Wednesday, May 29, 2013

ဧ၀ရက်တောင်ထိပ်ရောက်အသက်အကြီးဆုံးဂျပန်တောင်တက်သမား..

ဧ၀ရက်တောင်ထိပ်ရောက်အသက်အကြီးဆုံးဂျပန်တောင်တက်သမား..

အသက်(၈၀)အရွယ်ရှိဂျပန်တောင်တက်သမားယူအိချီရိုမီအူရာသည် ဧ၀ရက်တောင် ထိပ်ကိုရောက် ရှိသောအသက်အကြီးဆုံးလူအဖြစ်စံချိန်ချိုး ကာကြာသပတေးနေ့ ကတောင်ထိပ်ကိုရောက်ရှိခဲ့သည်။မစ္စတာမီအူရာသည်  နှလုံးခွဲစိတ်မှု(၄)ကြိမ်လုပ်ထားသော်လည်းဧ၀ရတ်တောင်ထိပ်ကို(၂၀၁၃
)ခုနှစ်ကပထမအကြိမ်ရောက်ရှိခဲ့ပြီး၊နောက်(၅)နှစ်အကြာတွင် ထပ်မံရောက် ရှိခဲ့ခြင်းဖြစ် သည်။ သူသည် တောင်ထိပ်ကိုထပ်မံရောက်ရှိခဲ့ပြီဆိုသည့် အကြောင်းကိုမိသားစုထံသို့ ဖုန်းဆက်ပြောခဲ့ကြောင်းသိရသည်။ 

ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ်သို့ တက်ရောက်နိုင်ပြီးမသေမပျောက်ဘဲပြန်လည် ဆင်းလာနိုင်ခြင်း မှာအံ့သြဖွယ်ကောင်းလှကြောင်းတောင်တက်သမားများ ကပြောကြားခဲ့သည်။မစ္စတာမီအူရာသည် ၎င်း၏သားအပါအ၀င်အခြား ဂျပန်တောင်တက်သမား(၃)ဦးနှင့် နီပေါလူမျိုးလမ်းပြ(၆)ဦးတို့နှင့် အတူ 
ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း တွင်ဖော်ပြထားသည်။

SkyNet TV Browser

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...