Wednesday, May 29, 2013

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှု ယူနစ် ကဏ္ဍခွဲ မန်နေဂျာမစ္စဂျူလီယာဖရေဆာ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ယူနစ်ကဏ္ဍခွဲ မန်နေဂျာ မစ္စ ဂျူလီယာဖရေဆာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍ ရင်းနှီး စွာ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...