Thursday, August 29, 2013

ယူရို ၃၅သန်းဖြင့် လာမီလာကို စပါးခေါ်ယူနိုင်ခဲ့



ယခုအပြောင်းအရွှေ့ကာလတွင် နာမည်ကျော်ကစားသမားများစွာ
ခေါ်ယူလျက်ရှိသည့် စပါးမှာ ရိုးမား တိုက်စစ်မှူး လာမီလာကို ယူရို ၃၅သန်းဖြင့်ထပ်မံခေါ်ယူလိုက်ကြောင်း သိရသည်။ စပါးအနေဖြင့် လာမီလာအတွက် ယူရို သန်း ၃၀ ကနဦး ပေးချေရမည်ဖြစ်ပြီး ကစားသမား၏ စွမ်းဆောင်မှုအလိုက် ယူရို ၅သန်းထပ်မံပေးချေရမည်
ဖြစ်သည်။

အသက် ၂၁နှစ် အရွယ်ရှိ လာမီလာမှာ ၂၀၁၁ခုနှစ်က ရေးဗားပလိတ်မှ ရိုးမားသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက စီးရီးအေ ၃၃ပွဲ ကစားခဲ့ရာတွင် ၅ဂိုး ဖန်တီးပြီး ၁၅ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။ စပါးမှာ ယခုအပြောင်းအရွှေ့ ကာလတွင် အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကစားသမားသစ်များ ခေါ်ယူခဲ့ပြီး လာမီလာမှာ ပေါ်လင်ဟို၏ ယူရို သန်း
၂၀၊ ဆိုလ်ဒါဒိုတို့၏ ယူရို သန်း ၃၀စံချိန်များကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...