Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, November 19, 2013

Online Business လုပ်ကြမလား..?



တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တတ်ကြပါတယ်။
အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရ တဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။

(၁) – ဘလော့ရေးခြင်း
အွန်လိုင်းကနေ အလုပ်လုပ်ဖို့ အတွက် အလွယ်ဆုံး နဲ့  အစောဆုံး စတင်ခဲ့တဲ့ ပိုက်ဆံ ရှာတဲ့ နည်းလမ်းဖြစ်ပါ တယ်။ ပထမဆုံးကတော့ စာရေးရတာ မျှဝေရတာ ၀ါသနာ ပါတဲ့ သူ ဖြစ်ရပါမယ်။ မိမိ အားသန်တဲ့ လိုင်း တစ်ခုခုကို ထိထိရောက်ရောက် ရေးသားရပါမယ်။
ဒါဟာ ကုန်ပစ္စည်း တစ်ခု ဆိုရင် သင့် ဖောက်သည် စာဖတ်သူတွေကို ဘယ်လို ကောင်းမွန်တဲ့ စာကောင်း ပေကောင်း အရေးအသားကောင်းတွေ မျှဝေနိုင်မလဲ ဆိုတဲ့ သင့်အရည်အချင်း အပေါ်မူတည်ပါလိမ့်မယ်။ နည်းပညာအကြောင်း ရေးမလား ၊ ဗဟုသုတအကြောင်းရေးမလား ၊ အစားအသောက် အချက် အပြုတ်၊ ခရီးသွားတဲ့ အကြောင်း ..  အိုး စုံလို့ ပါပဲ ။  တစ်ခုရှိတာက ဘယ်အရာမှ ချက်ချင်း စိုက်ပျိုးပြီး ချက်ချင်း စားသုံးလို့  မရနိုင်တာကို သိရပါမယ်။ တစ်ခုခု ကို ဇောက်ချ ရေးသား တင်ပြသွားပါ။ အခုဆိုရင် ဆိုရှယ် နက်ဝေါ့တွေကလည်း အားကောင်းနေတာ ဆိုတော့ မိမိ နက်ဝေါ့မှာ မိမိပရိသတ်တွေနဲ့  ချိတ်ဆက်ထားရပါမယ် ။ မိမိ အနေနဲ့ ပေါ်ပင် လုပ်တဲ့ စိတ်ရှိရင်တော့ အစကထဲ က ဖျောက်စေချင်ပါတယ်။ ဒါက စေတနာ နဲ့ အချိန် ပေးပြီး ရင်းနှီးမြုပ်နှံရတဲ့ အလုပ် ဖြစ်လို့  ဖြစ်ပါတယ်။ အချိန်တစ်ခု အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါမှာ Out come အနေနဲ့ 
သင့်မှာ အကျိုးအများကြီး ရရှိ ပါလိမ့်မယ်။

ပထမဆုံး မိမိ အရေးအသား Skill ရှိလာပါလိမ့်မယ် ။ အသိပညာ ကြွယ်ဝလာပါလိမ့်မယ်။ နောက် ပရိသတ်တွေ ရလာပါလိမ့်မယ်။ ဒီအခြေ အနေမှာတင် ၀င်ငွေရနိုင်ပြီ ဖြစ်ပါတယ်။
ဂူဂဲလ် ရဲ့ ဘလော့ က ၀န်ဆောင်မှု ဖြစ်တဲ့ Adsense ကို အသုံးပြုပြီး User Traffic နဲ့  ပိုက်ဆံယူမလား ။ အွန်လိုင်း Advertising ၀န်ဆောင်မှု နဲ့  ချိတ်ဆက်ပြီး Pay Per Click နဲ့  ၀င်ငွေ ရှာမလား…။ ရနိုင်ပါတယ်။
စိတ်တော့ ရှည်ရပါလိမ့်မယ်။

