Wednesday, May 29, 2013

မြန်မာ့ ငလျင် မှတ်စု

ကမ္ဘာမြေပေါ်တွင် ငလျင်ရပ်ဝန်း နှစ်ခုရှိရာ ပစိဖိတ် မီးတောင်ရပ်ဝန်း၊ အယ်လ်ပိုက်ရပ်ဝန်းဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အနောက်ပိုင်းတို့သည် အယ်လ်ပိုက်ရပ်ဝန်းတွင် ကျရောက်သည်။
ယင်းရပ်ဝန်းသည် ဟိမ၀န္တာတောင်တန်းမှ အရှေ့ဘက် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကပ္ပလီကျွန်း နှင့် အင်ဒိုနီးရှားနိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံတွင်မူ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ၏ မြောက်ဘက်တွင် ငလျင် ပိုလှုပ်နိုင်သည်ဟု
ပညာရှင်အချို့က ဆိုသည်။

ငလျင် မလှုပ်နိုင်ဆုံးဒေသ မှာ တ န င်္သာ ရီ ဒေ သ ဖြစ်သည်။ မြန်မာပြည်
အလယ်ပိုင်း နှင့် အနောက်ပိုင်းသည် ယနေ့ထိ လှုပ်ရှားဆဲရှိသည်။

အောက်တွင် အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့်ကို ဖော်ပြထားပါသည်။

အနောက်ရိုးမ
ရခိုင်ရိုးမသည် နာဂတောင်၊ ချင်းတောင်၊ ပတ်ကွိုင်တောင်တို့ထက် ငလျင်လှုပ်နိုင်ခြေ နည်းသည်။
ရခိုင်ရိုးမ ၏ အံလွဲကြောင်းမှာ အရေးမကြီးလှချေ။ ကျောက်လွာဖွဲ့စည်းမှုမှာ ရှုပ်ထွေးမှု မရှိ။
အနောက်ရိုးမမြောက်ပိုင်းဒေသ၏ ကျောက်လွှာဖွဲ့စည်းပုံမှာမူ ရှုပ်ထွေးသည်။ တည်ငြိမ်မှု မရှိ။ ယင်းဒေသတွင် ငလျင်ဗဟိုချက် အများ အပြားတွေ့ရှိရပြီး ပြင်းထန်သော ငလျင်များလည်း လှုပ်ခဲ့ဖူးသည်။ အာသံဘက် နီးလာလေအင်အား ပိုမြင့်လာလေဖြစ်သည်။

ဗဟိုချိုင့်ဝှမ်း
မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြေနိမ့်ရပ်ဝန်းဒေသဖြစ်သည်။ ကျောက်လွှာများ တည်ငြိမ်မှု ရှိသော်လည်း
ယင်းနှင့် ဆက်စပ်နေသော ပဲခူးရိုးမ၏ ကျောက်လွှာမှာ တည်ငြိမ်မှု မရှိသေးသောကြောင့် ငလျင်လှုပ်နိုင်သေးသည်။ ဤ ရပ်ဝန်းတွင် လှုပ်ခဲ့သော ငလျင်များမှာ ဗဟိုချက်တိမ်ပြီး အင်အားသေးကာ ဧရိယာကျဉ်းကျဉ်းလေးတွင်လှုပ်ရှားတတ်သည်။

ပျှမ်းမျှ အင်အားအဆင့် (၆)သာ ရှိနိုင်သည်ဟု ဆိုသည်။ သို့သော်လည်း ၁၉၇၅ ပုဂံ -ညောင်ဦး
ငလျင်သည် အင်အား (၆.၈) လှုပ်ခဲ့သည်။ အံလွဲကြောင်းများ နှင့် ပဲခူးရိုးမ ကျောက်လွှာများ လှုပ်ရှားမှုကြောင့်ပဲခူးရိုးမအလယ်ကြော နှင့် ရှမ်းကုန်းပြင်မြင့် အစွန်းတွင်မူ အင်အား(၉)အထိ လှုပ်နိုင်သည်။

ရှမ်းကုန်းပြင်မြင့်ရှမ်းကုန်းပြင်မြင့်သည် အခြားဒေသများထက် ပို၍ တည်ငြိမ်သည်။ သို့ရာတွင် အနောက်ပိုင်း အံလွဲကြောင်းများကြောင့် အင်အား(၉)အထိ လှုပ်နိုင်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ထိစပ်နေသော ဒေသများတွင် အင်အား(၆)ထက် ပို မလှုပ်နိုင်ဟု ဆိုသည်။

