Wednesday, May 29, 2013

တရုတ်နိုင်ငံတွင် Electronic Textbook များအသုံးပြုနေ..

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိစာသင်ကျောင်း(၂၀)ခန့်တွင် Electronic  Textbook များကို ပြဋ္ဌာန်းစာအုပ်များနေရာတွင်အစားထိုးအသုံးပြုလျက်  ရှိကြောင်းသိရသည်။ DESPERATE အသုံးပြုရေး စီမံကိန်းကို ဦးဆောင်ခဲ့ သောShaanxi ပြည်နယ်မှ တာဝန်ရှိသူများက"အခုလို Electronic Textbook တွေကိုအသုံးပြုတဲ့အတွက် သင်ယူရေးနဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ ပိုမိုအဆင်ပြေ လွယ်ကူစေမှာ ဖြစ်တယ်"ဟုပြောကြားခဲ့သည်။

 သို့သော် ကျောင်းသားမိဘတချို့သည် Electronic Textbook အသုံးပြုခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်လာနိုင်သောအကျိုးသက်ရောက်မှုများ ကိုစိုးရိမ်ပူပန်နေကြောင်းသိရသည်။ ကျောင်းသားများသည် Electronic  Textbook မှ သင်ခန်းစာများကိုသင်ယူရမည်ကို စိတ်ဝင်တစားဖြစ်ပြီး ကျေနပ်ပျော် ရွင်နေကြသည်။ တရုတ်နိုင်ငံတွင် Electronic Textbook များ ကို ပြီးခဲ့သောစက်တင် ဘာလမှ စတင် အသုံးပြုခဲ့ပြီးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ Electronic Textbook အသုံးပြုပြီးစာသင်
ကြားရခြင်းကိုပိုမိုသဘောကျခဲ့ကြသည်။

Electronic Textbook အသုံးပြု သောပညာသင်ကြားမှုသည် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာမည်ကို
မိဘအချို့ကစိုးရိမ်ပူပန်ခဲ့ကြောင်း၊ ဒေသခံပညာရေးဌာနကသင်ကြားရေး စီမံကိန်းကိုနောက်ထပ် ၂နှစ်ကြာ ဆက်လက် အကောင်အထည်ဖော်မည်
ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...