(၂) – အွန်လိုင်း မာကတ်တင်း
ဒါကို Affiliate Marketing လို့ လည်း ခေါ်ပါတယ် ။ ပြောရရင် စုပေါင်းချိတ်ဆက်ပြီး ကိုယ်ဘက်ကနေ ကုမ္မဏီ အတွက် တဆင့်အွန်လိုင်း မာကတ်တင်း ဆင်းပေးတဲ့ သဘောပါ ။
ကုမ္မဏီ တစ်ခုခုရဲ့ ထုတ်ကုန်နဲ့  ၀န်ဆောင်မှုများကို social media platform တွေ အသုံးပြုပြီး ကြော်ငြာပေးတာတွေ ၊ ဝဘ်ဆိုက်မှာ တင်ပြီး ကြေငြာပေးတာတွေ ဖြစ်ပါတယ်။ Social Media မှာကတော့ Facebook လိုမျိုးမှာ Page လုပ်ပြီး ကြေငြာတာတွေ တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မယ်။ တစ်ချို့ ဆိုရင် နာမည်ကြီးတဲ့ ဆိုက်တွေ မှာ ကြော်ငြာပေးတာတွေ ၊ ပရိုမိုးရှင်း ဘာညာ သာရကာတွေ တင်ပေးတာတွေ လုပ်ရပါတယ်။
မိမိ ကြော်ငြာပေးရတဲ့ ကုမ္မဏီ က နာမည်ကြီး Brand တစ်ခု ဖြစ်ပြီး မိမိ Local အတွက် ထိုးဖောက်ပြီး ကြေငြာပေးရတယ် ဆိုရင် ထိုမာကတ်တင်း ဆင်းလို့ တက်လာတဲ့ အမြတ်ရဲ့၁၀ ရာခိုင်နှုန်းကနေ ၃၀ အထိ ရနိုင်ပါတယ်။ ဒါက နိုင်ငံတကာ က ပေးတဲ့ နှုန်း ဖြစ်ပါတယ်။
(၃) – Review ရေးပေးခြင်း
Samsung က အသစ်ထွက်တဲ့ Smart Phone တစ်လုံးအကြောင်း သုံးစွဲပုံ အမြင်လေး ရေးပေးရမယ် ဆိုပါတော့ ။ ဖြစ်သင့်တာက ထို စမတ်ဖုန်းကို ကိုယ်တိုင် ကိုင်တွယ် အသုံးပြုကြည့် ။ ပွတ်ကြည့် ။ App တွေကလိကြည့်။ စသဖြင့် ကိုယ် ကြုံတွေ့ လာရတဲ့ အကြောင်းအရာ Product ရဲ့  ကောင်းမွန်တဲ့ အနှစ်သာရတွေကို ရေးသားရပါတယ် ။ ဒါက သဘော ပြောပြတာပါ ။ ဒီနေရာမှာ အလှကုန်ပစ္စည်း အသစ် ဖြစ်ချင် ဖြစ်မယ်။
အိမ်သုံးပစ္စည်း ၊ လူ့ အသုံးအဆောင် တစ်ခုခု ၊ အစားအသောက် ထုတ်ကုန် အသစ် အားလုံးဖြစ်နိုင်ပါတယ်။ မိမိ ရေးသားထားတဲ့ Review ကို အွန်လိုင်းမှာ တင် ။ ဒီလိုနဲ့  ၎င်းကုမ္မဏီများရဲ့ Product များဟာဖောက်သည်များကို မ၀ယ်ယူ ၊မသုံးစွဲရသေးခင် အွန်လိုင်းမှာ တင်ထားတဲ့ မိမိ Review ကို လေ့လာပြီးနောက် ပိုမိုအရောင်း သွက်လာတဲ့အခြေအနေ ဖြစ်ပေါ်လာပါတယ်။
နိုင်ငံတကာ နှုန်းနဲ့ ပဲ ပြန်တိုင်းရလျှင် Review ရေးသားခဟာ မိမိ ကျွမ်းကျင်မှု ၊ အရေးအသားကောင်းမွန်မှု အပေါ်မူတည်ပြီး တစ်ပုဒ်ကို ဒေါ်လာ ၂၀ ကနေ ၂၀၀ အထိ ရရှိပါတယ်။
(၄) – Web Desiging and Developing
ဒါကတော့ Professional ဆန်တဲ့ လိုင်းတစ်လိုင်း လည်း ဖြစ်ပါတယ်။ Web Designer နဲ့  Develper အတွက် လိုအပ်တဲ့ Skills များကို သင်ယူတက်မြောက်ပြီး မှ လုပ်နိုင်မဲ့ Online ဆက်စပ်အလုပ် တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
Programming အကြောင်း နားလည်ရမယ် ။ ဒီဇိုင်းတွေကို ဖန်တီးနိုင်ရမယ် ။ မိမိ ပြုလုပ်မဲ့ ဆိုက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖန်တီးမလဲ ဆိုတဲ့ အမြင်တွေ ရှိရပါမယ် ။ ဒါကလည်း ကုမ္မဏီ မှာလည်း လုပ်ကြသလို Freelance အနေနဲ့ လည်း Out source တွေ ရှာပြီး အိမ်ကနေ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ Network ကလည်း ကောင်းရပါမယ် ။ ဒီလိုမျိုးကတော့ အိမ်က လုပ်နိုင်တဲ့ အလုပ်မှန်ပေမဲ့ Team Work ကို အားပေးတဲ့ ကျနော် အနေနဲ့ တော့ Social ကျအောင် နေဖို့  အကြံပြုလိုပါတယ်။ သိတဲ့ အတိုင်း Freelance သမားများအနေနဲ့  Asia မှာက အနောက်တိုင်း နိုင်ငံများထက် ရရှိငွေ နည်းတာကို တွေ့ ရပါတယ်။ အကယ်၍ Freelance ကြိုက်တဲ့သူတစ်ယောက် ဆိုရင်တော့ ဒါကလည်း အကောင်းဆုံး Online က စီးပွားရေးပါပဲ။
