Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Friday, November 15, 2013

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု ပြည်တွင်း ပြည်ပသို့ တင်ဒါခေါ်ယူမည်









ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်မှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများသို့ တင်ဒါ ခေါ်ယူ သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း နှင့် ရထား တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်လျက် ရှိရာ ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ အတွက်လည်း ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ က စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်း နှင့် တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဝန်ကြီး ဌာနမှ လုပ်ဆောင် နေခြင်းဖြစ်ပြီး ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက် လာစေရန် အများ ပြည်သူ ရထားစီးနင်းမှု ပိုမို လာစေရန် ရည်ရွယ် လုပ်ဆောင် နေခြင်း ဖြစ်ပြီး ရထားပိုင် မြေများ ၊ ရထားဘူတာရုံ များနှင့် ရန်ကုန် ဘူတာကြီး ကဲ့သို့ မြေဧရိယာ ကျယ်ဝန်းသော နေရာ များတွင် ဘူတာ အဆင့်မြှင့် တင်ခြင်း အပြင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် ဈေးဝယ် စင်တာများ ၊ ဟိုတယ်များ ၊ အဆင့်မြင့် လူနေ တိုက်ခန်းများ အပါအဝင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံ များ ဆောင်ရွက်ရန် စိတ်ဝင်စားသူများ ရှိကြောင်း သိရသည်။


လက်ရှိ ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ခရီးလမ်းကြောင်း အများစု အရှုံးပေါ်လျက် ရှိရာ ယင်းကဲ့သို့ စီးပွားရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စေရန် အရှုံးပေါ် နေသော လုပ်ငန်းများ ပြန်လည် ကာမိစေရန် ဝင်ငွေပြန်လည် ရှာဖွေ ပေးသွားမည် ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန် ရှိသူ တစ်ဦးထံက သိရသည်။


ထို့ကြောင့် ရန်ကုန် ဘူတာကြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ အတွက် ပြည်တွင်း ပြည်ပ သို့ မကြာမီ တင်ဒါ ခေါ်ယူမည် ဖြစ်ရာ လက်ရှိတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့က စိတ်ဝင်စားလျက် ရှိပြီး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း ၊ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

Thursday, November 14, 2013

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့ ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

အစိုးရနည်းပညာ အထက်တန်းအောင် ကျောင်းသားများ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မရ





ကလေးမြို့နယ်၊ သာယာဝတီရွာတွင် ဖွင့်လှစ်ထားသော အစိုးရ နည်းပညာအထက်တန်းမှအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများသည် ယခုနှစ်တွင် နည်းပညာတက္ကသိုလ်(ကလေးမြို့)၌ တက်ရောက်ခွင့် မရရှိတော့ကြောင်း သိရသည်။

" အစိုးရနည်းပညာအထက်တန်းကျောင်းအောင်တဲ့ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့နည်းပညာတက္ကသိုလ်ကို တိုက်ရိုက် တက်ခွင့်မပေးတော့တာပါ။ ကလေးမြို့မှာ နည်းပညာ တက္ကသိုလ် အဆင့်တိုးမြင့်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ထက် နိမ့်တဲ့ ကောလိပ်အဆင့်၊ အင်စတီကျုစ် အဆင့်ရှိတဲ့အခြားမြို့တွေမှာသာ တက်ခွင့်ပေးပါတယ် " ဟု နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား(၁၇)ဦးကို ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မပြုတော့ဘဲ မိုးညှင်း၊ ပူတာအို၊ ဟားခါး၊ ခန္တီး၊ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ ၀ါးခယ်မ နှင့် သရက်မြို့တို့တွင်သာ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

ထောက်ကြန့်ရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမြင့်လွင်က " အစိုးရနည်းပညာ အထက်တန်းကျောင်းဟာ နည်းပညာတက္ကသိုလ်
ကျောင်းဝင်းအတွင်းမှာပဲ ရှိပါတယ်။ နည်းပညာအထက်တန်းအောင်ရင် နည်းပညာတက္ကသိုလ်မှာပဲ နီးနီးနားနားတက်ရောက်ခွင့်ရလို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို တက်ရောက်ခွင့်ပြုခဲ့ကြတာပါ။
အခုတော့ ဒီမှာမတက်ရတော့ဘဲ အခြားမြို့တွေမှာ သွားတက်ရမယ်လို့ ပြောပါတယ်။ " ဟုပြောကြားသည်။

မည်သည့်မြို့တွင်တက်မည်ဆိုသည်ကို နိုဝင်ဘာ(၁၃)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ခိုင်းသည့် အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ ကလေးမြို့မှ အလှမ်းဝေးလွန်းလှသည့်မြို့များတွင်သာ တက်ရောက်ခွင့်ပြုလိုက်သည့် အတွက် ဆက်လက်ကျောင်းထားနိုင်ရေးမှာ မသေချာတော့ကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျော်သူစိုး(ကလေးမြို့)

Wednesday, October 2, 2013

မကွေး-နေပြည်တော်လမ်းရှိကွန်ကရစ်ရေကျော်ချောင်းရေကြောင့်ကျိုးပျက်

Facebook ကို like လေးပေးခဲစေချင်ပါတယ်


ချောင်းရေတိုက်စားမှုကြောင့် မကွေး-နေပြည်တော်-ကားလမ်းပိုင်းရှိ ကွန်ကရစ်ရေကျော်
ယာဉ်သွားလာမှုရပ်ဆိုင်းသည်ထိ ပျက်စီး















Popular Myanmar News Journal

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား လှုံ့ဆော်မှုများကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ထိရောက်စွာအရေးယူမည်

Facebook ကို like လေးပေးခဲစေချင်ပါတယ်




လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊ စိတ်အနှောင့် အယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့် ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ယင်းကဲ့သို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်မှုများကို အရေးယူ ဆောင် ရွက်မှုများသည် ယခင်ကတည်းက ရှိနေသော်လည်း နည်းပညာလိုအပ်ချက်များကြောင့် ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။

ထိရောက်စွာ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာများကို ရယူကာ နည်းဥပဒေကို လည်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၁ ရက်က ပြောကြားသည်။

''အဲဒီလို အင်တာနက် စာမျက်နှာတွေကနေ လှုံ့ဆော်တာတွေ၊ မဟုတ်မမှန်တာတွေ၊ ထင်ယောင်ထင်မှား ဖြစ်မယ့်အကြောင်းအရာ ဓာတ်ပုံတွေ တင်တာတွေကို ထိရောက်စွာ အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ခြင်း မရှိသေးတာက တိတိကျကျ စစ်ဆေးနိုင်မယ့် နည်းပညာတွေ မရှိသေးလို့ ဖြစ်ပါတယ်။ အခု နည်းဥပဒေ ရေးဆွဲနေတယ်။ ဒီလို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ် '' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။

