ဒီနေ့ နိုင်ငံတော်ဘာသာနေ့မှာ ဘာအကြောင်းအရာတစ်ခုမှ
တိုက်တွန်းနှိုးဆော်ခြင်းမရှိတဲ့ Eleven , The Voice စတဲ့
သြဇာကြီးမားပါတယ်ဆိုတဲ့ မြန်မာမီဒီယာတွေကို တွေ့တော့
သမိုင်းမှာ ကျန်ခဲ့တဲ့ မျိုးချစ်မီဒီယာ၊ အမျိုးသားရေးကို ဦးစား
ပေးခဲ့တဲ့ မီဒီယာတွေကို သွားပြီးသတိရမိပါတယ်။
အဲ့ဒီမီဒီယာတွေကတော့ “သူရိယ နဲ့ မြန်မာ့အလင်း” သတင်းစာတွေပါ။
ဒီသတင်းစာ ၂ခုထဲမှာ ) ၀ံသာနုရက္ခိတစိတ်ဓါတ်နဲ့ အမျိုးသားရေးကို
ဦးစားအပေးဆုံးက ၁၉-ရာစုတစ်လျှောက် နာမည်ကြီးခဲ့တဲ့ “သူရိယ”
သတင်းစာပါ။ တည်ထောင်ခဲ့တဲ့သူတွေကိုယ်တိုင်ကိုက ဗုဒ္ဓဘာသာ
မျိုးချစ်ပုဂ္ဂိုလ်တွေပါ။ အထင်ကရသမိုင်းကြောင်းတစ်ခု ကျနော်နည်းနည်း
ပြောပြပါမယ်။
၁၉၃၁-ခုနှစ် မှာ ရွှေဘိုခရိုင်၊ မြေဒူးမှာနေတဲ့ အစ္စလာမ်ဘာသာဝင်
မွတ်စလင် “ရွှေဖီ”ဆိုတဲ့သူက “မော်လ၀ီနှင့် ယောဂီစာတမ်း”ဆိုတဲ့
စာအုပ်မကျ စာစောင်မကျ စာအုပ်တစ်အုပ်ကိုရေးခဲ့ပါတယ်။ အဲ့ဒီ
စာအုပ်ကို မွတ်စလင်လူမျိုးတွေကြားထဲမှာ ဖြန့်ခဲ့တယ်။ ပထမအကြိမ်
စောင်ရေနည်းတော့ လူသိနည်းခဲ့တယ်။ ဒါမေယ့် ဒီစာအုပ်ကို သဘောကျ
နေတဲ့ သိမ်ကြီးဈေးက “ပဒုမ္မာသူဌေး ပတေးလ်” ဆိုတဲ့ မွတ်စလင်ကုလား
တစ်ယောက်က ၁၉၃၇-ခုနှစ် နှစ်ကုန်ကာနီးမှာ စောင်ရေ သောင်းဂဏာန်း
နီးပါးထိ ရိုက်နှိပ်ဖြန့်ချီခဲ့တယ်။
စာအုပ်ထဲမှာပါတဲ့အကြောင်းအရာက “ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဗုဒ္ဓဘာသာဝင်”
တွေကို အစွမ်းကုန် ပုတ်ခတ်စော်ကားထားတဲ့ အကြောင်းတွေပါ။ ဒါကို
မွတ်စလင်တွေလက်ထဲက “သူရိယသတင်းစာ သတင်းထောက်တွေ”
တွေ့သွားတဲ့အခါမှာ မခံမရပ်နိုင်ဖြစ်ပြီး သတင်းစာမှာ အချက်အလက်တွေ
ထောက်ပြပြီး တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ သို့သော် အချိန်က မြန်မာတွေ
ကျွန်ဖြစ်နေတဲ့အချိန်၊ အစိုးရကလဲ အင်္ဂလိပ်နဲ့ မွတ်စလင်တွေသဘောကျတဲ့
အစိုးရဆိုတော့ အရေးယူခြင်းမရှိခဲ့ပါဘူး။
ခံရခက်တဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာတွေဟာ
၁၉၃၈-ခုနှစ်၊ ဇူလိုင်လ၊ (၂၆)ရက်နေ့မှာ “မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်း
ပျိုများအဖွဲ့” ဦးဆောင်ပြီးတော့ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ စီတန်း
လှည့်လည်ပြီးတော့ “ရွှေဖီနဲ့ ယောဂီစာတမ်းစာအုပ်” ကို ကန့်ကွက်ဆန္ဒပြ
ကြပါတယ်။
အဲ့ဒီမှာ ဆန္ဒပြနေတဲ့ သံဃာတွေကို မွတ်စလင်ပလိပ်အဖွဲ့က လူစုခွဲခိုင်းတဲ့
အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပြုမူတဲ့အတွက်ကြောင့် ဘေးကရပ်ကြည့်
နေတဲ့ မြန်မာအမျိုးသားတွေ မခံမရပ်နိုင်ပဲ တုန့်ပြန်ခဲ့ရာက “ကုလား-မြန်မာ”
ဒုတိယအကြိမ် အဓိကရုဏ်းဖြစ်ခဲ့ရပါတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ရေနံချောင်း၊ ပခုက္ကူ၊ မြင်းခြံ၊ ရွှေဘို စတဲ့
မြို့ကြီးအတော်များများကို ကူးစက်သွားခဲ့ပါတယ်။ လူပေါင်း (၁၀၈၄)ယောက်
သေတယ်။ ရန်ကုန်မှာ မြန်မာတွေအများဆုံးသေတယ်။ ပုလိပ်ဘက်က ပစ်လို့
သေတဲ့ (၁၇၁)ယောက်မှာ မြန်မာဗုဒ္ဓဘာသာ (၁၅၅)ယောက် သေခဲ့ပါတယ်။
ရင်နာစရာပါ။ အင်္ဂလိပ်လက်ထက် မွတ်စလင်တွေ အမျိုးမျိုးလူပါးဝနေတဲ့ချိန်၊
ဆူးလေစေတီတော် ဂေါပကမြေကိုယူ ဗလီဆောက်၊ ကျိုက်မြတ်သံချိုစေတီ
တော်ကိုဖျက် သိမ်ကြီးဈေးဆောက် ဗလီဆောက်ခဲ့တဲ့အပြင် ကြုံရင်ကြုံသလို
ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဗုဒ္ဓဘာသာကို အမျိုးမျိုးစော်ကားခဲ့တဲ့ မြန်မာနိုင်ငံရောက်
မွတ်စလင်တွေရဲ့ ရန်စမှုပါပဲ။
ဇူလိုင်လကစတဲ့ အဓိကရုဏ်းဟာ စက်တင်ဘာလလယ် ရောက်မှပြီးဆုံးခဲ့ပါတယ်။
ထုံးစံအတိုင်း ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်နဲ့ လုပ်ခဲ့ကြပါတယ်။ “မိုဟာမတ်
ဒါလ်ဒါလ်ချလ်ဂျီ နဲ့ တရ်ဘက်ဂျီ”ဆိုတဲ့ မွတ်စလင် ၂ယောက်က “အိန္ဒိယအမျိုးသား
ကွန်ယက်နဲ့ မွတ်စလင်လိဂ်”ကို သွားတိုင်တဲ့အတွက် ၁၉၃၉-ခုနှစ်၊ ဧပြီလ၊
(၉)ရက်နေ့မှာ အိန္ဒိယအမျိုးသားကွန်ဂယက်အဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေး
ဆုံးဖြတ်ချက်အရ “မြန်မာနှင့် အိန္ဒိယအစိုးရသည် ပင်လယ်ရပ်ခြား အိန္ဒိယအမျိုး
သားများ၏ အသက်စည်းစိမ်၊ လွတ်လပ်မှု၊ တရားဥပဒေအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်မှုအား ပျက်ကွက်သည်” ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။
(ခုခေတ် ကုလသမဂ္ဂလိုပေါ့ဗျာ)
အဲ့ဒီ “မော်လ၀ီနှင့် ယောဂီစာတမ်း” စာအုပ်ကိုရေးခဲ့တဲ့ “မော်လ၀ီရွှေဖီ” ကို
ပုဒ်မ (၂၉၅/က)နဲ့ ဖမ်းဆီးအရေးယူခဲ့တယ်။ အဲ့ဒီသတင်းကို “သူရိယနဲ့
မြန်မာ့အလင်း” သတင်းစာ ၂စောင်လုံးက အပြိုင်အဆိုင် ဖော်ပြခဲ့ကြပေမယ့်
မော်လ၀ီရွှေဖီရဲ့ ဓါတ်ပုံကိုတော့ ဘယ်သူမှရိုက်ယူနိုင်င်ခဲ့ခြင်း မရှိပါဘူး။
အင်္ဂလိပ်အစိုးရနဲ့ မွတ်စလင်သူဌေးတွေက ရွှေဖီရဲ့လုံခြုံရေးကို ကာကွယ်