စစ်ကိုင်း-တကောင်းတောင်တန်း
ပြင်းထန်သော ငလျင်လှုပ်နိုင်သည့် ရပ်ဝန်းဖြစ်သည်။ ငလျင်အင်အားအဆင့်(၉)ထက်ပင် ပိုနိုင်သေးသည်။

တနင်္သာရီ
ထင်ရှားရှည်လျားသော ပြတ်ရွေ့ အံလွဲကြောင်းများ မရှိခြင်း၊ ကျောက်များ သက်တမ်းရင့်နေခြင်းတို့ကြောင့်
ဤရပ်ဝန်းကို ဗဟိုပြု၍ ငလျင်မလှုပ်ခဲ့ချေ။ ကမ်းရိုးတမ်းတွင် လှုပ်ခဲ့သော မှတ်တမ်းအရ အင်အား(၆)အထိသာ လှုပ်နိုင်ပြီး ငလျင် အန္တရာယ်မှ စိတ်အချရဆုံးအပိုင်းဖြစ်သည်။

အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့်
အောက်ဖော်ပြပါဇယားမှာ ကမ္ဘာအေးမြေငလျင်ဌာန၏ ယူဆ သတ်မှတ်ချက်များအပေါ် အဖြခံထားပြီး
ယခုတိုင်အပြောင်းအလဲမရှိကြောင်း သိရသည်။

(စာပေဗမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ် -မြန်မာ့ငလျင်စာ-၈၇- ၁၉၇၈)
၁။ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ ပဲခူး၊ ဖြူး
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၁၀)

၂။ တောင်ကြီး၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျောက်ဖြူ၊ ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ တောင်ငူ၊ ပြည်၊ သရက်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၉)

၃။ ပျဉ်းမနား၊ ရမည်းသင်း၊ မကွေး၊ မင်းဘူး၊ မုံရွာ၊ မော်ချီး၊ လိါုင်ကော်၊ ရန်ကုန်၊ ပုသိမ်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၈)

၎။ မိတ္ထီလာ၊ ပခုက္ကူ၊ ချောက်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၇)

၅။ မော်လမြိုင်၊ ထားဝယ်၊ မြိတ်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၆)

ရန်ကုန် ငလျင် .....
ရန်ကုန်မြို့အောက်တွင် အားနည်းသော မြေကြောရှိနိုင်သည်။ (Geological Surver of India .. Brown J.C)
ရန်ကုန် ငလျင်နှင့်ပတ်သက်၍ (1436) ခုနှစ် တွင် လှုပ် ခဲ့ ကြောင်း ပထမဆုံးတရားဝင် မှတ်တမ်းရှိခဲ့သည်။

(1470) စက်တင်ဘာ(၉)ရက်နေ့တွင် ရန်ကုန်မြို့တွင်ငလျင်ကြီးလှုပ်ခဲ့ပြီးအကြိုငလျင်(၂၅)ကြိမ်၊ နောက်ဆက်
တွဲငလျင်အကြိမ်(၅၀)၊ နှစ်လအတွင်း လှုပ်ခဲ့ သည်။

ဒဏ်အားကို တစ်ကြိမ်တည်း ခါ မ ထုတ် ပစ် ခြင်းကရန်ကုန်ကို သက်သာစေသည်ဟု ဆိုကြကုန်သည်။
(1620 ၊ 1644 ၊ 1662 ၊ 1664 ၊ 1679 )တို့တွင်လည်း ငလျင်များ လှုပ်ခဲ့သည်။

၎င်းနောက် နှစ်ပေါင်း(၂၀၀)နီးပါး မလှုပ်ပဲ နေခဲ့ရာမှ(1768) ဇွန်လတွင် လှုပ်ခဲ့ရာ ရွှေတိဂုံ ပထမဖောင်းရစ်ထိ ပြိုကျခဲ့ကြောင်း သိရသည်။

(1927 )ဒီဇင်ဘာ(၁၇)ရက်တွင်လှုပ်ခဲ့သော ငလျင်ကို ဟ့သာဝတီ၊ အင်းစိန်၊ မအူပင်ခရိုင်များတွင်ပင် ငလျင်
အကျိုးဆက်ကို ခံစားရပြီး ဧရာဝတီမြစ်ဝကျွန်ပေါ် အောက်ခံကျောက်ထုများ အက်ကွဲကြောင်းများ အတိုင်း
မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

