Thursday, August 29, 2013

ရခိုင်ဒေသ ငါးအထိ အမိနည်းလာအောင် ဘယ်သူတွေ ဖန်တီးနေလဲ


ငါးလုပ်ငန်း ဥပဒေ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းကြောင့် ပင် ရခိုင်ပြည်နယ်တွင် ငါးဖမ်းဆီး ရရှိမှု ကျဆင်းရခြင်း ဖြစ်သည်ဟု ဒေသတွင်း ကွင်းဆင်း လေ့လာ ခဲ့ ကြသည့် ပျိုးပင် အဖွဲ့ နှင့် ရခိုင်သဟာယ အသင်းမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့ နယ်သို့ သုံးလတာ ကွင်း ဆင်း လေ့လာ ဆောင်ရွက်နေသည့် ရခိုင် သဟာယ အသင်းမှ ကိုသိန်းထွန်းအေး က ”ပင်လယ်ပြင်မှာ သယံ ဇာတ မထိန်းသိမ်းဘဲ ငါးအလွန်အကျွံ ဖမ်းတာက ဒေသခံ ရေ လုပ်သားတွေ အနေနဲ့ ငါးလုပ်ငန်း ဥပဒေ ဆိုတာ မသိဘူး” ဟု ဆိုသည်။

ငါးဖမ်းဆီး ရရှိမှု ကျဆင်းရာတွင် ဖမ်းဆီးသည့် ပိုက်အမျိုးအစား၊ ခွင့်ပြုချက် မရှိဘဲ ဧရိယာ ကျူးကျော် ဝင်ရောက် ဖမ်းဆီးခြင်းနှင့် ရာသီဥတု ပြောင်းလဲ လာခြင်းများ လည်း သက်ရောက်မှု ရှိ ကြောင်း ပျိုးပင် အဖွဲ့မှ Miss.Sue Mark မနုဿဗေဒ ပညာရှင် Mr. Maxime Boutry နှင့် ရခိုင်သဟာယ အသင်းမှ ကိုသိန်းထွန်းအေး က ပြော ကြားသည်။

”ကမ်းဝေးက လှေတွေက အဆင့် မြင့်တဲ့ နည်း စနစ်တွေနဲ့ လာဖမ်းကြ တယ်။ အဲဒါကို ဖမ်းဆီးဖို့ ငါးလုပ်ငန်း ဦးစီးဌာနမှာ Facility မရှိဘူး”ဟု ကိုသိန်းထွန်းအေး က ထပ်လောင်း ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်ရန် အတွက် ယခုနှစ် ဇူလိုင်လ အတွင်းက အစိုးရ အဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ၊ သုတေသန အဖွဲ့အစည်းများနှ င့် ဒေသခံ ပြည်သူလူထု များပါဝင်သော ငါးလုပ်ငန်း အုပ်ချုပ်မှု ပိုမို ကောင်းမွန်လာရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက် အဖွဲ့ကြီးကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြသည်။ ထိုမိတ်ဖက် အဖွဲ့ကြီးတွင် ပါဝင်လာသော ရခိုင်သဟာယ အသင်းမှ ရခိုင်ပြည်နယ် ရှိ (မင်းပြား၊ ကျောက်ဖြူ ၊ ပေါက်တောနှင့် မြေပုံ မြို့နယ်) ကျေးရွာ ၁၃ ရွာမှ ရေ လုပ်ငန်း အခြေအနေ များကို ကွင်းဆင်း လေ့လာခဲ့ကြသည်။