ကျူးလွန်သူများကို အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး ပြစ်မှုအပေါ်မူတည်၍ အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် ကျစေနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ရွှေပြည်သာမြို့နယ်တွင် မည်သူ သတ်သွားမှန်းမသိသော အမျိုးသမီးအလောင်းတစ်ခု တွေ့ရှိဆိုသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်လည်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းထုတ်ပြန်ရေးတပ်ဖွဲ့မှ သိရသည်။

Eleven

ဟင်္သာတ-အိုင်သပြု ကားလမ်း အလွန်ဆိုးရွားစွာ ပျက်ဆီးနေသော်လည်း ပြုပြင်ခြင်း မရှိ

Facebook ကို like လေးပေးခဲစေချင်ပါတယ်


ဟင်္သာတ၊ အောက်တိုဘာ ၂။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်ခိုင်ဖြိုးပါတီမှ အိုင်သပြု၊ ခမောက်စု၊ ယုန်သလင်း၊ နိဗ္ဗန်လမ်းမကြီးကို
ကျောက်ချောလမ်းအဖြစ် ပြုပြင်ခဲ့ပြီး မဲဆွယ်စည်းရုံးခဲ့သော်လည်း၊ နောက်ထပ် ပြန်လည်ပြုပြင်ခြင်းမရှိ၍
လမ်းမပေါ်တွင် ကားများ သွားလာရေးခက်ခဲနေရကြောင်း၊ ချိုင့်များကို အုန်းတုန်းများခင်း၍ ကားများသွားလာနေရသည်ဟု သိရသည်။ တာဝန်ရှိသူ လူကြီးမင်းများ အမြန်ဆုံးပြုပြင်ပေးပါရန်
ဒေသခံများမှ ဆန္ဒရှိနေကြပါသည်။

Hinthata HumanRights

Tuesday, October 1, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး


From : ..သမ္မတရုံး





နေပြည်တော် အောက်တိုဘာ ၁


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ်ယာဉ် ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြို့တည်ငြိမ် အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။


ယင်းနောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးတို့က မြောက်ဦးမြို့ သို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ်မှုနှင့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ခရိုင်အတွင်း စိုက်ပျိုးမြေ ဧရိယာနှင့် စိုက်ပျိုးထားမှု၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတ က ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။


ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှု၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင် များက ဝိုင်းဝန်းစဉ်းစား ဆွေးနွေး၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို တင်ပြကြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။


ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိသည်။

တောင်ကျရေပြင်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးရှုံးမှုများ



Facebook ကို like လေးပေးခဲစေချင်ပါတယ်





စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာ(၂၉) ရက်ညပိုင်းမှ စ၍ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် နေရဉ္ဇရာချောင်း၊ ဥပုသ်ချောင်း၊ နန်းကလိန်
ချောင်းတို့ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ပျက်ဆီးဆုံးရှုံးမှုများစွာ
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းချောင်းများ ရေကြီးရေလျှံမှုကြောင့် ဆိပ်ကမ်းသာတံတား ၊ ဥပုသ်ချောင်းတံတား၊ နတ်တံခါးချောင်းတံတားများ အပါအဝင် တံတားစုစုပေါင်း (၁၅)စင်းပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ တိုင်းဒေသကြီးအစိုးရသို့ ပေးပို့သည့် စာရင်းအရ သိရသည်။
“ကာယကံမေတ္တာ လူမှုကူညီရေးက မော်လိုက်ကလေးရွာနှင့် သဖန်းအိုင်ရွာကို သွားပြီး ရေဘေးဒုက္ခ ရောက်သူတွေကို ကူညီမှုလုပ်ခဲ့ပါတယ်။ ဆန်(၁၀)တင်းနှင့်ငါးပိ၊
ဆား၊ ဆီတွေ လှူခဲ့ပါတယ်။ ခိုင်းနွားနှင့်ကျွဲတွေ ဆုံးရှုံးမှု များတယ်လို့ သိရတဲ့အတွက် စာရင်းပြုစုဖို့ ပြောထားပါတယ်။ မနက်ဖြန်တော့ ကာယကံမေတ္တာ ကုသိုလ်ဖြစ် ဆေးခန်းက ရေဘေး ဒုက္ခသည်တွေကို လှည့်လှည် ဆေးကုသမှု ပေးပါမယ်။ ရန်ကုန်နာကူက လှူထားတဲ့ ဆေးပစ္စည်းတွေကို လက်တွေ့ သွားလှူကြမှာပါ”ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ဦးဆောင်ဆရာတော် ဥုးဓမ္မိက က
မိန့်ကြားသည်။

“မြို့ပေါ်မှာတင် ဒုက္ခသည် စခန်း (၇)ခု ဖွင့်ထားရတဲ့ အခြေနေကို ရောက်နေပါတယ်။ မြို့အနီးနားရွာတွေက ရေဘေး ဒုက္ခသည်တွေ အပါအ၀င် ရေဘေးဒုက္ခသည်
အိမ်ထောင်စု စုစုပေါင်း(၂၈၉)စုခန့် ရှိနေပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်နဲ့ ရေဘေးဒုက္ခသည် အိမ်ထောင်စု တစ်စုကို ဆန်လေးပြည်စီ
လှူပါတယ်။ နန်းကလိန်ချောင်း တံတားကိုလည်း ဖြတ်သန်း သွားလာနိုင်အောင် နေ့ချင်းပြီး ဆောင်ရွက်ထားမှု အခြေနေရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။

ကလေးမြို့ ရေကြီးမှုသည် မြစ်သာမြစ်နှင့် ချင်းတွေမြစ်ရေထောက်၍ တက်သည့်
ပုံစံမျိုး မဟုတ်ဘဲ တောင်ကျချောင်း ရေများပြီး ရေစီးသန်သောရေကြီးမှု ပုံစံဖြစ်ကြောင်း၊ တောင်သူများ အတွက် ခိုင်းနွားနှင့်ကျွဲများ မျောပါဆုံးရှုံးမှု
ပမာဏများပြီး စာရင်းပြုစုလျက်ရှိကြောင်း၊ ကျေးရွာများတွင် ရေစီးမျောပါသည့် လူပျောက်စာရင်းကိုလည်း ပြုစုလျက်ရှိကြောင်း၊ စက်တင်ဘာ(၃၀)ရက်နေ့ အထိ မြစ်သာဖြစ်ရေမှာ ၁၁၅၈ စင်တီမီတာနှင့် ချင်းတွင်းမြစ်ရေမှာ ၁၁၅၆ စင်တီမီတာရှိ နေကြောင်း ကလေးဝမြို့ မိုးဇလ ဌာနမှ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

Monday, September 30, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် Ytalk မှ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ကူညီပေးသွား မည်ဖြစ်ကြောင်း စမိုင်းပြော

