှ Notes လေးတွေ ပေါင်းစည်းပြီး တင်ထားခဲ့တဲ့ ... http://www.gingerbeautyland.com/notes_13.html

တွဲမိတဲ့ လက်နှစ်စုံ သက်ဆုံးတိုင်စေတော့ ..... ဆိုတဲ့ Notes .... မှာ .... မိဘတွေ မသင့်မြတ်ရင် အပြစ်မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲကြရတာ မို့ ... ကိုယ် မွေးထားတဲ့ ကလေးတွေ ကို ဘယ်လို အကြောင်း နဲ့ မှ စိတ်မဆင်းရဲစေချင်တဲ့ အတွက် ယူပြီး မှတော့ သူ့ ထက် ပိုဆိုးမယ့် သူ နဲ့ သာ နှိုင်းယှဉ်ပြီး အတတ်နိုင်ဆုံး သီးခံ ပေါင်းဖက်ကြစေဖို့ ရေးခဲ့ဖူးသလို .... ပြီးခဲ့တဲ့ လ က ရေးဖြစ်ခဲ့တဲ့ http://www.gingerbeautyland.com/notes_29.html

သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ မှာ ကျတော့ ... အဆင်မပြေတဲ့ မိဘတွေ ရဲ့ မသင့်မြတ်ကြတဲ့ ရန်ပွဲတွေ အမျိုးမျိုးကြားမှာ ကြီးပြင်းလာရတဲ့ အပြစ် မရှိတဲ့ ကလေးငယ်တွေ ခမျာ ဘယ်သို့ ဘယ်ပုံ စိတ်ဒဏ်ရာ ရကြပြီး ဘ၀ ပျက်ကြရတယ် ... ဆိုတဲ့ အကြောင်းတရား တွေ ရေးဖြစ်ခဲ့ပြီး .... အခု စိတ်မောစရာ ဒီ Notes လေး မှာတော့ ကျွန်မ အဓိက ပြောချင်တာ ... မိဘတွေ ရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ခါးသီးတဲ့ ဘ၀ဆိုးတွေ ကြား က စိတ်ဒဏ်ရာ ဒဏ်ချက် အမျိုးမျိုး နဲ့ ကြီးပြင်းလာရတဲ့ လူငယ်လေးတွေ အပေါ် ကိုယ်ချင်းစာစွာ နဲ့ နားလည် ခံစားမိတဲ့ စိတ်ကလေး ကနေ ..... စေတနာ ၊ မေတ္တာစိတ် ကလေး ထပ်တိုးပြီး သူတို့ ဘ၀ ရပ်တည်မှု အတွက် စိတ်ဓာတ် ခွန်အားလေး ပေးချင်မိတဲ့ အတွက် ဘဲ .... ဖြစ်ပါတယ် .....

သင်ဟာ အကယ်၍များ ပုံစံ အမျိုးမျိုး နဲ့ ဘ၀ နောက်ကြောင်း မလှခဲ့ရတဲ့ .....ဆက်ရက် ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပါက .... လတ်တလော မှာ ... သင့် အပေါ် တဒင်္ဂတာ နားလည် ခံစားပေးမယ့်သူ ကို လိုက်မရှာပါနဲ့ .... အခိုက်အတန့်တွေ့တဲ့ သူ တစ်ယောက် ရဲ့ စကားတွေ ကို အယုံ မလွယ်ပါနဲ့ ..... သင် နိမ့်ကျ သိမ်ငယ်နေတဲ့ အချိန်မှာ တွေ့ရတဲ့သူ ဆိုတာ သင့် ကို တွဲခေါ်နိုင်မယ့်သူ ဖြစ်ဖို့ထက် သင့် စိတ် ကို အခိုက်အတန့်မျောလွင့်ပေးပြီး ပိုပြီး နစ်သထက် နစ်စေတဲ့ ဘ၀များစွာ ကို ဆွဲချ သွားတတ်ပါတယ် ...... ထို့ အတွက် လိုက် မခံစား ၊ စိတ်အား မငယ်ဘဲ ၊ ကိုယ့် ဘ၀ အမှန်တရား ကို အရှိအတိုင်း လက်ခံ လိုက် ပြီး လောကဓံ ဘယ်လို ဆိုးဆိုး .... ဆိုးရွားလိုက်တဲ့ ကံကြမ္မာ ကို စိန်ခေါ် အံတုပြီး အောင်မြင်တဲ့ မိသားစု ဘ၀ များစွာ က လာတဲ့ ရွယ်တူ တန်းတူတွေ ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ .... ကိုယ် လျှောက်ရမယ့် လမ်းကို ကိုယ်တိုင်ဖောက်ပြီး ခါးသီး တဲ့ ကိုယ့် ဘ၀ ကို သူများတွေ မျှော်လင့်ထားသလို ရေစုန် မမျှောဘဲ .... ကိုယ့် ဘ၀ ကိုယ် ကျောင်း လို့ ရေဆန် တက် ပြီး အောင်မြင်လာ ရတဲ့ အရသာ ဆိုတာ ... ဘာ နဲ့မှ မတူနိုင်စွာ ..... ပိုလို့ ချိုမြိန်သလို ပိုပြီးတော့လည်း ဂုဏ် ရှိပါတယ် ....