ရခိုင်ပြည်နယ် တွင် လိုင်စင်ဖြင့် ဖမ်းဆီးနေသော ကမ်းနီး ငါးဖမ်းလှေ (စက်တပ်/စက်မဲ့) စီးရေ ၁၁၇၈၂ စီး ရှိပြီး ကမ်းဝေး ငါးဖမ်းလှေ ၁၂၄ စီးရှိ ကြောင်း ရန်ကုန် တိုင်းဒေသ ကြီး ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်း ဦးစီး ဌာနမှ ဒုညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံလွင် က ”ဝင်ခိုး ဖမ်းတဲ့ လှေတွေကို ဖမ်းဖို့အတွက် ငါးဦးစီးမှာ စက်အားကောင်းတဲ့ လှေမရှိ ဘူး။ သူတို့ခိုးဖမ်းတဲ့ အချိန် ဒီကလှေသွား တော့ သူတို့လှေက ကမ်းဝေး ထဲကို ပြန်ပြီး ဝင်ပြေးသွားပြီ။ အဲဒီတော့ ကျွန်တော် တို့မှာ ကမ်းဝေးလှေတွေကို ထိန်းဖို့အားနည်းချက် တွေတော့ ရှိနေတုန်း ပဲ” ဟု ပြောသည်။

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ကမ်းနီး ငါးဖမ်းလုပ်ငန်းများကို ကမ်းခြေ မှ ၅ မိုင် အတွင်းဖမ်းဆီးရန် သတ်မှတ်ထားပြီး ကမ်းဝေး ငါးဖမ်း လုပ်ငန်းများကို မူ ကမ်းနီး ငါးလုပ်ငန်း ရေပြင် အဆုံးမှ သီးသန့် ငါးဖမ်းဇုန် အထိ သတ်မှတ် ဖမ်းဆီးရန် ငါးလုပ်ငန်း ဦးစီးဌာနက ထုတ် ပြန်ပြီး ဖြစ်သည်။

ကမ်းဝေးမှ ငါးဖမ်းလှေများ ကမ်းနီးသို့ ဝင်ရောက် ဖမ်းဆီးခြင်းကြောင့် ငါး ရရှိမှုသည် ၅ဝ ရာခိုင်နှုန်း အထိ ကျဆင်း လာခြင်း၊ ငါးသယံဇာတ ကျဆင်းလာ ခြင်းသည် ငါး အလွန်အကျွံ ဖမ်းဆီးမှု တစ်ခုတည်းဖြင့် မဟုတ်ဘဲ ငါးလုပ်ငန်း ဦးစီး ဌာန၏ အုပ်ချုပ်မှုတွင် ပွင့်လင်း မြင်သာမှု မရှိခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ ငါးဝင်ခိုးဖမ်းမှု များကို လည်း တားဆီးနိုင် ခြင်း မရှိခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးစံကျော်လှ က ဆယ်စုနှစ် အတွင်း ငါးဖမ်းဆီး ရရှိမှု ကျဆင်းခြင်း အခြေ အနေ အပေါ် သုံးသပ်သည်။

ဦးစံကျော်လှ က ”အခု ဖွဲ့စည်းပုံ အရ ငါးဖမ်းကွက်တွေဟာ သမာသ မတ်မကျဘူး။ ငါးဖမ်းကွက် ၃ဝ မှာ ဖမ်း တဲ့လှေစီးရေ ၂ဝဝ ရှိတယ်။ ရခိုင်တိုင်း ရင်းသားပိုင် တဲ့လှေက ၁ဝ စီးလောက်ပဲ ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၁ဝ စုနှစ် အတွင်း ငါးဖမ်း လုပ်ငန်းနှင့် ပုစွန်မွေးမြူရေး လုပ်ငန်းများ သည် ၉ဝ ရာနှုန်း အထိ ကျဆင်းလာ ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ လူဦးရေ ၄၃ ရာခိုင်နှုန်း သည် ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြကြောင်း ပျိုးပင် အဖွဲ့မှ Miss.Sue Mark ကပြောသည်။

ပေါက်တော မြို့နယ် တွင် ဖဒူအ မည်ဖြင့် ကျေးရွာ သုံးရွာရှိပြီး ဖဒူကြီး ကျေးရွာသည် ထင်းမီးသွေး ဖုတ်ခြင်းနှင့် ကိုင်းလုပ်ငန်း တို့ကို လုပ်ကိုင် ကြကြောင်း၊ ဖဒူလယ် ကျေးရွာ တွင်မူ မျှောပိုက် လုပ်ငန်း (ငါးသလောက်နှင့် ငါးမျိုးစုံ ဖမ်းခြင်း)နှင့် လယ်လုပ်ငန်း ကိုလုပ်ကိုင် ကြောင်း၊ ဖဒူချေ ကျေးရွာ တစ်ရွာလုံး သည်သာ ကျားပိုက် လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြသည်ဟု ဖဒူချေ ဒေသခံ တို့က ပြောသည်။