Facebook    ကို like လေး ပေးစေပါတယ်





Popular Journal

အနုပညာလောကမှာ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့သလို ဂီတအနု ပညာ အလုပ်ကိုလည်း ဝါသနာအရ ပထမဆုံး တေးစီးရီးကို အောက်တို ဘာလထဲမှာ ထွက်နိုင် ဖို့ကြိုး စားနေသူ စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ Ytalk ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလာမည့် ဆီးဂိမ်းပွဲကျင်းပရာ ကာလတစ်လျှောက်လုံးမှာ နိုင်ငံ တော် ကိုယ်စားဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံသား တစ်ဦးပီပီပါဝင်ပံ့ပိုးတဲ့သူမရဲ့ခံစားချက်ကို မေးကြည့်တော့ “ဆီးဂိမ်း မှာ အစ်မတို့ပါဝင်ပြီး ဒီဆက်သွယ်ရေးကို လှူဒါန်းတာကတော့ ဒီဆီးဂိမ်း မှာ လာရောက်ကစားမယ့် နိုင်ငံခြားသားတွေကို ဘာပဲဖြစ်ဖြစ် မြန်မာနိုင် ငံရောက်လို့ သူတို့မိ သားစုတွေဆီ ဆက်သွယ်လို့ရအောင်ဆိုပြီး စီစဉ်ပေးတာပါ။ သူတို့ခေါ် ချင်တဲ့နိုင်ငံကို ခေါ်လို့ရအောင် အခမဲ့စီစဉ်ပေး ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အဓိက ဒီဆက် သွယ်ရေးကိုလှူဖြစ် တာက အစ်မ အမျိုးသားနဲ့တိုင်ပင် ပြီးလှူဖြစ်တာလားလို့မေးကြည့်တော့ “နိုင်ငံခြားသားတွေက မြန်မာပြည်လာလို့ရှိရင် မြန်မာပြည် က ကော်မြူ နီကေး ရှင်း ခက်ခဲတယ်။

ဆက်သွယ်မှုဈေးနှုန်းမြင့်တယ်။ အဆင် မပြေဘူးဆိုတဲ့အသံကို အမြဲ ကြားရတယ်။ ပြီးတော့ ဒီဆီးဂိမ်းမှာက နိုင်ငံပေါင်း များစွာကလာပြီး ပြိုင်မှာ ဆိုတော့ အဲဒီလိုမျိုး ဟာကို ကိုယ့်တိုင်းပြည်မျက်နှာ မငယ် စေချင်တာ လည်းပါတယ်။ သူတို့ အားကစားသမားတွေကို အခမဲ့ပေးခေါ်တယ်ဆိုတာ တိုင်းပြည်လည်း ဂုဏ်တက် မယ်။ အစ်မ တို့ကုမ္ပဏီကိုလည်း လူတွေအမှတ် ပိုရလာ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးစီးပွားရေးတစ်ခုဖြစ် လာဖို့ အချိန်ရော၊လူရော၊ငွေရောအကုန်ခံ ပြီးလုပ်တယ်။ ဒါငါတို့ စီးပွားရေးပဲတွေး ရင် ပိုက်ဆံယူပြီးအစ်မတို့ပဲ ချမ်း သာသွားမှာလေ။ အသွားအပြန် ဆိုတာ ရှိတယ်လေ။ အခု အဲဒီလို လုပ်တာလည်း နှစ်ဖက်စလုံးစိတ်ချမ်းသာမယ်။ ပြီးတော့ ဆီးဂိမ်းက ဒီမှာမလုပ်တာတော်တော် ကြာပြီ။ စည်းလုံးမှ တိုင်းပြည်ကလုပ် လို့ရမှာလေ။ ဒါကြောင့် ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို ကူညီပံ့ပိုး ပေး တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို


Facebook    ကို like ပေးစေလိုပါတယ်





ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်






Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ်တယ်လို့ သိရပါတယ်။

“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက်အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။

“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။

သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။

“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။

“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက်တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်းကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

ဧရာဝတီ

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မိုးဒဏ်ကြောင့် ပျက်စီးတတ် သဖြင့် ရှေးဟောင်းသုတေသန ဌာနမှ ဂရုပြုစောင့်ကြည့်

Facebook  ကို like လေးပေးစေချင်ပါတယ်






စက်တင်ဘာလအတွင်း ပုဂံညောင်ဦး ဒေသတွင် မကြာခဏ မိုးရွာလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးများ၊ အနုလက်ရာများသည် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး တတ်သည့်အတွက် ပုဂံရှေးဟောင်း သုတေသန ဌာနမှ အထူးဂရုပြု စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မိုးရွာရင် ကျွန်တော်တို့က ဘုရားတွေကို လိုက်စစ်ဆေးကြည့်ရှု ပေးရပါတယ်။ အရေးကြီးတဲ့ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားတွေမှာ မိုးယိုမှု ရှိ၊ မရှိ စစ်ဆေးရတယ်။ မိုးယိုမှုရှိတဲ့ ဘုရားရှိရင် အရေးပေါ်ဆောင်ရွက် ရတာမျိုး ရှိတာပေါ့။ လောလောဆယ်တော့ ထိခိုက်ဆုံးရှုံးတာမျိုး မရှိသေးပါဘူး။ လောကထိပ်ပန် ဘုရားမှာတော့ နည်းနည်းလေး မိုးယိုတာရှိလို့ ပြန်ပိတ်ပြီး ဆောင်ရွက်တာလေး ရှိပါတယ်" ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း မိုးကြောင့်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ယနေ့အချိန်အထိ မရှိသေးကြောင်း မိုးရွာသွန်းမှု ကြောင့် ရှေးဟောင်းအဆောက်အအုံ မိုးမလုံရာမှ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေရုပ်ကြွများ၊ စိန်တောင်များ အဓိက ပျက်စီးတတ်ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ၊ အဆောက် အအုံများ၊ အနုလက်ရာများ ပျက်စီးဆုံးရှုံးရမှု အကြောင်းတရားများတွင် မိုးကြောင့်ပျက်စီး ဆုံးရှုံးခဲ့ရမှုများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

လာမည့်အောက်တိုဘာလမှ စတင်ပြီး ကျပ်(၅၀၀)နှုန်းဖြင့် ပြောင်း လဲ ကောက်ခံသွားမည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခ






Sunday, September 29, 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိတဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ များကို ငွေကျပ်(၅၀၀)နှုန်းနဲ့သာ ပြောင်း လဲကောက်ခံတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၈) ရက် နေ့က ပြု လုပ်ခဲ့တဲ့ လျှပ်စစ်ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။

အဲ့ဒီလို လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခများကို လျှော့ ချကောက်ခံမှုကိုတော့ လာမယ့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်း စောင့်ရှောက်ခကို သုံးစွဲမှုရှိရှိ၊ မရှိရှိ ငွေကျပ်(၁၀၀၀) နဲ့ ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ်။

