Saturday, June 6, 2015

ဘေးကင်း လုံခြုံသော လိင်ဆက်ဆံရေးဟု ဆိုရာဝယ်




ဘေးကင်း စိတ်ချရရတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်း အားဖြင့် လိင်ဆက်ဆံ မှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင် ရခြင်းကို ကာကွယ် နိုင်ပါတယ်


ဘေးကင်းစိတ်ချရရတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်းအားဖြင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ စိတ်ချရတဲ့ နည်းလမ်းတချို့ ရှိတယ် ဆို ပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်းကာကွယ်မှုပေးနိုင်တယ် ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုခြင်းလိုမျိုး ကာကွယ် နည်းတချို့ကို အသုံးပြုတဲ့ အတွက် နောက်ဆက်တွဲဆိုးကျိုး တွေကို အများကြီး လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အသေချာဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းကတော့ လိင် ဆက်ဆံမှုကို ရှောင်ကျဉ်ခြင်း သို့မဟုတ် လုံးဝ မပြုလုပ်ခြင်း ပါပဲ။ ဒါ ပေမယ့် ဒီလမ်းကို အများစုက ရွေးချယ်ကြမှာ မဟုတ်တာ သေချာပါတယ်။ ရောဂါကူးစက်မှုနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရ ခြင်းစတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ လျှော့ချပေးနိုင်တဲ့ နည်းလမ်းတချို့ကို ဒီတပတ်ရဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ အသိပညာပေးအဖြစ် တင်ပြလိုက်ပါတယ်။

ကွန်ဒုံး သုံးပါ။

လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးသုံးပါ။ ကွန်ဒုံး ကို အမျိုးသားတွေပဲ သုံးလေ့ရှိတယ် ဆိုပေမယ့် အခုအချိန်မှာတော့ အမျိုးသမီး သုံး ကွန်ဒုံးတွေလဲရှိလာတဲ့ အတွက် အမျိုးသမီးတွေလည်း အသုံးပြုနိုင်ပါတယ်။ ကွန်ဒုံးက ရေလုံလေလုံတဲ့ အတွက် ဗိုင်းရပ်စ် ပိုးတွေ ကိုယ်ခန္ဓာထဲ မ၀င်ရောက်နိုင်အောင်တားဆီး ပေးနိုင်ပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆက်ဆံသူ ၂ ဦးကြားမှာ ကိုယ်ခန္ဓာ အရည်များ ကူးစက် ပျံ့ နှံ့ မှု မရှိအောင် ကာကွယ်ထားတဲ့ အတွက် စနစ်တကျ အသုံးပြုမယ်ဆိုရင် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ၉၈ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်ပါတယ်။

တလင်တမယား စနစ်ကျင့်သုံးပါ။

တလင်တမယား စနစ် သို့ မဟုတ် မိမိရဲ့လိင်ဆက်ဆံဖက်ကို သတ်သတ်မှတ်မှတ် ထားရှိခြင်းကလည်း လိင်ဆက်ဆံမှု ကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ၂ ယောက်လုံး ဟာရောဂါကင်းစင်သူတွေ ဖြစ်ရပါမယ်။ ဒါကြောင့် မိမိ အဖော်ရဲ့ လိင်မှုဆိုင်ရာ နောက် ခံ သမိုင်းကြောင်း ကို သိထားရမှာဖြစ်ပြီးတော့ တယောက်နဲ့ တယောက်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း အားဖြင့် ဆိုး ကျိုးတွေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂ ယောက်လုံးက တယောက်ကို တယောက်ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိနားလည်ထားရင် ပိုကောင်းပါတယ်။

ပဋိသန္ဓေတားဆေးသောက်ပါ (သို့မဟုတ်) အမျိုးသမီး သားအိမ်တွင်းထည့် ပစ္စည်းများ (IUDs)ကို အသုံးပြုပါ။

ပဋိသန္ဓေ တားဆေး သောက်ခြင်းနဲ့ သားအိမ်တွင်းမှာထည့်ထားရတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းက မလိုချင်တဲ့ ကိုယ် ၀န်ကို တားဆီးပေးနိုင်ပေမယ့် ရောဂါကူးစက်မှု ကနေကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ Spermicidal ခေါ်တဲ့ သုက်ပိုး သေဆေးကလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် မိမိဟာ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါ ရှိနိုင်တယ်လို့ ယူဆရင် ကွန်ဒုံးလို အကာအကွယ်ကိုလည်း အသုံးပြုရမှာ ဖြစ်ပါတယ်။