(၅) – အွန်လိုင်း လေလံ စီးပွားရေး
မိမိ မှာ ရှိတဲ့ တန်ဖိုးရှိ ပစ္စည်း တစ်ခုခုကို အွန်လိုင်းမှာ တင်ပြီး လေလံစနစ်နဲ့ ရောင်းမလား ၊ ၀ယ်မလား ? ဒါကို လုပ်နေတဲ့ ဆိုက်တွေကလည်း တော်တော်များများ ရှိပါတယ်။ နေ့ စဉ် လေလံ တင်သူ ၀ယ်သူ ဈေးပြိုင်သူစသဖြင့် တော်တော်များများ ပါဝင်ပြီး ဈေးကစားနေကြတဲ့ အွန်လိုင်း စီးပွားရေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်တို့  နိုင်ငံမှာတော့ Ebanking System ဖြစ်လာတဲ့ အချိန်မှ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။
သူက အွန်လိုင်းကနေ မိမိဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်လို့ ပဲ ဖြစ်ပါတယ်။ ဒီတော့ မိမိမှာရှိတာ ရောင်းမလား ၊ သူများလေလံတင်တာ ၀ယ်ပြီး ပြန်ရောင်းမလား ။ ဖြစ်လာမှာပါ။ နာမည်ကြီး ဆိုက်တွေ ဖြစ်တဲ့ Ebay နဲ့ Amazon မှာလည်း ဒီလို စီးပွားဖြစ်နေတဲ့ သူတွေ အများကြီးပါ။
(၆) – E-commence Store ခေါ်တဲ့ Online Shopping
သူကလည်း အွန်လိုင်းကနေ ကုန်ပစ္စည်း ရောင်းရင် ပိုက်ဆံရှာ နိုင်တဲ့ Online Business ပါပဲ ။ တော်တော်များများတော့ သိကြမှာပါ ။ အွန်လိုင်းကနေ ဈေးရောင်း ဈေးဝယ် လုပ်ကြတယ် ။
အရင်ဆုံး ဆိုက်တစ်ခု လုပ်ရတယ်။ အများဆုံးကတော့ Facebook မှာ Page တွေအဖြစ်
တွေ့ ရမှာပါ ။ E banking လိုအပ်နေသေးတဲ့ ကာလတစ်လျှောက်လုံးကတော့ ဈေးဝယ်သူနဲ့  ရောင်းသူကြား ကသိကအောက် ဖြစ်စရာလေးတွေရှိတတ်ပါတယ်။
နိုင်ငံတကာ Online Shopping ဆိုက်က ဝဘ်ဆိုက် နဲ့  E banking ကို တစ်ခါထဲ ချိတ်ဆက်ထားပြီး မိမိ ဘဏ်အကောင့်နဲ့ တစ်ခါထဲ ရောင်းဝယ်ရတာ ဖြစ်ပါတယ်။
ကျနော်တို့  မြန်မာနိုင်ငံ အနေနဲ့ လိုချင်တာကို အော်ဒါ မှာပြီးရင် Door to door ရောင်းဝယ်တာ မျိုး ဒါမှမဟုတ် မှာထားပြီး ငွေသွားရှင်းရတာမျိုးဆိုတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ဥပမာ http://www.omyanmar.com/ နဲ့  http://www.bestmyanmardeal.com/ တို့ ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အချိန်ပေးနိုင်သလောက် ထိုက်တန် ၀င်ငွေလည်း ရမှာ ဖြစ်ပါတယ်။ အချိန်ပြည့်ပဲလုပ်လုပ်၊ အချိန်ပိုင်းပဲလုပ်လုပ် ဒါက သင်နဲ့ ပဲ ဆိုင်ပါတယ်။
အရေးကြီးတာ တစ်ခုက အိမ်ကနေလုပ်ရတဲ့ ဒီလို အလုပ်လေး တွေ အတွက် ဘယ်လောက် အချိန်ပေးနိုင်တာ ၊ ဘယ်လောက် လုပ်နိုင်တာက ကန့်သတ်ချက် မရှိပါဘူး။
ဒါပေမဲ့ အကောင်းဆုံး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ကို ဘယ်လိုပေးနိုင်မလဲ ဆိုတဲ့ Creation ကသာ သင့်အတွက် ကန့်သတ်ချက် ဖြစ်ပါတယ်။
အွန်လိုင်းကနေ အလုပ်လုပ်တဲ့ နည်းလမ်းတွေက ထောင်သောင်းမက ရှိပါတယ်။ မိမိတို့  အိုင်ဒီယာ ရှိတဲ့ အပေါ်မူတည်ပြီးသာ ကွဲပြားကောင်း ကွဲပြားသွားပါလိမ့်မယ်။
Lynntazaung

