Wednesday, May 29, 2013

ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေရန်ကြိုးစားနေတဲ့ ဤတရာခံ (ရဲတိုက်)


မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး အဓိကရုဏ်းမှာ ကက်သလစ် ခရစ္စယာန် ဘာသာသူတွေလည်း ပါဝင်လာအောင်ကြိုးစားလုပ်ဆောင်နေတဲ့ (.........) မျိုးရိုး၊ (..........)ဘာသာ၊ မြန်မာသရုပ်ဆောင် ရဲတိုက်ကို ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) နဲ့သာ အရေးယူခံရ။ 


"သရုပ်ဆောင်ရဲတိုက်အား ပုဒ်မ ၂၉၅/က ဖြင့်အရေးယူ"
===============================

ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ စိန်မေရီကာဒီဒြယ် ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားဝင်ရောက် ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁ နာရီကျော်မှစတင်ကာ ဆန္ဒပြခဲ့သည်။

ထို့နောက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ သူ့ကိုလာရောက်ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်တွင် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှူး ဦးသာဇံ၏ ထုတ်ပြန်ပြောကြားချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူထားကြောင်း သိရသည်။

ပေါ်ပြူလာအဖွဲ့သားများ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...