Wednesday, May 29, 2013

*** ရုန်းရင်းကန်ရင်း ***

*** ရုန်းရင်းကန်ရင်း ***
----------------------------

လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။




ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်၊
တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ၊
မျက်လှည့်ပမာ၊ တွေ့မြဲသာတည့်။

ဘဝသည်ကား၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသောမှောင်သော၊ အောင်သောရှုံးသော၊
မုန်းသောချစ်သော၊ သစ်သောဟောင်းသော၊
ကောင်းသောဆိုးသော၊ ညှိုးသောလန်းသော၊
ကြမ်းသောနုသော၊ ပူသောအေးသော၊
စောကြောစိတ်ဖြာ၊ မနေသာပေ၊
လဲရာကထ၊ ကျရာကတက်၊
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘဝ၊ အားမာန်ပြရင်း၊
ရုန်းရကန်ရ မည်တကား။ ။

အေးငွေ

ငွေတာရီမဂ္ဂဇင်း ၁၉၇၀ပြည့်နှစ် ဧပြီလထုတ်
ခရီး သည်ကြီး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...