Wednesday, May 29, 2013

မီးကင် ၊ ကြော်လှော်ထားသော အစားအစာများ ဆီးကြိတ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်






မီးကင်ကြော်လှော်ထားသော အစားအစာများကို အမြဲစားသုံးလျှင် ဆီးကြိတ်ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်း သိရသည် ။

အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်မြို့ ရှိ ဖရက်ဟတ်ချင်ဆန် ကင်ဆာသုတေသနဌာနမှ သုတေသီများသည် ဆီးကြိတ်ကင်ဆာရောဂါ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးအား သုတေသနပြု့ လေ့လာခဲ့ရာ ယင်းကဲ့သို့ တွေ့ ရှိရခြင်းဖြစ်သည် ။

ကြက်ကြော် ၊ ငါးကြော် ၊ အာလူးကြော် စသော အလွန်အကျွံမီးကင်ကြော်လှော်စီမံထားသည့် အစားအစာများထဲ့၌ ကာစီနိုဂျင်းနစ်ဒြပ်ပေါင်းများပါဝင်သဖြင့် အသက် ၄၀ ဝန်းကျင်မှ အသက် ၆၀ အတွင်း အမျိုးသားများ၌ ဖြစ်ပွားလေ့ရှိသော ဆီးကြိတ်ရောင်ရမ်းခြင်းမှာ ကင်ဆာ ရောဂါအဖြစ် အသွင်ပြောင်းလဲသွားစေနိုင်ကြောင်း သိရသည် ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...