Thursday, August 29, 2013

ရေထဲနစ်မြုပ်နေသည့် ကားအတွင်းမှ ကလေးငယ်များကို ဗြိတိန်လူငယ်သုံးဦး စွန့်စွန့်စားစား ကယ်တင်


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအများစု ရေလွှမ်းမိုးလျက်ရှိသော အင်္ဂလန်နိုင်ငံ၊ Essex ဒေသမှ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦးသည် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်အတွင်းရှိ ကားလမ်းမပေါ်တွင် ကားတစ်စီး မိုးရေထဲ တဖြည်းဖြည်း နစ်မြုပ်နေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ကားအတွင်း ပိတ်မိနေသည့် အမျိုးသား တစ်ဦး နှင့် ကလေးငယ် သုံးဦးကို ခဲရာ ခဲဆစ် ကယ်တင်နိုင်ခဲ့ကြောင်း အင်္ဂလန်မီဒီယာများက သြဂုတ် ၂၆ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသူများမှာ Essex တောင်ပိုင်းတွင် နေထိုင်သူ အသက်သုံးဆယ်အရွယ်ရှိ စကော့ဆွင်းဖို့ဒ်၊ ရှစ်နှစ်အရွယ် သူ၏သားငယ်၊ ရှစ်နှစ်နှင့် ခြောက်နှစ်စီသာ ရှိသော ၎င်း၏ တူမနှင့် တူကလေးတို့ ဖြစ်သည်။
မစ္စတာ ဆွင်းဖို့ဒ်သည် သားငယ်နှင့် တူ၊ တူမများကို ဈေးဝယ်စင်တာသို့ လိုက်ပို့ပေးပြီး နေအိမ်သို့ မစ်ဆူဘီရှိ ပါဂျဲရိုးကားဖြင့် ပြန်အလာ ရေကြီးနေသော မီးရထား ခုံးကျော်တံတားအောက်ရှိ လမ်းအား ဖြတ်မောင်းနေစဉ် လျှပ်တစ် ပြက်ရေကြီးမှုကြောင့် ကားမှာ ရေ စတင်နစ်မြုပ်ခဲ့ရပြီး ကားရပ်သွားချိန်တွင် ရေမှာ ကားဘီးများအား နစ်မြုပ်ရုံသာ ရှိခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်း၊ ကားမှာ ဒယ်အိုးတစ်လုံး၏ အလယ်ဗဟိုတွင် တည်ရှိနေသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် ရေများမှာ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ မစ္စတာ ဆွင်းဖို့ဒ်မှာ ကားထဲမှ ဆင်းကာ ကလေးများကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ကားတံခါး ဖွင့်မရဘဲ ဖြစ်နေချိန်တွင် ရေမှာ ကားမှန်များကိုပင် နစ်မြုပ်စ ပြုလာခဲ့သည်။
ထိုအချိန်တွင် ရပ်ကွက်ထဲ၌ နေထိုင်သောမစ္စဟန်နာကင်း၊ အမ်မာဘားလ်စ်နှင့် မစ္စတာမက် နော်တီတို့ သုံးဦးက အနက်ခြောက်ပေ ခန့်ရှိသည့် ရေထဲသို့ ဆင်းကာ ခဲရာခဲဆစ် ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည့် ကားမှန်ပြ တင်းပေါက်မှတစ်ဆင့် နောက်ခန်းရှိ ကလေးငယ်သုံးဦးကို အရင် ကယ်တင်ခဲ့ပြီး မစ္စတာဆွင်းဖို့ဒ်ကို နောက်ဆုံး ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ကယ်တင်မှု ပြီးဆုံးပြီး စက္ကန့် ၂၀ အတွင်းမှာပင် ကားမှာ ရေအောက်သို့ ရောက်ရှိ သွားခဲ့သည်။ ကြောက်ရွံ့နေရှာသည့် ကလေးငယ် သုံးဦးကို ဒေသခံတစ်ဦးက နေအိမ်သို့ခေါ်ကာ ရေချိုးပေးခြင်း၊ အ၀တ်များ လဲလှယ်ပေးခြင်းတို့ဖြင့် နွေးနွေးထွေးထွေး ရှိစေရန် ကူညီပေးခဲ့သည်။ ကယ်တင်သူ သုံးဦးထဲမှ တစ်ဦးဖြစ်သူ အသက် ၂၁ နှစ်အ ရွယ် မစ္စဟန်နာကင်းက “ကလေးတွေ ဒုက္ခရောက်နေတာ မြင်တော့ သူတို့ကို ကယ်ဖို့ နှစ်ခါ မစဉ်းစားခဲ့ရပါဘူး၊ ရေအနက်က ခြောက်ပေလောက်ပဲ ရှိပေမဲ့ ကျွန်မ အရပ်က ငါးပေ နှစ်လက်မပဲရှိလို့ အောက်ခြေကို မထိတဲ့အတွက် ကိုယ်ဖော့ပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာပါ”ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်အားလုံးကို ကင်မရာ ကိုင်ဆောင်ထားသူ တစ်ဦးမှ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပြီး Youtube ပေါ်တွင် တင်ခဲ့သည်။ ရေကြီးမှုများကြောင့် youtube မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့သို့ အရေးပေါ်အကူအညီ တောင်းခံမှုပေါင်း လေးရာကျော် လက်ခံရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...