Friday, September 6, 2013

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း



ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...