Sunday, November 17, 2013

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ








အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။
နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။


ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း

Monday, September 30, 2013

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်မောင်လေးတွေကို ချစ်နေတဲ့ မမကြီးတို့ မဖြစ်မနေဖတ်ဖို့

Facebook ကို like လေးပေးစေချင်ပါတယ်



Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။

ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။

ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။

ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။

အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။

သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။

အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။

by lettwebaw

Tuesday, September 24, 2013

ရသူမ/ထီး တကယ် ရှိလား..


အခုပြသမှာကတော့ ရေသူမ/ထီးတွေ်ရဲ့ အလောင်းပဲဖြစ်ပါတယ် ဒါကိုသင့်ကိုယုံလို့တော့မပြောချင်ပါဘူးပြောလိုက်ရင်သင်တို့ဘက်ကတုံ့
ပြန်မှုအနေနဲ့ ဒါက ဓါတ်ပုံလှည့်စားမှုတစ်ခုပါ သူတို့လျှောက်လုပ်တာပါပြောပါလိမ့်မယ် ကျွှန်ုပ်ကိုယ်တိုင် ကြုံတွေခဲ့ရတာကိုဓါတ်ပုံရိုက်ယူ ခဲ့ဒါဆိုမိတ်ဆွေတို့ အနေနဲ့ ဓါတ်ပုံကိုပဲပြနိုင်တာကိုတော့ ကျွှန်ုပ်ဝမ်းနည်းမိပါတယ် နိုင်ငံကတော့ မသိလိုက်ရတာကို..ဒါကိုကွန်ပျူတာအထူးပြုလုပ်ချက်တွေ နဲ့ ပြုလုပ်ထားခြင်းလဲမဟုတ်ပါဘူးကြည့်ပါဦးရေသူမလေးကိုသူ အသက်ရှင်ဆင်ကဆို ကမ္ဘာမော်ဒယ်တွေတောင်ရှုံးလောက်ပါတယ်နော်သူ့ မျက်နှာအရှေ့ ဘက်ပိုင်းကနေတစ်ပုံ၇ိုက်လိုက်ပါတယ်
ဒါကအနီးကပ်လေးဆွဲလိုက်ပါတယ်

ဒါက သူ့ကိုအပေါ်စီးကနေအနီးကပ်ရိုက်ထားတာပါ

ဒါက သူ့ကိုအပေါ်စီးကနေအနီးကပ်ရိုက်ထားတာပါ

နောက်ကျောဘက်က မိတ်ဆွေတွေမယုံမှာဆိုးလို့ ပါ

ကဲမိတ်ဆွေတွေကိုသူကပြုံးပြလိုက်ပါတယ်တဲ့ :P






ိုဓါတ်ပုံတွေကရေသူမနှင့်ရေသူထီးပါယုံချင်ရင်လဲယုံပါ ကျွှန်တော်ကတော့ယုံလို့ တော့မပြောလိုပါဘူး
ကဲအားလုံးကိုအထူးပဲကျေးဇူးတငိပါသည်။
http://mcwaiyan.blogspot.comမှကူးယူဖေါ်ပြပါသည်....