ဒီလိုကောက်ခံရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက် ခအနေနဲ့ ကောက်ခံတာမဟုတ်ဘဲ မီတာငှားရမ်းသုံးစွဲခ အနေနဲ့သာ ကောက်ခံ နေတာဖြစ်ပါတယ်။ အခုလို ပြုလုပ်တာဟာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ ပြည် သူတွေအတွက် လျှပ်စစ်မီတာ သုံးစွဲမှုမှာ ပိုမိုအဆင်ပြေလာ ဖို့ဖြစ်ပြီး ပြည်သူတွေမှ လည်း လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ အတွက် အများစုမှာ ကျေနပ်မှုမရှိတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။

ဒီလိုကောက်ခံမှုနှုန်းထားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ထပ်မံလျှော့ချပေးဖို့ကို လည်း လုပ်ဆောင်ပေးသွားဖို့ကိုလည်း ရှိတယ်လို့ သိရပါတယ်။

MRTV-4

Friday, September 27, 2013

မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး

Facebook ကို like ပေးစေချင်ပါတယ်

From : ..the voice

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသေဆုံးနေသည့် နိုင်ငံခြားသားကို မန္တလေးဆေးရုံးကြီး ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးရာ နှလုံးသွေးကြောပိတ်၊ နှလုံးကြွက်သား ဆွေးမြည့်ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံဆေးစာအရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟိုတယ်တွင် သေဆုံးခြင်း မဟုတ်ဘဲ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်သည်ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

သေဆုံးသူ နိုင်ငံခြားသား၏ အနီးတွင် ရေသန့်တစ်ဘူး၊ Red Ruby ဆေးလိပ်တစ်ဘူး၊ CocaCola တစ်ဘူးနှင့် အခြားဆေးကတ်များ (စိစစ်ဆဲ) တွေ့ရှိပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများ၊ အမှတ် (၁၃) မှုခင်းတပ်ဖွဲ့စု (မန္တလေး) တို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ၀က) အဖွဲ့များက ပူးပေါင်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

သြစတြေးလျ နိုင်ငံသား၏ အခန်းအတွင်းမှ တွေ့ရှိသော ခရီးဆောင်အိတ် အတွင်းမှ Canon အမျိုးအစား ကင်မရာအကြီးတစ်လုံး၊ မှန်ဘီလူးသုံးခု၊ Sony ကင်မရာ အသေးတစ်လုံး၊ှ Samsung အမျိုးအစား လက်ကိုင်ဖုန်း အခွံနှစ်လုံး၊ မြန်မာငွေ ၅၀၀၀ ကျပ်တန် ၄၉ ရွက်၊ ၁၀၀၀ တန် နှစ်ရွက်၊ ၂၀၀ တန် နှစ်ရွက်၊ ၁၀ တန် တစ်ရွက်၊ စင်ကာပူဒေါ်လာ ၁၀ တန် နှစ်ရွက်၊ ၅ ဒေါ်လာ တစ်ရွက်၊ ၂ ဒေါ်လာ တစ်ရွက်၊ တရုတ်ယွမ် ၁၀၀ တန် ငါးရွက်၊ ၅ ယွမ်တန် သုံးရွက်၊ ၂၀ ယွမ်တန် သုံးရွက်၊ ၁၀ ယွမ်တန် တစ်ရွက်၊ ၁ ယွမ်တန် သုံးရွက်၊ သြစတြေးလျ နိုင်ငံသုံးငွေ ၁၀၀ တန် ၂၀ ရွက်၊ အမေရိကန် တစ်ဒေါ်လာတန် နှစ်ရွက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများ ၅၁ မျိုးကို ဒုတိယ လဝကမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်မန်နေဂျာနှင့် သက်ဆိုင်ရာ ရဲစခန်းတို့က မှတ်တမ်းပြုစု သိမ်းဆည်းထားကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကားရထားနှင့် ပါဂျဲရိုးတိုက်မိ

ချစ်ပရိတ်သတ်များ  Facebook ကို Like ပေးစေချင်ပါတယ်





စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူးသည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြားသည်။

သံလမ်းဖြတ်ကူးခဲ့သည့်ကားမှာ အင်းရွာသစ်ရပ်ကွက် အောင်မင်္ဂလာလမ်း အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာရထားနှင့် အတူကိုက် ၁၀၀ ခန့်အထိ တွဲလျက်ပါသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ မုံရွာမြို့ခံများက ဆိုသည်။
“ဒုန်းဆိုပြီး အသံကြီးတစ်သံ ကြားလိုက်ပြီး ရထားလမ်းနဲ့ ပွတ်တိုက်ပြီး ဆွဲသွားတဲ့ အသံကြီးတစ်ခုတော့ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ရထားရှေ့မှာ ပါဂျဲရိုးကားတစ်စီး ရောက်နေပြီ။ တော်သေးတယ် ကားမောင်းတဲ့သူက ဒဏ်ရာအကြီးအကျယ် မဖြစ်လို့” ဟု ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အင်းရွာသစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကားနှင့်ရထားမှာ တွဲလျက် တောက်လျှောက် ပါသွားပြီး ယာဉ်မောင်းသူမှာ ရထားအရှိန်လျှော့သည့်အခါမှ ကား၏ အခြားတံခါးပေါက်တစ်ခုမှ ထွက်ခဲ့ရကာ၊ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။
“မြို့အဝင်ထဲက ရထားကိုအရှိန်လျှော့ပြီး မောင်းနှင်လာခဲ့တာပါ။ လမ်းသွယ်ထဲက ကားကိုအဝေးကနေ လှမ်းမြင်နေရလို့ ဟွန်းရှည်ဆွဲပေမယ့် ကားကမှန်အကုန် ပိတ်ထားတော့ မကြားရဘူး ထင်တယ်။ သံလမ်းပေါ်ထိ ရောက်လာတော့ တိုက်မိခဲ့တာပါ” ဟု တင်းတိမ်ရံမှ မုံရွာသို့ မောင်းနှင်လာသည့် ရထားအမှတ် (၂၁၈) မှ စက်ခေါင်း မောင်းသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ လျှပ်စစ်စွမ်းအင် အတွက် ADB နဲ့ ဂျပန် ၂.၈ ဘီလီယံ ထောက်ပံ့မည်






 မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးတဲ့ စနစ်ကို အထောက် အကူပေးဖို့နဲ့ စွမ်းအင် ဆိုင်ရာ လိုအပ်ချက်တွေ ကို ပြည့်မှီဖို့၊ နောက် ရေရှည် ဆိုင်ရာ စီမံကိန်းတွေ ချမှတ်နိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ အထောက်အပံ့ပေးမယ် လို့ ပြောဆိုလိုက်ပါတယ်။ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သုံးသန်းနီးပါး အသုံးပြုမှာဖြစ်ပြီးတော့ ဒီငွေကို ဆင်းရဲမှုလျှော့ချရေး ဂျပန်နိုင်ငံ ရန်ပုံငွေ JFPR ထောက်ပံ့ငွေကို အသုံးပြုမှာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဦးစံမိုဝေ က ပြောပြပေးမှာပါ။

