Saturday, September 21, 2013

ကျေးဇူးပြု၍ အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဒစ်ပို ထိုးဆေးအကြောင်း





DMPA သားဆက်ခြား ထိုးဆေးများနဲ့ မိတ်ဆက် သည်နည်း လမ်းကို အသုံးပြုသူ အမျိုးသမီးများအနေနဲ့ကတော့ ကိုယ်ဝန် ရှိမလာရလေအောင် ထိုးဆေးကို ထိုးနှံကြရပါတယ်။

သည်မှာတော့ လူသုံးအများဆုံး၊ လူသိအများဆုံး သားဆက်ခြား ထိုးဆေးဖြစ်လေတဲ့ ဒီအယ်(မ်)ပီအေ (DMPA)အကြောင်းကို ဆွေးနွေး တင်ပြသွားပါမယ်။ DMPA ကို သုံးလတစ်ကြိမ် ထိုးရပါတယ်။ သည် ထိုးဆေးထဲမှာတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကနေ သဘာဝ အလျောက်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းနဲ့

ခပ်ဆင်ဆင် ပရိုဂျက်စတင် ပါဝင်ပါတယ်။ ဆေးထိုးပြီးသွားတဲ့အခါ သွေးထဲကို အဲဒီ့ဟော်မုန်းဓာတ်က ဖြည်း ဖြည်းချင်း ပျံ့နှံ့သွားတာပါပဲ။ သည်DMPA ကိုပဲ ကျွန်တော်တို့ဆီက အိမ်ထောင်သည် အမျိုးသမီးတွေကြား မှာတော့ “ဒီပို” (တချို့ကလည်း “ဒစ်ပို”)ရယ်လို့ ခေါ်ကြတာ များတယ်။ တခြားနိုင်ငံတွေမှာတော့ depot-medroxyprogesterone acetate လို့လည်း ခန့်ခန့်ညားညား၊ ရှည်ရှည်လျားလျား ခေါ်တတ်ကြသလို ဆေးအမည်အတိုင်း Depo-Provera လို့ သော်လည်းကောင်း၊ Depo လို့သော်လည်းကောင်း၊ နောက်ထပ် ဆေးအမည်တစ်ခု (တံဆိပ်နောက်တစ်မျိုး)နဲ့ Megestron လို့ သော်လည်းကောင်း ခေါ်တတ်ကြပါတယ်။

တခြား သားဆက်ခြား ထိုးဆေးတွေလည်း ရှိပါသေးတယ်။ ဆေးအမည် အတိုင်း နော်ရစ်စတာရက်(တ်) (Noristerat) ရယ်လို့ဖြစ်စေ၊ norethindrone enanthate ရယ်လို့ ဖြစ်စေ၊ norethisterone enanthate လို့ဖြစ်စေလည်း ခေါ်တတ်ကြတဲ့ နက်တယ်(န်) (NET EN) ထိုးဆေးကိုကျတော့ နှစ်လတစ်ကြိမ် ထိုးရတာပါ။ DMPA နဲ့ပတ်သက်တဲ့ အချက် အလက်အတော်များများကNET EN နဲ့လည်း သက်ဆိုင်ပါ တယ်။ တချို့နိုင်ငံတွေမှာတော့ လစဉ် ထိုးလို့ရတဲ့ သားဆက်ခြား ထိုးဆေးတွေ လွယ်လွယ်ကူကူ ဝယ်လို့ ရနေပါပြီ။ အဲသလို လစဉ်ထိုးရတဲ့ ထိုးဆေးတွေထဲမှာတော့ Cyclofem တို့၊ Cycloprovera တို့၊ Mesigyna တို့လို ဆေးအမည်တွေ ပါဝင်ပါတယ်။ လစဉ်ထိုးရတဲ့ ထိုးဆေးaတွထဲမှာကျတော့ အက်စတြိုဂျင်ရော၊ ပရိုဂျက်စတင်ရော ဟော်မုန်းဓာတ် နှစ်မျိုးစလုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် အဲဒီ့လစဉ်သုံး ထိုးဆေးတွေက DMPA တို့၊ NET EN တို့နဲ့ မတူတော့ပါဘူး။ ဒါ့ကြောင့်

သည်အခန်းမှာ အဲဒီ့လစဉ်သုံး ထိုးဆေးတွေအကြောင်းကို ထည့်သွင်းဆွေးနွေးမထားပါဘူး။

DMPA ထိုးဆေးတွေကို သုံးချင်တယ်ဆိုရင်
အဲဒီ့ဆေးတွေက ဘယ်လိုဖြစ်စေနိုင်သလဲ


အဓိကအားဖြင့် သားအိမ်ထဲက မမျိုးဥများထုတ်ပေးတာ၊ တစ်နည်းအား ဖြင့် မျိုးဥတည်တာကို ရပ်ဆိုင်းစေ ပါတယ်။ ဒါတင်မကသေးဘဲ သားအိမ်ခေါင်းက အကျိအချွဲကိုလည်း ပိုပျစ်ခဲလာစေပြီး သုက်ပိုးဖြတ်သန်းရ ခက်သွားအောင်လည်း တားဆီးပေးပါတယ်။ သည်ဆေးများဟာ ရှိနှင့်ပြီးသား သန္ဓေသားကို နှောင့်ယှက် ဖျက်ဆီးမှာတော့ မဟုတ်ပါဘူး။