”လူဦးရေတွေ တိုးလာတော့ ငါး ဖမ်းတဲ့ သူတွေလည်း များလာတာပေါ့။ အရင် (၂ဝဝဝ ဝန်းကျင်) က တစ်နေ့လုံး ဖမ်းတာ ပုစွန် ပိဿာချိန် ၄-၅-၆ ပိဿာ ရတယ်။ အခု တစ်ပတ်လုံး ဖမ်းရင် တောင် ၂ ပိဿာရဖို့ မနည်း ဖမ်းယူရ တယ်”ဟု ဦးခင်သောင်းက ငါးဖမ်းဆီး ရရှိမှု နည်းလာသည်ကို ပြောသည်။

၂ဝ၁ဝ ခုနှစ် ဂီရိမုန်တိုင်း မတိုက်မီ အချိန်တွင် ဖဒူချေကျေးရွာ၏ အိမ်ခြေမှာ တစ်ရာကျော် ရှိပြီး မုန်တိုင်း အပြီး ၂ဝ၁၂ ခုနှစ် ပြန်လည် ထူထောင်ရေး အတွက် အိမ်ခြေ စာရင်း များ ကောက်ယူရာတွင် အိမ်ခြေ ၃ဝဝ ကျော် အထိ တိုးလာခဲ့ ခြင်းကြောင့်လည်း အိမ်ခြေ စာရင်းများ ကောက်ယူရာ တွင် ပါဝင် ဆောင်ရွက်ခဲ့ သူ ဦးခင်သောင်း က ငါးဖမ်းဆီး ရရှိမှု နည်းလာသည့် အခြေအနေ ကိုပြောကြား သည်။

မြန်မာ့ရေပြင် အတွက် ပြည်ထောင်စု ရေချိုငါးလုပ်ငန်း ဥပဒေကို ၁၉၉၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ၂ဝ၁၂ ခုနှစ်မှ စကာ ရေချို ငါးလုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့မှ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲနိုင်ရေး ကို ဆောင်ရွက် နေ ပြီဖြစ်ကြောင်း P.E.A.C.E LAW FIRM မှ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တရား လွှတ်တော် ရှေ့နေ ဦးမြင့်ဆွေ က ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ ရေးဆွဲရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ အနေအရ ၁၉၉၁ ရေချို ငါးလုပ်ငန်း ဥပဒေကို မကျော်လွန်ဘဲ ရေးဆွဲရ မည်ဖြစ်ကြောင်း၊ အကယ်၍ ၁၉၉၁ ဥပဒေကို ဆန့်ကျင်ပြီး ရေးဆွဲမည် ဆိုပါ က အလိုအလျောက် ပျက်ပြယ်သွား မည်ဖြစ်ကြောင်း P.E.A.C.E LAW FIRM မှ ဥက္ကဋ္ဌ ဦးတင်မြင့်က ဆို သည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိတ်ဖက် အဖွဲ့ကြီးက ရည်မှန်းချက် ၉ ချက်ချကာ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဥပဒေရေး ဆွဲရာ အထောက် အကူဖြစ်စေရန် သုံးနှစ် စီမံကိန်းဖြင့် လုပ်ငန်း စတင်နေပြီ ဖြစ်သည်။ ၄င်း ရည်မှန်းချက် ၉ ချက်အ နက် ငါးလုပ်ငန်း မူဝါဒများနှင့် ဥပဒေပြု ခြင်းတို့ ပိုမို ကောင်း မွန်စေရေး၊ ဥပဒေ များကို လိုက်နာ ကျင့်သုံးရန် လိုလားမှုများ မြင့်မားလာရေးနှင့် ငါးလုပ်ငန်း မှ ရသော နိုင်ငံတော် ဝင်ငွေ ကောက်ယူရာတွင် ပို၍ ပွင့်လင်းမြင်သာမှု ရှိစေရေး တို့ ပါဝင်သည်။