ဒီစီမံကိန်းရဲ့ အဓိကကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်သုံးစွဲမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်း ရေးဆွဲဖို့နဲ့လျှပ်စစ်ဓါတ်အားပို့လွှတ်မှု ဖြန့်ဖြူးမှု စတဲ့ စနစ်တွေကို ပိုမိုကောင်းမွန်အောင် အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ သတ်မှတ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်ငါးမြို့နယ် မန္တလေးတိုင်းဒေသကြီး စစ်ကိုင်း နဲ့ မကွေးစတဲ့ ဒေသတွေမှာ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်မှု တိုးမြှင့်ပေးဖို့ ဖြန့်ဖြူးရေးစနစ်တွေ ပိုမိုကောင်းမွန် ဖို့ ဆောင်ရွက်ပေးဖို့ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အရှေ့တောင်အာရှ ဌာနရဲ့ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ စီမံကိန်းအရာရှိဖြစ်တဲ့ မစ္စတာ Jon Inn Kim ကပြောပါတယ်။

"အခြေခံအားဖြင့်ကတော့ လျှပ်စစ်ဓါတ်အားပို့လွှတ်မှု နဲ့ ပါတ်သက်ဆက်နွှယ်တဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဓါတ်အားပေးလိုင်းတွေ ဓါတ်အားပေးစက်ရုံတွေ ထရန်စဖော်မာတွေ စသဖြင့် လိုအပ်နေမှုတွေပေါ်မှာ မူတည်ပြီး ပြုပြင်ပြင်ဆင်ပေးရေး ဆောင်ရွက်သွားမှာပါ"

အဲဒီ့စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲမှာဖြစ်ပြီး စီမံကိန်းကာလဟာ အခုနှစ် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် ဂျွန်လအတွင်း ဖြစ်တယ်လို့ မစ္စတာ Jon Inn Kim ကပြောပါတယ်။

"မျှော်လင့်ထားတာကတော့ တစ်ချို့လုပ်ငန်းတွေကို အခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ရှိပါတယ်။ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ ပြုပြင်မယ်။ မီတာတွေ အသစ်ပြန်လဲမယ်။ ဘီလူးချောင်းကနေ တောင်ငူ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ၊ အနောက်ဖက်ခြမ်း တောင်ငူကနေ စစ်ကိုင်း ဓါတ်အားလိုင်း၊ ရန်ကုန်မြို့တွင်း သာကေတ နဲ့ အလုံ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေကို အရည်အသွေး တိုးမြှင့်အောင် ပြုလုပ်ဖို့ စတာတွေပါဝင်ပါတယ်"

နောက်စီမံကိန်းတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အကဲဖြတ်ဖို့နဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်း ရေးဆွဲဖို့ဖြစ်တယ်လို့ မစ္စတာ Jon Inn Kim ကပြောပါတယ်။

"မြန်မာနိုင်ငံဟာ အခုအချိန်အထိ စွမ်းအင်ဆိုင်ရာ အသုံးချမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်းတွေ မူဝါဒတွေ မရှိသေးပါဘူး။ နှစ်ပေါင်း ၂၀ အတွင်း စွမ်းအင်သုံးစွဲမှု ပမာဏ ဘယ်လောက်လိုတယ် ဒီအတွက် မြန်မာနိုင်ငံ အတွင်းမှာ စွမ်းအင်ထုတ်ယူပံ့ပိုးပေးနိုင်မှု ပမာဏ ဘယ်လောက်ရှိတယ် စသဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မှု နည်းဗျူဟာတွေ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ADB ဟာ မြန်မာအစိုးရနဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

အဲဒီ စီမံကိန်းအတွက်တော့ စုစုပေါင်းထောက်ပံ့ငွေ အားလုံးအနက်က ၁ ဒသမ ၃၅ သန်းကို အသုံးပြုမှာဖြစ်ပြီး မြန်မာအစိုးရ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက် မှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေငြာပါတယ်။ စီမံကိန်းကို အခုလာမယ့် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ ADB စီမံကိန်းအရာရှိဖြစ်တဲ့ မစ္စတာ Jon Inn Kim ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ပြည်ပကို စွမ်းအင်အများဆုံးတင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ် စွမ်းအင်တိုးတက်မှု နဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့အတွက် အရှေ့တောင်အာရှဒေသမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံး တိုင်းပြည်တွေထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ADB ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ဦးစံမိုဝေ

တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တခိျု့ မဖွယ်မရာပြသ သောင်းကျန်း


ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။ ။ ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တခိျု့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိဒြေ္နကိုထိပါးစေသောအ ပြုအမှုများ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရသည်။ တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။

ယင်းက ''ရပ်ကွက်ထဲမှာ အိမ်တော်တော်များများက ခြံတံ ခါးတွေ ပိတ်ထားကြတာများတယ်။ ကျွန်မတို့က ဆိုင်ဆိုတော့ တံခါး ဖွင့်ထားရတယ်။ လမ်းပေါ်ဘယ် သူဖြတ်ဖြတ် လှမ်းကြည့်ရတာ။ သူ့ကိုကြည့်သလို ဖြစ်သွားတာ ပေါ့၊ အဲ့ဒါ လိုက်ဖမ်း ရင် ပြေးတာ ပဲ''ဟု ပြောသည်။ ယင်းလူငယ်များကို ရပ်ကွက် အတွင်းနှိမ်းနင်းမည့်သူများ မရှိ ကြောင်း၊ ဖမ်းမိသူတခိျု့ရှိကြောင်း ရပ်ကွက်လူကြီးများကို မိန်းကလေး ငယ်များမှ တိုင်ကြားထားကြောင်း နှင့် ယခုနှစ်ဧပြီလတွင် စတင်ကြုံ တွေ့ကြရခြင်းဖြစ်ကြောင်း ယင်း ရပ်ကွက်နေ အမျိုးသမီးများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ ပွင့်ဦးစံ အပ်ချုပ်ဆိုင်မှ အမျိုးသမီးတစ်ဦး က ''အစ်မတို့လဲ ဒီလိုကြုံရတယ်၊ အစ်မတို့က မိန်းကလေးတွေဆို တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ အကုန်လုံးက မိန်းကလေး တွေဆိုတော့ ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်တာ ပေါ့၊ တစ်ခါတစ် ခါလာတဲ့သူက မတူတော့ ရုပ်ရည် လဲသေချာမမှတ်မိဘူး။ မိန်းကလေး တွေ အများစုဝင်ထွက်နေတဲ့ နေရာ မို့လို ဒီလိုလုပ်တာဖြစ်မယ်''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီးတောင် ဥက္ကလာပ မြို့နယ်ရဲစခန်းကို ရန်ကုန် တိုင်းမ်သတင်းစာက ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ''ဒါနဲ့ပတ်သက်ပြီး တိုင်းကြားထား တာတွေတော့ ယနေ့ထိမရှိသေး ပါဘူး။ ရပ်ကွက်တာဝန်ရှိသူကလဲ လာရောက် အကြောင်းကြားထား တာ မရှိသေးပါဘူး။ အခုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ထိန်းတွေ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကို အဲဒီနေရာတွေကိုသေချာ စောင့် ကြည့်ဖို့တာဝန်ပေးလိုက်ပါပြီ''ဟုပြောသည်။

