Thursday, August 29, 2013

ဂျပန်ဒုံးပျံ လွှတ်တင်မှု ဖျက်သိမ်းခဲ့ရခြင်းမှာ Programming ပြဿနာ များကြောင့်ဟုဆို


ဂျပန်နိုင်ငံက လွှတ်တင်ရန် ကြိုးစားခဲ့သည့် ဒုံးပျံအစီအစဉ် မအောင်မြင်ခဲ့ခြင်းသည် Programming ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က Epsilon ဒုံးပျံကို အာကာသထဲ လွှတ်တင်ရန် ကြိုးစားခဲ့သော်လည်း ချွတ်ယွင်းအားနည်းချက်များ ရှိနေခြင်းကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ဂျပန်က ကြေညာခဲ့ရသည်။

လောင်စာခဲကို အသုံးပြုသည့် အမျိုးအစားသစ် ဒုံးပျံကို လွှတ်တင်ရန် (၁၉)စက္ကန့် အကြာတွင် မူလအစီ အစဉ်မှ သွေဖယ် ရပ်နားထားရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။ ဂျပန်မီဒီယာများက ယခုကိစ္စသည် Programming အမှားအယွင်းနှင့် ကြိုတင်စစ်ဆေးမှု လျော့ရဲခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြု ရေးသားလျှက်ရှိသည်။

လွှတ်တင်မှု စနစ်ကို ထိန်းချုပ်သည့် ကွန်ပျူတာက ဒုံးပျံ၏ ထားသိုမှုနေရာ မူမမှန် ဖြစ်နေကြောင်း သတိပေး ခဲ့ပြီး နောက်ပိုင်းတွင်မူ ပုံမှန်သာဖြစ်ကြောင်း ပြန်လည် ပြင်ဆင် ဖော်ပြခဲ့သည်။ အဆိုပါအခြေအနေများ ကြောင့် အရဲကိုးလွှတ်တင်မှုမပြုလုပ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဟုသိရသည်။ "အခြေခံပြဿနာ လောက်ပဲလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါက အရမ်းပြင်းထန် ထိခိုက်တဲ့ချွတ်ယွင်းချက်မဟုတ်နိုင်လောက် ပါဘူး"ဟု ဒုံးပျံကျွမ်းကျင်သူတစ်ဦးက ကျိုဒိုသတင်းဌာနသို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။

ကျူရှူး တက္ကသိုလ်မှ ပရော်ဖက်ဆာ တတ်ဆူအို ယာဆာကာက "အသေးစားပြင်ဆင်မှုလေး တချို့တော့ လုပ်ရမယ် ထင်ပါတယ်။ လောလောဆယ်တော့ ချွတ်ယွင်းချက် ရှာဖွေမှု ဘောင်ကို တဖြည်းဖြည်း ကျဉ်းမြောင်းလာအောင် လုပ်ဆောင်နေပါတယ်"ဟု ဆိုသည်။ အဆင့်(၃)ဆင့် ခွဲထွက်နိုင်အောင်ဆောက် လုပ်ထားသည့် ဒုံးပျံသည် (၂၄.၄)မီတာ ရှည်လျားပြီး အချင်း(၂.၆)မီတာ ကျယ်ဝန်းကာ (၉၁)တန် အလေးချိန် ရှိသည်။

ယခုဒုံးပျံသည် SPRINT-A အာကာသ မှန်ပြောင်းကို အာကာသထဲ တင်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာမြေ၏ ဝေးလံသီခေါင်သော အစွန်အဖျားဒေသများအပြင် နေအဖွဲ့အစည်းအတွင်းရှိ ဗီးနပ်စ်၊ မားစ်နှင့် ဂျူပီတာ ဂြိုဟ်များကိုပါ လေ့လာသွားရန် ရည်ရွယ်ထားသည်။

Planet Myanmar Network

အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်


29.8.2013

အခွင့်အရေး နှစ်ခု တိုက်တာက သွန်းဆက် အမြဲတမ်းကြုံ ဖြစ်တယ်။ တစ်ခါတလေ ကျရင် အလုပ် နှစ်ခု အပြိုင်ဆိုရင် နှစ်ခုစလုံးကကောင်း နေပြီဆိုရင် ကိုယ်က ဘယ်ဟာ ရွေး လို့ ရွေးရမှန်း မသိတော့ဘူး။ အခွင့် အရေးနှစ်ခု လာတိုက်ရင်တော့ အ ရမ်းစိတ်ညစ်တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး တစ်ခုကိုပဲ ကိုယ်ကရွေးချယ် ရတာပေါ့။

သွန်း ဆက်က အနုပညာ အလုပ်ကို ပေါ် ပြူလာဖြစ်ချင်လို့ လုပ်တာ မဟုတ် ဘူး။ သွန်းဆက်က ငယ်ငယ်လေး ကတည်းက သရုပ်ဆောင် တာကို အရမ်းဝါသနာ ပါပြီး တကယ် ရူးသွပ် ခဲ့တာဆိုတော့ အနုပညာကို တကယ် ချစ်တယ်။ ကိုယ့်စိတ်ထဲမှာကိုက အနုပညာကို ဝါသနာ အရမ်းပါလို့ လုပ်တာ။ ဇာတ်ကားတွေ ကတော့ တောက်လျှောက် အခုတော့ ရိုက်ဖြစ် နေတယ်။ ကိုယ့်ဇာတ်ကား ကိုကြည့် ပြီးပရိသတ် အတွက် တစ်ခုခုဖြစ် သွားတယ်ဆိုရင်ပဲ သွန်းဆက်ကျေ နပ်ပါတယ်။

မော်ဒယ်သွန်းဆက်နဲ့ သရုပ်ဆောင် သွန်းဆက် အရမ်းကို ကွာခြားတယ်။ ဓာတ်ပုံရိုက် တယ်ဆိုတာ ကိုယ် post ပေးပြီး တော့ လုံးဝအတည်ပဲရိုက် ရတာ။သရုပ်ဆောင် တယ်ဆိုတာက ကိုယ် လှုပ်ရှားတဲ့အရာတိုင်းကို ကင်မရာနဲ့ ရိုက်နေတာဆိုတော့ သရုပ်ဆောင် တဲ့အခါ သတိထားပြီးတော့ သရုပ် ဆောင်ရတာတွေရှိတယ်။ သရုပ် ဆောင်ဘဝကို အရမ်းရူး သွပ်ခဲ့တော့ သရုပ်ဆောင် ပဲဖြစ်ချင် ပါတယ်။

သရုပ်ဆောင်ဖြစ် ချင်တဲ့ အကြောင်း ပြချက်က သွန်းဆက် ငယ်ငယ်တုန်း က မထက်ထက်မိုးဦးကြော်ငြာတွေ ကြည့်ပြီး သူသရုပ်ဆောင် ပြီးသွား တာနဲ့ ကိုယ့်ဘာသာကိုယ် သီချင်း လိုက်ဆိုပြီး အဲဒီအတိုင်းကို အိုက် တင်လိုက်လုပ်တာ။ အဲဒီလိုဆိုတော့ ငယ်ငယ်ကတည်းက သွန်းဆက်ရဲ့ စိတ်ထဲမှာ အနုပညာအရမ်းကိုစီး ဆင်းနေတာပါ။

ရိုးရာလေး

သမီးဖြစ်သူ တရုတ်တွင် ရောင်းစားခံရသဖြင့် မိခင်က အမှုဖွင့်လိုက်ပြီ


အမျိုးသမီးကြီးတစ်ဦးက သူ့သမီးဖြစ်သူ တရုတ်နိုင်ငံတွင် ရောင်းစား ခံရသဖြင့် ထိုသို့ပြုလုပ်သူခုနစ်ဦးကို လူကုန်ကူး မှုဖြင့် အရေးယူပေးပါရန် သြဂုတ် ၂၇ ရက်က လှော်ကားနယ်မြေ ရဲစခန်းတွင်အမှုဖွင့် တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုအမျိုးသမီးသည် ပြီးခဲ့သည့် မတ်လဆန်းက ရွှေပြည်သာမြို့နယ်မှ တစ်ရပ်ကွက်တည်းနေသူ အသက် ၄၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးက သူ့သမီးကို တရုတ်ပြည်တွင် အလုပ်လုပ်ပါက တစ်လလျှင် ကျပ် ငါးသိန်း ရရှိမည်ဟု စည်းရုံးခဲ့ကြောင်း ရဲစခန်းတွင် စွပ်စွဲထွက်ဆိုသည်။

ထို့နောက် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် သူ့သမီးသည် နေ အိမ် မှ ပျောက်ဆုံးသွားသဖြင့် ကနဦးက သူ့သမီးကို လာရောက်စည်းရုံး
ခဲ့သည့် အမျိုးသမီးထံသွားရောက်မေးမြန်းရာ တိကျစွာမဖြေဘဲအခြား အမျိုးသမီးတစ်ဦးနှင့် အလုပ်လုပ်ရန် တစ်နေရာသို့ သွားရောက်နေ သည်ဟုသာ တုန့်ပြန်ပြောကြား ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ဇွန်လ ၂၃ ရက်တွင်မူ သူ့သမီးက နံဘေးအိမ်ရှိ ဖုန်းသို့ ဆက်သွယ်လာသဖြင့် ပြန်လည်ဆက်သွယ်ခဲ့ရာ သူ့ကို လာရှိုးမှ တဆင့် တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် ငွေကျပ် ၈၅ သိန်းဖြင့် တရုတ်အမျိုးသား တစ်ဦးထံတွင် အဓမ္မရောင်းစားခံထား ရကြောင်း မိခင်ဖြစ်သူကို ပြောကြားခဲ့သည်ဟု ရဲစခန်းတွင်တိုင်တန်းရာ၌ တရားလိုက ထွက်ဆိုထားသည်။

ထို့ပြင် သူ့သမီးသည် တရုတ်အမျိုးသား နှင့် ရရှိထားသော ကိုယ်ဝန်မှာ နှစ်လခန့်ရှိနေပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ရဲစခန်း၌ ထွက်ဆိုထားသည်။

ထို့ကြောင့် သူ့သမီးကို ယုံကြည်အောင် စည်းရုံးသွေးဆောင်ပြီး တရုတ်နိုင်ငံတွင် မယားအဖြစ် ရောင်းစားခဲ့သူ ခုနစ်ဦး ကို အရေးယူပေးပါရန် မိခင်ဖြစ်သူက ရဲစခန်း၌ တိုင်တန်းလိုက်ပြီး ရဲစခန်းကလည်း အမှု အမှတ် (ပ) ၂၅၇/၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။

ယင်းအမှုတွင် ပါဝင်ပတ်သက်သူများသည် ခုနစ်ဦးအထိပင်ရှိနေကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ထို့ပြင် သံသယရှိသူများအနက် မအငယ်လေး(ခ) မအေးမြန်မွန်ဆိုသူနှင့် မမာမာဦးဆိုသူနှစ်ဦးမှာ အလားတူ လူကုန်ကူးမှု တစ်ခုဖြင့် စွပ်စွဲတိုင်တန်းခံထားရသဖြင့် လှော်ကားရဲစခန်းကပင် အမှုဖွင့် ဖမ်းဆီးထားပြီး မစိုးစိုးဆိုသူ အမျိုးသမီးမှာလည်း လူကုန်ကူးမှု၏ တရားခံပြေးအဖြစ် သတ်မှတ်ခံထားရကာ ရဲများက လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း တိုင်းရဲဌာနကဆိုထားသည်။

ယခုအမှုနှင့်ပတ်သက်၍ သံသယရှိသူ နှစ်ဦးကို ဖမ်းမိပြီးဖြစ်သည့်အတွက် ကျန်ငါးဦးကို ဖမ်းမိရေးအတွက် ရဲများက လိုက်လံစုံစမ်းနေပြီး ဖမ်းမိပါက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထိန်းသိမ်းစေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ယခင်ထိန်းသိမ်း လူဦးရေ ၃၀ ကျော်မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ အဆိုပါ တောင်းရမ်းသူများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ တောင်းရမ်းစားသောက်ခြင်း မပြုရန် ပညာပေးခြင်းတို့ကို ပြုလုပ်ပြီး ပြန်လွှတ်ပေးသည်ဟု သိရသည်။