(1930) မေ (၅)ရက်ည ရန်ကုန်ငလျင်သည် ပဲခူးမြို့အနီးကို ဗဟိုပြုခဲ့ပြီး အဆင့်(၈)ကျော်ကာ ရန်ကုန်ငလျင်
သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များ လှုပ်ခဲ့ပြီး နှစ်(၂၀)ခန့် ငြိမ်သက်နေကာ
အင်အားသေး ငလျင်များ လှုပ်ခဲ့သည်။

ပဲခူးငလျင် ...
(1930) မေ (၅)ရက်နေ့တွင် ပဲခူးမြို့တွင် လှုပ်ခဲ့သော ငလျင်မှာ အပြင်းထန်းဆုံး ဖြစ်သည်။

ပဲခူးငလျင် မှတ်တမ်းတင်သည့် ဘီစီ 197 နောက်ပိုင်းတွင် (၃၂)ကြိမ်မြောက် ငလျင်ဟု ဖော်ပြကြသည်။

အဆင့်(၁၀)ရှိပြီး စတုရန်းမိုင် ၂၂၀၀၀၀ ကို လှုပ် ခါ စေ ခဲ့ သည်။ လူ(၅၀၀)ခန့် သေ ဆုံး ခဲ့ ရသည်။

ငလျင်ဗဟိုချက်မှာ ပဲခူး တောင်ဘက် မိုင်(၂၀)အကွာ စစ်တောင်းမြစ်ဝကျွန်းပေါ် နုန်းမြေ အောက်တွင်
ရှိသည်ဟု ဆိုသည်။ လှုပ်ရှားမှုမှာ တစ်ကြိမ် နှင့် တစ်ကြိမ် နှစ်ပေါင်း(70) ပျှမ်းမျှ ကွာသည်။ တခါတစ်ရံ
(5)နှစ် ခြားပြီးလည်း လှုပ် တတ် သည်။

စစ်ကိုင်း ငလျင် ...
(1956)၊ ဇူလိုင်လ(၁၆)ရက်ညနေပိုင်းတွင် လှုပ်ခဲ့ပြီး ပြင်းထန်အား(၇)ခန့်ရှိသည်။
စစ်ကိုင်းတံတား နေရာရွေ့ခဲ့ပြီး စစ်ကိုင်းတောင်ရိုးမှ ဘုရားများ ပြိုခဲ့ရာ လူအသေအပျောက်များလည်း
ရှိခဲ့သည်။

ပုဂံငလျင် ....
(1975) ဇူလိုင်(၈)ရက်နေ့တွင် ပြင်းအား (၆.၈) လှုပ်ခဲ့သည်။
ပခုက္ကူအနီး အရှေ့ဘက်သို့ အနည်းငယ်စောင်းသော ပြတ်ရွေ့ ကြောင်း လေးခု မှာ သမိုင်းတစ်လျောက်
ငြိမ်သက်ပြခဲ့သည်။

သို့သော် 1975 ပုဂံငလျင်တွင် သူတို့ထကြွလာတော့သည်။ အနောက်မြောက် မှ အရှေ့
တောင်ယွန်းယွန်း ချောက် မှ ပခုက္ကူသို့ ဧရာဝတီမြစ်ကို ဖြတ်နေသည်။ နှစ်ပေါင်း (၁၀၀၀)ထက် မက
တည်ငြိမ်ခဲ့ပြီးမှ လှုပ်ရှားခဲ့ဟန်တူသည်။ ပုဂံနှင့် အနောက်တောင်ယွန်းယွန်း (၁၄)မိုင်အကွာကို ဗဟိုပြုသည်။

အကြိုငလျင် လုံးဝမရှိဘဲ ဆိုင်းမဆင့်ဘုံမဆင့်လှုပ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆက်တွဲငလျင်(၃)ကြိမ်လှုပ်သည်။

တုန်ခါသည့် ဧရိယာမှာ စတုရန်းမိုင်ပေါင်း(၂၀၀၀၀)ကျော်ရှိသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းအဆောက်အဦးစေတီများ ၉၀% ပျက်စီးခဲ့ရသည်။

ဧရာဝတီ ရေစီးဆင်းမှု ရပ်သွားပြီး ရေပြင်တွင် လှိုင်းကြီးခဲ့သည်။

အခြားမြေပြင် အနေအထားများ ပြောင်းလဲမှု ရှိခဲ့သည်။

မင်းဘူး ရွှံ့မီးတောင် (၂)ပေခန့် နိမ့်ဆင်းသွားပြီးရွှံ့ ချော်ရည်များ ကျလာခြင်း၊ ရေတွင်းမှ ရေများ တိုးထွက်လာခြင်း၊ မြေအက်ကွဲကြောင်းများပေါ်လာခြင်းတို့ ဖြစ်ခဲ့သည်။