ဘယ်လိုမှ မခံစားနိုင်လောက်အောင် သင် စိတ်ထိခိုက် ခံစားလာရတဲ့အခါတိုင်း ..... လူ မမြင်တဲ့ နေရာ တစ်ခု မှာ စိတ်ကို အတိုင်းအဆ မရှိ လွှတ်ပေးလိုက်ပြီး ..... အားရအောင် ရင်ဖွင့်ပြီး ငိုကြွေးလိုက်ပါ ..... ငိုလို့ ၀ ရင် ... စာနာမယ့် သူ မရှိ / ကူကယ်ရာ မရှိတဲ့ ဘ၀ကြီး မှာ ဘယ်လောက်ကျနိုင်မလဲ .... ကြိုက်သလောက်ကျ ၊ အကြိမ်ကြိမ် ပြုတ်ကျစမ်းကွာ ... လို့ ကြုံးဝါးပြီး ဆယ်ကြိမ်လဲ ရင် ဆယ့်တစ်ကြိမ် အားတင်းပြီး ကြိုးစား ပြန်ထပါ ..... အကြိမ် တစ်ရာ လဲဖူးရင် တစ်ရာ့ တစ်ကြိမ် မှာ သင် ဟာ အောင်မြင်အောင် ပြန်ထနိုင်တဲ့သူ သာ ဖြစ်ပါစေ ... လောက ကြီး ကို အရွဲ့မတိုက်ပါနဲ့ ... အရွဲ့တိုက်မိခဲ့လျှင် .... သူ့ ဟာသူ နေတဲ့ လောကကြီး က မရွဲ့ဘဲ .... ကံဆိုးချိန်များ မှာ ဘယ်လိုလူ လာလာ မကယ်တင်ပေးနိုင်တာမို့ .... ယုံစားမိတဲ့ သင့် ဘ၀သာ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ် ...... ထို့အတွက် ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် ... ဆိုးရွားလိုက်တဲ့ လောကဓံ ဆိုတာကြီး ကို သတ္တိရှိရှိ နောက်မဆုတ်တမ်း စိန်ခေါ် ပြီး ..... သင့် ရဲ့ အရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ အောင်ပွဲခံနိုင်ကြပါစေ .... လို့ .....

( အဆင်မပြေ နိမ့်ကျ သိမ်ငယ်ရတဲ့ မိသားစု ဘ၀ အမျိုးမျိုးက စိတ်ဒဏ်ရာ ဗလပွ နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ လောကဓံ ဆိုတာကြီး ကို ယှဉ်ပြိုင်ကာ အနိုင်ရလို့ ဘ၀ မှာ ထူးချွန် အောင်မြင်သော လူငယ် ကလေးများ ဖြစ်နိုင်ကြပါစေကြောင်း .... ဆန္ဒများစွာဖြင့် )




သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် .....

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ




ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။


ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြ ရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။


ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်း ဆိုကြ သည်။


ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။


ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။


ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန် ကောင်မလေးများ” ဟု ဖော်ပြထားချက်များ အပေါ် မိဘများက အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။


မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။


ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။




မောင်ကျော်သီဟ blog

ကျပ်သိန်း ၁၅၀၀ အကြီးဆုံးဆု ပိုင်ရှင်မပေါ်


ရန်ကုန် ၊ စက်တင်ဘာ ၅။ ။ အောင် ဘာလေ သိန်းဆုဌာနခွဲတွင် ကျပ် သိန်း ၁၅၀၀ ဆုကြီးတစ်ဆုကို ယနေ့တိုင် လာရောက်ထုတ်ယူ ခြင်းမရှိသေးကြောင်း သိရသည်။ ဘဏ္ဍသိမ်းနှစ် ကျော်လွန်သွားပြီး လာရောက်ထုတ်ယူမှုမရှိ သော တန်ဖိုး နည်းဆု မဲများအပါ အဝင် တန်ဖိုးကြီးဆုမဲများမှာ နှစ် စဉ် ကျန်ရှိနေသော်လည်း ယခု ကျန်ရှိနေသော အောင်ဘာလေ ထီလောကတွင် ကျပ်သိန်း ၁၅၀၀ အနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ကြောင်း ထီလောကအသိုင်း အဝိုင်းမှ သိရ သည်။