ပေးထားခဲ့ပါတယ်။
ဒါပေမယ့် မန္တလေးမြန်မာ့အလင်း သတင်းစားကိုယ်စားလှယ် ”ဦးကိုကိုလတ်”
ရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ “ဦးမောင်မောင်ကြီး” (ပန်းချီကျောင်းအုပ်ဟောင်း
ဦးခင်မောင်၏ ဖခင်ကြီး)က တရားခွင်ထဲကိုဝင်ပြီး နားထောင်ရင်းနဲ့ ရွှေဖီရဲ့
ပုံနဲ့တကွ တရားခွင်မြင်ကွင်းကိုပါ ပန်းချီဆွဲပြီးတော့ မြန်မာ့အလင်းသတင်းစာ
ထဲမှာ ထည့်ခဲ့ပါတယ်။
အဲ့ဒီတော့မှ မြန်မာနိုင်ငံသားတွေဟာ ပြဿနာကို စတင်မီးမွှေးသူ၊ ဗုဒ္ဓဘုရားရှင်ကို
စော်ကားခဲ့သူ မော်လ၀ီရွှေဖီ ကိုမြင်ဖူးခဲ့ကြပါတယ်။ လူတွေက မြန်မာ့အလင်းသတင်းစာ
(ထိုခေတ်ကမြန်မာ့အလင်းသတင်းစာ)ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပြီး
ဝံသာနုရက္ခိတစိတ်ဓါတ်နဲ့ အမျိုးဘာသာကိုချစ်တဲ့ မီဒီယာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
(ဒီခေတ် မြန်မာ့အလင်းကတော့ ဘာမှမပါတော့ပါဘူး။ မျိုးဆက်ပျက်သွားတဲ့သဘော)
အဲ့ဒီလောက်ထိ မျိုးချစ်စိတ်ပြင်းထန်တဲ့ မီဒီယာတွေ ကျနော်တို့နိုင်ငံမှာရှိခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကုလားဦးရေ ၈၀%ကျော်သွားပြီးတော့ ကုလားစကားမတတ်ရင်
လမ်းသွားလို့မရတဲ့ အချိန်မှာ သတင်းစာတွေထဲ “မြန်မာစာသည် တို့စာ၊ မြန်မာစကားသည်
တို့စကား” ၊ “သခင်မျိုးဟေ့ တို့မြန်မာ” စတဲ့ကြွေးကြော်သံတွေ ညံစီခဲ့ပါတယ်။
အမျိုးကိုချစ်ဖို့၊ ကျွန်ဘ၀ကလွတ်မြောက်ဖို့၊ ဘာသာ သာသနာကိုထိန်းသိမ်းစောင့်ရှောက်ဖို့
အမြဲတမ်းတိုက်တွန်းခဲ့တဲ့ မီဒီယာတွေပါ။ အဲ့ဒါတွေမပါရင်လဲ မြန်မာတွေက မဖတ်ပါဘူး။
ခုခေတ်များကြတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားပါတယ်ဆိုတဲ့ ELEVEN , The Voice စတဲ့
ခေတ်မှီ မီဒီယာတွေဟာ မြန်မာတွေ အနိုင်ကျင့်ခံရတာတွေကို ဖုံးထား၊ ဘုန်းကြီးအသတ်ခံရ
တာကို မဖော်ပြ၊ မွတ်စလင်သေမှ ဓါတ်ပုံရိုက်တင်၊ သံဃာတွေကို တရားရေးနဲ့ ဘာသာရေး
ရောလို့ မကောင်းဘူလို့ပြော၊ အမျိုးစောင့်ဥပဒေကို ကန့်ကွက်၊ ကာတွန်းဆွဲပြီးပြောင်၊
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ကြေညာရင် ဆူပူမှုဖြစ်မယ့်ပုံစံပြော၊ အရေးကြီးဆုံး
နိုင်ငံတော်ဘာသာနေ့ကို ကျင်းပဖို့တောင် စာတစ်ကြောင်းလောက်နဲ့ တိုက်တွန်းခြင်းမရှိ။
အဲ့လိုမီဒီယာတွေနဲ့ ရှေ့ဆက်သွားရမယ့် ကျနော်တို့ရဲ့ခရီးလမ်း ....တွေးရင်းမောရပါတယ်။
0 comments:
Post a Comment