ဘယ်လောက်စိတ်ချရသလဲ

အလွန်ထိရောက်ပါတယ်။ ကိန်းဂဏန်းများအရ ပြောရင်တော့ သည်ဆေးတွေ သုံးပြီး ပထမတစ်နှစ် အတွင်းမှာ အမျိုးသမီး ၁၀ဝ မှာ ဝ.၃ ယောက်သာ ကိုယ်ဝန်ရှိနိုင်တယ်လို့ ဆိုပါတယ်။ (ဆိုလိုတာက ဆေးထိုး ထားသူ အမျိုးသမီး ၃၃၃ ယောက်မှာမှ တစ်ယောက်နှုန်းလောက်သာ သည်ဆေးထိုးထားလျက်နဲ့

ကိုယ်ဝန်ဆောင်တာကို တွေ့ရသပေါ့။)

အမျိုးသမီးအတော်များများဟာ သည်ဆေးတွေကို မှန်မှန် မထိုးမိခဲ့ကြလို့သာ (ဝါ) ထိုးရမယ့် အချိန်ကျနေပါ လျက်နဲ့ မထိုးဖြစ်ခဲ့ကြလို့သာ ဆေးထိုးနေတဲ့ ကြားက ကိုယ်ဝန်ရှိကုန်ရတာပါ။ မှန်မှန်ထိုးနေလို့ကတော့ အလွန့်အလွန်ကို စိတ်ချရပါတယ်။

DMPA ထိုးဆေးတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးအထွေထွေ
ကောင်းကျိုးတွေ

အလွန်ထိရောက်ပါတယ်။
လူမသိနိုင်ဘူး။ သည်ဆေးကို ထိုးနေတယ်ဆိုတာ ဆေးထိုးပေးတဲ့ဆရာဝန်ရယ်၊ ဆေးထိုးထားတဲ့ အမျိုး သမီးကိုယ်တိုင်ရယ်က လွဲလို့ တခြားဘယ်သူမှ မသိနိုင်ဘူး။

ကိုယ်ဝန်မဆောင်ဖြစ်အောင် ရေရှည်ကာကွယ်ပေးသလို ကိုယ်ဝန် ပြန်ဆောင်ဖို့လည်း မခဲယဉ်းလှဘူး။ ဆေးတစ်ခါထိုးထားရင် အနည်းဆုံး သုံးလတော့ ကိုယ်ဝန်မဆောင်နိုင်ဘူး။
ချစ်တင်းနှောခြင်းကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူး။
ကိုယ်ဝန်ရှိလာမှာ မပူရတဲ့အတွက် ချစ်တင်းနှောရာမှာ သာယာမှုကို တိုးပွားခံစားနိုင်တယ်။
တစ်နေ့တစ်လုံး ဆေးသောက်ရတဲ့ ဒုက္ခမျိုး မရှိဘူး။
ဆေးထိုးဖို့အတွက် အချိန်အတိအကျ စောင့်စရာ မလိုဘူး။ ပုံမှန်ထိုးနေကျထက် နှစ်ပတ်ကနေ လေးပတ် စောပြီး ထိုးလို့လည်း ရတယ်။ ဒါမှမဟုတ် လည်း နှစ်ပတ်ကနေ လေးပတ်အထိတောင် နောက်ကျပြီးမှ ထိုးမယ်ဆို လည်းဖြစ်နိုင်တယ်။

အသက်အရွယ်မရွေး အသုံးပြုနိုင်တယ်။
မိခင်နို့ရဲ့ အရည်အသွေးနဲ့ ပမာဏကို ထိခိုက်ပုံ မရဘူး။ ရင်သွေးကို နို့ချိုတိုက်ကျွေးနေသူ မိခင်များအနေနဲ့ မီးဖွားပြီး ရက်သတ္တခြောက်ပတ် အကြာမှာ စတင်အသုံးပြုနိုင်တယ်။

အက်စတြိုဂျင်ကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘူး။ နှလုံးရောဂါလို အက်စတြိုဂျင်နဲ့ ဆက်စပ် နေတဲ့ အန္တရာယ်တွေလည်း တိုးပွားလာတာမျိုး မရှိပါဘူး။

သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
သားအိမ်ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်။
သားအိမ်အကျိတ်များဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။
တချို့အမျိုးသမီးတွေအတွက်ဆိုရင်

- သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့ရောဂါကို ကာကွယ်ပေး နိုင်တယ်။
- ဝက်ရူးပြန်ရောဂါရှိသူအမျိုးသမီးတွေမှာဆိုရင် ဝက်ရူးပြန်တဲ့အကြိမ် အရေအတွက်ကို လျော့ပါးသွားစေနိုင်တယ်။
ဆိုးကျိုးများ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးများ (ရောဂါလက္ခဏာမဟုတ်ပါ)