"ပထမအကြိမ်တော့ ခေါ်ဆောင်ထိန်းသိမ်းမယ်။ နှစ်သိမ့်ပညာပေး ဆွေးနွေးပြီးတော့ ပြန်လွှတ်ပေးမယ်။ အဲဒီလို ပြန်လွှတ်ပေးပြီးမှ နောက်တစ်ကြိမ် ပြန်တောင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရေးယူရာ၌ အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက်သူများ ဖြစ်ပါက ၎င်းတို့အား အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိဘထံ ပြန်လည်အပ်နှံပြီးသူများ ပြန်လည်တောင်းရမ်းခြင်းမျိုး ဖြစ်ပါက တောင်းရမ်းသူများကို အရေးမယူဘဲ မိဘအား အရေးယူမည်ဟု သိရသည်။

By Eleven

“နေ့စဉ်သုံး...အင်္ဂလိပ်စကား..(၁)”



ဲက အသုံးဝင်နိုင်လောက်တဲ့ တဲ့ စကား (၃) မျိုးကိုဖော်ပြလိုက်ပါတယ်


(1) Arip-off----------------- ကျွန်တော်တို့ ပစ္စည်းတစ်ခုခု ၀ယ်ကြတဲ့အခါ ပေးရတဲ့ငွေကြေးနဲ့ ပစ္စည်းနဲ့ မထိုက်တန်ရင်..“မတန်ပါဘူးကွာ”..လို့ ပြောတတ်ကြပါတယ်။ငွေပေးရသလောက်ပစ္စည်းက မကောင်းရင်ဘဲဖြစ်ဖြစ်၊ ငွေပေးရသောက် ၀န်ဆောင်မှုတစ်ခုခု ညံ့နေရင်ဖြစ်ဖြစ် “မတန်ပါဘူး”လို့ ပြောချင်ရင်..A rip-off ကို သုံးနိုင်ပါတယ်။

(a) I paid a lot of money for this computer ,but it is so slow. What a rip-off!
ဒီကွန်ပြူတာကို ဈေးကြီးပေးဝယ်ထားရပြီး..အရမ်းနှေးတာဘဲ။မတန်လိုက်တာ..ကွာ။

(b)My phone is A rip-off! It costs 5-lakhs,but it always has problems!
ငါ့ဖုန်းက မတန်ပါဘူးကွာ။၅-သိန်းပေးရပြီး အမြဲပျက်နေတာ။

(c) Don't go to that clinic! It's A rip-off!It's very expensive ,but the nurses are terrible.
အဲဒီဆေးခန်းမသွားနဲ့။ မတန်ဘူး။ ဈေးကြီးပြီး ဆရာမတွေက အပေါက်ဆိုးတယ်။

(2) Short by

တစ်ခါတစ်လေ... ငွေဘဲဖြစ်ဖြစ်၊ အခြားလူ/ ပစ္စည်းဘဲဖြစ်ဖြစ် ရည်မှန်းချက်တစ်ခုအထိ ဒါမှမဟုတ် ရှိရမယ့်ပမာဏတစ်ခုအထိ မပြည့်မီဘဲ လိုအပ်နေတတ်ပါတယ်။ ဥပမာ.. ငွေတစ်ထောင်တန် ပစ္စည်းတစ်ခုဝယ်ချင်တယ်.. ဒါပေမယ့် လက်ထဲမှာ ရှစ်ရာဘဲရှိတယ်။ ဒါဆို..ငွေနှစ်ရာ..လိုနေပြီပေါ့..။ ဒီလို...လိုတာကို...အင်္ဂလိပ်လို Short by လို့..သုံးပါတယ်။

(a) It costs 1000kyats, but you give me 900 .You're short by 100-kyats.
၁၀၀၀ကျပ် ကျတာကို ခင်ဗျားက ၉၀၀ ပဲပေးပါတယ်။၁၀၀-ကျပ် လိုပါသေးတယ်..ခင်ဗျ။

(b) We need 10 players for our football game.We only have 8 players now , so we are short by 2 players.
ဘောလုံးပွဲအတွက် ကစားသမား (၁၀) ယောက်လိုတယ်။ အခု..(၈)ယောက်ပဲ ရှိသေးတယ်ဆိုတော့..ကစားသမား (၂) ယောက် လိုနေသေးတယ်။

(c)I want to buy my son a watch,but I 'm short by 500 kyats.Can you lend me 500 kyats?
ကျွန်မရဲ့ သားလေးကို နာရီတစ်လုံးဝယ်ပေးချင်တာ...(၅၀၀)လောက်လိုနေတယ်။ (၅၀၀)လောက် ချေးနိုင်မလား..။

(3) Think twice

ကျွန်တော်တို့ အလုပ်တစ်ခုမလုပ်မီ အမှားအယွင်းဖြစ်မှာစိုးလို့ လူကြီးသူမတွေ သတိပေးတတ်တဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သေချာ..စဉ်းစားနော်”၊ “ဆုံးဖြတ်ချက် မလောနဲ့”.. စသဖြင့် ပြောတတ်ကြပါတယ်။ဒီလို အလုပ်တစ်ခု မလုပ်ခင်...၊ ဆုံးဖြတ်ချက် တစ်ခုကို မချခင်.. သေသေချာချာစဉ်းစားတာကို Think twice.. လို့.. သုံးပါတယ်။

(a) I'm going to quit my job. ငါ..အလုပ်ထွက် တော့ မယ်..ကွာ။

Wait! Think twice! It may be hard to get another job.

နေဦး...။ သေချာစဉ်းစားပါဦး..။နောက်အလုပ်တစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးကွ။

(b) Mary and I want to get married!
ငါနဲ့ ..မေရီတို့က လက်ထပ်ချင်လှပြီ။
Think twice! You are so young!
သေချာပြန်စဉ်းစားပါဦးကွာ..။မင်းက ငယ်လွန်းသေးတယ်..ဟ။

(c) You should think twice before you buy that car.It's vey expensive!
အဲဒီကားမ၀ယ်ခင်..သေချာစဉ်းစား..ပါဦး။အရမ်း..ဈေးကြီးလွန်းတယ်။

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း


အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ ဒါလေးလဲမှတ်ထားသင့်တယ်လို့ထင်ပါတယ်........

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။

(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။

(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။

(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။

(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။

(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။

(၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။

(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း
နေတာပါပဲ ။

(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။

(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။

(၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။

(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။

(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။

(၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။

(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။

(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။

(၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။

(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။

(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

Breaking News အပြောင်းအရွေ့မှာ ငြိမ်နေတဲ့ အာဆင်နယ် ကစားသမားသစ် ခေါ်ပြီ


29.8.2013

အပြောင်းအရွေ့ ဈေးကွက်တွင် ငြိမ်နေသော အာဆင်နယ် အသင်းသည် ယခုနှစ် နွေရာသီ ၎င်းတို့၏ ဒုတိယမြောက် ခေါ်ယူမှု တစ်ခုကို ပြုလုပ်နိုင် ခဲ့ပြီ ဖြစ်ပါသည်။ အာဆင်နယ် အသင်းတွင် လေ့ကျင့်ခန်း ဆင်းနေသော ပြင် သစ် ကစားသမား ဖလာမီနီသည် အာဆင်နယ် တာဝန်ရှိသူများနှင့် ဗုဒ္ဓဟူးညက ဆွေးနွေးမှု အပြီး (၂)နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ဖလာမီနီသည် တစ်ပတ်လုပ်ခ ပေါင်(၅)သောင်းခန့် ခံစားခွင့် ရမည် ဖြစ်ပြီး၊ စာချုပ်ကုန်ပါက ထပ်မံ၍ သက်တမ်း တစ်နှစ် တိုးခွင့် ရှိမည် ဖြစ်သည့် အချက်အလက်ပါကို စာချုပ်တွင် ထည့်သွင်း ချုပ်ဆို ထားသည်။ ဖလာမီနီသည် အေစီမီလန် အသင်းသို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ထွက်ခွာ သွားခဲ့သူ ဖြစ်ပြီး၊ စီးရီးအေတွင် ဒဏ်ရာများဖြင့်သာ ရုန်းကန်နေခဲ့ရသည်။ အေစီမီလန်အသင်းဖြင့် စာချုပ်ကုန်ဆုံးပြီး ယခုနှစ်နွေရာသီတွင် အာဆင်နယ် အသင်းဖြင့် လေ့ကျင့်ခန်း ဆင်းနေခဲ့သည်။

အာစင်ဝင်းဂါး အနေဖြင့် တပည့်ဟောင်း များကို ဒုတိယမြောက် ပြန် လည်ခေါ် ယူမှုများ ပြုလုပ် ထားပြီး၊ ဆိုးကမ်းဘဲ၊ လေမန်း၊ အွန်နရီ တို့ပြီးနောက် ဖလာမီနီသည် စတုတ္ထမြောက် ပြန်လည် ခေါ် ယူမှု ဖြစ် ခဲ့သည်။ သို့သော်လည်း အာစင်ဝင်းဂါးသည် ဒီမာရီယာ၊ ရွန်းနီ၊ ကာဘာယီနှင့် ဂိုးသမား တစ်ဦး ခေါ်ယူရေးအား လက်လျော့ အုံးမည် မဟုတ်ပဲ၊ ဆက်လက် ကြိုးစားသွားရန် ပြင်ဆင်နေသည်။

Ref - http://football-cafe.com/index.php
ရိုးရာလေး

အသက် ၁၆ နှစ်အရွယ် အပျိုစင်လေးအား လိမ်ညာ၍ ပြည့်တန်ဆာလုပ်ခိုင်းသူ အရေးယူခံရ


မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။

“ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြသည်။

အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း ၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း နေအိမ်သို့ မမေသူဇော် စတင် ရောက်ရှိသည့် ညတွင် ထမင်းချက် အလုပ်အား စေခိုင်ခြင်း မရှိဘဲ အိမ်၏ နောက်ဖေး အခန်းအတွင်း ၌ အမည်မသိ အမျိုးသား တစ်ဦးနှင့် မတရား သဖြင့် ကာမစပ်ယှက် ခိုင်းခဲ့သည်ဟု မမေသူဇော်မှ အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့သည် ဟုသိရသည်။

အိမ်ရှင် လင်မယားတို့က လည်း နောက်ရက်များတွင် ယင်းကဲသို့ မပြုလုပ်ခဲ့ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည့် အတွက် ၎င်းနေအိမ် သို့ရောက်ရှိ လာသော အမျိုးသား များဖြင့် နေ့စဉ်လိုလို ပြည့်တန်ဆာ လုပ်ငန်းအဖြစ် ကာမစပ်ယှက် ပေးခဲ့ရန် အိမ်ရှင် လင်မယားမှ အတင်းအဓမ္မ စေခိုင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးငယ်မှ ပြုလုပ်ပေး ခဲ့ရသည်ဟု ဆိုသည်။



ယခုလ ၂၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အိမ်ရှင် လင်မယား နေအိမ်၌ အလုပ်ရှုပ် နေစဉ် အဆိုပါ မိန်းကလေး ငယ်သည် အိမ်နောက်ဖေး၌ အပေါ့စွန့်ရန် သွားဦးမည်ဟု ဆိုကာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နောက် မုံရွာအမှတ် (၂) ရဲစခန်း သို့ လာရောက်၍ သူမ၏ ဖြစ်စဉ်အား ဖွင့်ဟပြောဆို ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။



ထိုအမှုဖြင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက (ပ)၃၇၉/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု



သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။

ဆေးဝါးဖြစ်စေသော အသီးများ




အစာလဲဆေး ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. ၄င်းအသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး ဖတ်မှတ်ထားမိတာတွေထဲကမှ အသီးတစ်ချို့အကြောင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


ကီဝီသီး (Kiwi Fruit)

အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးများတဲ့ အသီးဖြစ်တယ်လို့ဆိုပါတယ်. ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင် စီ မှာ လိမ္မော်သီးထပ်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်.. ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကို ထိန်းညှိပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။


ကီဝီသီး စိုက်ခင်း
နွယ်ပင်မျိုးဖြစ်တဲ့ ကီဝီသီးရဲ့ မူလပေါက်ဖွားရာဒေသဟာ တရုတ်ပြည်လို့ သိရပြီး တရုတ်မူရင်း မျိုးနွယ်ဖြစ်တာကြောင့် အမျိုးသား အသီးအနှံအဖြစ် ကြော်ငြာခြင်းခံရပါတယ်... ယခင်က တရုတ်အမည် Chinese gooseberry လို့ အမည်တွင်ရာမှ ၁၉၀၀ ခုနှစ်နောက်ပိုင်း နယူးဇီလန်နိုင်ငံကို ရောက်ရှိသွားပြီး ၄င်းမှတစ်ဆင့် အခြားနိုင်ငံအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားပါတယ်. အဲဒီတော့မှ ကီဝီသီးလို့ အမည်တွင်လာကာ လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်.. ငှက်ပျောသီး၊ နာနတ်သီးနဲ့ စတော်ဘယ်ရီတို့ရဲ့ အရသာမျိုး ပေါင်းစပ်ပါဝင်ပြီး အချဉ်ဓာတ်ကဲတဲ့ အရသာကြောင့် အဖျော်ယမကာအဖြစ် ထုတ်လုပ်လာကြပါတယ်. တရုတ်ပြည်မှာတော့ ဟန်မင်းဆက် လက်ထက်ကတည်းက ကီဝီသီးကနေ ၀ိုင် အရက် ချက်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..


ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။။


စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ အလွန် ကောင်းမွန် မြင့်မားတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် စားသုံးသူတွေအတွက် အလွန်အကျိုးများစေတဲ့အသီး ဖြစ်ပါတယ် ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊ သွေးဖိအားမြှင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို အားကောင်းစေတယ်လို့ သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်တယ် လို့ ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအ၀င် ဘယ်ရီသီးကို များများ စားသင့်ပါတယ်နော်။



လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်.. ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။


ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။

သေဘာၤသီး

ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်.. သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်..

နဂါးမောက်သီး ( Dragon fruit)
လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင် အမေရိကတိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလိပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ

စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်..

အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီး အမှည့်အခွံဟာ အများ အားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်.. နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေ ကာကွယ်သင့်ကြတယ် မဟုတ်ပါလားနော်။

အိုဘားမားက ဆီးရီးယားကို တိုက်ခိုက်ရေးမဆုံးဖြတ်ရသေးကြောင်းဆို


Thursday, 29 August 2013

ဓာတုလက်နက် သုံးစွဲခြင်းသည် အမေရိကန်တို့ ထားရှိသော အနီရောင်မျဉ်းကို ကျော်လွန်ခြင်း ဖြစ်လိမ့်မည်ဟု သတိပေး စကား ပြောကြားခဲ့သော သမ္မတအိုဘားမားက ဆီးရီးယားနိုင်ငံရှိ လွန်ခဲ့သည့် ရက်သတ္တပတ် တိုက်ခိုက်မှုသည် အစိုးရကို အပြစ်တင်ရမည်ဟု ကောက်ချက်ချကြောင်း ပြောကြားခဲ့သော်လည်း ဆီးရီးယားကို တိုက်ခိုက်ရန် ယခုအချိန်အထိ မဆုံး ဖြတ်ရသေးကြောင်း ယမန်နေ့က ပြောကြားသည်။

ဝါရှင်တန် အစိုးရသည် ၎င်း၏စွပ်စွဲမှုများကို သက်သေပြမည့် ဖြစ်ရပ်များနှင့် ပတ်သက်သည့် အစီရင်ခံ စာတစ်စောင်ကို ထုတ်ပြန်မည်ဖြစ်ကာ ယနေ့တွင်ပင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။ အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် အမိန့်ပေးရန် မည်မျှနီးစပ်နေပြီဖြစ်ကြောင်း မေးမြန်းချိန်တွင် သမ္မတက “ဆုံးဖြတ်ချက် မချရသေးဘူး” ဟု ပြောကြားသည်။ သို့သော် အမေရိကန်တို့၏ လုပ်ဆောင်ချက်များသည် ဆီးရီးယားအစိုးရတို့ “ဒီဟာကို ထပ်မလုပ်တာ ကောင်းမယ်” ဆို သည့် အတွေးမျိုး ရသွားစေရန် သတိပေးသည့် အနေဖြင့် လုပ်ဆောင်သွားရန်သာရှိကြောင်း သတိပေး ပြောကြားသည်။

အမေရိကန် သမ္မတက ဆက်လက်၍ ရှင်းလင်းသော အသိပေးချက်သည် ဆီးရီးယားကိုသာ မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းသို့ ပို့ပေးရန် အလွန်အရေးကြီးကြောင်း ပြောကြားပြီး “ဓာတုလက်နက်တွေလိုမျိုး ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စံနှုန်းကို နိုင်ငံတွေက ချိုးဖောက်တဲ့ အချိန်မှာ သူတို့ဟာ ဖြစ်လာတဲ့ အကျိုး ဆက်တွေအတွက် တာဝန်ရှိတယ် ဆိုတာကို သေချာအောင် ကျွန်တော်တို့ လုပ်ပေးရမယ်” ဟုပြောကြားသည်။

ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ တစ်ခုသည် ပြည်တွင်းစစ်ကို အနောက်နိုင်ငံများ အာရုံစိုက်လာစေသော ခြိမ်းခြောက်မှုများနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လူရာပေါင်းများစွာ သေခဲ့သည့် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်စ်တွင် ရောက်ရှိနေပြီး ဓာတု လက်နက်နှင့် တိုက်ခိုက်ခံရကြောင်း စွပ်စွဲထားသော နေရာရှိ သေဆုံးခဲ့သောလူများကို စစ်ဆေးနေကြသည်။

ကုလသမဂ္ဂက ၎င်း၏စုံစမ်းရေးအဖွဲ့သည် စုံစမ်းမှုများပြီးမြောက်ရန် နှစ်ရက် ထပ်လိုကြောင်း ပြောကြားသော်လည်း ဓာတု လက်နက်များ သုံးခဲ့မသုံးခဲ့နှင့်ပတ်သက်၍ မည်သည့်နေ့တွင် နောက်ဆုံးအစီရင်ခံမည် ကိုပြောကြားထားခြင်းမရှိပေ။

ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် လက်ရှိတွင် လွှတ်တော်၏ ဆန့်ကျင်မှုခံနေရပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်မလာခင်ချိန်ထိ စစ်ရေးဆောင်ရွက်ချက်များ မလုပ်ဆောင်ရန် ဖိအားပေးတောင်းဆို ခံနေရသည်။

အမေရိကန်အစိုးရ အရာရှိများက စစ်တပ်လုပ်ဆောင်ချက် မလုပ်ဆောင်မီ ဗြိတိန်ကို စောင့်နေမနေကို ချက်ချင်း ပြောကြားမည် မဟုတ်ပေ။
ဓာတုလက်နက် သုံးစွဲတိုက်ခိုက်ခြင်းကြောင့် ဆီးရီးယား အစိုးရကို အမေရိကန်၊ ဗြိတန်နှင့် ပြင်သစ်တို့က အပြစ်တင် ကြသော်လည်း ၎င်းအစိုးရက ၎င်းတိုက်ခိုက်မှုတွင် သူပုန်များကို အပြစ်တင်ထားသည်။

ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆီးရီးယား သမ္မတအား ဖိအားပေးရေး အစီအစဉ်သုံးရပ်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က နိုင်ငံတကာ အသိုင်းအဝိုင်းသည် ခြေလှမ်းထပ်မတိုးမီ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ လုပ်ဆောင်ချက်ပြီးချိန်ထိ စောင့်သင့်ကြောင်း ပြောကြားခဲ့သည်။

themyanmaage

အသက် ၃၀ မှာပြောင်းလဲလာတဲ့အမျိုးသမီးများရင်သားအကြောင်း




အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ
အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာက တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ်တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြပါတယ်။
သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လိုပါတယ်။

ရင်သား အဖုအကျိတ်
မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။


ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်
ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။


ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်
ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

အနက်လေး နှင့် ခင်ဝင့်ဝါ



Supranational Myanmar 2013







ရေသတ္တ၀ါ အခေါ်အဝေါ်များ


သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် အသုံးလိုမည့် ရေသတ္တ၀ါများဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ကျန်တာတွေလည်း ဖြည့်စွက်ပေးကြပါနော်…း)


၁။ ကမာ = Oyster

၂။ ကနုကမာ = Scallops

၃။ ကကတစ် = Sea bass/ Giant sea perch/ Bectic

၎။ ကကူရံ = King Fish/ Tasselfish

၅။ ကင်းပွန် = Squid

၆။ ကဏန်း = Crab

ရ။ ကျောက်ပုဇွန် = Lobster

၈။ ခုံးကောင် = Clam

၉။ ခရု = Winkle

၁၀။ ငါးကြင်း = Mrigal

၁၁။ ငါးပါးနီ = Red snapper

၁၁။ ငါးခူး = Cat Fish

၁၂။ ငါးစင်းရိုင်း = Striped Dwarf cat fish/ Sorobium

၁၃။ ငါးရှဉ့် = Eel

၁၄။ ငါးတန် = Butter Fish

၁၅။ ငါးသလဲတိုး = Loach

၁၆။ ငါးရောင် = Sea Cat Fish

၁ရ။ ပင်လယ် ငါးမုတ် = Pomfet

၁၈။ ငါးပုဏား = Mango Fish

၁၉။ ကကူရန် = Indian Salmom

၂၀။ ငါးမြစ်ချင်း = Rohu

၂၁။ ငါးသိုင်း = Catla

၂၂။ ငါးရံ့ = Murral / Snake headed fish

၂၃။ ငါးသလောက် = Anchovy, Hilsa

၂၄။ ငါးသလောက်ဥ = Hilsa Roe

၂၅။ ငါးသံချိတ် = Dwarf catfish

၂၆။ ငါးပြေမ = Climbing perch

၂ရ။ ငါးမန်းတောင် = Shark’s fin

၂၈။ ငါးဖယ် = Fresh Water Herring

၂၉။ ငါးနုသန်း = Sliver Cat Fish

၃၀။ ပုဇွန်ကျား = Tiger Prawn

၃၁။ ပုဇွန်ထုပ် = Prawn

၃၂။ ပုဇွန်ဆိတ် = Shirmp

၃၃။ ပြည်ကြီးငါး = Cuttle Fish

၃၄။ ပြည်ကြီးမျှော့ = Sea Cucumber

၃၅။ ရေခူ = Jelly Fish

၃၆။ မြစ်ငါးတန် = river catfish / Pangasius
မှော်ဆရာအဖွဲ့မှ ....