သော်ဇင်ထက် ၊ ဝေယံ

Facebook 

ဝယ်ကြမလား ပူးဂဏန်း ကားနံပါတ်များ

 ကိုယ့်မှာ ကားတစီးရှိတယ် ဆိုပါစို့။
ကားနံပတ်ပြားအတွက် ပိုက်ဆံ ဘယ်လောက် သုံးချင်သလဲ။
ဒီလလယ်ပိုင်း ရန်ကုန်မြို့တနေရာမှာ တွေ့ရတဲ့ AA 8888 နံပါတ်တပ် အငှားကား (ဓာတ်ပုံ - ဧရာဝတီ)

နံပါတ်တခုအတွက် ၂၆ သိန်းပေးတဲ့သူ ရှိနေတယ်လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ရေးပါတယ်။

ဒီလအတွင်း အပူးဂဏန်း နံပတ်တွေကို ဈေးကြီးပေးပြီး ၀ယ်နေကြတာပါ ဆိုတဲ့ အဲဒီသတင်းမှာ

9F 2222 ၁၄ သိန်း
9F 4444 ၁၈ သိန်း
9F 6666 ၂၂ သိန်း
9F 7777 ၂၄ သိန်း
9F 8888 ၂၆ သိန်း

ဆိုပြီး ၀ယ်ဖို့ အဆိုပြုထားပါတယ် တဲ့။

ကညန လို့ အတိုကောက် ခေါ်နေကြတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဟာ ဒီဂဏန်းတွေနဲ့ ၀င်ငွေကောင်းနေပါပြီ။
ဒီလ ဒုတိယပတ်အတွင်းမှာပဲ ရွေးဂဏန်း၊ အပူးဂဏန်းတွေအတွက် သိန်း ၈၄၀ ရခဲ့တယ်လို့ ဌာန တာဝန်ရှိသူတဦးက ပြောပါတယ် တဲ့။

ရွေးဂဏန်း၊ အပူးဂဏန်းတွေ ကညနမှာ ရောင်းနေတာ ပြီးခဲ့တဲ့နှစ် ဧပြီကတည်းကဖြစ်ကြောင်း သတင်းမှာ ဆက်ရေးထားပါတယ်။
9F 8888 ကို ဘယ်သူ ရမယ် ဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘယ်သူရသွားတယ် ဆိုတာလည်း သတင်းထဲ ပါချင်မှ ပါလာပါလိမ့်မယ်။

ကားနံပါတ်ပြားတွေကို အခုဆို အင်္ဂလိပ်လိုပဲ ရေးရပါတော့မယ်။ ဒါကြောင့် နံပါတ်သစ်တွေကို အင်္ဂလိပ်လိုပဲ ရိုက်နှိပ် ထုတ်ပေးနေပါပြီ။ ရှေးတုန်းကလို မဟုတ်တော့ဘဲ အတု လုပ်ဖို့ ခက်ခဲအောင် နံပါတ်ပြားကို ဌာနဆိုင်ရာကပဲ ထုတ်ပေးနေပါတယ်။ ဆိုင်းဘုတ်ရေးတဲ့ဆိုင်မှာ နံပါတ်ပြား ရေးခိုင်းလို့ မရတော့ပါ။

ထိုင်းမှာလည်း ရောင်းတယ်

ထိုင်းနိုင်ငံမှာလည်း မော်တော်ယာဉ်ဆိုင်ရာဌာနက ဒီလိုနံပါတ်မျိုးကို ဈေးကြီးကြီးနဲ့ ရောင်းပါတယ်။ ၀ယ်ကြပါတယ်။ ၀ယ်သူရှိလို ရောင်းသူပေါ်လာတာ ဖြစ်ပါလိမ့်မယ်။
သာမန်နံပါတ်တွေဆိုရင်တော့ သတ်မှတ်ဈေးအတိုင်းပဲ ပေးချေရပါတယ်။
အမေရိကန်လည်း ရောင်းတာပဲ
အမေရိကန်မှာလည်း ဈေးပိုပေးရတဲ့ ကားနံပါတ်ပြားတွေ ရှိပါတယ်။
အဆင်သင့်ရိုက်နှိပ်ထားတဲ့ ကားနံပါတ်ပြားမျိုး ဆိုရင်တော့ ပုံမှန်ဈေး သတ်မှတ်ထားတဲ့ဈေးပါပဲ။ အမေရိကန်တွေက သူတို့နာမည် အတိုကောက်တွေကို နံပါတ်ပြားမှာ ရေးခိုင်းတာလည်း ရှိပါတယ်။
ကိုယ့်လုပ်ငန်းနာမည်၊ ကိုယ်ပြောလိုတဲ့စကားအတိုကောက် စသဖြင့်လည်း ဖြစ်နိုင်ပါတယ်။
ရိုင်းစိုင်းတဲ့ စော်ကားတဲ့ စာလုံး မဟုတ်ရင်တော့ နံပါတ်ပြားရိုက်ပြီး ရောင်းပေးဟန်တူပါတယ်။ တချို့နံပါတ်မှာ စာလုံးတွေကို ချုံ့ထားတဲ့အတွက် ရိုင်းလို့ရိုင်းမှန်း ချက်ချင်း မသိတာလည်း ရှိပါတယ်။ မြန်မာတချို့တလေကတော့ မြန်မာလို ဆဲဆိုသံကို အင်္ဂလိပ်စာလုံးနဲ့ ရေးတာလည်း ရှိပါတယ်။ အမေရိကန်က မြန်မာလိုဆဲတာ နားမလည်တော့ လက်ခံပြီး လုပ်ပေးပါလိမ့်မယ်။

ABC2PHD ဆိုတဲ့ နံပါတ်က ABC to Ph.D ကို ရည်ရွယ်ဟန် တူပါတယ်။ ကကြီးခခွေးသင်တဲ့ မူလတန်းလည်း အောင်ပြီးပြီ ပါရဂူဘွဲ့လည်း ရပြီးပြီလို့ ဆိုလိုသလား။ ဒါကိုတော့ ကားပိုင်ရှင်မေးမှ သိပါလိမ့်မယ်။

KNG OF OH အိုဟိုင်းယိုးပြည်နယ်ရဲ့ဘုရင် လို့ ဆိုလိုဟန်တူတဲ့ နံပါတ်၊
911 WTF အရေးပေါ်နံပါတ်နဲ့ ရေရွတ်လေ့ရှိတာကို တွဲထားတဲ့နံပါတ်တွေကိုလည်း ဓာတ်ပုံရိုက်ထားတာ အွန်လိုင်းမှာ တွေ့ရပါတယ်။