''ဆုမဲလာမ ထုတ်တာတော့ နှစ်တိုင်းရှိတယ်။ ဆုမဲအကြီးတွေ တောင် လာမထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်နှစ်စောင့်ပေးပါတယ်။ ဆုမဲ ကြေညာတဲ့ရက်ကစပြီး တစ်နှစ် အတွင်း တောင်းခံထုတ်ယူခြင်း မရှိရင်တော့ နိုင်ငံ တော် ဘဏ္ဍငွေ အဖြစ် သိမ်းယူပါတယ်''ဟု အခွန် ဦးစီးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ဆုမဲများလာရောက်မထုတ် ယူမှုများ နှစ်စဉ်ရှိသော်လည်း တစ်နှစ်နှင့်တစ်နှစ် ပမာဏမတူ ညီကြောင်း၊ ယင်းပမာဏနှင့်အ ရေအတွက်ကို လည်း အတိ အကျ မပြောနိုင်ကြောင်း အဆိုပါတာ ဝန်ရှိသူက ဆက်လက်ပြောသည်။ ယခုကျန်ရှိနေသော ကျပ် သိန်း ၁၅ဝဝဆုမဲကို လာရောက် ထုတ်ယူရန် ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီက ပေါက် သူတွေကတော့ လာမထုတ်တာ မရှိပါဘူး။ ပေါက်တဲ့သူတိုင်း လာ ထုတ်ကြပါတယ်။ ဆိုင်အနေနဲ့က တော့ ရောင်းချပေးတဲ့ ထီတိုင်း ကို တိုက်ပေးပါတယ်။ အကြောင်း လဲ ကြားပေးပါတယ်'' ဟု မိတ်သစ် လွင်ထီဆိုင်ပိုင် ရှင်က ပြောသည်။ အောင်ဘာလေထီ ပုံမှန်ကံ စမ်းဖြစ်သူတစ်ဦးက ''ထီကိုတော့ လစဉ်ထိုးဖြစ်တယ်ဗျာ။ ထီတော့ ပုံမှန်မတိုက်ဖြစ်ဘူး။ ပေါက်ရင် တော့ ဆိုင်ကလာပြောမယ်ထင် တယ်။ အခုလိုဆုမဲအကြီးတွေကျန် တယ်ဆိုတော့ ဘာဖြစ်ဖြစ် နောက် ဆို သတိထားပြီးတော့ကို ထီတိုက် တော့မယ်ဗျာ''ဟု ပြောသည်။

ဝေဝေ
Yangon Media Group

မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ



ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မ—-သည် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး စက်တင်ဘာလ ၁ ရက် မနက် (၁) နာရီကျော်ခန့်တွင် တညင်းကုန်းရှိ မိဘများနေအိမ်သို့ ဆိုင်ကယ်ကယ်ရီငှား၍ သွားစဉ် ရွှေပြည်သာ တံတားပေါ် အရောက် ၄င်းတံတား၌ တာဝန်ကျ ဒုတပ်ကြပ်ဝင်းဌေးက ဆိုင်ကယ်ကို တားကာ ဆိုင်ကယ်ကြုံလိုက်ရန် ပြောဆိုရာမှ ကယ်ရီသမားနှင့် ရန်ဖြစ်ခဲ့ ကြသည်။

ကယ်ရီသမားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကျန်ရှိခဲ့သည့် မ—-သည် အဆိုပါ ရဲကင်းတွင် ရေတောင်း သောက်ရာမှ ၄င်းတာဝန်ကျ ရဲဝန်ထမ်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ်္မပြုကျင့်နေစဉ် ထွက်ပြေးသွားသော ကယ်ရီသမားအပါအ၀င် လူ (၅) ဦး ရောက်ရှိလာပြီး တာဝန်ကျ ရဲဝန်ထမ်းသုံးဦးနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။ ၄င်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လှိုင်သာယာရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့ရာ နံနက်မိုးသောက်ချိန်တွင် ပါဝင်ကူညီသူ လူ (၅) ဦးအား ပြစ်မှုနှင့် မသက်ဆိုင်ဟူ၍ လွှတ်ပေးခဲ့ပြီး နောက်အချိန် အနည်းငယ်ကြာ ရဲစခန်းမှ စစ်ဆေးရန် ကျန်ရှိသည်ဟုဆိုကာ ဆိုင်ကယ်များသိမ်း၍ ယင်း (၅) ဦးကိုလည်း ရဲစခန်းမှ တရားစွဲဆိုခဲ့ကြောင်း မ—-က မြန်မာသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မှုဒိမ်းမှုကျူးလွန်သူ ဒုတပ်ကြပ် ၀င်းဌေးအား လှိုင်သာယာ ရဲစခန်း၌ ပုဒ်မ (၃၇၆) (ပ)၉၈၂/၁၃ ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ထန်းတပင်မြို့နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦး အဖွဲ့ဖြင့် ခုံရုံးဖွင့် စစ်ဆေး နေပြီဖြစ်ရာ လှိုင်သာယာ မြို့မရဲစခန်းက (ပ)၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့် လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက၆ (၁) ဖြင့် လည်းကောင်း စစ်ဆေးလျက် ရှိသည်။