ငါးလုပ်ငန်း ဦးစီး ဌာန အနေဖြင့် အောက်ခြေ လုပ်ငန်းအထိ ကွင်းဆင်း ဆောင်ရွက်နိုင်မှု မရှိခြင်းသည် ဌာန၏ ဘတ်ဂျက် အခြေအနေနှင့် ဝန်ထမ်း အင်အား လုံလောက်မှု မရှိခြင်း တို့ကြောင့် လည်းဖြစ်သည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲမှ အကြီးတန်း အကြံပေး အရာရှိ (ငြိမ်း) ဦးခင်မောင်စိုး က ပြောသည်။

သို့သော် ရခိုင်ပြည်နယ်၊ ပေါက် တောမြို့နယ်၊ ဖရုံကာ ကျွန်းရှိ ဖဒူချေ ကျေးရွာမှ ကျားပိုက်လုပ်ငန်း (ကမ်းနီး လုပ်ငန်း)ဖြင့် ၁ဝ နှစ်ကျော် အသက်မွေး ဝမ်းကျောင်းပြု ခဲ့သူ ဦးခင်သောင်း (အ သက် ၅၁ နှစ်)က ”ကျွန်တော်တို့ ငါး ဖမ်းပိုက်က ပုစွန် တစ်ခုတည်းကို ဖမ်း ပေမယ့် ဘင်္ဂလားဒေ့ရှ်က ရောက်လာတဲ့ လှေကြီး သမားတွေရော၊ ထိုင်းဘက် က လှေတွေပါ ပိုက်စိပ်တွေနဲ့ အကုန်ဝင် ဖမ်းလာတော့ ငါးကုန်တက်က ကျလာ မှာပဲ”ဟု ပြောသည်။

၎င်းတို့ အနေဖြင့် တရားမဝင် ငါးခိုးဖမ်းလာမှု အပေါ် စစ်တွေ ငါးလုပ်ငန်း ဦးစီးဌာနသို့ ဒေသခံရေလုပ်သား များက စုပေါင်းကာ တိုင်ကြားမှု ရှိသော် လည်း ငါးခိုးဖမ်းလှေ များအား လာ ရောက် ထိန်းချုပ်ပေးမှု မရှိဟု ဆိုသည်။

ထို့အပြင် ငါးလုပ်ငန်း ဦးစီးဌာန အား တစ်နှစ်လျှင် ငါးဖမ်းပိုက် တစ်လုံး (ပတ်လည် ပေ ၂ဝ မှ ၆ဝ) ကို ကျပ် ၅ဝဝဝ ဝန်းကျင်နှင့် ဖမ်းဆီးသည့် စက် ပစ္စည်းပေါ် မူတည်ပြီး ဟွန်ဒါ စက်တစ် လုံးလျှင် ကျပ် ၁ဝဝဝဝ အထိ ပေးဆောင် ရကြောင်း ကျားပိုက် လုပ်ငန်း (ပုစွန် ဖမ်းဆီးခြင်း) လုပ်ကိုင်သည့် ရေလုပ်သား များက ပြောသည်။ ဦးခင်သောင်း ၏ ဇနီးဖြစ်သူ ကလည်း ”ငါးဦးစီး က အခွန် လာကောက်ရင် ငါးပုပ်စော် နံတယ် ဆိုပြီးတော့လည်း ပုပ်စော်နံခ ကျပ် ၂ဝဝ၊ ၃ဝဝ ပေးရတယ်။ သူတို့ ဘယ် လောက် သတ်မှတ်ထားတယ် ဆိုတာ မသိဘူး။ ရှိရင် ပေးလိုက်တယ်။ မရှိရင် ဖရုံကာ ကျွန်းပေါ်မှာ သွားပုန်းနေလိုက်တယ်” ဟု သူတို့ ရပ်တည်နေရမှု အခြေ အနေကို ထိုသို့ ဆိုလိုက်သည်။

ထက်ထက်မိုးမြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...