အမေရိကန်နှင့် မာတင်လူသာကင်း အိပ်မက်

Thursday, 29 August 2013

သူ့နာမည်က အမေရိကန်စာသင်ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေနှင့် ကြီးကျယ်ခန်းနားသည့် အမှတ်တရ အတ္ထုပတ္တိတွေကို တန်ဆာဆင် ပေးထားသည်။ အမေရိကန် ကလေးငယ်တွေ အများစုကို စကား ပြောတတ်လျှင် ပြောတတ်ချင်း မာတင်လူသာကင်းကို လေးစားဖို့ သင်ကြားပေးကြသည်။ သူပေးခဲ့သည့် သတင်းစကားက ရိုးရှင်းပြီး လူတိုင်းနားလည်နိုင်သည့် အမေရိကန်၏ အခြေခံကတိဖြစ်သည်။ “လူသားအားလုံးကို (ဘုရားသခင်က) တူညီစွာ ဖန်ဆင်းခဲ့သည်” ထို့ပြင် “အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပျော်ရွှင်မှုကို ခံစားခွင့်” ရှိသည်ဟု သူ ဆိုခဲ့၏။ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ၀ါရှင်တန်ဒီစီတွင် ၂ သိန်းခွဲကျော်ရှိသော လူထုပရိသတ်ကြီးရှေ့၌ သူအကောင်းဆုံး မှတ်ကျောက်တင်နိုင်ခဲ့သည်။ “ကျနော် အိပ်မက်တခု မက်ပါတယ်၊ တနေ့ကျရင် ကျနော့်ရဲ့ ကလေးငယ် ၄ ယောက်ဟာ သူတို့ရဲ့ အသားအရောင်ကို မကြည့်ဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကိုကြည့်ပြီး ဆုံးဖြတ်တဲ့နိုင်ငံမှာ နေကြရလိမ့်မယ်” ဟု သူက ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ လူမျိုးရေး တန်းတူညီမျှခွင့် တိုက်ပွဲသည် ရှည်ကြာခဲ့ပြီဖြစ်သော်လည်း အဆုံးမသတ်နိုင်သေးဟု အများက ဆိုကြသည်။ သမ္မတ ဘားရတ် အိုဘားမားက ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သော မာတင်လူသာကင်း၏ “ကျနော် အိပ်မက်တခု မက်ပါတယ်” ဆိုသည့် မိန့်ခွန်း နှစ် ၅၀ ပြည့်သည့် အထိမ်းအမှတ် အခမ်းအနားတွင် လွန်ခဲ့သောရာစုနှစ်ဝက်က နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ပြောကြားခဲ့သည့် စကားများနှင့် အလားတူစွာ အမှတ်တရပြောကြားခဲ့သည်။

မိုးတဖွဲဖွဲရွာနေသည့် နွေရာသီနေ့တနေ့တွင် ထောင်နှင့် ချီသောပြည်သူများသည် လင်ကွန်း အမှတ်တရ အဆောက်အဦး ရှေ့တွင် ထီးများဆောင်းပြီး လွန်ခဲ့သောနှစ် ၅၀ က အလုပ်အကိုင်နှင့် လွတ်လပ်ခွင့် အတွက်ပြုလုပ်ခဲ့ကြသည့် လူထုချီတက်ပွဲကြီး အထိမ်းအမှတ် အခမ်းအနားသို့ အမေရိကန်နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတ လာရောက် မိန့်ခွန်းပြောကြားသည်ကို စောင့်ကြည့်ခဲ့ကြသည်။

“သူတို့ ဆက်လက် ချီတက်ကြတယ်။ အမေရိကန်ဟာ ပြောင်းလဲခဲ့တယ်” ဟု သမ္မတ အိုဘားမားက တက်ရောက်လာသော လူထုကို ပြောသည်။ “သူတို့ချီတက်ခဲ့ကြတယ်။ မြို့တော်ကောင်စီတွေ ပြောင်းသွားတယ်။ ပြည်နယ်ဥပဒေပြုလွှတ်တော်တွေ ပြောင်းသွားတယ်။ ကွန်ဂရက်လွှတ်တော် ပြောင်းသွားတယ်။ နောက်ဆုံး အိမ်ဖြူတော်တောင်မှ ပြောင်းလဲခဲ့ပါတယ်။”

အိုဘားမားက ၅ နာရီနီးပါးမျှ ကြာမြင့်သည့် ချီတက်ပွဲအခမ်းအနားကို အမေရိကန်နိုင်ငံတွင် လူဖြူ-လူမည်း တန်းတူညီမျှခွင့် တိုက်ပွဲ၏ ပုံရိပ်ကို ဖော်ပြသည့် အချိန်ကာလဟု အမွှမ်းတင်လိုက်သည်။ သမ္မတဟောင်း ဘီလ် ကလင်တန်နှင့် ဂျင်မီ ကာတာ၊ အိုပရာဝင်းဖရေးနှင့် မူလ ချီတက်ပွဲကြီးတွင် တဦးတည်း သက်ရှိထင်ရှား ကျန်နေသူ ဂျော်ဂျီယာပြည်နယ်မှ အောက်လွှတ်တော်အမတ် ဂျွန်လူးဝစ်စ်၊ တေးဂီတ ပညာရှင်များ၊ သမဂ္ဂခေါင်းဆောင်များ၊ ရုပ်ရှင် သရုပ်ဆောင်များ နှင့် နိုင်ငံရေးသမားများလည်း ထိုအခန်းအနားသို့ တက်ရောက်ခဲ့ကြသည်။ လူတန်းစား အလွှာ အမျိုးမျိုးမှ တက်ရောက်ခဲ့ကြခြင်း ဖြစ်သော်လည်း မာတင်လူသူကင်းက အမေရိကန်နိုင်ငံ သမိုင်းတွင် အကြီးကျယ်ဆုံး သော လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲကြီးအဖြစ် သတ်မှတ်ခံရမည်ဟု ပြောခဲ့သော လူဦးရေ ၂ သိန်းခွဲကျော် တက်ရောက် သည့် မူလအခန်းအနားထက်တော့ လူနည်းနေခဲ့သည်။

လွန်ခဲ့သော နှစ် ၅၀ ကျော်က အမေရိကန်နိုင်ငံတွင် လူမည်းများကို ကျောင်းများမှအစ လမ်းဘေး သောက်ရေ ရေပန်း အထိ နှိမ်ချခွဲခြားထားပြီး လူဖြူများနှင့်အတူ သုံးခွဲခွင့် မရှိခဲ့ပါ။ အလုပ်အကိုင် အတွက်လည်း အောက်ခြေအဆင့် နိမ့်ကျသည့် နေရာများတွင်သာ ပေးခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် လူမည်းအမျိုးသမီးတို့၏ ၆၀ရာခိုင်နှုန်းသည် အစေခံများ အဖြစ် အသက်မွေးခဲ့ကြရ၏။ ယခုအချိန်တွင် အာဖရိကနွယ်ဖွား အမေရိကန်များသည် အခြားသော လူမျိုးစုများထက် မဲပေးရန် အခွင့်အလမ်းများ ပိုမိုရရှိနေသည်။

ယခုတော့ အခြေအနေတွေ ပြောင်းလဲခဲ့ပြီ။ မက်ဆာချုးဆက်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးသည် လူမည်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် အိုဘားမားသည် ၂၀၀၄ ခုနှစ်က ဂျွန်ကယ်ရီရခဲ့သည်ထက် လူဖြူမဲတွေ ပိုရခဲ့သည်။ မာတင်လူသာကင်းတို့ ခေတ်အခါက ပြည်နယ်အများအပြားတွင် လူမျိုးကွဲနှင့် လက်ထပ်မှုက တရားမ၀င်ပါ။ ယနေ့ အချိန်တွင် လက်ထပ်မှု အသစ်တို့၏ ၁၅ ရာခိုင်နှုန်းသည် လူမျိုးကွဲနှင့် လက်ထပ်ခြင်းဖြစ်သည်။ လူမည်း အမျိုးသားတို့၏ ၂၄ ရာခိုင်နှုန်းသည် လူမျိုးကွဲများနှင့် လက်ထပ်ခဲ့ကြသည်။ ယနေ့အချိန်တွင် အမေရိကန်၏ မြို့ကြီး ၈၅ ခုလုံးတွင် ခွဲခြားနေထိုင်ရေးကို ငြင်းပယ်ခဲ့ပြီး ဖြစ်သည်။ ယနေ့အချိန်တွင် ဝါရှင်တန် ဒီစီ၊ ဖေလာဒါးဖီးယား၊ ဒန်းဗား တို့ကဲ့သို့ မြို့ကြီးများ၊ Merck ၊ Xerox နှင့် American Express တို့လို စီးပွားရေးကုမ္ပဏီကြီးများ လူမည်းတို့ ဦးဆောင်နေသည်။ ငွေရောင် ပိတ်ကားပေါ်တွင် ဘုရားသခင်အဖြစ် သရုပ်ဆောင်နေသော လူမည်း ရုပ်ရှင်မင်းသား Morgan Freeman ကို မြင်လျှင် မည်သူကမျှ အထူးအဆန်း အဖြစ် မမြင်ကြတော့။

ယနေ့အချိန်တွင် အသားရောင်ခွဲခြား ပြောဆိုခြင်းသည် အလုပ်အကိုင် ဆုံးရှုံးစေနိုင်သည့် အမှားဖြစ်သည်။ ခွဲခြားမှုပြုသော လုပ်ငန်းများကို တရားရုံးများကရော စားသုံးသူများကပါ ဒဏ်ခတ်ကြသည်။ လူမည်း စာသင်ကျောင်းများ မအောင်မြင်ရခြင်းမှာ လူမျိုး ခွဲခြားရေး ၀ါဒီတွေ၏ လျှို့ဝှက်ကြံစည်မှုကြောင့် မဟုတ်ပါ။ လူမည်းမြို့တော်ဝန်များ၊ လူမည်း ရှေ့နေချုပ်များက လူအများကို မေးခွန်းထုတ်နေနိုင်ပြီဖြစ်သည်။ လူငယ်များက လူကြီးများထက် တယူသန် စိတ်ပိုနည်းသဖြင့် လူမျိုးရေးခွဲခြားမှုဝါဒက လျော့ပါးလာနေပြီဟု စစ်တမ်းများက ဖော်ပြကြ၏။ လူမျိုးကွဲပြားမှုသည် အတားအဆီး တခုမဟုတ်တော့ပေ။ ဥပမာပြရလျှင် ဘွဲ့ရပြီးသော လူမည်း အမျိုးသမီးတယောက်နှင့် လူဖြူအမျိုးသမီး တယောက်၏ ပျမ်းမျှလစာသည် အတူတူပင်ဖြစ်သည်။

အမေရိကန်တို့၏ ရှက်စရာအတိတ်သည် မှုန်ဝါးသွားခဲ့ပြီဖြစ်သည်။ အရေပြားအရောင်သည် တချိန်တုန်းကလို အတားအဆီး မဟုတ်တော့ပါ။ သို့သော်လည်း မာတင်လူသာကင်း ရည်ညွှန်းခဲ့သော “ပျော်ရွှင်မှုကို ခံစားနိုင်ရေး” ကတော့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ။ ဘယ်တော့မှ အဆုံးသတ်နိုင်မည်လည်း မဟုတ်ပါ။ သမ္မတ အိုဘားမားက သူ၏ မိန့်ခွန်း တွင် မိန်းမလျာတို့၏ တန်းတူညီမျှခွင့်၊ အမျိုးသမီး အခွင့်အရေး၊ ပြည်ဝင်ခွင့်ပြုပြင်ပြောင်းလဲရေး စသည်တို့ကို လွှမ်းခြုံ ပြောကြားသွားသော်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သော ဆင်းရဲမွဲတေမှုကို ပို၍ အလေးပေး ပြောကြားသွားသည်။ ပြီးခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူမည်း အလုပ်လက်မဲ့ အရေအတွက်သည် အလုပ်အကိုင်ရှိသူ လူဖြူ အရေအတွက်၏ နှစ်ဆ ဖြစ်နေပြီး အလုပ်အကိုင်မရှိသူ လက်တင်အမေရိကနွယ်ဖွားများက အရေအတွက်က နောက်နားတွင် ကပ်နေသည်ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “လူမျိုး မတူသူတွေကြားထဲမှာ ဆင်းရဲချမ်းသာ ကွာဟမှုက လျော့မသွား ပါဘူး၊ တိုးလာနေပါတယ်” ဟု သူကဆိုသည်။

သို့သော် သမိုင်းတန်ဖိုးမြင့်မားသည့် အခန်းအနားတွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတဖြစ်သော အိုဘားမားက ရာစုနှစ်ဝက်ကျော်လောက်က “အသားအရောင်ကို မကြည့်ဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကိုကြည့်ပြီး ဆုံးဖြတ်တဲ့” နိုင်ငံ ဖြစ်ရမည်ဟု မှန်းမျှော်ပြောဆိုခဲ့သော နိုင်ငံသားအခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်းကို ဂုဏ်ပြုချီးကျူးခဲ့သည်။