“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်””ဟူ၍ ပြစ်မှု ကျူးလွန်ခံရသော မ—- က ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “သူကိုယ်တိုင်က ကာကွယ်ရမယ့်အစား အခုလို လုပ်တာ ခံယူချက် ကွာလို့ပါ။ တချို့ ရဲအ၀တ်အစား မ၀တ်ထားပေမယ့် ဒုက္ခရောက်ရင် ကူညီတယ်။ သူ့လုပ်ရပ်က ရဲတပ်ဖွဲ့ အားလုံးကိုတော့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ အဆင့်ဆင့်က သေချာစီမံပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ဒါမှ နောင်ဖြစ်လာမှာ မဟုတ်တော့ ဘူး”ဟု သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ အချိန်နှင့်အမျှ သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ ခုံရုံးအဖွဲ့ စစ်ဆေးမှုရလဒ်များမှ အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အခု ပြည်သူ ၅ ဦးကိုလည်း ဖမ်းထားသလို ရဲကိုလည်း ဖမ်းထားတယ်။ ခုံရုံးဖွဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စစ်ဆေးနေတယ်။ အဲဒီက အဖြေရလဒ် ထွက်လာတော့မှ သူ့ကို (ရဲ) လက်ရှိ ပြစ်မှုပြစ်ဒဏ်နဲ့အညီ အရေးယူရမှာမို့လို့ တစ်သက်တစ်ကျွန်းလည်း ဖြစ်နိုင်တယ်။ ပြစ်မှုအရ သူ့ပုဒ်မအလိုက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်။ အခု စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ အခု ရဲကို ဘယ်မှာ ချုပ်ထားလဲဆိုတာ ပြောလို့ မရပါဘူး” ဟု ပြောသည်။

ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်

၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးမင်္ဂလာပွဲ (video)






၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးလက်ထပ်ပွဲဆင်နွှဲကြတယ်ဆိုယုံနိုင်ကြပါ့မလား။
ဒီလက်ထပ်ပွဲက တောင်အာဖရိက မှာတကယ်ပဲဖြစ်ခဲ့ပါတယ်။
Sanele Masilelaဆိုတဲ့ ရှစ်နှစ်သားလေးက သူ့ ရဲ့ ဘိုးဘေးတွေက အိမ်မက်ထဲမှာဒီလို လက်ထပ် ဖို့ အကြိမ်ကြိမ်လာပြီးပြောဆိုနေတာနဲ့  နတ်တွေပြစ်ဒဏ်မှာစိုးရွံ့ ပြီး ဒီလိုလက်ထပ်ပွဲဆင်နွှဲ ခဲ့ကြ တာပါ။သူလက်ထပ်ရမယ့်အမျိုးသမီးက အသက် ၆၁ နှစ်ရှိပြီး လက်ထပ်ပြီးသားဖြစ်ပါတယ်။
ပုံမှာတွေ့ ကြတဲ့အတိုင်းပဲမင်္ဂလာဝတ်စုံတွေဝတ်ဆင်ပြီး ပရိသတ် ၁၀၀ရှေ့ မှောက်မှာ အနမ်းတွေခြွေ ခဲ့ကြပါတယ်။ ဝေဖန်ပြောဆိုမှုတွေရှိပေမယ့် သူ့ မိသားစုကတော့ ဒါရိုးရာဖြစ်ပြီးတကယ့်တရားဝင်လက်ထပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။





နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၃)


အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။ 

ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။

I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)

တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟု ဘာသာပြန်နိုင်သော်လည်း လုပ်ချင်သည်ဟုလည်း ဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလို ဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာ ပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကို နားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။

- I would like to answer that question.
ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။

- I would like to compete in a cooking contest.
ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။

- I would like to explain myself.
ကျွန်တော်ကိုယ်တိုင် ရှင်းပြပါရစေ။

- I would like to practice.
ကျွန်တော် လေ့ကျင့်ပါရစေ။

- I would like to become a doctor.
ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။

- I would like to see you more often.
ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။


I plan to + (verb) - စီစဉ်ထားသည်။

မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။

- I plan to find a new apartment.
တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။

- I plan to relax on vacation.
အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။

- I plan to wash my car.
ကားရေဆေးဖို့ စီစဉ်ထားတယ်။

- I plan to adopt a child.
ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။

- I plan to watch a movie.
ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။

- I plan to save more money.
ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။

I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။

'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီး အဆင်ပြေသလိုရေးသားနိုင်ပါသည်။
တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။

- I've decided to accept the job.
ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to change my bad habits.
အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to extend my membership at the gym.
အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to hand over my responsibilities.
ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။


I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။

မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။

- I was about to go out.
အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။

- I was about to go to dinner.
ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to go to bed.
အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။

