Wednesday, May 29, 2013

ကမ္ဘာ့ပထမဆုံးဇီဝခြေအတုတပ်ဆင်ထားတဲ့ကြောင်ကလေး..


အမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်မှာနေထိုင်တဲ့ လယ်သမားမိသားစုဟာ Oscar ဆိုတဲ့ကြောင် ကလေး ကိုပိုင်ဆိုင်ထားပါတယ်။ အသက် ၂ နှစ်ခွဲအရွယ်ရှိပြီဖြစ်တဲ့ Oscar ဟာပြောင်းဖူးချွေစက်အတွင်း မတော်တဆပြုတ်ကျရာမှ သူ့ရဲ့နောက်ခြေနှစ်ဖက်ကိုဆုံးရှုံးသွားခဲ့ပါတယ်။ ထိုအခါ ၎င်းရဲ့ပိုင်ရှင်မိသားစုမှ တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနမှာ Oscar ကိုဇီဝခြေတုနှစ်ဖက်တပ်ဆင်ပေးခဲ့ပါတော့တယ်။ ဇီဝခြေတုတပ်ဆင်ထား တဲ့ ကြောင်ကလေး Oscar ဟာ တိရိစ္ဆာန်တွေထဲမှာ ခြေတုတပ်ဆင်ခြင်းကို 
ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့တာပါ။ထိုကဲ့သို့ဇီဝခြေတုတပ်ဆင်ထားပေမယ့် မူလကအတိုင်းပုံမှန် ကြောင်တစ်ကောင်လို သွားလာနိုင်နေတဲ့ Oscarဟာ သူ့ရဲ့လောကဓံကို ကြံ့ကြံ့ခံနိုင်မှုတွေကြောင့် ဂင်းနစ်စံချိန်မှာ ဖော်ပြပေးဖို့ထိုက်တန်ခဲ့ပါတယ်။

SkyNet TV Browser

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...