နေရာအခက်အခဲကြောင့် စာလုံးအပြည့်အစုံ မရေး၊ GRLဆိုရင် Girl လို့ နားလည်၊ KS ဆိုရင် Kiss လို့ နားလည်ကြရပါတယ်။ PRN ဆိုတာက Porn ရဲ့ အတိုကောက်ပေါ့။
အတိုကောက်တွေနဲ့ ပေါက်ကရ နံပါတ် ရွေးကြသူလည်း မနည်းပါ။

မြန်မာပြည်နဲ့ နံပါတ်များ

မြန်မာပြည်မှာတော့ အမေရိကန်လိုမဟုတ်ပါဘူး။ ထိုင်းနဲ့ တူပါတယ်။
နံပါတ် လှတပတ လို့ အများအပြားက ထင်ကြတဲ့ 8888၊ 4444၊ 9999 ဆိုတာတွေကိုပဲ ၀ယ်နိုင်ပါလိမ့်မယ်။ ဒါတောင်မှ အဲဒီဂဏန်းများရှေ့မှာ ကိုယ်ကြိုက်ချင်မှကြိုက်မယ့် 7F, 9F ဆိုတာတွေ ပါပါလိမ့်မယ်။

KO SOE, KYAW 2, LUCKY 7, ဆိုတာတွေကို ရမယ်မဟုတ်သေးပါ။ အနာဂတ်မှာ ပြုပြင်ပြောင်းလဲတာတွေ လုပ်မယ်ဆိုရင်တော့ ရလာပါမယ်။

လောလောဆယ်တော့ ပူးဂဏန်းများကိုပဲ ခရေဇီဖြစ်ရမယ့်သဘော ဆိုပါစို့။ ဟိုတလောက ဦးလော်စစ်ဟန် ကွယ်လွန်တော့ နောက်ဆုံးခရီးကို ၉၉၉၉ ဂဏန်းကားနဲ့ ပို့ပါတယ်။ အဲဒီ ခံ့ခံ့ညားညား အနက်ရောင်ကားပုံကို ဧရာဝတီဘလော့
http://blog.irrawaddy.org/2013/07/blog-post_3793.html မှာ ကြည့်နိုင်ပါတယ်။

တချို့ကတော့ နံပါတ် လှတပတကို မကြိုက်ကြ။ လုံခြုံရေးထိခိုက်တယ်၊
ကိုယ့်ကားနံပါတ်ကို မှတ်မိလွယ်တာ ပြဿနာရှိနိုင်လို့ပါ ဆိုပဲ။

မြန်မာပြည်နဲ့ ကားနံပါတ်များအကြောင်း ဆက်လက် ရေးသားချင်ပါသေးတယ်။


Facebook  ကို လာရောက်စေချင်ပါတယ်

Myanmar News Updates ချစ်ပရိတ်သတ်များ မိမိဖတ်ရှုလိုသည့် သတင်းစာ ဂျာနယ်များကို ဒေါင်းနိုင်ပါစေရန်


Auto World Journal ( Vol-2, Issue-36 )
Down>> www.solidfiles.com

Down>> http://www.mediafire.com/download/w0wpq6ljfenjbds/Web+Vol-2-Issue-36.pdf

7Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၂၉)
Down>> http://www.mediafire.com/download/x8c3n67763298y4/vol.12-no.29.pdf

ကုမုဒြာဂျာနယ် အတွဲ(၃) အမှတ်(၂၅)
Down>> http://www3.zippyshare.com/v/82205624/file.html

EURO SPORTS Journal (VOL.4, NO.75)
Down>> http://www.mediafire.com/download/u13hmh988dzgxc4/Euro+Sports_4-75.pdf
Down>> http://www.scribd.com/doc/171282686/Euro-Sports-4-75-pdf

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၉-၂၀၁၃)
Down>> http://www13.zippyshare.com/v/59470369/file.html

Tech Space နည်းပညာဂျာနယ် ( Vol-2, Issue-26 )
Down>> http://www.mediafire.com/download/fu4xt942g0immz8/Vol-2+Issue-26.pdf

Net Guide IT, Electronics & Communication Journal ( Vol-3, Issue-3 )
Down>> http://www3.zippyshare.com/v/84487126/file.html

The Hot News Weekly Journal ( Vol-4, No-159 )
Down>> http://www.mediafire.com/download/vdcy3ke00hdnnad/159.pdf

7 Day Shopping Guide Journal ( Vol-4, Issue-6 )
Down>> http://www.mediafire.com/download/16mpb2ddxei2m88/4-6.pdf

ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၉-၂၀၁၃)
Down>> http://www14.zippyshare.com/v/33662670/file.html
Down>> http://www.mediafire.com/download/77kx7jrxyye7hrk/26-9-2013_yadanarpon%2B.pdf

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၉-၂၀၁၃)
Down>> http://www.mediafire.com/download/ic5p49wgc8jv9qw/26-9-2013_myawady%2B.pdf
Down>> http://www14.zippyshare.com/v/33662670/file.html

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၈)
Down>> http://www.mediafire.com/download/ljbeu1zpbqxmy7t/SVJ_2-38%2B.pdf
Down>> http://www14.zippyshare.com/v/599285/file.html


MNM ဒါလေးကိုလည်း like လုပ်ပေးစောလိုပါတယ်







Thursday, September 26, 2013

နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါဝင်ကြောင်း FDA အတည်ပြုပြီ







Mizzima - News in Burmese





သီဟကိုကို | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၅ မိနစ်

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ပေးပို့ထားသော
ရေကျိုငါးပိများအား ဓာတ်ခွဲစစ်ဆေးရာ ယူရီးယား (Urea) ဓာတ် ပါဝင်မှုကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က မဇ္ဈိမသို့ စက်တင်ဘာ ၂၄ ရက်က ဖြေကြားသည်။

သို့သော် ထိုသို့ယူရီးယားပါဝင်ခြင်းမှာ ဓာတ်မြေသြဇာ ရောနှောခြင်းကြောင့် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပါကြောင်းလည်း
ဖြေကြားသည်။

ယင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး မည်သို့ဆက်လက်
ဆောင်ရွက်ရန်ရှိသည်ဆိုသည့် အချက်ကိုမူ ဆက်လက် ဖြေကြား
ပေးခြင်း မရှိခဲ့ပေ။

နမူနာ အမှတ်(၂)

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန်
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ရန်ကုန် FDA နမူနာသုံးခုကို ပေးပို့လာခဲ့ပြီး ရန်ကုန် FDA က နေပြည်တော်သို့ ဆက်လက်ပေးပို့စစ်ဆေးပေးခြင်း ဖြစ်သည်။ ယင်းနမူနာ သုံးခုအနက် နမူနာ အမှတ်(၂)တွင် ယူရီးယားပါဝင်မှုကို တွေ့ရှိရကြောင်း ပြောသည်။