- အောက်ပါတို့အပါအဝင် ဓမ္မတာပေါ်တဲ့အခါမှာ အပြောင်းအလဲတွေ ဖြစ်တတ်တယ်။
အနည်းငယ်မျှသာ ဆင်းတာမျိုး၊ အထူးသဖြင့် စတင်သုံးခါစမှာ အဲသလိုဖြစ်တတ်ပါတယ်။
အလွန်အကျွံဆင်းတာမျိုး။ ဒါလည်း စတင်သုံးခါစမှာ ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ဖြစ်ခဲလှပါတယ်။
ဓမ္မတာလုံးလုံး မပေါ်ဘဲ ပျောက်နေတာမျိုး။ တကယ်တော့ ဒါဟာ သည်ဆေးကို သုံးစွဲသူတွေအတွက် ပုံမှန်ဖြစ်ပြီး တစ်နှစ်လောက် ဆက်တိုက် သုံးစွဲပြီးရင် ဖြစ်လာတတ်ပါတယ်။ (တချို့အမျိုးသမီးတွေအတွက် အဲသလို သွေးမပေါ်တာကိုက စိတ်ချမ်းသာစရာကောင်းနေနိုင်ပြန်ပါတယ်။)
ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ (ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၁ကီလိုမှ ၂ကီလို၊ ဒါမှမဟုတ် ၂ပေါင် ကနေ ၄ပေါင်အတွင်း တိုးလာနိုင်တယ်)။ (အစားအသောက်ကို ဂရုစိုက်မယ်ဆိုရင် ကိုယ်အလေး ချိန် တိုးတာကို ထိန်းချုပ်နိုင်၊ ကာကွယ်နိုင်ပါတယ်။ တချို့အမျိုးသမီး တွေအတွက်ကျပြန်တော့လည်း ကိုယ် အလေးချိန်တိုးလာတာ၊ ဝလာတာကိုက ကျေနပ်စရာ ကောင်းနေနိုင်ပြန်ပါတယ်။)
သန္ဓေတည်နိုင်တဲ့အနေအထားကို ပြန်ရဖို့ တော်တော်စောင့်ဆိုင်းယူရတတ်ပါတယ်။ (ကိုယ်ခန္ဓာထဲက DMPA ပမာဏ လျော့ကျတဲ့အထိ စောင့်ရတတ်တယ်။) နှစ်မျိုးစပ်သားဆက်ခြားသောက်ဆေးတွေကို သောက် သုံးသူတွေ၊ အိုင်ယူဒီ၊ ကွန်ဒုံး၊ ဒါမှမဟုတ် အခြား ယောနိသုံးနည်းတစ်မျိုးမျိုးကို သုံးစွဲပြီး သား ဆက်ခြားအောင် ဆောင်ရွက်ထားသူများနဲ့ ယှဉ်မယ်ဆိုရင် သန္ဓေတည်ဖို့ လေးလလောက် ပိုပြီး စောင့်ဆိုင်း ယူရတတ်ပါတယ်။

တစ်ခါထိုးပြီး နောက်သုံးလကြာတိုင်းကြာတိုင်း နောက်တစ်လုံး ထပ်ထိုးဖို့ လိုပါတယ်။
တချို့အမျိုးသမီးတွေမှာ ခေါင်းကိုက်တာ၊ ရင်သားနူးညံ့လာတာ၊ စိတ် အတက်အကျမြန်တာ၊ ပျို့ချင် အန် ချင်တာ၊ ဆံပင်ကျွတ်တာ၊ လိင်စိတ် နည်းပါးတာများကိုလည်းကောင်း၊ ဝက်ခြံထွက်တာကို သော်လည်း ကောင်း၊ နှစ်မျိုးစလုံးကိုသော်လည်းကောင်း ခံစားရတတ်တယ်။

အိပ်(ခ်ျ)အိုင်ဗှီ/အေအိုင်ဒီအက်(စ်)အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင် စွမ်းမရှိပါဘူး။

အထူးသိထားသင့်တဲ့ အချက်တွေ

၁။ ဆေးတစ်ခါ ထိုးပြီးတဲ့နောက်မှာ ဆက်လက်ပြီး သားဆက်ခြားလိုသေးတယ်ဆိုရင် နောက်တစ်ကြိမ် အချိန်မီ ထပ်ထိုးဖို့လိုပါတယ်။ အတိအကျ ပြောရင်တော့ သုံးလတိတိအကြာမှာ ထပ်ထိုးရမှာပါ။ သို့ပေမယ့် အဲဒီ့ သုံးလမတိုင်ခင် နှစ်ပတ်ကနေ လေးပတ်စောပြီး ကြိုထိုးလို့ရသလို၊ နှစ်ပတ်ကနေ လေးပတ် နောက် ကျပြီးမှ ထိုးလို့လည်း ရပါတယ်။

၂။ နှစ်ပတ်ထက်ကျော်တဲ့အထိ ဆေးမထိုးဖြစ်သေးဘူးဆိုရင်တော့ ကွန်ဒုံးကို ဖြစ်စေ၊ သုက်ပိုးသတ်ဆေး တွေကိုဖြစ်စေ သုံးသင့်တယ်။ ဒါမှမဟုတ်လည်း ချစ်တင်းနှောခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၃။ တစ်ကြိမ်ထိုးပြီးတဲ့နောက် ဘယ်လောက်ပဲ နောက်ကျနောက်ကျ၊ ကိုယ်ဝန် မရှိဘူးဆိုတာ သေချာမယ် ဆိုရင် ဆက်ထိုးလို့ရပါသေးတယ်။

၎။ ဆေးစ ထိုးခါစမှာ ဓမ္မတာက မမျှော်လင့်တဲ့အချိန်တွေမှာ ပေါ်လာတတ်တယ်။ ဓမ္မတာဆင်းတဲ့ပမာဏ က တဖြည်းဖြည်း နည်းနည်းသွားပြီး ၆ လ ကနေ ၁၂ လအတွင်းမှာ ဆေးကို ဆက်တိုက်ထိုးနေမယ်ဆိုရင်၊ ဆိုလိုတာက ဆေးနှစ်ခါကနေ လေးခါအထိ ထိုးပြီးသွားပြီဆိုရင် ဓမ္မတာဆင်းတာ တအားကို နည်းသွား နိုင်သလို လုံးလုံးကို ဓမ္မတာ မပေါ်တော့တာမျိုးလည်း ဖြစ်နေနိုင်တယ်။