၁၉၆၃ ခုနှစ်က မာတင်လူသာကင်းသည်လည်း သမ္မတအိုဘားမားကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ က ကျေးကျွန်တို့ကို လွတ်လပ်ခွင့် ပေးအပ်သည့် “လွတ်မြောက်ရေး ပြန်တမ်း” ကို ထုတ်ပြန်ခဲ့သော သမ္မတ အေဘရာဟမ် လင်ကွန်း၏ အထိမ်းအမှတ် ကျောက်ရုပ်၏ အရိပ်အောက်တွင် လူထုကြီးကို မိန့်ခွန်းပြောခဲ့သည်။ ၁၉၆၃ ခုနှစ် ၀ါရှင်တန် လူထုချီတက်ပွဲကြီးတွင် သိန်းချီသော လူထုကြီးအား ပြောကြားခဲ့သည့် မိန့်ခွန်းကို ရုပ်မြင်သံကြားဌာနများက တိုတ်ရိုတ် ထုတ်လွှင့်ပြသခဲ့ကြပြီး နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတို့၏ ဧည့်ခန်းဆောင်ဆီသို့ ပို့ဆောင်ပေးခဲ့ကာ အခွင့်အရေး တန်းတူညီမျှမှု တိုက်ပွဲကို ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်တခု အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ ၂ နှစ် အတွင်း အမေရိကန် အောက်လွှတ်တော်က နိုင်ငံသား အခွင့်အရေး ဥပဒေနှင့် ဆန္ဒမဲ ပေးပိုင်ခွင့် ဥပဒေ တို့ကို ပြဌာန်းပေးခဲ့သည်။ သို့သော် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးလည်း ဖြစ်သော ဒေါက်တာ မာတင်လူသာကင်းသည် ၁၉၆၈ ခုနှစ် တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်က ချီတက်ခဲ့သူများသည် အဓိကရုဏ်း ဖြစ်လာလိမ့်မည်ဟု သတိပေးမှုများ ရှိနေသည့် ကြားထဲမှ ရောက် အောင်လာခဲ့ကြသည်။ လူမျိုးရေးခွဲခြားမှု ပြင်းထန်သည့် တောင်ပိုင်းပြည်နယ်မှ လူထောင်ပေါင်းများစွာသည် ရထားများ၊ ဘတ်စ်ကားများဖြင့် အရောက်လာခဲ့ကြသည့် အတွက် မြို့တော်ကို လုံခြုံရေး တင်းကြပ်ခဲ့ရ၏။ လူပေါင်း ၂ သိန်းခွဲ ရောက်ရှိခဲ့ကြသော ထိုနေ့သည် ပူအိုက်လွန်းလှပြီး မြင်ကွင်းကောင်းကောင်းရဖို့ အတွက် အချို့တွေက သစ်ပင်များပေါ် သို့ တက်နေခဲ့ကြသလို အချို့ကလည်း အပူသက်သာစေရန် ရေကန်ထဲသို့ ဆင်းပြီး မတ်တပ်ရပ်နေခဲ့ရသည်။

ယမန်နေ့က ကျင်းပခဲ့သည့် အခန်းအနားတွင် သမ္မတ အိုဘားမားက မာတင်လူသာကင်းသည် သူ၏ သူရဲကောင်း ဖြစ် ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ၁၉၆၃ ခုနှစ် ချီတက်ပွဲတွင် ပုံစံချခဲ့သည့် အစီအစဉ်ကို အိမ်ဖြူတော် ဘဲဥပုံရုံးခန်း အတွင်း ဆက်လက်ထိန်းသိမ်းနေသည်ဟုလည်း သူက ဆိုသည်။ မိန့်ခွန်းမပြောကြားခင်တွင် အိမ်ဖြူတော်က အိုဘားမားနှင့် မာတင်လူသာကင်းတို့ကို နှိုင်းယှဉ်ခြင်းများအား လျှော့ချရန် ကြိုးစားခဲ့သေးသည်။ သမ္မတ အိုဘားမားကလည်း မိန့်ခွန်း မပြောကြားခင် အချိန်တွင် “လွန်ခဲ့တဲ့ နှစ် ၅၀ က ပြောခဲ့တဲ့ မိန့်ခွန်းလောက် ကောင်းမှာ မဟုတ်ပါဘူး” ဟု ကြိုတင် မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း အများက မျှော်လင့်စောင့်စားနေသည့် မိန့်ခွန်းကို ပြောသည့် အချိန်မှာတော့ အိုဘားမားသည် မာတင်လူသာကင်း၏ မိန့်ခွန်း၏ ဟန်နှင့် အာရုံဝင်စားမှုကို ဖမ်းမိနိုင်ဖို့ ကြိုးစားခဲ့သည်။

လွန်ခဲ့သော ရာစုနှစ်ဝက်က မာတင်လူသာကင်းလို အသံကို အရှိန်မှန်မှန်နှင့် တင်သွားပြီး အဆုံးသတ်ခဲ့သည်။ သာမန်လူများက မိမိတို့ဘ၀ကို တိုးတက်လာဖို့ ကြိုးစားခြင်းသည် နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတို့၏ နောက်သို့ ခြေရာထပ်လိုက်ခြင်း ဖြစ်ကြောင်း ပြောရင်း “ချီတက်ခြင်း” ဆိုသည့်စကားလုံးကို အကြိမ်ကြိမ်ထည့်သွင်း ပြောသွားသည်။ “ဒါဟာ ကျနော်တို့ အတိတ်ရဲ့သင်ခန်းစာဖြစ်ပါတယ်။ ဒါဟာ မနက်ဖြန်ရဲ့ ကတိကဝတ်လည်း ဖြစ်ပါတယ်” ဟု သမ္မတ အိုဘားမား က နိဂုံးချုပ်ခဲ့သည်။

Irrawaddy

ဘန်နီဖြိုး၏ လူပျိုလှည့်တေးစီးရီး နိုဝင်ဘာတွင် ထွက်မည်


အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် စတဲ့သီချင်းတွေနဲ့ လူငယ်ပရိသတ် အားပေးမှုရခဲ့တဲ့ တေးသံရှင်ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကို နိုဝင်ဘာလအတွင်း ဖြန့်ချိပေးသွားတော့မှာပါလို့ The Voice ကိုပြောပါတယ်။

"ဒီစီးရီးက ကျွန်တော့်ရဲ့ ပထမတစ်ကိုယ်တော်စီးရီး “ချစ်တယ်ဟုတ်” ထဲက Music ပုံစံတွေနဲ့ နည်းနည်းကွဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုနေကျ သီချင်းပုံစံလည်း မပျောက်အောင် နောက်ထပ် Level တစ်ခုလည်းရောက်အောင် ကြိုးစားထားပါတယ်။ သီချင်းပုဒ်ရေကတော့ ၁၂ ပုဒ် ပါမယ်။ သီချင်းတွေ အကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ရေးထားတယ်။ Featuring ဆိုပေးတဲ့ Rapper တွေကတော့ သူတို့ဆိုတဲ့အပိုဒ်ကို ကိုယ်တိုင်ရေးထားကြတယ်။ သီချင်း အကြောင်းအရာတွေ ကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဖွဲ့ထားတာ ပါသလို၊ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ကိုယ်စားခံစားပြီး ရေးထားတာတွေလည်း ပါမယ်" လို့ ဘန်နီဖြိုးက ပြောပါတယ်။

လူပျိုလှည့် တေးစီးရီးမှာ Featuring သီဆိုသူများ အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ကိကိနဲ့ Underground မှာ ကျင်လည်နေတဲ့ သူငယ်ချင်းများ ပါဝင်မှာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ စီးရီးများနဲ့ မတူတဲ့ ရသမျိုးကို ပေးနိုင်အောင် ကြိုးစားထားတဲ့အတွက် ပရိသတ်များကို အားပေးစေချင် ပါတယ်လို့ သူက ဆိုပါသေးတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု ကတော့ We Can Do It ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့နဲ့ ရိုက်ကူးထားပြီး အဖွဲ့လိုက် တေးစီးရီးများလည်း ထွက်လာဖို့ရှိတယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

The Voice Weekly

အောင်ဘာလေထီ ၀ယ်လိုအားများ၍ “က” မှ “ကဂ” အထိ အက္ခရာ ၃၆ လုံး တိုး ရောင်းချမည်

မန္တလေး၊ သြဂုတ် (၂၉)

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနက ထုတ်ဝေလျက် ရှိသော အောင်ဘာလေ ထီလက်မှတ်များသည် ၀ယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်နေသောကြောင့် ၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာ “က” မှ “ကဂ” အထိ အက္ခရာ ၃၆ လုံး တိုးရောင်းချမည် ဖြစ်သည်။

ထီဖွင့်ပွဲကို အောင်တိုဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆုမဲပေါင်း ၂၆,၉၉၉ ဆုပါဝင်မည် ဖြစ်သည်။ ဆုမဲမျာူးမှာ ကျပ်သိန်း ၁,၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၁,၀၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆု သုံးဆု၊ ကျပ်သိန်း ၂၀၀ ဆု ငါးဆု၊ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ ဆု ၅၆၀ ဆု၊ ဖြည့်စွက် ၂ ယူနစ် ၄၀၀ ဆု၊ အပိုဆု ၂၉ ဆုနှင့် အက်္ခရာတူ နံပါတ်ကွဲ ၉,၉၉၉ ဆု တို့ ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေထီ အရောင်းဆိုင်တွင် လာရောက် ၀ယ်ယူသူတစ်ဦးက “တစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းတော့ ၀ယ်ယူသူက များတယ်။ နံနက် ၇ နာရီထဲက လာပြီး စာရင်းပေး တန်းစီဝယ်ရတာ။ နံနက် ၉ နာရီခွဲမှ ၂ စောင်တွဲ၊ ၅ စောင်တွဲ၊ ၁၀ စောင်တွဲတွေ ရောင်းတာ။ အက္ခရာတိုးထုတ်တော့ အမှန်တကယ် ကံစမ်းချင်သူတွေ လွတ်လွတ်လပ်လပ် ဈေးနှုန်းမှန်နဲ့ ၀ယ်ယူ ကံစမ်းနိုင်တာပေါ့”ဟု ပြောသည်။

စက်တင်ဘာ ၁ ရက်တွင် ဖွင့်မည့် ၂၉၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာ “က” မှ “ကခ” အထိ ၃၅ လုံး ရောင်းချလျက်ရှိပြီး မန္တလေးမြို့ရှိ ထီဆိုင်ကြီးများတွင် ထီတစ်စောင်လျှင် ကျပ် ၃၀၀၊ အထူးမင်္ဂလာစုံတွဲ တစ်စောင် ကျပ် ၃၅၀ ခန့် ရှိသည်။

သီဟကိုကို (မန္တလေး)

တရားမဝင် လုပ်သားများကို မလေးရှားအာဏာပိုင် အကြီးအကျယ် နှိမ်နင်းမည်


ကွာလာလမ်ပူ၊ သြဂုတ် ၂၈

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား လုပ်သား အရေအတွက် ငါးသိန်းခန့်အထိ ရှိသည်ဟု ခန့်မှန်းချက်များရှိရာ ယခင် နှိမ်နင်းမှုများထက် ပိုကြီးသော စစ်ဆင်ရေးဖြင့် ရှာဖွေ ဖမ်းဆီး နှိမ်နင်း သွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

မလေးရှားနိုင်ငံအနှံ့ ရာဇဝတ်မှု ဖြစ်ပွားနှုန်း တက်လာကာ လုံခြုံရေးကိစ္စအား အာရုံစိုက်နေစဉ် အဆိုပါ တရားမဝင် လုပ်သားများအား အကြီးအကျယ် နှိမ်နင်းမည့် အာဏာပိုင်များ၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။

သုံးလ ကြာမြင့်မည့် စစ်ဆင်ရေးကို လာမည့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး တရားမဝင် ဗီဇာသက်တမ်း မရှိတော့ ဘဲ နေထိုင် လုပ်ကိုင်နေသူများအား နေရပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ညွှန်ကြားရေးမှူးချုပ် အေလီ ယက်စ်အာမက်က ပြောကြားခဲ့သည်။

