Thursday, August 29, 2013

ကိုယ်အင်္ဂါ တရားမ၀င် ကုန်ကူးသူ တစ်ဦးက ခြောက်နှစ်အရွယ် ကလေးငယ် တစ်ဦး၏ မျက်စိများကို ဖောက်ထုတ်လုယူ


တရုတ်နိုင်ငံတွင် ခြောက်နှစ် အရွယ်သာ ရှိသော ယောက်ျားလေး တစ်ဦးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမ၀င် ကုန်ကူးသူ တစ်ဦး၏ ရက်စက် ယုတ်မာသည့် တိုက်ခိုက်မှုကြောင့် ၎င်း၏ မျက်စိ တစ်စုံလုံး ဆုံးရှုံး ခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါ ကလေးငယ်သည် အခြား ကလေးငယ် များနှင့် နေအိမ် အပြင်ဘက်တွင် ဆော့ကစား နေချိန်၌ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး ပျောက် ဆုံးပြီးနောက် လေးနာရီခန့် အကြာတွင် မျက်စိ တစ်ဝိုက်တွင် သွေးများ စီးကျနေသည့် ယင်းကလေး ငယ်အား မိသားစုဝင် များက ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရုပ်သံ သတင်းဌာန တစ်ခု၏ ဖော်ပြချက် အရ သိရသည်။

ကလေးငယ်အား တွေ့ရှိချိန်တွင် ကလေးငယ်၏ မျက်စိ တစ်စုံကို ကလေးငယ်၏ အနီး တစ်ဝိုက်၌ တွေ့ရှိ ခဲ့သော်လည်း မျက်ကြည်လွှာများ ကိုမူ မတွေ့ရှိခဲ့ ရကြောင်း၊ ကလေးငယ်၏ မျက်စိကို လူမဆန်စွာဖြင့် ထုတ်ယူ သွားသူမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တရားမ၀င် ကုန်ကူးသူ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းအမျိုးသမီးကို ဖမ်းဆီးနိုင်ရန် သတင်း ပေးနိုင်သည့် မည်သူ့ကို မဆို ဆုငွေ ယွမ်တစ်သိန်း ချီးမြှင့်မည်ဟု ရဲတပ်ဖွဲ့မှ ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ ကလေးငယ်သည် ယခု အချိန်တွင် ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူလျက် ရှိသည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...