၅။ အဲသလို ဓမ္မတာ အပြောင်းအလဲဖြစ်တာဟာ သည်ဆေးကို သုံးစွဲသူများမှာ ဖြစ်နေကျ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ အဲသလို ဓမ္မတာ မဆင်းလို့၊ ပျောက်သွား၊ ထိန်သွားလို့ ကိုယ်ဝန်ရှိတဲ့ သဘော၊ ရောဂါ တစ်ခုခုဖြစ်နေတဲ့သဘော၊ သွေးပုပ်တွေ ကိုယ်ခန္ဓာအတွင်းမှာ အောင်းနေတဲ့သဘော လုံးလုံးမဟုတ်ပါဘူး။ ဓမ္မတာအဆင်းနည်းတာ၊ ဒါမှမဟုတ် လုံးလုံးမပေါ်တာဟာ တချို့အမျိုးသမီးတွေ အတွက်ကျတော့ ပိုတောင် ကျန်းမာလာစေနိုင်ပါတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးရာတောင် ရောက်နေတတ်လို့ပါ။

၆။ ကိုယ်အလေးချိန်လည်း တိုးလာပါလိမ့်မယ်။ အနည်းအပါး ဝလာပါလိမ့်မယ်။ ဒါလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။ အန္တရာယ်လည်း မရှိပါဘူး။

ဆရာဝန်နဲ့ ပြဖို့ လိုတဲ့ ရောဂါလက္ခဏာများ

DMPA ထိုးဆေးကြောင့် စိုးရိမ်စရာ ရောဂါတွေ ဖြစ်တတ်တာ အင်မတန်မှ ရှားလှပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ အဖြစ်တွေနဲ့ ကြုံနေရတယ်ဆိုရင်တော့ စိုးရိမ်စရာကောင်းတဲ့ တခြားရောဂါ တစ်ခုခုရှိ နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေဟာ DMPA ကြောင့်လည်း ဖြစ်နေနိုင်သလို အဲဒီ့ထိုးဆေးကြောင့်လည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တခြား ရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နေနိုင်တယ်လို့ ဆိုလိုတာပါ။

စိတ်ပျက်စရာကောင်းလောက်အောင် ဓမ္မတာတွေ မတရားဆင်းနေတာ။ (ခါတိုင်းထက် နှစ်ဆလောက် ပိုဆင်းနေတာ၊ ဒါမှမဟုတ် ခါတိုင်းထက် နှစ်ဆတောင် ကြာအောင် ဆင်းနေတာမျိုးပါ)

DMPA ထိုးပြီးခါမှ ဆိုးဆိုးရွားရွားကြီးကို ခေါင်းကိုက်လာတာ၊ ဒါမှမဟုတ် ခေါင်းကိုက်ဝေဒနာက ဆေးထိုးပြီး မှ ပိုဆိုးရွားလာတာ။

အသားအရေ၊ ဒါမှမဟုတ် မျက်လုံးတွေ ထူးထူးခြားခြား ဝါလာတာ။



Injection
အရေးတကာ့ အရေးကြီးဆုံး အချက်များ

၁။ ထိုးဆေးကို လက်မောင်းမှာ ထိုးရတာပါ။ ဆေးထိုးပြီးရင် ဘယ်တော့jဖစ်ဖြစ် ဆေးထိုးထားတဲ့နေရာကို ပွတ်ချေမိတတ်ကြပါတယ်။ DMPA ထိုးပြီးရင် မချေပါနဲ့။ ချေလိုက်မယ်ဆိုရင် ဆေးက ခန္ဓာကိုယ်ထဲကို မြန်မြန်ကြီး ပျံ့နှံ့သွားပါလိမ့်မယ်။

၂။ ဖြစ်နိုင်မယ်ဆိုရင် တစ်ခါသုံး ဆေးထိုးအပ်နဲ့ပြွန်များကိုသာ သုံးသင့်ပါတယ်။

၃။ တစ်ခါသုံးကိုပေမင့် ပြန်သုံးတာမျိုးကို လုံးလုံး မလုပ်သင့်ပါဘူး။ တချို့ ဆေးခန်းတွေ၊ သူနာပြုတွေက ပစ်ရမှာ နှမျောပြီး ပြန်သုံးတတ်ကြတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ဖူးပါတယ်ခင်ဗျား။ ဒါကြောင့် သတိပေးနေရတာပါ။ ဖြစ်နိုင်ရင်၊ တတ်နိုင်ရင် ကိုယ့်ရှေ့မှာ အသစ်ဖောက်သုံးတာမျိုး၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က တစ်ခါသုံးအပ်ကို ဝယ်သွားပြီး ဖောက်သုံးတာမျိုးနဲ့ ထိုးသင့်ပါတယ်။ တစ်ခါသုံးအပ်တွေ ရဲ့ တည်ဆောက်ပုံကြောင့် ပိုးသတ်ဖို့လည်း အင်မတန် ခက်လှပါတယ်။ အဲဒါကြောင့် တစ်ခါသုံးကို တစ်ခါ မက သုံးမယ်ဆိုရင် ဘယ်လောက်ပဲ ပိုးသတ်ထားတယ်ဆိုဆို HIV/AIDS လို ရောဂါပိုးမျိုး ကူးစက်လာ နိုင်ပါတယ်။

၎။ တစ်ခါသုံးအပ်တွေ မရနိုင်ဘူးဆိုရင်တော့ အထပ်ထပ်ပြန်သုံးလို့ရတဲ့ ဆေးထိုးအပ်နဲ့ ပြွန်တွေကို မလွှဲ မရှောင်သာ သုံးရတော့မှာပါ။ အဲလိုဆိုရင်လည်း သေချာ ပိုးသတ်ထားတဲ့ ဆေးထိုး ကိရိယာနဲ့မှသာ ဆေးထိုးခံသင့်ပါတယ်။