တက်တူးထိုးသူမိန်းကလေး ရေချိုးခွင့်မရ





Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာတွင် ဆေးမင်ကြောင် ရုပ်ထိုးထား သောကြောင့် အများပြည်သူရေချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့် မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေ သူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင်သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။

အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။
By YMG

Monday, September 23, 2013

အသက်ရှူခြင်း အနုပညာ



“သင် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင် နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိ ကျကျ ထပ်ပြီး မေးပါဦးမယ်။

“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင်တော့ အနည်းငယ် စဉ်းစား သွားပါလိမ့်မယ်။ ပြီးမှာ အသက်ရှူတာ နည်းစနစ်လို့သေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အသက်အပြည့်အ၀ ရှူပြီး ကိုယ်ခန္ဓာ နွမ်းနယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေတဲ့ နည်းစနစ် အမှန် တကယ်ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သူတွေ အနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြထားတဲ့ အချိန်မကုန် မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ တင်ပြထားချက်တွေကို အခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။

ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာ ပြေပျောက်စေနိုင်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန် ငွေမကုန်တဲ့ အပြင် အင်မတန်ရိုးရှင်း လွယ်ကူတဲ့ အတွက် မည်သူမဆို ဆောင်းပါးလေးကို ဖတ်ပြီး လုပ်ဆောင်လိုက်ပါ။

လူ့ခန္ဓာကိုယ်ဟာ အဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေ မွေးဖွားရင်း၊ ဆဲလ်အဟောင်းတွေ သေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာ အဟာရကို ဦးစားပေး စားသုံးတတ်ကြပါတယ်။ အဟာရ ဖြစ်စေမယ့် အစားအစာကို ရွေးချယ် စားသုံးကြတာ အများစုပါ။ သို့ပေမယ့် အဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင်ဖို့ လိုပါတယ်။ သို့မှသာ အဟာရနဲ့ အောက်စီဂျင် အပြန်အလှန် အကျိုးပြု ထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ် ဖြစ်လာမှာပါ။

လူတွေဟာ သွားလာ လှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အသက်ရှူတဲ့အခါမှာတော့ အပြည့်အ၀ မရှူကြပါဘူး။ အသက် အပြည့်အ၀ မရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အပြည့်အ၀ မရပေဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ် လုပ်နေမယ်၊ အသက်လည်း အပြည့်အ၀ မရှူနိုင် ဖြစ်နေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ သွေးထဲဝင်ရောက်လာပြီး လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင် နည်းပါးသွားတာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာရတော့တာပဲ။ အဲဒီမှာ ဘာဖြစ်မှန်း မသိဘူး ဆရာရယ် ဆိုပြီး ဆရာဝန်ထံ သွားပြရတော့တာပဲ။ ဒီလို ဖြစ်ရတာဟာ အောက်စီဂျင် မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့ အချိန်မှာပဲ အသက်ကို ပြည့်ပြည့်၀၀ ရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အ၀ အသက်ရှူတာ မရှိသလောက်ပါ။

အထူးသဖြင့် အားကစား မလုပ်ဘဲ တခြားအလုပ်တွေ လုပ်ကိုင်နေချိန်မှ လူ့ အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ကြပါတယ်။ အားကစား လုပ်နေသူ တွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ် ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင်နှုန်းက နေ ၉၅ ရာခိုင်နှုန်းလောက် အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်းတာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကို စားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေ ပြန်လည်ထုတ်လွှတ်ပေးနေတာပါ။

အခု ဆက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေအပြည့်အ၀ ရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက် ရရင်ပဲ အဆင်ပြေပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက်လှန်လှဲအိပ်ရင်း ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်းဆုံးကတော့ လက်တင်ပါတဲ့ ကုလားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံး လက်တင်ပါတဲ့ ကုလားထိုင် ပေါ်မှာ လေ့ကျင့်ဖို့ အတွက် အရင်ပြောပါမယ်။