- I was about to go to work.
အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to call you.
မင်းကို ငါ ဖုံးဆက်တော့မလို့။

- I was about to mow my grass.
မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to order us some drinks.
ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။

“အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ …………………”

အောင်ကိုဦး(UMK)
www.siraungkou-umk.blogspot.com" class="scaledImageFitWidth img" src="http://sphotos-b.ak.fbcdn.net/hphotos-ak-ash4/p480x480/268920_569923603039342_275413585_n.jpg" style="top: -32px;" height="182" width="136" />
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။
ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။


I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)


တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟုဘာသာပြန်နိုင်သော်လည်းလုပ်ချင်သည်ဟုလည်းဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလိုဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကိုနားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။


-       I would like to answer that question.

ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။

-       I would like to compete in a cooking contest.

ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။

-       I would like to explain myself.

ကျွန်တော်ကိုယ်တိုင်  ရှင်းပြပါရစေ။

-       I would like to practice.

ကျွန်တော် လေ့ကျင့်ပါရစေ။

-       I would like to become a doctor.

ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။

-       I would like to see you more often.

ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။


I plan to + (verb) - စီစဉ်ထားသည်။


မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။


-       I plan to find a new apartment.

တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။

-       I plan to relax on vacation.

အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။

-       I plan to wash my car.

ကားရေဆေးဖို့ စီစဉ်ထားတယ်။

-       I plan to adopt a child.

ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။

-       I plan to watch a movie.

ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။

-       I plan to save more money.

ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။


I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။


'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီးအဆင်ပြေသလိုရေးသားနိုင်ပါသည်။ တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။


-       I've decided to accept the job.

ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to change my bad habits.

အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to extend my membership at the gym.

အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to hand over my responsibilities.

ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။


I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။


မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။ 

-       I was about to go out.

အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။

-       I was about to go to dinner.

ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to go to bed.

အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။

-       I was about to go to work.

အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to call you.

မင်းကို ငါ ဖုံးဆက်တော့မလို့။

-       I was about to mow my grass.

မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to order us some drinks.

ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။


အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ ………

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော





ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

လျှို့ဝှက်ချက်










ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။

အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို “ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။

သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြ…ုံနေ တာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”

ခဏနေတော့ ခဲအိုကစာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”

လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”

… သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”

ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”

သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”

နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”

နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”

ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။

credit - original uploader
စိတ္တဇ ဟာသများ

လည်ချောင်းကင်ဆာ ၊ ခံတွင်းကင်ဆာ ဆိုသည်မှာ ဆေးလိပ် ၊ အရက် ကြောင့်တွင်သာမက လွန်ကဲသော လိင်ဆက်ဆံမှုမှ HPV (Human Papilloma Virus )လို့ လိင်ဆက်ဆံမှုမှ ရရှိတက်တဲ့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်စေနိုင်




လိင်ဆက်ဆံရာတွင် ကူးစက်တက်သော HVP ဗိုင်းရပ်စ် သည် သားအိမ်ခေါင်းကင်ဆာနှင့် စအိုကင်ဆာ တို့ကိုဖြစ်စေတက်ပါသည်။ ပုံမှန်မဟုတ်သော လိင်ဆက်ဆံမှုများတွင် အထူးသဖြင့် ပါးစပ် ကို အသုံးပြုခြင်းကြောင့် ခံတွင်းကင်ဆာ နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားမှုတို့၏ ဆက်စပ်သော အကြောင်းတရပ်ဖြစ်လာနိုင်သည်ဟု ယခုအခါ ယူဆမှုတွေ ထွတ်ပေါ်လာနေသည်။

လွန်ခဲ့သော ဆယ်စုနှစ်တွေမှာ HVP ဗိုင်းရပ်စ်ကြောင့် ကင်ဆာဖြစ်ပွားမှုနုန်းသိသာစွာ တိုးမြင့်လာခဲ့ပြီး( HVP -16 (positive) )ဖြစ်သူ ၅၇ % မှာ ကင်ဆာရောဂါ ခံစားလာနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့ကြသည်။ HVP ဗိုင်းရပ်စ် သည် မျိုးပေါင်း (၁၀၀)ကျော် ရှိပြီး လူ့ခန္ဓာကိုယ်တွင် ပုံစံမျိုးစုံဖြင့် ကူးစက်ပြန့်ပွားနေတက်သည် ။ အထူးတလည် လက္ခဏတွေမပြတက်ပေမဲ့လည်း တခါတရံတွင်မူ ကြွက်နို့ပုံသဏ္ဍန်ဖြစ်ပေါ်နေတက်သည် ။ အရေပြားခြင်း ထိစပ်ရာမှာ လည်း ကူးစက်တက်သောကြောင့် လိင်ဆက်ဆံရာမှလည်း ပျံနှံ့တက်ပါသည်။ ယခုအခါ အသက် (၂၅) ဝန်းကျင် လူငယ် အများစု၏ မျိုးဆက်အင်္ဂါ တွင် HVP ကူးစက်မှု (၉၀)% အထိရှိနေနိုင်ခြင်းသည် လွန်ကဲသော လိင်ဆက်မှု များမှတဆင့် ကူးစက်လာခြင်း ဖြစ်နိုင်ကြောင်းကို ယုံကြည်လာကြသည်။ အဘယ်ကြောင့် ဆိုသော် HVP ဗိုင်းရပ်စ် (၁၅) မျိုးသည် ကင်ဆာရောဂါနှင့် ဆက်စပ်ကြောင်း ၊ ခံတွင်းကင်ဆာ (၂၅-၃၅) % သည် အဆိုပါ HVP ဗိုင်းရပ်စ်ကြောင့်ဟု လေ့လာတွေ့ရှိခဲ့ကြသည်။