Ref: The Essentials of Contraceptive Technology: A Handbook for Clinic Staff published by John Hopkins Public Health University ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အတွင်း Wellness ကျန်းမာရေး မဂ္ဂဇင်းမှာ လပေါင်းများစွာ အခန်းဆက် ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ “သားဆက်ခြားခြင်းဆိုင်ရာ နည်းပညာ အဖြာဖြာ” ထဲက ထိုးဆေးနဲ့ ပတ်သက်တဲ့အပိုင်းကို ပြန်လည် ကောက်နုတ်တင်ပြလိုက်တာပါ။

ATK's Explicit Blog

အမျိုးသား မော်ဒယ်ပြိုင်ပွဲ သရုပ်ပြတင်ဆက်မှု Junction Square တွင်ကျင်းပ




အမျိုးသား မော်ဒယ် ၃ဝနဲ့ သီးသန့်ပြုလုပ်တဲ့ Man Hunt Model ပြိုင်ပွဲကို ရန်ကုန်မြို့ Junction Square မှာ စက်တင်ဘာ ၂ဝရက်နေ့က ကျင်းပခဲ့ပါတယ်။

လူရွှင်တော် 5 Stars အဖွဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား






လူရွှင်တော် 5 Stars အဖွဲ့သည် ရန်ကုန်- နေပြည်တော် ၊ အမြန်လမ်း (၁၆) မိုင်တစ်ဖာလုံတွင် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ကျောက်ကြီးဖျော်ဖြေပွဲ မှအပြန် လမ်းမပေါ်တွင် စက်ပျက်နေသည့် ယာဉ်တစ်စီးအား ၀င်ရောက်ကူညီနေစဉ် ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း 5 Stars အဖွဲ့မှ အောင်သော်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ဘက်နေပြီး တက်လာတဲ့ စူပါကာစတန်ကားက ဘတ္ထရီ မကောင်းဖြစ်နေလို့ ကူညီပြီး ပြင်ပေးနေတဲ့ အချိန်မှာ
အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ အဖွဲ့ပိုင် ဟိုက်အေ့စ်ကားနဲ့ နှစ်ကား စလုံး ခေါင်းချင်းဆိုင် မီးထိုးပြီးပြင်နေတဲ့အချိန်မှာ ရန်ကုန်ဘက်က တက်လာတဲ့ ကားကဖြတ်ပြီး တိုက်လိုက်တာပါ။ ကျွန်တော်အဖွဲ့ထဲက နှစ်ယောက်က ကားပြင်နေတယ်ဆိုတာကို အချက်ပြနေတာပါ။ နောက်ပြီး ကျွန်တော်တို့ ကားတွေက ဘေးကို ချပြီး ပြင်နေကြတာပါ။ အဲဒီအချိန်မှာ ၀င်တိုက်သွားတာပါ၊ ကျွန်တော်တို့က ကျောက်ကြီးဖျော်ဖြေပွဲဖြစ်တဲ့ ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ဘုရားပွဲကနေပြီး ပြန်လာတာပါ၊ တစ်ဖက်က အခုလိုထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး၊ အဆင်ပြေအောင် ပြန်လည် လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု အောင်သော်ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် လူရွှင်တော် 5 Stars အဖွဲ့ပိုင်ကားသည် ယာဉ်မောင်းဘက်အခြမ်းမှ ပျက်စီးခဲ့ပြီး ၎င်းတို့အဖွဲ့မှ ၀င်ရောက်ကူညီပေးနေသည့် ကားမှာ တံခါးပျက်စီးသွားခဲ့သည်။

“ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မဖြစ်ခဲ့ပါဘူး။ ကိုကျင်ဝှက်ရဲ့သားက ပါးမှာ ဒဏ်ရာရသွားတယ်။ အောင်သော်ရဲ့ ညီနဲ့ ညီမကတော့ ခြေ၊ လက်တွေ ထိခိုက်သွားတယ်။ ၀င်တိုက်တဲ့ ကားမှာပါတဲ့ လူတွေကတော့ ညှပ်ရိုးကျိုးသူကျိုး၊ တင်ပါးဆုံရိုးကျိုးတဲ့လူ ကျိုးသွားပါတယ်” ဟု မျောက်ရှုံးက ဆိုသည်။

ယင်းထိခိုက်မှုကြောင့် 5 Stars အဖွဲ့မှ ဒဏ်ရာရသူများကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိသည်။ လူရွှင်တော် 5 Stars အဖွဲ့တွင် အောင်သော်၊ အောင်မော်၊ မျောက်ရှုံး၊ ကြာစိ၊ ကျင်ဝှက်တို့ပါဝင်ပြီး လူရွှင်တော်ရွှေဖလားပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကအတွင်းသို့ ရောက်ရှိလာကြသူများဖြစ်သည်။

_______________________________________

Mizzima

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ




From : ..popular







ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့်
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။
နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌
လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။




ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူ အများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများ လိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ




From : .. Myit Ma kha







ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများလိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ ကြောင်း သိရသည်။ စင်္ကာပူတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ဝင်ကြေး ဒေါ်လာ ၃၀ ကောက်ခံနေပြီး ထိုငွေများကို လက်တလော ဒုက္ခရောက်နေတဲ့ မြန်မာရေဘေးဒုက္ခသည်များကို ကူညီပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၂ပေမြင့်တက်လာသည့်အတွက် ဟင်္သာတမြို့နယ်အနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ခြေ၁၀၀နီးပါး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ရေဘေးအရေးပေါ်ကယ်ဆယ်မှုများအား စက်တင်ဘာ(၁၉)ရက်နေ့မှစ၍ စစ်ကုန်းအုပ်စုရေ လယ်သောင် ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
အဆိုပါဒေသများမှာ မြေနိမ့်ပိုင်းဒေသများဖြစ်သည့်အတွက် နှစ်စဉ်မြစ်ရေတက်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း ယခုနှစ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်တက်လာသည့်အတွက်ကြောင့် အိမ်မွေးတိရိစ္ဆာန်များနှင့် ကျွဲ၊ နွား၊ ဝက်များအား ရေဘေးကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းမှုများ ပြုလျှက်ရှိကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