လက်တင်ပါ ကုလားထိုင်ပေါ် သက်သောင့်သက် အရှိဆုံး အနေအထား အတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကို တန်းပေါ် တင်၊ ခြေထောက် တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကို နောက်မှီ တန်းပေါ် အနည်းငယ် မော့ပြီးတင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကို ရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက် နည်းနည်း ဒီဘက် နည်းနည်း လှုပ်ပေးပြီး အသက်ရှူ လေ့ကျင့်ခန်း စပါ့မယ်။ ထူးထူး ဆန်းဆန်းကြီး မဟုတ်ပါ။ လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်း ရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင် ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ် လေတစက်မှ ထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်း ပြန်မထုတ်သေးဘဲ ခေတ္တ အောင့်ထားပါ။ အောင့်နိုင်သလောက် အောင့်ထားပါ။ လုံးဝ မအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင် တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့ အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့ အချိန်တွေ ညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့ အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့်ရေတွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့ အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ် တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင် လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။

ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့် ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကို သာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီး အချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မယ် မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန် တွေ ညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။ အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲ ဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်း ခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်း အလွန်ပေါ့ပါး အလွန်လန်းဆန်းသွား လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။

အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယ ဖော်ပြမယ့် အနေအထားကို အသုံးပြုနိုင်ပါတယ်။ ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမျှ မသုံးပါနဲ့။ ခန္ဓာကိုယ်ကို စန့်နိုင်ဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်က ပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာကြံ့ခိုင်ရေးနဲ့ အသက်ပြည့်ပြည့်၀၀ ရှူပြီး အားအင်ပြည့်လျှမ်း စိတ်ရွှင်လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ် ဆိုတာ အာမခံ တင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့ သူတွေ ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ် ဆိုရင်တော့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာ မရှိဘူး မဟုတ်လား။

Sunday, September 22, 2013

ဓာတ်ပုံဆရာရိုက်ပြတဲ့ ကမ္ဘာပေါ်က ဘ၀အထွေထွေ






နယူးယော့ ၅လမ်းမှာပါ။ အိုင်ဖုန်းဝယ်ဖို့ စောင့်ဆိုင်းနေသူတွေကိုဓာတ်ပုံဆရာလက်စွမ်းပြလိုက်တာပါ။
ဝါရှင်တန်ဒီစီ ကျောက်တိုင်နဲ့  လ ကို ရိုက်ထားတာပါ။အိန္ဒိယကောလိပ်တခုမှာ ဆေးလိပ်ကြောင့်ဖြစ်ရတဲ့အရေပြားဓာတ်မတည့်မှုအကြောင်းကို ပန်းရောင်ခရင်မ်တွေနဲ့ သရုပ်ပြနေတာပါ။

ဒက်ခ်ျလူမျိုးဖန်တီးတဲ့၅၉ပေမြင့်တဲ့ဘဲရုပ်ကလေးပါ။ ဒါကထိုင်ဝမ်မှာပါ။
<A href="http://www.bing.com/videos/browse?mkt=en-us&vid=318acfb0-e4e0-4a4f-80b6-6374797f1263&from=shareembed-syndication&src=v5:embed:syndication:" target="_new" title="Giant rubber ducky shows up in Hong Kong">Video: Giant rubber ducky shows up in Hong Kong</A>



အိန္ဒိယကကလေးငယ်တယောက်ပါ။ ဂနတ်ရှ်ပွဲတော်ပြီးတဲ့အခါ စွန့် ပစ်ထားတဲ့ ပွဲတော်ပစ္စည်းထဲက အဖိုးတန်မယ့်ပစ္စည်းတွေကိုရှာဖွေနေတာပါ။



ဆီးရီးယားက သူပုန်အဖွဲ့ ထဲကတစ်ယောက် အစ်ဒ်လစ်ခရိုင်က ဂူထဲမှာအနားယူအိပ်စက်နေပုံပါ။
ဖိလစ်ပိုင်မှာ အစိုးရနဲ့ မူဆလင်သူပုန်တွေအကြားတိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ထွက်ပြေးရတဲ့ဖိလစ်ပိုင်က ကလေးတယောက်ပုံပါ။ အစားအသောက်အတွက်တန်းစီနေတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် လူတစ်သိန်းလောက်အိုးအိမ်စွန့် ပြီးထွက်ပြေးနေရပါတယ်။