အဆိုပါ လေ့လာတွေ့ရှိချက်များ ၊ ယူဆချက်များအပေါ်( HVP-16 (positive) )ကြောင့် ဖြစ်ပွားသော ခံတွင်းကင်ဆာနှင့်လည်ချောင်းကင်ဆာကို အပြီးသတ်ကုသနိုင်ခြေရှိကြောင်း ၊ ကင်ဆာရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပါးစပ် ဖြင့် လိင်ဆက်ဆံမှုပြုမှုခြင်းသည် HPV ဗိုင်းရပ်စ် ဝင်ရောက်နှုန်းကို ပိုမိုစေခဲ့ပြီး ခန္ဓာကိုယ်မှာ ယင်း ဗိုင်းရပ်စ်ပိုး ခံနိုင်ရည်ကို မြင့်တက်လာစေခဲ့ခြင်းသာ ဖြစ်စေနိုင်ပြီး ဆေးပညာအရ အတည်ပြုပေးနိုင်သော သက်ရောက်မှုတစ်ခုတော့ မဟုတ်သေးကြောင်း ၊ ထိုကြောင့် ဆယ်ကျော်သက်များအနေဖြင့် HVP ဗိုင်းရပ်စ် ကာကွယ်ဆေးများထိုးထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ နှင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုတို့ကို ရှောင်ရှားနိုင်၊ အကာကွယ်ပေးနိုင်ကြောင်းကို လန်ဒန် ဆေးရုံ ၊ ဦးခေါင်းနှင့် လည်ချောင်းပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဒေါက်တာကူးမား က ပြန်လည်ဖြေရှင်းထားပါသည်။