“ စကုန်းအုပ်စုအတွင်းက ရေလယ်သောင်ကျေးရွားနဲ့ အောင်ချမ်းသာကျေးရွာက အများဆုံးဖြစ်ပါတယ်၊ ယာယီကယ်ဆယ်ရေး စခန်းတွေဆီ စက်လှေတွေနဲ့ ပြောင်းရွှေ့ထားပါတယ်”ဟု စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦကျော်သူရက ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်း၌ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေတို့ လိုအပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု များအား မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပြည်သူများအား ရေဘေးလွတ်ရာကုန်းမြင့်ဖြစ်သည့် ရေကာတာအတွင်းပိုင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ပြောင်းထားပြီး ဒေသခံများမှာ ယခင်နေထိုင်သော ကျေးရွာများသည် မြေနေရာ အနေအထား အနည်းငယ် နိမ့်သည့်အတွက် (၂၀၀၈) ခုနှစ်တွင် ခံစားခဲ့ရသော နာဂစ်မုန်တိုင်းကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုနှင့် နှိုင်းယဉ်မည် ဆိုပါက တန်းတူနှုန်းလောက်သာ ရှိမည်ဖြစ်ဟု ဒေသခံ ရပ်ကွက်လူကြီး ဟောင်းတစ်ဦးက သုံးသပ်သည်။

“အနိမ့်ပိုင်းဖြစ်နေတဲ့အတွက် ပထမရေမှီဖို့ နည်းနည်းသာ လိုတယ်ဆိုပေမဲ့ အရင်ကယ်ဆယ်ရေးလုပ်တဲ့ ရေအမှတ်နဲ့ သွားညီ နေတယ်။ နောက်ထပ်ရေတက်မယ်ဆိုရင် မပြောင်းရွှေ့သေးတဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်ပါတယ်” ဟုဦးဌေးဝင်းက ပြောသည်။

လက်ရှိ စစ်ကုန်းအုပ်စုအတွင်းရှိ ရေလယ်သောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကမ်းသာယာကျေးရွာနှင့် စစ်ကုန်းလေး (တာပြင်)ကျေးရွာများအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အိမ်ထောင်စုပေါင်း (၁၀၀)ဝန်းကျင်၊ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန် (၆၀)ဝန်းကျင် ပြောင်းရွှေ့ထားရသည်ဟု မြို့နယ်ဒုဦးစီးမှူး ဦးဝင်း ဇော်ဦးက ဆိုသည်။

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး




ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။

လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။


ဆီဒိုးနားအဖြစ်မှန်
















 



https://www.facebook.com/Niknayman

ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ(အဟောင်းလေးပါ)









ဒါကတော့ ကျနော် ဆိုဒ်အဖျက်ခံလိုက်ရတဲ့ အထဲပါသွားလို့ ပြန်ရှာပြီးတော့


ပြန်တင်ပေးထားတာပါ အသစ်မဟုတ်ပါဘူး ခင်ဗျာ









ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့


viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့


voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ


LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ


အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်


ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ





အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်


window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ


window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ









ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ


အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်


အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ





NEXT ကိုနှိပ်ပြီးဆက်သွားပါ





lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ







install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ







အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ






Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ

အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်

မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့

ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ

ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ

password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်

ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်

Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ





တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ




ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ

၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ

၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်

profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်

၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်







setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ


Zawgyi One လို့ပြောင်းပေးပေါ့







ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို

နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့

အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ





ဒီမှာ စာပို့လို့ရတယ်နော်





ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ




ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ






ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ



အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ




ကိုလတ်(ကျွဲဆင်း)

အရည်အချင်း အစစ်အမှန်နဲ့ ကြိုးစားတဲ့သူတွေ အချိန်တစ်ခုတော့ စောင့်ရမယ်လို့ဆိုတဲ့ အိုင်ရင်း ဇင်မာမြင့်





 အသံနဲ့ ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေ မရှိပါဘူး။ ဘုရားပေးတဲ့ အသံအတိုင်း
ပါရမီအတိုင်းပါပဲ။ ဒါကြောင့် အသံနဲ့ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေလုံးဝမလုပ် ဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လေ့ကျင့်ပြီးတော့ ထွက်လာတဲ့ အသံတိုင်း တစ်သမတ်တည်းထွက် လာတဲ့ ပုံစံမျိုးကို အိုင်ရင်းလုံးဝမ ကြိုက်ပါဘူး။ အိုင်ရင်း ဒီပွဲမှာ Style တစ်ခုနဲ့ဆိုမယ်။ နောက်ထပ်တစ်ပွဲကျရင် Style တစ်မျိုးနဲ့ သီဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အမြဲတမ်း သီချင်းဆိုနေတာကလည်း လေ့ကျင့်မှုတစ်ခုပါပဲ။