အရက်နဲ့ မူးယစ်ဆေးကိုရှောင်ပါ။

လိင်ဆက်ဆံမှုနဲ့ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို မရောယှက်မိပါစေနဲ့။ လိင်ဆက်ဆံမှု မပြုမီ သို့ မဟုတ် လိင် ဆက်ဆံနေ စဉ်မှာ အရက် နဲ့ မူးယစ်ဆေးကို ရှောင်ရှားသင့်ပါတယ်။ အဲဒီ အရာတွေက စဉ်းစားဆင်ခြင်နိုင်မှုကို အတား အဆီးဖြစ်စေပါတယ်။ ကိုယ်ခံအား စနစ်ကို အားနည်းစေပါတယ်။ မလုပ်သင့်တာတွေကို လုပ်မိတတ်စေပါတယ်။ ပါတီပွဲ လိုမျိုးမှာ သောက်စားပျော်ပါးမှုကနေ မုဒိန်းမှုဖြစ်တာ၊ မလိုချင်တဲ့ ကိုယ်ဝန်ရလာတာ၊ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါတွေရလာတာတွေ ဖြစ်လာစေနိုင်ပါတယ်။ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ကျန်းမာရေး စစ်ဆေးမှုကို မှန်မှန်ပြုလုပ်ပါ။

လိင်ဆက်ဆံဖော် များတဲ့ သူတယောက်ဟာ ဘာရောဂါ လက္ခဏာမှ ပြသခြင်းမရှိရင်တောင် ဆေးစစ်တာကို ပုံမှန် လုပ်သင့် ပါတယ်။ ဒါမှလည်း ရောဂါကူးစက်ခံရပြီ ဆိုရင် မြန်မြန်ဆန်ဆန် ကုသနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန် နဲ့ တိုင်ပင်ပါ။ ကုသဖို့ လိုအပ်ရင် ကုသမှုခံယူပါ။ ပြီးရင် ကိုယ့်ရဲ့ အဖော်ကို ဖွင့်ပြောပြပါ။ ဒါမှ သူလည်း စစ်ဆေး ကုသနိုင် မှာ ဖြစ်ပါတယ်။ ဆရာဝန်က ခွင့်ပြုချက် မပေးမချင်း ဘယ်သူနဲ့မှ လိင်ဆက်ဆံမှုမလုပ်ပါနဲ့။

ကျား/မ လိင် အင်္ဂါ အတုများ အသုံးပြုမယ်ဆိုရင်ဘာတွေ လုပ်ဖို့လိုလဲ။

ဒီလို ပစ္စည်းတွေ အသုံးပြုတဲ့ နေရာမှာလည်း စနစ်တကျသန့်ရှင်းအောင် မထားဘူးဆိုရင် လူသားတယောက်နဲ့ ဆက်ဆံ တာထက်တောင်ပိုပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အဲဒါတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တဦးတည်း သီးသီးသန့်သန့် သုံးပါ။ ဖြစ်နိုင်ရင် ကွန်ဒုံးစွပ်ပြီး အသုံးပြုပါ။ တခြားသူ သုံးပြီးသားတွေ မသုံးပါနဲ့။

လိင်ကိစ္စ ဆိုတာ လိင်ဆက်ဆံခြင်းထက်ပိုပါတယ်။

လိင်မှု ကိစ္စဆိုတာကို အဓိပ္ပါယ် အများကြီးဖွင့်လိုရပါတယ်။ လူသား ၂ယောက် လိင်ဆက်ဆံခြင်း တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှု မပြုလုပ်ပေမယ့် စိတ်ကျေနပ် နှစ်သိမ့်မှုကို ရှိနိုင်ပြီး ဘေးကင်းတဲ့ နည်းလမ်းတွေ လည်း ရှိပါတယ်။ ကိုယ်ခန္ဓာချင်း ထိတွေ့ပွတ်သပ်ခြင်း၊ အပြန်အလှန် စိတ်ဖြေ ဖျောက်မှုပြုလုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း တွေက ကျေနပ်သာယာမှုကို ရနိုင်သလို လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရခြင်းတွေကို အနည်းဆုံး အထိလျှော့ချပေး နိုင်ပါ တယ်။

Source: onlymyhealth.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...