Saturday, June 6, 2015

လိုတစ်မျိုး မလိုတစ်မျိုး NLD နဲ့ အသုံးချခံ ဗကသ




 
ဇွန်လ ၂ ရက်နေ့က ဗကသ ကျောင်းသားတွေ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့ လာရောက်မေးမြန်းခဲ့ကြပါတယ်။ ဗကသ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေက သိပ်ပြီး အရေးမလုပ်ခဲ့ကြပါဘူး။ ဗကသ ကျောင်းသားတွေ NLD အပေါ် နာကြည်းနေကြပါတယ်။

ဗကသ ကျောင်းသားတွေ ဖမ်းဆီးခံနေရချိန်မှာ NLD က မြေနိမ့်ရာ လှံစိုက်လုပ်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေကို နှစ်ခြမ်းကွဲအောင် ဗကသကို ဖယ်ထုတ်ပြီး တကသကို သိသိသာသာ မျက်နှာသာ ပေးခဲ့ပါတယ်။ တကသ ကျောင်းသား ကိုစည်သူမောင်အပါအဝင် ကျောင်းသားတွေကို NLD ပါတီထဲ ဆွဲသွင်းပါတယ်။ 

နေပြည်တော်မှာလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့  “သမဂ္ဂ” ဆိုတဲ့ စကားလုံး တွေကိုဖြုတ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ 

“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆိုတဲ့ စကားလုံးတွေကို ဖြုတ်ထားတာ တွေ့ပါတယ်။ လွှတ်တော်က ဖြိုးဇေယျာသော်ရဲ့အဆိုကို ကန့်ကွက်သူရှိပါသလား မေးတယ်။ အဲ့ဒီမှာ ကန့်ကွက်သူရှိပါတယ်ဆိုပြီးတော့ ထခိုင်းတဲ့အခါမှာ ဦးသိန်းညွန့်ရယ်၊ ကျွန်တော်ရယ်၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မြင့်မြင့်သန်းရယ်၊ ဒေါ်တင်နွယ်ဦးရယ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ယောက် ကိုစိန်ထွန်း ထန်းတပင်က တစ်ယောက်လည်း ပါတာတွေ့ပါတယ်။” လို့ ဦးခိုင်မောင်ရည်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ပါတီဝင်တွေက သမဂ္ဂစာလုံးကို ဖြုတ်ဖို့ သဘောတူကြပါတယ်။ 

အခုလည်း ဗကသ ကျောင်းသားတွေ ဖမ်းဆီးခံရတာ ၃ လကျော်တဲ့အထိ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါးစပ်ပိတ်နေခဲ့ကြတာပါ။ ဗကသ ကျောင်းသားတွေအတွက် မတောင်းဆို ပေးတဲ့အပြင် တကသ ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အထိခေါ်ပြီး ဆွေးနွေးပွဲ တွေလုပ်ပေးပါတယ်။  လူရာသွင်းပြီး ပွဲထုတ်ပေးပါတယ်။ ပိုဆိုးတာက နိုင်ငံခြားက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကိုဖိတ်ခေါ်ပြီး တွေ့ဆုံပေးတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ နိုင်ငံခြားလွှတ်တာ တွေ လုပ်ခဲ့ပါတယ်။ 

ဖမ်းဆီးခံ ဗကသ ကျောင်းသားတွေကို ရုံးထုတ်ချိန်မှာလည်း ဆရာတော် သံဃာတော်တွေ၊ ဆရာမတွေ လာရောက် ကြည့်ရှုတာတွေ ရှိပေမယ့် NLD က လုံးဝ ဥပက္ခာပြုထားတာပါ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက မဖြိုးဖြိုးအောင်ကို အမေရိကန် သမ္မတဟောင်း ဘုခ်ျ ကိုယ်တိုင်က အလေးထား လာတော့မှ ဒီတစ်ပတ်မှာ NLD အမတ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်လိုက်တာပါ။ NLD ရုတ်တရက် ပုံစံပြောင်းသွားခြင်းကို ကျောင်းသားတွေ သာမက နိုင်ငံရေးအသိုင်းအဝိုင်းက သံသယရှိနေကြပါတယ်။ ကျောင်းသားထုဆီက NLD ဘာလိုချင် လို့လဲဆိုတာ မေးခွန်းထုတ်စရာပါ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲလိုချင်တာလား၊ ဒါမှမဟုတ် အစိုးရကို အကြပ်အတည်းတွေ့စေမယ့် သပိတ်တစ်ခု ဖန်တီးချင်လို့လားဆိုတာ နိုင်ငံရေးလေ့လာသူများက သတိနဲ့ စောင့်ကြည့်နေကြပါတယ်။
                                   
m e

1 comments:

ဒေါ်စု. ကို. ဘာမှတ်နေတုန်း
လုပ်ဟလုပ်ဟ. ဆိုပြီး သားသမီးခြင်း
မစာနာ. လူငယ် အနာဂတ်ကိုဖျက်ဆီးနေတာ
ယုံလုံ ပုံတော့ကီးရော
လူငယ်တွေကို
ရေကန်ထဲ. ခဲချသလို
နင့်မွန်းအောလုပ်နေတဲ့
ရူးကြောင်ကြောင်. မိန်းမကြိံး

Post a Comment

Related Posts Plugin for WordPress, Blogger...