Wednesday, May 29, 2013

ကမ္ဘာ့ ပုံရိပ်အား အာကာသ အတွင်းရှိ ပတ်လမ်းမှ ပထမဆုံး အကြိမ် ရိုက်ကူးခဲ့သည့် ကင်မရာ တစ်လုံး လေလံတင် ရောင်းချမည်



ကမ္ဘာမြေ၏ ပုံရိပ်များအား ၁၉၇၃ ခုနှစ်တွင် ကမ္ဘာ့ဂြိုဟ် ပတ်လမ်း အတွင်းမှ ပထမဆုံးအကြိမ် အဖြစ် ရိုက်ကူးရာတွင် အသုံးပြု ခဲ့သည့် နာဆာ၏ ရှားပါးသော Hasselblad 500 EL/M အမျိုးအစား ကင်မရာ တစ်လုံး အား
လေလံတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကင်မရာအား ၁၉၇၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘာမြေသို့ လည်ပတ်ခဲ့သည့် အမေရိကန် နိုင်ငံ၏ ပထမဆုံး အာကာသယာဉ် Skylab ပေါ်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကင်မရာသည် အထူးသဖြင့် Skylab ယာဉ်ကျဉ်းကျုတ် သည့် အခြေအနေမျိုးတွင် အသုံးပြုနိုင်ပြီး အာကာသဝတ်စုံ ဝတ်ဆင်စဉ် ပုံရိပ်များကိုပင် ရိုက်ကူးနိုင်ရန် ပြင်ဆင် ထုတ် လုပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Skylab အာကာသယာဉ်သည် ကမ္ဘာမြေ၏ ဖွဲ့စည်းပုံ အမျိုးမျိုးအား သိရှိရန်အတွက် ပတ်လမ်းအတွင်း၌ လည် ပတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းယာဉ်ပေါ်တွင် အလုပ်ရုံ တစ်ခု၊ နက္ခတ် တာရာနှင့် စောင့်ကြည့် လေ့လာရေး ကင်မရာ တစ်လုံးနှင့် အခြား စနစ်များစွာ ပါဝင်တပ်ဆင် ထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...