အမရပူရ-အင်းဝငလျင် ...
1839 မတ်လ(၂၃)ရက်နေ့တွင် အမရပူရ တစ်မြို့လုံးပျက်ဆီးစေခဲ့ပြီး လူ(၃၀၀)ကျော် သေဆုံးခဲ့သည်။

ပြင်ထန်အားအဆင့်(၉) အထိ လှုပ်ရှားသွားသည်။ စက္ကန့်(၃၀)မျှသာ ကြာသော်လည်း ဧရာဝတီမြစ်ကြောင်း
ပြောင်းပြန်စီးကာ မင်းကွန်းခေါင်းလောင်းတော်ကြီး ပြုတ်ကျခဲ့ရသည်။

စစ်ကိုင်း-အင်းဝ နှစ်မြို့စလုံး အထိနာခဲ့ရသည်။

မေမြို့ငလျင် ...
မြန်မာပြည်အတွင်း အပြင်းထန်ဆုံး လှုပ်ခဲ့သည့် ငလျင်ကြီးဟု ဆိုဖွယ်ရှိသည်။

1921 မေလ(၂၃)ရက်နေ့တွင် လှုပ်ခဲ့သည်။ ရှမ်းပြည်နယ် ၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း ၊
မိုးကုတ် ခရိုင်များတွင် အပျက်အစီးများ ရှိခဲ့သည်။ မေမြို့ငလျင်ဟု ခေါ်သော်လည်းဗဟိုချက်မှာတောင်ကြီးမြို့အနီးတွင်ကျရောက်သည်။ ပြင်းထန်အင်အားအဆင့်(၈)ရှိခဲ့ပြီး စတုရန်းမိုင် ၃၇၅၀၀၀အထိ လှုပ်ခါစေခဲ့သည် ။

ဖြူးငလျင် ...
(1930) မေ(၅)ရက် ပဲခူးငလျင်ဒဏ်ကို ပြင်းအား(၇)အထိ ခံလိုက်ရသော ဖြူးမြို့သည် ၄င်းနှစ်
ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပ်ြငးအားအဆင့်(၉)အထိ ခံလိုက်ရပြန်သည်။ ငလျင်ဗဟိုချက်မှာလည်းဖြူးမြို့အနီးတွင် ဗဟို ပြုခဲ့သည်။

ပဲ ခူး င လျင် ၏ နောက် ဆက် တွဲ ဟု ယူ ဆ ခဲ့ ကြ သည်။

လားရှိုးငလျင် ..
(1912) မေ(၂၃) တောင်ကြီးငလျင်သည် လားရှိုး နှင့် မိုင်(၂၅၀)ခန့်ဝေး၍ အင်အား(၇) မှ (၈)
အထိခံခဲ့ရသည်။

(1923) ဇွန်(၂၂) ငလျင်တွင် အင်အား (၈)အထိ ခံလိုက်ရသည်။

တောင်ကြီးငလျင် ..
(1921) ငလျင်သည် တောင်ကြီးမြောက်ဘက်(၂၁)မိုင်ကို ဗဟို ပြုခဲ့သည်။
အင်အား(၈)နှင့်(၉)ကြားရှိခဲ့သည်။

ကျိုင်းတုံငလျင် ..
အောက်ခံ ကျောက်လွှာ မတည်ငြိမ်သေး၊ အင်အား အသင့်သင့် နှင့် အင်အားသေး ငလျင်များ မကြာခဏ
လှုပ်လေ့ရှိသည်။ (1941) ဒီဇင်ဘာ ၊ (1950) ဖေဖော်ဝါရီ(၂)ရက်တို့တွင် အင်အား(၇)ဖြင့် လှုပ်ခဲ့သည်။

ဗန်းမော်ငလျင် ...
ငလျင်စက်ကွင်း မလွတ်ပါချေ။
(1931) ဇန်န၀ါရီ(၂၇) ကာမိုင်းငလျင်၊ (1946) တကောင်းငလျင်တို့ကြောင့် အင်အား(၇) မှ (၈)
အတွင်းခံခဲ့ရသည်။

ဗန်းမော်မြို့အနီး ပြတ်ရွေ့ကြောင်းများမှာ တည်ငြိမ်မှု မရှိပါချေ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...