တရားမဝင် လုပ်သားများ ရှင်းလင်းမည့် အဆိုပါ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဦးဆောင်၍ ဝန်ထမ်း အင်အား တစ်သိန်း သုံးသောင်း ငါးထောင်ကို အသုံးပြုသွားမည်ဟုလည်း ပြည်တွင်း မီဒီယာ The Star သတင်းစာက ဖော်ပြထားသည်။

ရာဇဝတ်မှုများတွင် နိုင်ငံခြားသားများ ပါဝင်လာမှု မြင့်တက်လျက် ရှိပြီး အထောက်အထား မရှိသည့် လုပ်သားများ အရေအတွက် များလာခြင်းကြောင့် လုံခြုံရေးအရ စိုးရိမ်ရမှုများ ရှိလာကြောင်း မလေးရှား အရာရှိများက ပြောကြားကြသည်။

ရာဇဝတ်မှု အရေအတွက် ကျဆင်းသွားသည်ဟု အစိုးရက ဆိုထားဖူးသော် လည်း အဓိက မြင့်တက်လာသည့် ရာဇဝတ်မှုများမှာ ခိုးမှု၊ လုယက်မှု များ ဖြစ်သည်။

ဒုစရိုက်မှုများနှင့် ဆက်စပ်သော လူတစ်ထောင့် လေးရာခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြု ပြောကြား သည်။

“ခုအချိန်ဟာ ဥပဒေ တကယ်ကို အသက်ဝင်ရမယ့် အချိန် ဖြစ်ပါတယ်။ သူတို့ ပုန်းနေမယ်ဆိုလည်း ဘယ်လောက် ပုန်းနိုင်မှာမို့လဲ” ဟု မလေးရှား လူဝင်မှု ကြီးကြပ်ရေး ညွှန်ချုပ်က ဆိုသည်။

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၏ တတိယ အကြီးဆုံး စီးပွားရေး ရှိသည့် နိုင်ငံ ဖြစ်ပြီး ဒေသတွင်း နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါတို့မှ ရွှေ့ပြောင်း လုပ်သားများစွာ လာရောက် အလုပ် လုပ်ကိုင်လျက် ရှိသည်။

The Voice Weekly

မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စတာကင်တားနားတစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေမယ့် ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ်လို့ ဒေသခံတွေက ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။ မိတ္ထီလာ ရောက်တော့လဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကိုပြောချင်လွန်းလို့၊ ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအနားကို ကပ်ခဲ့ကြတာပါ။ ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်းသားတွေကို သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက် လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအတွက် အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ်တို့ နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း နစ်နာဆုံးရှုံး တာပါပဲ။ ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တန့်တန့်နေပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေ၊ ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေသူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင်တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့ ငြိမ်းအေးသွားခဲ့ပါတယ်။ ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿနာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။ သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာဂျင်တီးနားမှာ မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းလည်း မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿနာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်းလုံးဝမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။
ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက်တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ်လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာသာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနားခွဲခွဲခြားခြားသိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ)မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။ ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။
(အမေ့အိမ်)

AIDS ရောဂါရှိသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်း ကောက်ယူသွားမည်





AIDS ရောဂါရှင်များ၏ HIV ပိုး ကူးစက်ခံရပြီးနောက်


လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့လာရသော အခြေအနေ၊ အခက်အခဲများကို လေ့လာသိရှိနိုင်စေရန် မြန်မာ တစ်နိုင်ငံလုံးတွင် လာမည့် အောက်တိုဘာ လလယ်မှ စတင်ကာ စစ်တမ်းများ ကောက်ယူသွားမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ထုတ်ပြန်ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ ထိုသို့ UNDP မှနေ၍ HIV ရောဂါပိုး ကူးစက်ခံရသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် အတူ လူထုအခြေပြု လူမှုရေးအဖွဲ့ အစည်းများနှင့် ပညာရေး အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီကာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

စစ်တမ်းကောက်ရာတွင် AIDS ရောဂါရှင်များ၏ ကျန်းမာရေး၊ ပညာရေး၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု၊ ဆေးကုသခံယူမှုနှင့် ရရှိသောအကူအညီ၊ အထောက်အပံ့များ၊ စောင့်ရှောက်ခံ ရမှုများ အစရှိသော အခြေအနေများနှင့် ပတ်သက်သော အချက်အလက်များကို ပြည့်ပြည့်စုံစုံ လေ့လာ ဆန်းစစ်သွားနိုင်စေရန် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ် ပြီး မြန်မာနိုင်ငံထက်အရင် အာရှ နိုင်ငံတချို့တွင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ဗျူဟာများအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းများအရ AIDS ရောဂါရှင်များနှင့် ၎င်းတို့ မိသားစုများ ရင်ဆိုင် ကြုံတွေ့ကြရသော အခက် အခဲများကို ပိုမိုနားလည် လာနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူမှုရေးအရ ကာကွယ် စောင့်ရှောက် ရေးပိုင်းဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်သော အမျိုးသားရေး နည်းဗျူဟာများကို အကောင်အထည်ဖော်လာ နိုင်လိမ့်မည် ဖြစ်ကြောင်း UNDP မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သော ၂ဝ၁၂ ခုနှစ်က UNDP မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူများ အကြောင်း အကြိုလေ့လာ သုံးသပ်ရာ၌ ရောဂါရှင် ၁ဝ ဦးတွင် ရှစ်ဦးခန့်သည် ၎င်းတို့၏ မိသားစုများအတွက် ဝန်ထုပ် ဝန်ပိုးသဖွယ် ဖြစ်နေကြောင်း သိရသည်။

ဆောင်းဦး (မြဝတီ)

ယူရို ၃၅သန်းဖြင့် လာမီလာကို စပါးခေါ်ယူနိုင်ခဲ့



ယခုအပြောင်းအရွှေ့ကာလတွင် နာမည်ကျော်ကစားသမားများစွာ
ခေါ်ယူလျက်ရှိသည့် စပါးမှာ ရိုးမား တိုက်စစ်မှူး လာမီလာကို ယူရို ၃၅သန်းဖြင့်ထပ်မံခေါ်ယူလိုက်ကြောင်း သိရသည်။ စပါးအနေဖြင့် လာမီလာအတွက် ယူရို သန်း ၃၀ ကနဦး ပေးချေရမည်ဖြစ်ပြီး ကစားသမား၏ စွမ်းဆောင်မှုအလိုက် ယူရို ၅သန်းထပ်မံပေးချေရမည်
ဖြစ်သည်။

အသက် ၂၁နှစ် အရွယ်ရှိ လာမီလာမှာ ၂၀၁၁ခုနှစ်က ရေးဗားပလိတ်မှ ရိုးမားသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက စီးရီးအေ ၃၃ပွဲ ကစားခဲ့ရာတွင် ၅ဂိုး ဖန်တီးပြီး ၁၅ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။ စပါးမှာ ယခုအပြောင်းအရွှေ့ ကာလတွင် အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကစားသမားသစ်များ ခေါ်ယူခဲ့ပြီး လာမီလာမှာ ပေါ်လင်ဟို၏ ယူရို သန်း
၂၀၊ ဆိုလ်ဒါဒိုတို့၏ ယူရို သန်း ၃၀စံချိန်များကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)

ကိုယ်အင်္ဂါ တရားမ၀င် ကုန်ကူးသူ တစ်ဦးက ခြောက်နှစ်အရွယ် ကလေးငယ် တစ်ဦး၏ မျက်စိများကို ဖောက်ထုတ်လုယူ


တရုတ်နိုင်ငံတွင် ခြောက်နှစ် အရွယ်သာ ရှိသော ယောက်ျားလေး တစ်ဦးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမ၀င် ကုန်ကူးသူ တစ်ဦး၏ ရက်စက် ယုတ်မာသည့် တိုက်ခိုက်မှုကြောင့် ၎င်း၏ မျက်စိ တစ်စုံလုံး ဆုံးရှုံး ခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါ ကလေးငယ်သည် အခြား ကလေးငယ် များနှင့် နေအိမ် အပြင်ဘက်တွင် ဆော့ကစား နေချိန်၌ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး ပျောက် ဆုံးပြီးနောက် လေးနာရီခန့် အကြာတွင် မျက်စိ တစ်ဝိုက်တွင် သွေးများ စီးကျနေသည့် ယင်းကလေး ငယ်အား မိသားစုဝင် များက ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရုပ်သံ သတင်းဌာန တစ်ခု၏ ဖော်ပြချက် အရ သိရသည်။

ကလေးငယ်အား တွေ့ရှိချိန်တွင် ကလေးငယ်၏ မျက်စိ တစ်စုံကို ကလေးငယ်၏ အနီး တစ်ဝိုက်၌ တွေ့ရှိ ခဲ့သော်လည်း မျက်ကြည်လွှာများ ကိုမူ မတွေ့ရှိခဲ့ ရကြောင်း၊ ကလေးငယ်၏ မျက်စိကို လူမဆန်စွာဖြင့် ထုတ်ယူ သွားသူမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တရားမ၀င် ကုန်ကူးသူ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းအမျိုးသမီးကို ဖမ်းဆီးနိုင်ရန် သတင်း ပေးနိုင်သည့် မည်သူ့ကို မဆို ဆုငွေ ယွမ်တစ်သိန်း ချီးမြှင့်မည်ဟု ရဲတပ်ဖွဲ့မှ ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ ကလေးငယ်သည် ယခု အချိန်တွင် ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူလျက် ရှိသည်ဟု သိရသည်။

အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ ဆက်ကြေး တာဝန်ခံအား ဖမ်းဆီးရမိ




နေပြည်တော် သြဂုတ် ၂၈

ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းမှ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၂၇ရက် နံနက် ၁ဝနာရီ မိနစ် ၅ဝချိန်ခန့်က အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့မှ ဆက်ကြေး တာဝန်ခံ စိုင်းစံမြ (ဘ) ဦးအားစိန်လာအား လမ်းလျှောက် စကားပြော စက်နှစ်လုံး၊ ဆက်ကြေး တောင်းခံသည့် စာရွက်စာတမ်းများ နှင့်အတူ စေတီ မြောက်ရွာ အနီး၌ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်။

မြဝတီ

ရခိုင်ဒေသ ငါးအထိ အမိနည်းလာအောင် ဘယ်သူတွေ ဖန်တီးနေလဲ


ငါးလုပ်ငန်း ဥပဒေ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းကြောင့် ပင် ရခိုင်ပြည်နယ်တွင် ငါးဖမ်းဆီး ရရှိမှု ကျဆင်းရခြင်း ဖြစ်သည်ဟု ဒေသတွင်း ကွင်းဆင်း လေ့လာ ခဲ့ ကြသည့် ပျိုးပင် အဖွဲ့ နှင့် ရခိုင်သဟာယ အသင်းမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့ နယ်သို့ သုံးလတာ ကွင်း ဆင်း လေ့လာ ဆောင်ရွက်နေသည့် ရခိုင် သဟာယ အသင်းမှ ကိုသိန်းထွန်းအေး က ”ပင်လယ်ပြင်မှာ သယံ ဇာတ မထိန်းသိမ်းဘဲ ငါးအလွန်အကျွံ ဖမ်းတာက ဒေသခံ ရေ လုပ်သားတွေ အနေနဲ့ ငါးလုပ်ငန်း ဥပဒေ ဆိုတာ မသိဘူး” ဟု ဆိုသည်။

ငါးဖမ်းဆီး ရရှိမှု ကျဆင်းရာတွင် ဖမ်းဆီးသည့် ပိုက်အမျိုးအစား၊ ခွင့်ပြုချက် မရှိဘဲ ဧရိယာ ကျူးကျော် ဝင်ရောက် ဖမ်းဆီးခြင်းနှင့် ရာသီဥတု ပြောင်းလဲ လာခြင်းများ လည်း သက်ရောက်မှု ရှိ ကြောင်း ပျိုးပင် အဖွဲ့မှ Miss.Sue Mark မနုဿဗေဒ ပညာရှင် Mr. Maxime Boutry နှင့် ရခိုင်သဟာယ အသင်းမှ ကိုသိန်းထွန်းအေး က ပြော ကြားသည်။