ကဲ ... ကင်ဆာ အဖြစ်ခံမှာလား ပုံမှန်လေးပဲပေါ့နော်



စာအုပ်စာပေ လူ့မိတ်ဆွေ

ရေခဲတောင်မှာ ဇာတ်ကားရိုက်ဖို့ စီစဉ်နေတဲ့ သားညီ






သားညီက ကိုယ်တိုင် ဒါရိုက်တာအဖြစ် ” ၄” ဆိုတဲ့ ဇာတ်ကားကို ကချင်ပြည်နယ်က မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ဒေါင်လွဏ်း၊ အော်လာရီ၊ အမရာဆိုင်းနော် တို့နဲ့ အတူ မြစ်ကြီးနားမှာ ရိုက်ကူးနေပါတယ်။ အရင်တုန်းကလည်း ငါးမန်းဇာတ်ကားတစ်ကားကိုကချင်စကားပြောနဲ့ ရိုက်ကူးခဲ့ပြီး အခုဒုတိယ အကြိမ် မြောက် ကချင်စ ကားပြော ဇာတ်ကား ရိုက်ကူးတာဖြစ်ပါတယ်။ ဒီ ဇာတ်ကားတွေကို မြန်မာ စာတန်းထိုးမှာဖြစ်ကြောင်း သားညီက ပြောပါတယ်။ ကချင်လူမျိုးတွေနဲ့မြစ်ကြီး နားမှာရိုက် ကူးရတဲ့ အတွေ့အကြုံတွေကို သားညီက ” ကျောင်းသားလူငယ်လေး ယောက် ရဲ့ဘဝပဲ။ လူငယ်တွေ ကြားမှာ မူးယစ်ဆေးဝါးဆိုတာ မကောင်းဘူးပေါ့။ အခုလောေ လာဆယ် ဖြစ်နေတဲ့ လူငယ်တွေနဲ့ မူးယစ် ဆေးဝါးအကြောင်းလေးပါ။ မြစ် ကြီးနားမြို့ပေါ်မှာ ရိုက်တယ်။ ရေတံခွန်ပါတယ်။ မြစ်ဆုံနည်း နည်းပါတယ်။ ကချင်လူမျိုးတွေ ပဲဆိုတော့ သူတို့ပြောတာတွေ ကျွန်တော်နား မလည်ဘူးလေ။ ကျွန်တော်က မြန်မာလို ဇာတ်ညွှန်းအရင်ရေးလိုက်တယ်။ ပြီးတော့မှ ကချင်လို ဘာ သာပြန်ပြီး ပြောကြတ ယ်။ ကျွန်တော်က မြန်မာလိုတစ်ခေါက် သရုပ်ဆောင်ပြတယ်။
ပြီးတော့ သူတို့ကချင်လို တစ်ခေါက်သရုပ်ဆောင်ကြတယ်။ အခုနည်းနည်းတော့ ကျွန်တော်လည်း ကချင်လို နားလည်စပြုလာပြီ။ ကျွန်တော်တို့ ရောက်မှ ဒီမှာမိုး က တော်တော်ရွာတော့ တော်တော် ဒုက္ခရောက်တယ်။ ကိုယ့်ရဲ့နယ်မြေမဟုတ်တဲ့အတွက် လိုကေးရှင်း အခက်အခဲတွေ ရှိ တာပေါ့။ဒါပေမဲ့ဒီက သရုပ်ဆောင် တွေ အကုန် လုံးက မိုက်တယ်။ ကြိုက်တဲ့ အိမ်မှာ ကြိုက်တဲ့ အချိန်တက်ရိုက်လို့ရတယ်။ ပိုက် ဆံလည်းပေးစရာမလိုဘူး။ လို ချင်တဲ့လူခေါ် ရိုက်လို့ရတယ်။ ဝါသနာလည်းပါကြ တယ်။ အမိန့် လည်းတအားနာခံတယ်။အဲဒါ က အမှတ်တရပါပဲ” လို့ ပြောပါ တယ်။သြဂုတ်လ ၁၉ ရက်နေ့က သား ညီရဲ့မွေးနေ့ပဲ ဖြစ်ပါ တယ်။ မွေးနေ့ တစ်ရက်လုံးကို ရှုတင်မှာ ပဲ ဖြတ်သန်းဖြစ်ပြီး ညပိုင်းမှ ဘုရားသွားဖြစ်ကြောင်း သားညီက ပြောပါတယ်။ သူ့ မွေးနေ့နဲ့ပတ်သက်ပြီး သား ညီက..
” မွေးနေ့တိုင်းမိသားစုနဲ့ ဖြတ်သန်းနေကြပါပဲ။ ဒီတစ်ခါပဲ အတူ မဖြတ်သန်းဖြစ်တာ။ ရှုတင်ကမနက် ၃နာရီလောက် မှ ပြီးတာဆိုတော့ အိပ်ပျော်သွားတယ်။ မနက်အေ စာကြီး ဘုရားသွားမယ်ဆိုပြီး ဘယ် လိုမှ မနိုးကြဘူး။ သြဂုတ် လက ကျွန်တော့်အတွက် ဝမ်းနည်းစရာလည်း ရှိတယ်။ ပျော်ရွှင်မှုလည်းရှိတယ်။ ဘာ လို့လဲဆိုတော့ သြဂုတ် လ ၃၁ ရက်နေ့က ကျွန်တော့် မေမေဆုံး တဲ့ နေ့လေ။ ကျွန်တော့် မွေးနေ့ ရယ်၊မေမေဆုံးတဲ့နေ့ရယ်ရှိတယ်။ ကျွန်တော့်မေမေက ၁၉၉၇ ခုနှစ် ကဆုံးသွားတာပါ” လို့ပြောပါတယ်။သားညီက ကချင်ပြည်နယ်က ဒေါင်လွဏ်းတို့နဲ့အတူ ရေခဲတောင်မှာဇာတ်ကားသွား ရိုက်ဖို့ စီစဉ်နေပြီး ဝတ်စုံတစ်ခုလို အပ်နေတာ ကိုစီစဉ် ပြီးရင် တော့ သွားရိုက်ကူးမှာ ဖြစ်ကြောင်း သားညီက ပြောပါတယ်။
ခိုင်ဝေလွင်
Popular

ရေခဲသေတ္တာအသုံးပြုနည်း (အစားအသောက်များကို နည်းလမ်းမှန်စွာသိမ်းကြမယ်)






၁။ ပထမဆုံးရေခဲသေတ္တာအပူချိန်ကို စစ်ပေးပါ။ 40F (5C) ထက်နည်းရပါမယ့် မဟုတ်ရင်တော့ အန္တရယ်ရှိသော အစားအသောက်ပိုးမွှားများ ပေါက်ဖွားမှုကို ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မယ်။

၂။အရွက်များသိမ်းတဲ့ ပုံးမှာ အပူချိန်ပါရင်လည်း အဲဒီအပူချိန်ကိုစစ်ပေးဖို့လိုပါ တယ်။ တွေ့ဖူးတဲ့ ရေခဲသေတ္တာအများစုမှာတော့ မပါကြပါဘူး။