အိုင်ရင်း ငါးနှစ်သမီးကတည်းက သီချင်းတွေ့လာခဲ့တဲ့ အတွေ့အကြုံ တွေရှိခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ညီမရင်ထဲမှာ အခုချိန်မှာ ခံ စားနေတဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ ညီမရောက်နေတဲ့ နေရာလေးပေါ်မှာပဲ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အဆိုပြိုင်ပွဲဝင်ပြိုင်တဲ့ သူတွေအ တွက်ပဲ စိုးရိမ်နေမိတယ်။ ညီမက လည်း အဆိုပြိုင်ပွဲကနေလာတဲ့သူ တစ်ယောက်ပါ။ အဆိုပြိုင်ပွဲဝင်မယ့် သူတွေအတွက် အိုင်ရင်းက သူတို့ ကိုယ်စားရင်တွေခုန်နေမိတယ်။ အိုင်ရင်းရဲ့ သီချင်းတော်တော်များများ ကိုတော့ အဆိုပြိုင်ပွဲတိုင်းမှာ သီဆို ပြိုင်ပွဲဝင်တာကို အမြဲလိုလိုကြားမိပါတယ်။
အိုင်ရင်းဘက်ကတော့ ခွင့်ပြုပါတယ်။ တေးရေးဆရာတွေ ဘက်ကနေ သူတို့ရပိုင်ခွင့်ကိုသာ ပေးမယ်ဆိုရင်တော့ ဘာမှ ကန့်ကွက် စရာတစ်ခုမှ မရှိပါဘူး။ အခုဆိုရင် သီချင်းဆိုပြိုင်ပွဲတွေအများကြီးပေါ် ပေါက်လာကြတယ်။ အဲဒီအတွက် အဆိုပညာကို ဝါသနာပါတဲ့ လူငယ် တွေအတွက် ကြိုးစားခွင့်တွေ အ များကြီးရလာတာပေါ့။ ပြီးတော့ ရွေးချယ်ပိုင်ခွင့်တွေအများကြီးပိုရှိ လာခဲ့ပါတယ်။ အိုင်ရင်းတို့တုန်းက ဆိုရင် ဆိုကြမယ် ပျော်ကြမယ် ပြိုင် ပွဲနဲ့ Melody World အဆိုပြိုင်ပွဲ နှစ်ခုပဲရှိတာပါ။ ရွေးချယ်စရာ နှစ်ခုပဲရှိတာပေါ့။
အခုဆိုရင် ကိုယ့်ရဲ့ Trand က ဘယ်ဘက်ကိုပိုပြီးအား သာလဲဘယ်ဘက်က ကိုယ့်ကို ပိုပြီး ဆွဲတင်နိုင်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပြီး ရွေးချယ်ပိုင်ခွင့်တွေရှိ လာတော့ အိုင်ရင်းတို့အနေနဲ့ ဝမ်းသာရပါတယ်။ တကယ်လည်း မြန် မာနိုင်ငံအတွက် အဆိုအနုပညာရှင် တွေမွေးထုတ်ပေးနိုင်တဲ့ အဆိုပြိုင်ပွဲ တွေပါ။ အဆိုပြိုင်ပွဲတွေနဲ့ ပတ် သက်ပြီး အိုင်ရင်းပြောချင်တာက အိုင်ရင်းရဲ့ လက်ရှိ အနုပညာသက် တမ်းက အရမ်းနုသေးတယ်။ အဲဒီ ပေါ်မှာ အိုင်ရင်းခံယူရရှိတဲ့ သင် ခန်းစာအရပြောရမယ်ဆိုရင်တော့ အရည်အချင်းအစစ်အမှန်နဲ့ ကြိုး စားရတဲ့သူတွေအတွက်ကတော့ အချိန်တစ်ခုတော့စောင့်ရပါတယ်။ အချိန်အတိုင်းအတာတစ်ခုရောက် လာချင်ရင် ပရိသတ်တကယ်ကို လက်ခံပေးတဲ့အဆိုတော်ကောင်း တစ်ယောက်ဖြစ်မှာပါကြိုးစားကြပါ လို့ပြောချင်ပါတယ်။
ထွန်းမြင့်ဇော်

ဝင်ငွေအများဆုံးအနုပညာရှင်စုံတွဲတွေ



သန်းနဲ့ ချီပြီး ၀င်ငွေရှိတဲ့အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို အားကျလိုက်ကြရအောင်လား။
Forbes မဂ္ဂဇင်းမှာ ဒီနှစ်အတွက် ၀င်ငွေအများဆုံးအနုပညာရှင်စုံတွဲအဖြစ် ဘီရွန်စေးနဲ့ သူ့ ခင်ပွန်းဂျေးဇက် ကို ဖော်ပြထား ပါတယ်။ သူတို့ စုံတွဲက ပြီးခဲ့တဲ့နှစ်က ဒေါ်လာသန်း ၉၅သန်း ၀င်ငွေရှိခဲ့ပါတယ်။ဂျေးဇီရဲ့  Watch the Throne အယ်လ်ဘမ်က တညကို ၁.၄သန်းဖိုးလောက်ရောင်းရပါသတဲ့။ ဘီရွန်းစေးရဲ့  Mrs Carter world tour ကလည်းခန့် မှန်းချေ တညကို ဒေါ်လာ ၂ သန်းလောက်ဝင်ပါတယ်။ ဒုတိယ၀င်ငွေအမျာဆုံးစုံတွဲက အမေရိကန်ဘော သမား ဘရက်ဒီတို့ စုံတွဲဖြစ်ပါပြီး သူတို့ စုံတွဲကသန်း၈၀။

တတိယ၀င်ငွေအများဆုံးနေရာမှာလိုက်တဲ့ စုံတွဲက အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ် တို့ စုံတွဲဖြစ်ပါပြီးသူတို့  ကသန်း ၅၀ ၀င်ငွေရှိပါတယ်။