”ကမ်းဝေးက လှေတွေက အဆင့် မြင့်တဲ့ နည်း စနစ်တွေနဲ့ လာဖမ်းကြ တယ်။ အဲဒါကို ဖမ်းဆီးဖို့ ငါးလုပ်ငန်း ဦးစီးဌာနမှာ Facility မရှိဘူး”ဟု ကိုသိန်းထွန်းအေး က ထပ်လောင်း ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်ရန် အတွက် ယခုနှစ် ဇူလိုင်လ အတွင်းက အစိုးရ အဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ၊ သုတေသန အဖွဲ့အစည်းများနှ င့် ဒေသခံ ပြည်သူလူထု များပါဝင်သော ငါးလုပ်ငန်း အုပ်ချုပ်မှု ပိုမို ကောင်းမွန်လာရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက် အဖွဲ့ကြီးကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြသည်။ ထိုမိတ်ဖက် အဖွဲ့ကြီးတွင် ပါဝင်လာသော ရခိုင်သဟာယ အသင်းမှ ရခိုင်ပြည်နယ် ရှိ (မင်းပြား၊ ကျောက်ဖြူ ၊ ပေါက်တောနှင့် မြေပုံ မြို့နယ်) ကျေးရွာ ၁၃ ရွာမှ ရေ လုပ်ငန်း အခြေအနေ များကို ကွင်းဆင်း လေ့လာခဲ့ကြသည်။

ရခိုင်ပြည်နယ် တွင် လိုင်စင်ဖြင့် ဖမ်းဆီးနေသော ကမ်းနီး ငါးဖမ်းလှေ (စက်တပ်/စက်မဲ့) စီးရေ ၁၁၇၈၂ စီး ရှိပြီး ကမ်းဝေး ငါးဖမ်းလှေ ၁၂၄ စီးရှိ ကြောင်း ရန်ကုန် တိုင်းဒေသ ကြီး ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်း ဦးစီး ဌာနမှ ဒုညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံလွင် က ”ဝင်ခိုး ဖမ်းတဲ့ လှေတွေကို ဖမ်းဖို့အတွက် ငါးဦးစီးမှာ စက်အားကောင်းတဲ့ လှေမရှိ ဘူး။ သူတို့ခိုးဖမ်းတဲ့ အချိန် ဒီကလှေသွား တော့ သူတို့လှေက ကမ်းဝေး ထဲကို ပြန်ပြီး ဝင်ပြေးသွားပြီ။ အဲဒီတော့ ကျွန်တော် တို့မှာ ကမ်းဝေးလှေတွေကို ထိန်းဖို့အားနည်းချက် တွေတော့ ရှိနေတုန်း ပဲ” ဟု ပြောသည်။

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ကမ်းနီး ငါးဖမ်းလုပ်ငန်းများကို ကမ်းခြေ မှ ၅ မိုင် အတွင်းဖမ်းဆီးရန် သတ်မှတ်ထားပြီး ကမ်းဝေး ငါးဖမ်း လုပ်ငန်းများကို မူ ကမ်းနီး ငါးလုပ်ငန်း ရေပြင် အဆုံးမှ သီးသန့် ငါးဖမ်းဇုန် အထိ သတ်မှတ် ဖမ်းဆီးရန် ငါးလုပ်ငန်း ဦးစီးဌာနက ထုတ် ပြန်ပြီး ဖြစ်သည်။

ကမ်းဝေးမှ ငါးဖမ်းလှေများ ကမ်းနီးသို့ ဝင်ရောက် ဖမ်းဆီးခြင်းကြောင့် ငါး ရရှိမှုသည် ၅ဝ ရာခိုင်နှုန်း အထိ ကျဆင်း လာခြင်း၊ ငါးသယံဇာတ ကျဆင်းလာ ခြင်းသည် ငါး အလွန်အကျွံ ဖမ်းဆီးမှု တစ်ခုတည်းဖြင့် မဟုတ်ဘဲ ငါးလုပ်ငန်း ဦးစီး ဌာန၏ အုပ်ချုပ်မှုတွင် ပွင့်လင်း မြင်သာမှု မရှိခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ ငါးဝင်ခိုးဖမ်းမှု များကို လည်း တားဆီးနိုင် ခြင်း မရှိခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးစံကျော်လှ က ဆယ်စုနှစ် အတွင်း ငါးဖမ်းဆီး ရရှိမှု ကျဆင်းခြင်း အခြေ အနေ အပေါ် သုံးသပ်သည်။

ဦးစံကျော်လှ က ”အခု ဖွဲ့စည်းပုံ အရ ငါးဖမ်းကွက်တွေဟာ သမာသ မတ်မကျဘူး။ ငါးဖမ်းကွက် ၃ဝ မှာ ဖမ်း တဲ့လှေစီးရေ ၂ဝဝ ရှိတယ်။ ရခိုင်တိုင်း ရင်းသားပိုင် တဲ့လှေက ၁ဝ စီးလောက်ပဲ ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၁ဝ စုနှစ် အတွင်း ငါးဖမ်း လုပ်ငန်းနှင့် ပုစွန်မွေးမြူရေး လုပ်ငန်းများ သည် ၉ဝ ရာနှုန်း အထိ ကျဆင်းလာ ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ လူဦးရေ ၄၃ ရာခိုင်နှုန်း သည် ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြကြောင်း ပျိုးပင် အဖွဲ့မှ Miss.Sue Mark ကပြောသည်။

ပေါက်တော မြို့နယ် တွင် ဖဒူအ မည်ဖြင့် ကျေးရွာ သုံးရွာရှိပြီး ဖဒူကြီး ကျေးရွာသည် ထင်းမီးသွေး ဖုတ်ခြင်းနှင့် ကိုင်းလုပ်ငန်း တို့ကို လုပ်ကိုင် ကြကြောင်း၊ ဖဒူလယ် ကျေးရွာ တွင်မူ မျှောပိုက် လုပ်ငန်း (ငါးသလောက်နှင့် ငါးမျိုးစုံ ဖမ်းခြင်း)နှင့် လယ်လုပ်ငန်း ကိုလုပ်ကိုင် ကြောင်း၊ ဖဒူချေ ကျေးရွာ တစ်ရွာလုံး သည်သာ ကျားပိုက် လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြသည်ဟု ဖဒူချေ ဒေသခံ တို့က ပြောသည်။

”လူဦးရေတွေ တိုးလာတော့ ငါး ဖမ်းတဲ့ သူတွေလည်း များလာတာပေါ့။ အရင် (၂ဝဝဝ ဝန်းကျင်) က တစ်နေ့လုံး ဖမ်းတာ ပုစွန် ပိဿာချိန် ၄-၅-၆ ပိဿာ ရတယ်။ အခု တစ်ပတ်လုံး ဖမ်းရင် တောင် ၂ ပိဿာရဖို့ မနည်း ဖမ်းယူရ တယ်”ဟု ဦးခင်သောင်းက ငါးဖမ်းဆီး ရရှိမှု နည်းလာသည်ကို ပြောသည်။

၂ဝ၁ဝ ခုနှစ် ဂီရိမုန်တိုင်း မတိုက်မီ အချိန်တွင် ဖဒူချေကျေးရွာ၏ အိမ်ခြေမှာ တစ်ရာကျော် ရှိပြီး မုန်တိုင်း အပြီး ၂ဝ၁၂ ခုနှစ် ပြန်လည် ထူထောင်ရေး အတွက် အိမ်ခြေ စာရင်း များ ကောက်ယူရာတွင် အိမ်ခြေ ၃ဝဝ ကျော် အထိ တိုးလာခဲ့ ခြင်းကြောင့်လည်း အိမ်ခြေ စာရင်းများ ကောက်ယူရာ တွင် ပါဝင် ဆောင်ရွက်ခဲ့ သူ ဦးခင်သောင်း က ငါးဖမ်းဆီး ရရှိမှု နည်းလာသည့် အခြေအနေ ကိုပြောကြား သည်။

မြန်မာ့ရေပြင် အတွက် ပြည်ထောင်စု ရေချိုငါးလုပ်ငန်း ဥပဒေကို ၁၉၉၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ၂ဝ၁၂ ခုနှစ်မှ စကာ ရေချို ငါးလုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့မှ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲနိုင်ရေး ကို ဆောင်ရွက် နေ ပြီဖြစ်ကြောင်း P.E.A.C.E LAW FIRM မှ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တရား လွှတ်တော် ရှေ့နေ ဦးမြင့်ဆွေ က ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ အနေအရ ၁၉၉၁ ရေချို ငါးလုပ်ငန်း ဥပဒေကို မကျော်လွန်ဘဲ ရေးဆွဲရ မည်ဖြစ်ကြောင်း၊ အကယ်၍ ၁၉၉၁ ဥပဒေကို ဆန့်ကျင်ပြီး ရေးဆွဲမည် ဆိုပါ က အလိုအလျောက် ပျက်ပြယ်သွား မည်ဖြစ်ကြောင်း P.E.A.C.E LAW FIRM မှ ဥက္ကဋ္ဌ ဦးတင်မြင့်က ဆို သည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိတ်ဖက် အဖွဲ့ကြီးက ရည်မှန်းချက် ၉ ချက်ချကာ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေရေး ဆွဲရာ အထောက် အကူဖြစ်စေရန် သုံးနှစ် စီမံကိန်းဖြင့် လုပ်ငန်း စတင်နေပြီ ဖြစ်သည်။ ၄င်း ရည်မှန်းချက် ၉ ချက်အ နက် ငါးလုပ်ငန်း မူဝါဒများနှင့် ဥပဒေပြု ခြင်းတို့ ပိုမို ကောင်း မွန်စေရေး၊ ဥပဒေ များကို လိုက်နာ ကျင့်သုံးရန် လိုလားမှုများ မြင့်မားလာရေးနှင့် ငါးလုပ်ငန်း မှ ရသော နိုင်ငံတော် ဝင်ငွေ ကောက်ယူရာတွင် ပို၍ ပွင့်လင်းမြင်သာမှု ရှိစေရေး တို့ ပါဝင်သည်။

ငါးလုပ်ငန်း ဦးစီး ဌာန အနေဖြင့် အောက်ခြေ လုပ်ငန်းအထိ ကွင်းဆင်း ဆောင်ရွက်နိုင်မှု မရှိခြင်းသည် ဌာန၏ ဘတ်ဂျက် အခြေအနေနှင့် ဝန်ထမ်း အင်အား လုံလောက်မှု မရှိခြင်း တို့ကြောင့် လည်းဖြစ်သည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲမှ အကြီးတန်း အကြံပေး အရာရှိ (ငြိမ်း) ဦးခင်မောင်စိုး က ပြောသည်။

သို့သော် ရခိုင်ပြည်နယ်၊ ပေါက် တောမြို့နယ်၊ ဖရုံကာ ကျွန်းရှိ ဖဒူချေ ကျေးရွာမှ ကျားပိုက်လုပ်ငန်း (ကမ်းနီး လုပ်ငန်း)ဖြင့် ၁ဝ နှစ်ကျော် အသက်မွေး ဝမ်းကျောင်းပြု ခဲ့သူ ဦးခင်သောင်း (အ သက် ၅၁ နှစ်)က ”ကျွန်တော်တို့ ငါး ဖမ်းပိုက်က ပုစွန် တစ်ခုတည်းကို ဖမ်း ပေမယ့် ဘင်္ဂလားဒေ့ရှ်က ရောက်လာတဲ့ လှေကြီး သမားတွေရော၊ ထိုင်းဘက် က လှေတွေပါ ပိုက်စိပ်တွေနဲ့ အကုန်ဝင် ဖမ်းလာတော့ ငါးကုန်တက်က ကျလာ မှာပဲ”ဟု ပြောသည်။

၎င်းတို့ အနေဖြင့် တရားမဝင် ငါးခိုးဖမ်းလာမှု အပေါ် စစ်တွေ ငါးလုပ်ငန်း ဦးစီးဌာနသို့ ဒေသခံရေလုပ်သား များက စုပေါင်းကာ တိုင်ကြားမှု ရှိသော် လည်း ငါးခိုးဖမ်းလှေ များအား လာ ရောက် ထိန်းချုပ်ပေးမှု မရှိဟု ဆိုသည်။