၃။ကျန်သေးတဲ့ဟင်းများကို ပုံပါအတိုင်း ဗူးအကြည်နဲ့ထည့်ပေးပါ။ ဒါမှဘာကျန်နေသလဲဆိုတာကို မြင်ပြီး မြန်မြန်စားဖြစ်မှာဖြစ်ပါတယ်။

၎။ အသီးအရွက်များနဲ့ သစ်သီးများကို ရောပြီး တစ်နေရာထဲမှာ ရောပြီးမသိမ်းသင့်ပါဘူး။

၅။ နွားနို့အစရှိတဲ့ မြန်မြန်ပျက်လွယ်သော အစားအသောက်များကို ရေခဲသေတ္တာဘောင်မှာ မထားသင့်ပါဘူး။ ထိုနေရာများဟာ အပူချိန်အတက်၊အကျ မြန်တာကြောင့် မြန်မြန်ပျက်လွယ်စေပါတယ်

၆။ သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာအောက်ထပ်ထဲမှာ သိမ်းဆည်းဖို့လိုလာလျှင် အောက်ဆုံးအဆင့်မှာသာထားရပါမယ်။ မဟုတ်ရင် သားစိမ်းငါးစိမ်းများက အရည်က တခြားအစားအသောက်တွေပေါ်ကို ဖိတ်ကျနိုင်စေတာကြောင့်ပါ။

၇။ ရေခဲသေတ္တာထဲမှာ ပစ္စည်းများကို ပြည့်ကျပ်နေအောင်မထည့်သင့်ပါဘူး။ လေ လည်ပတ်မှုကောင်းစေရန်အတွက် တစ်ခုနဲ့တစ်ခုကြားနေရာနည်းနည်းချန်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါဆိုရင် အစားအသောက်များလည်း ကြာကြာပိုခံပါတယ်

၈။ ဘယ်အစားအစာ၊ အသီးအရွက်ကိုမှ လှီးပြီး၊အတုံးတုံးပြီးမှ မသိမ်းသင့်ပါဘူး။ ပန်းသီးကို အလုံးလိုက်သိမ်းတာက အစိပ်စိပ်ပြီး သိမ်းတာထက် ပိုပြီးတာရှည်ခံတာက ဥပမာတစ်ခုပါပဲ။

၉။ ဈေးမသွားခင်မှာ ရေခဲသေတ္တာအနောက်နားမှာ ထည့်ထားတဲ့ အစားအသောက်များကို အရင်ရှင်းပါ။ ဒါမှမိမိဆီမှာ ဘာကျန်သေးလဲ၊ဘာထပ်ဝယ်ရမလဲဆိုတာကို သိမှာပါ

၁၀။ နောက်ဆုံး အချက်အနေနဲ့ ဘာပဲဖိတ်ဖိတ် ချက်ခြင်းသုတ်ပစ်ပြီး ရေခဲသေတ္တာကိုပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

Ref : Internet, photo courtesy of Google image
ဘာသာပြန် - Evy's Kitchen

အပြင်လောကက တကယ့်ဟီးရိုးအစစ်







ရုပ်ရှင်မင်းသား Vin Diesel ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်။Fast & Furious ဇတ်လမ်းနဲ့ xXx ကားတွေနဲ့ နာမည်ကြီးတဲ့သူပါ။သူက တစ်နေ့တော့ သူ့ဆိုင်ကယ်နဲ့ ကယ်လီဖိုးနီးယားမြို့ထဲမှာ ပတ်မောင်းနေပါတယ်။သူ့ရဲ့ အရှေ့ကကားဟာ အရှိန်မထိမ်းနိုင်ပဲ အပူလွန်ကဲကာမီးထလောင်ပါတော့တယ်။သူက ဆိုင်ကယ်ကို ချက်ချင်းရပ်ပြီး မီးလောင်နေတဲ့ ကားနောက်ခန်းထဲက ကလေးနှစ်ယောက်ကို ဆွဲထုတ်ပါတယ်။ပြီးတော့ ဒရိုင်ဘာကိုပါ ဆွဲထုတ်ပါတယ်။မိနစ်အနည်းငယ်ကြာတဲ့အခါ ကားတစ်စီးလုံး မီးလောင်သွားပါတယ်တဲ့။ဇတ်လမ်းတွေထဲမှာသာ လူစွမ်းကောင်းမဟုတ်ဘဲ အပြင်လောကမှာပါ လူတွေကို ကူညိတတ်တဲ့ Diesel ကို လေးစားပါတယ်. . .

မောင်စိုင်း
(ကနောင်)

ဘင်ဒင်ဇယ် မိသားစု

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ






မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက် တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာ မှုအ ရ သိရပါတယ်။အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်း ရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

အင်းလေးမီဒီယာ

Related Posts Plugin for WordPress, Blogger...