ငါးပိတွင် ဓာတ်မြေသြဇာ ပါဝင်ခြင်း ရှိ၊ မရှိကို အစားအသောက်နည်းပညာရပ်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီမှ ပညာရှင်များသို့ ဓာတ်ခွဲစစ်ဆေးသည့်နည်းလမ်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း FDA ၏ ဖြေကြားချက်တွင် ပါဝင်သည်။

တွေ့ မှာပဲ

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က “စစ်ရင်တော့ ယူရီးယားကို တွေ့မှာပဲလို့ ဝေဖန်နေကြတာရှိတယ်။
ရေကျိုငါးပိထဲမှာ အလိုလို ယူရီး ယားကဖြစ်တာပဲဆိုပြီး ပြောနေတာရှိတယ်” ဟု ပြောသည်။

သို့သော် ရေကျိုငါးပိတွင် တွေ့နိုင်သည်က သဘာဝအလျောက်ဖြစ်သော
အောဂဲနစ်ဖြစ်ကြောင်း၊ ငါးပိထဲမှာ ယူရီးယား မပါဘူး မပြောဘူး၊ သို့သော် မည်သည့် ရာခိုင်နှုန်းအထက်ပါလျှင် ထပ်ထည့်ထား၊ မထားကို သိနိုင်ကြောင်း၊ ထပ်တည့်သော ဓာတ်မြေသြဇာက
အောဂဲနစ်မဟုတ်ကြောင်း ဆက်ပြောသည်။

ဦးဘအုပ်ခိုင်က “ငါးပိထဲမှာ နိုက်ထရိုဂျင် ဘယ်လောက်များများ ပါနေတယ်ဆိုတာ တိုင်းလို့ရရင် အဖြေထွက်တာပါပဲ။
နိုက်ထရိုဂျင်၊ ဖော့စထရပ်၊ ပိုတက်ဆီယမ်တို့ကို တိုင်းရင် အဖြေထွက်တာပဲ”ဟု ပြောသည်။

ဘယ်ကမှန်းမသိ

ရေကျိုငါးပိများကို စစ်ဆေးရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ပေးပို့ခြင်းဖြစ်ပြီး မည်သည့်နေရာမှ ယူလာသည်ဟု ပြောဆိုခြင်းမရှိ၍ မည်သည့်နေရာမှ ရေကျိုငါးပိက ယူရီးယားပါဝင်သည်ဟု ပြော၍မရကြောင်း ရန်ကုန် FDA မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖျာပုံ၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်ချောင်း၊ ဘော်လယ်၊
မော်လမြိုင်ကျွန်းဒေသများရှိ ငါးပိတွင် ဓာတ်မြေသြဇာ ပါဝင်ခြင်းကို
တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပြီး တစ်နှစ်ဝန်းကျင်ခန့် အချိန်ယူ စစ်ဆေးခဲ့ကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းက ဆိုသည်။

ရန်ကုန်ငါးပိဒိုင်များသို့ အဓိကထားတင်ပို့သည့် ဧရာဝတီတိုင်းရှိ ဒေသအချို့မှ ဒေသခံများက ငါးပိတွင် ဓာတ်မြေသြဇာ
ရောခြင်းကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် FDA သို့ စစ်ဆေးနိုင်ရန် သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ သိရသည်။

ရောင်းအား

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်သောသတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ငါးပိရောင်းအားများ ထက်ဝက်
ကျော်ကျဆင်းခဲ့ရကြောင်း ငါးပိကုန်သည်များက ဆိုထားသည်။

ယခင်က ငါးပိ ငါးပိဿာရောင်းရချိန်တွင် သတင်းများပေါ်ထွက်ပြီးနောက် တစ်ပိဿာခန့်သာ ရောင်းရတော့ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက ဆိုသည်။

အချိန်ယူ

ရေကျိုငါးပိပြုလုပ်ရာတွင် အချိန်တစ်နှစ်ကျော် နှစ်နှစ်ခန့်ယူရမည့်အစား ခုနစ်ရက်မှ ၁၀ ရက်ခန့်သာ ထားပြီး ဈေးကွက်အတွင်း
ဖြန့်ချိရောင်းချနိုင်စေရန်အတွက် ငါးအရိုးများကို နူးလွယ်စေရန် ယူရီးယားမြေသြဇာများကို ရေချိုငါးပိပြုလုပ်ရာတွင် ပြုလုပ်သူများက ထည့်နေခြင်း ဖြစ်သည်ဟု သိရသည်။

စီးပွားရေးကျင့်ဝတ်

အမှန်တကယ်ဆောင်ရွက်ပါက စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်ခြင်းဖြစ်နိုင်ရာ စီးပွားရေးကျင့်ဝတ်ကို လိုက်နာရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။ မိမိအမြတ်ရရှိရေးတစ်ခုတည်းအတွက် တစ်နိုင်ငံလုံးရှိ စားသုံးသူများ ဒုက္ခရောက်အောင် မလုပ်သင့်ကြောင်း
ပြောသည်။

ပြစ်ဒဏ်

အမျိုးသား အစားအသောက် အက်ဥပဒေအရ ပြည်သူလူထုစားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ်စေခြင်း၊
ဘေးဥပါဒ်ဖြစ်စေခြင်းများ ဖြစ်ပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀,၀၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်။

ကျန်းမာရေး

ယူရီးယားပါဝင်သော အစားအသောက်ကို အချိန်ကြာရှည်စားသုံးမိပါက ဦးနှောက်ပိုင်းဆိုင်ရာရောဂါများနှင့် ကျောက်ကပ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် သွေးထဲတွင် ယူရီးယားပါဝင်မှု မြင့်မားလာပါက ချက်ချင်း သတိမေ့သွားသည်အထိ ဖြစ်နိုင်သည်။

တောင်ဒဂုံမြို့နယ်ရှိ ကျပန်းအလုပ်လုပ်သူ ကလေး လေးယောက်မိခင်
ဒေါ်ချိုချိုက “လူတွေကလည်း လုပ်ရက် လိုက်ကြတာ။ ဆင်းရဲသားတွေက ဒါလေးပဲစားရတာ” ဟု မှတ်ချက်ပြုလိုက်သည်။

စားသောက်ကုန်များနှင့်ပတ်သက်၍ အန်္တရာယ်ရှိသော ဆိုးဆေးများ ပါဝင်သဖြင့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ကြေညာချက်ထုတ်ပြန်ထားမှုများ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့ရသည်။

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ်တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့်များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်းများကိုလည်း တွေ့ရှိ ထားခဲ့သည်။

ထို့အပြင် နို့မှုန့်များတွင် မယ်လမင်းဓာတ်များပါဝင်ကြောင်း တွေ့ရ၍ တရုတ်နိုင်ငံတွင် ပြန်လည်သိမ်းဆည်းခြင်းက လည်း စားသုံးသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဘေးကင်းလုံခြုံစိတ်ချရသည့် စားသောက်နေထိုင်မှု ဘ၀ကို တမ်းတလျက်နှင့်ပင် ဝေးနေရသည်။

Related Posts Plugin for WordPress, Blogger...