ထို့အပြင် ငါးလုပ်ငန်း ဦးစီးဌာန အား တစ်နှစ်လျှင် ငါးဖမ်းပိုက် တစ်လုံး (ပတ်လည် ပေ ၂ဝ မှ ၆ဝ) ကို ကျပ် ၅ဝဝဝ ဝန်းကျင်နှင့် ဖမ်းဆီးသည့် စက် ပစ္စည်းပေါ် မူတည်ပြီး ဟွန်ဒါ စက်တစ် လုံးလျှင် ကျပ် ၁ဝဝဝဝ အထိ ပေးဆောင် ရကြောင်း ကျားပိုက် လုပ်ငန်း (ပုစွန် ဖမ်းဆီးခြင်း) လုပ်ကိုင်သည့် ရေလုပ်သား များက ပြောသည်။ ဦးခင်သောင်း ၏ ဇနီးဖြစ်သူ ကလည်း ”ငါးဦးစီး က အခွန် လာကောက်ရင် ငါးပုပ်စော် နံတယ် ဆိုပြီးတော့လည်း ပုပ်စော်နံခ ကျပ် ၂ဝဝ၊ ၃ဝဝ ပေးရတယ်။ သူတို့ ဘယ် လောက် သတ်မှတ်ထားတယ် ဆိုတာ မသိဘူး။ ရှိရင် ပေးလိုက်တယ်။ မရှိရင် ဖရုံကာ ကျွန်းပေါ်မှာ သွားပုန်းနေလိုက်တယ်” ဟု သူတို့ ရပ်တည်နေရမှု အခြေ အနေကို ထိုသို့ ဆိုလိုက်သည်။

ထက်ထက်မိုးမြင့်

အမေရိကန် MGM မီဒီယာ ရဲ့  နောက်ကွယ်က ဇာတ်လမ်း



Metro-Goldwyn-Mayer လို့ခေါ်တဲ့ ကမ္ဘာကျော် အမေရိကန် မီဒီယာ တစ်ခုအနေနဲ့ အမှတ်တံဆိပ်တစ်ခုရဖို့အတွက် တကယ့် ခြေင်္သေ့ အစစ်ကို အသုံးပြုခဲ့ပါတယ်။

ယင်းကဲ့သို့ ကြိုးစားမှုနဲ့အတူ ယနေ့တိုင် ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရှိခဲ့စေပါတယ်။ သို့ပေမယ့် အောင်မြင်မှု နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ် ရှိနေပါတယ်။ ပထမဆုံး အော်ရီဂျင်နယ် လိုဂို လုပ်တုန်းက ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်၊ ၁၉၂၄ ကနေ ၁၉၂၈ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ခြေင်္သေ့ Slats ဟာ သူ့ ခြေင်္သေ့ထိန်း တစ်ဦးနဲ့ လက်ထောက် နှစ်ဦးကို ကိုက်သတ်ခဲ့ပါတယ်။

ပထမဆုံး အကြိမ် လိုဂိုလုပ်ဖို့ ရောက်ကူးပြီး နောက်တစ်ရက်မှာပဲ သုံးဦးလုံး အကိုက်သတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ MGM အနေနဲ့ ယင်းအတွက် လျော်ကြေးငွေနဲ့ ဖြေရှင်းပြီး လူသေတဲ့ သတင်းက ပျောက်ကွယ်သွားပါတယ်။ ပထမ တစ်ကြိမ်က ဖြစ်ရပ်ကို သင်ခန်းစာယူလို့ နောက်ထပ် ခြေင်္သေ့လေးကောင်နဲ့ ရိုက်တဲ့ လိုဂိုများမှာ ဘေးကင်းပေမယ့် ပထမ လိုဂိုမှာ သွေးစွန်းသွားတဲ့ MGM ဟာ ခေတ်အဆက်ဆက်မှာ အခက်အခဲများစွာ ကြုံရတယ်လို့ ယုံကြည်သူ များလည်း ရှိကြောင်း သိရပါတယ်။
--
Ref: rare-facts

Aung Kham (ရိုးရာလေး)

NLD ပါတီ အနေဖြင့်


NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တော့မည် ဖြစ်ကြောင်း VOA ၀က်ဆိုဒ်တွင် ဖော်ပြ
=================================================
ဘင်္ဂလီတို့၏ သားဖွားနှုန်းကို ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဆန့်ကျင်ကန့်ကွက်မှု မဆုံးခင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။ သတင်းမှာ ပါဝင်သည့် အချက်များကတော့ အောက်ပါအတိုင်းပါ။ သတင်းကိုတော့ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင် အများစုမှာ ဘာသာခြားများ ဖြစ်နေပြီး အန်အယ်လ်ဒီ၏ အထောက်အပံ့များ အဓိက ရရှိရာမှာလည်း လူ့အခွင့်အရေး ခေါင်းစဉ် အောက်မှ ဖြစ်သ ဖြင့် ဘင်္ဂလီ ကိစ္စမှာ NLD ဟာ နိုင်ငံတကာရဲ့ ဖိအားပေးခြင်းကို ခံနေရနိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။ ယခုတော့ ဘင်္ဂလီ တွေကို ဥပဒေ ပြင်ပြီး နိုင်ငံသား ဖြစ်ခွင့် ပေးရန် ဆန္ဒရှိတဲ့ အကြောင်း တရားဝင် ပြောဆိုလာမှုကြောင့် အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းခဲ့ပါပြီ။

VOA ၀က်ဆိုဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဘက်မှ အမြဲတစေ ရပ်တည်ခဲ့ပြီး ၄င်းတို့နှင့် ပတ်သက်၍ မည်သည့်အခါမှ အပုပ်ချ၊ ချောက်တွန်း ရေးသား မှု မျိုး မရှိခဲ့ပေ။

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်


၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ


ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ

အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။

လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ

ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်တာပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့် လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။

ဆွဲဆန့်ပါ

ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်း ဆွဲဆန့် လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူ ထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်း နေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။

လည်ပင်လှည့် လေ့ကျင့်ခန်း

နားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြား တစ်ဖက်မှ ရင်ဘတ်ပေါ်ရောက်အောင် လှည့်ပြီးနှိမ့်ချသွားပါ။ အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက်ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။

အနှိပ်ခံပါ

ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီလိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ နာကျင်မှုဝေဒနာသက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေ ပါတယ်။

ကြွက်သားတင်းမာမှု လျော့အောင်

အသက်ရှုသွင်းပြီး သင့်ပခုံးကို နားရွက်ဆီသို့ ရောက်အျောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ " အား" လို့အော်ပြီး မှုလာနေရာ ရောက်အောင် လျှော့ချပါ။ ကြွက်သားတင်းမာမှုလျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။

ရေးကူးပါ

ဇက်ကြော တက်တာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက် လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအား သက်ရောက်မှု မရောက်အောင် ခေါင်း ကို ထောက်ပံ့ထားနိုင် တာကြောင့်ပါ။

ပခုံးလှည့်လေ့ကျင့်ခန်း ပြုလုပ်ပါ

ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ် ဖက်ပြောင်းလုပ်ပါ။

ရောဂါလက္ခဏာ အတွက် သတိထားပါ

နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီးဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ် နေတာကြောင့် ဇက်ကြော တက်နေတာ ဖြစ်နိုင်တာ မို့ပါ။

Good Health

အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါကူးစက်မှုများလာ



ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော
ရောဂါများရရှိမှုမှာ ဆယ်စုနှစ်ကာလအတွင်း ၅၀ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့
ကျန်းမာရေးဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ ခုနှစ်မှတ်တမ်းများကို အခြေခံသော အဆိုပါထုတ်ပြန်ချက်အရ အဆိုပါနှစ်အတွင်း လိင်မှ
တစ်ဆင့်ကူးစက်သော ဆီးပူညောင်းကျရောဂါ၊ ရေယုန်နှင့် လိင်အင်္ဂါတွင်ဖြစ်ပွားသော ကြွက်နို့
များကူးစက်ခံရသူ ၄၄၈,၄၂၂ ဦးရှိပြီး အများစုမှာ အသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုး
သမီးများ ဖြစ်ကြောင်းသိရသည်။

ကူးစက်ခံရသူအရေအတွက်မှာ ၂၀၁၁ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တိုးပွားလာပြီး၊ စစ်တမ်းအတွက်
မှတ်တမ်း စတင်ပြုလုပ်သည့် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရောဂါကူးစက်ခံရသူ အရေအတွက်
၄၆ ရာခိုင်နှုန်းတိုးတက်လာခြင်း ဖြစ်သည်။

ထိုသို့ရောဂါကူးစက်မှုတိုးပွားလာရခြင်းမှာ အပျော်တွဲသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဓလေ့ကျယ်ပြန့်လာခြင်းကြောင့် ဖြစ် ကြောင်း၊အဖြစ်များသူများမှာ လိင်တူဆက်ဆံသည့်အမျိုး
သားများနှင့် အသက် ၂၅ နှစ်အောက်အရွယ် လူငယ်များတွင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်
ကဆိုသည်။

မေးအွန်လိုင်း

သက်လှိုင် ဘာသာပြန်သည်။ (မြန်မာတိုင်းမ်)

မိုင်းလားတွင် မြေပြို၊ ကားလမ်းပျက်စီး


ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား – ကျိုင်းတုံသွား ကားလမ်းပေါ်က ၀မ့်ရှို့ရွာအနီးမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားပြီး မောင်းနှင်လာတဲ့ကားတစီး ကျွံကျသွားခဲ့ပါတယ်။

အဲဒီလမ်းဟာ ၂ ပိုင်းကျိုးပြတ်ပြီး အနီးနား နမ့်မ ချောင်းထဲက ရေတွေ ၀င်လာတဲ့အတွက် ယာဉ်အသွား အလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူက တခြားမြေ လမ်းတခု ပြန်ဖွင့်ပေးတဲ့အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်ကစပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း၊ ကျွံကျသွားတဲ့ယာဉ်ကိုလည်း မနေ့က ဆွဲတင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ တဦးတယောက်မှ မရှိဘူးလို့ မိုင်းလားဒေသခံက ပြောပါတယ်။

by ဒီဗွီဘီ

(ဓာတ်ပုံ - မိုင်းလားဒေသခံ)













သူများ မိန်းမ ကြာခိုလို့ အဝှာ ပြန်ထုတ်လို့ မရသူ (video)


From : ..cnn

ကင်ညာမြို့က ယောက်ျားတစ်ယောက်ဟာ သူ့မိန်းမ ဖောက်ပြန်နေတယ်ဆိုတာကို သံသယရှိလို့ အောက်လမ်းဆရာမ တစ်ယောက်ကို ခေါ်ပြီးတော့ သူ့မိန်းမကို သူ့မိန်းမမသိအောင် အောက်လမ်းနဲ့ လုပ်ထားလိုက်ပါတယ်။ နောက်တစ်နေ့ သူ့မိန်းမ ဖောက်ပြန်တဲ့အချိန်မှာပဲ သူ့မိန်းမနဲ့ ဖောက်ပြန်တဲ့ ယောက်ျားက ဆက်ဆံနေရင်းက အဝှာကို ပြန်ထုတ်လို့မရတော့ပါဘူး၊ ရဲတွေကလည်း အဲလိုဖြစ်နေတာ တစ်နာရီလောက် ကြာတဲ့ထိအောင် မကယ်တင်ပေးနိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ ဖောက်ပြန်တဲ့ ယောက်ျားဟာ ထိုမိန်းမရဲ့ ယောက်ျားကို နစ်နာကြေးအဖြစ် သျှီလင် နှစ်သောင်း (၂၀ ၀၀၀) ပေးဖို့ သဘောတူလိုက်ပါတယ်။ အဲဒီလို သဘောတူလိုက်မှပဲ ထုတ်လို့မရတဲ့ဟာက အလွယ်တကူပဲ ထွက်သွားခဲ့ပါတယ်။

.


Related Posts Plugin for WordPress, Blogger...