နောက်ကိုယ်လုံးကိုယ်ပေါက်အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကင်ကာဒက်ရှန်တို့ စုံတွဲက
သန်း ၃၀ ၀င်ငွေ ရှိခဲ့ ပါ တယ်။

အနုပညာအလုပ်နဲ့ ဝင်ငွေ သိန်းနဲ့ သန်းနဲ့ ချီပြီးရတဲ့ အမေရိကန်အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို သွားရေကျပြီးသကာလ မြန်မာပြည်က အနုပညာရှင်များရောတနှစ်တနှစ်ဝင်ငွေ ဘယ်နှစ်သန်းလောက် ရကြမလဲ။သူတို့ တော့ ဒီလောက်ဒေါ်လာသန်းချီပြီးမရလောက်ဘူးလို့ စဉ်းစားမိပါ ရဲ့ ။
ဒါပေမယ့်လည်းလေ မြန်မာပြည်မှာလည်းအားကျစရာ ဒေါ်လာသန်းထောင်ချီပြီး နိုင်ငံတကာက ဘဏ်မှာအပ်ထားနိုင်ကြတဲ့သူဌေးကြီးများရှိပါရဲ့ လို့ ဂုဏ်ယူလိုက်ပါရဲ့ ။

နိုင်ငံများနှင့်အမျိုးသမီးများ၏ ယေဘုယျမျက်နှာသွင်ပြင်သဏ္ဍာန်များ


နိုင်ငံတနိုင်ငံမှာ အများဆုံးမြင် တွေ့ ရမယ့် အမျိုးသမီးတွေရဲ့ မျက်နှာသွင် ပြင်တွေလို့ ဆိုပါတယ်။ နံပါတ် ရှစ်အတန်းမှာမြန်မာမလေးမျက်နှာကိုဖော်ပြထားပါတယ်။

အိုင်ဖုန်း အတွက် ပြဿနာတွေတက်ကြ



အသစ်ထွက်တဲ့ အိုင်ဖုန်း 5S , 5C က ဘယ့်လောက်ကောင်းသလဲမေးရင် ရန်ဖြစ်ရလောက် ကောင်းတယ် လို့ ဖြေရမှာပါ။
အမေရိကန်ကယ်လီဖိုးနီးယားက လူသုံးယောက်ကတော့ အိုင်ဖုန်းအတွက်နဲ့ အဖမ်းခံ လိုက်ရပါတယ်။
ဖြစ်ပုံကတော့ ကယ်လီဖိုးနီးယားက ပန်းသီးစတိုးဆိုင်မှာ အိုင်ဖုန်းကိုလည်းဦးဦးဖျားဖျား လိုချင်၊နာရီအကြာကြီး လည်း တန်းမစီချင်တဲ့သူတွေက အိုးမဲ့အိမ်မဲ့တွေကို သူတို့ ကိုယ်စားအငှား တန်းစီခိုင်းပါတယ်တဲ့။
တန်းစီတယ်ဆိုတာ တနာရီနှစ်နာရီမဟုတ်ပါဘူး။ စတိုးဆိုင်ရှေ့ မှာ ညအိပ်ပြီးတော့ကို စီရတာပါ။
အဲဒီလို အချိန်အကြာကြီးတန်းစီပြီးမှ စတိုးက ဖုန်းကုန်သွားပြီလို့ ကြေငြာတဲ့အခါ ကျတော့ သူတို့ ခမြာ တန်းစီခမရတော့ပါဘူး။အဲဒီမှာတင် ရန်တွေစဖြစ်ကြတယ်လို့ ဆိုပါတယ်။

အိမ်ယာမဲ့တယောက်ကပြောတာက ကျမကို အငှားတန်းစီပေးမလားလို့ ငှား တာနဲ့ လာတန်းစီတာ ပါ။တခြားလည်းကျမ လုပ်စရာမရှိဘူးလေ လို့ မစ်ကီဆိုတဲ့အမျိုးသမီးကပြောပါတယ်။ ဒီလို အငှားနဲ့ တန်းစီ တဲ့အတွက်သူဘယ်လောက်ရသလဲဆိုတာကိုတော့လျှို့ ဝှက်ထားပါတယ်။ ဒါကလ၀ လို့ သူကဆိုပါတယ်။ တချို့ တန်းစီပေးတဲ့သူတွေကတန်းစီခ ၃၅ ဒေါ်လာလောက် ရတယ်လို့ ပြောပါတယ်။

အိုင်ဖုန်း 5c ကို အစိမ်း၊အပြာ၊အ၀ါ၊ပန်းရောင်၊အဖြူ အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။မမ်မရီ ၁၆ ဂစ်အတွက် ၉၉ဒေါ်လာဖြစ်ပါတယ်။ ၄လက်မ ရက်တီနာ ပါဝင်ပြီး 8MPx ကင်မရာပါဝင်ပါတယ်။
၃၂ ဂစ်အတွက် ၂နှစ်စာချုပ်နဲ့  ၁၉၉ဒေါ်လာကျသင့်ပါတယ်။
5Sကတော့ အနက်၊ငွေ၊ရွှေ အရောင်သုံးမျိုးပါ။သူကဖုန်းမမ်မရီအပေါ်မူတည်ပြီး ၁၉၉ဒေါ်လာကနေ ၃၉၉ဒေါ်လာရှိပါတယ်။လက်ဗွေဖတ်တဲ့စနစ်ပါဝင်ပါတယ်။
The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)

စတိုးဆိုင်ရှေ့ အိပ်ပြီးစောင့်နေကြသူတွေ

Source

Related Posts Plugin for WordPress, Blogger...