နီပေါကလေးငယ်နှစ်ယောက်ကို မြို့ တော်ခေတမန်ဒူမှာ ကုမာရီပုဂျာပွဲတော်ကျင်းပစဉ်တွေ့ မြင်ရတာပါ။ အသက် ၉နှစ်အောက်မိန်းကလေးတွေစုပေါင်းပြီးတော့ကုမ္မာရီဒေ၀ီဝတ်ပြုပူဇော်ကြတဲ့ပွဲပါ။ မကောင်းမှုတွေကာ ကာကွယ်ပြီးတော့အနာဂတ်မှာ ကံကောင်းမယ်လို့  ယုံကြည်ကြပါတယ်။

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "







တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

သုတလင်း

Saturday, September 21, 2013

နိုင်ငံများနှင့်အမျိုးသမီးများ၏ ယေဘုယျမျက်နှာသွင်ပြင်သဏ္ဍာန်များ


နိုင်ငံတနိုင်ငံမှာ အများဆုံးမြင် တွေ့ ရမယ့် အမျိုးသမီးတွေရဲ့ မျက်နှာသွင် ပြင်တွေလို့ ဆိုပါတယ်။ နံပါတ် ရှစ်အတန်းမှာမြန်မာမလေးမျက်နှာကိုဖော်ပြထားပါတယ်။

Monday, September 16, 2013

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)


တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လို ဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကပါမကျန်) အပေါ်ကို လေ့လာတွေ့ရှိ အတည်ပြုထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဆိုင်ရာ တွေ့ရှိချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူပြောတာမှ မယုံပါနဲ့။ သိပ္ပံနည်းကျတဲ့ လက်တွေ့ဆေးပညာစမ်းသပ်မှုတွေကို ဖတ်ကြည့်ပြီး အမှန်သိနိုင်ကြပါစေ။

(အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများဟာ မည်သည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စသည့် ရှုထောင့်များကိုမှ ကိုယ်စားမပြုဘဲ ကျန်းမာရေးရှုထောင့် သီးသန့်မှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သဘောတူခြင်း မတူခြင်း ကို ကိုယ်စားမပြုဘဲ ဖတ်ရှုသူများ ကိုယ်တိုင်ကသာ ကောင်းကျိုး ဆိုးကျိုး အပေါင်းအနှုတ် လက္ခဏာများကို ခွဲခြားပိုင်းဖြတ်ကြစေလိုပါတယ်)

(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ပုံမှန်မဟုတ်ရယ်လို့ မရှိပါ
အရွယ်အမျိုးမျိုး အမျိုးသားများဟာ မကြာခဏဆိုသလို “တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆိုးကျိုးတစ်စုံတစ်ရာများ ရှိနေမလား၊ ပုံမှန် (normal) မှဟုတ်ရဲ့လား၊ ငါ့စိတ် ငါ့ကိုယ်ကပဲ မှားနေတာလား” ဆိုပြီး သံသယပေါ်ပေါ်လာကာ စူးစမ်းစိတ် ၀င်လာတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် တကယ့် ဆေးပညာရှင်များကတော့ ပုံမှန် နဲ့ ပုံမမှန် (normal against abnormal) ဆိုပြီး ခွဲခြားပြဖို့ မလုပ်ချင်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ ပုံမှန် နဲ့ ပုံမမှန်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် စံနှုန်း အနေနဲ့ ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာလို့ မရပါဘူး။

ရှင်းအောင် ပြောရရင် ပုံမှန် နဲ့ ပုံမမှန် ဆိုတဲ့ အဓိပ္ပာယ်နှစ်ခု စလုံးကို မရှိတာပါ။ (လုပ်ချင်လုပ်၊ မလုပ်ချင်နေ လုပ်ခြင်းရော မလုပ်ခြင်းမှာပါ ကြီးမားတဲ့ ပြဿနာ မရှိဘူး လို့ ဆိုလိုပါတယ်) ကောင်းကျိုး ဆိုးကျိုး (အဓိကပြောချင်တာကတော့ ဆိုးကျိုး ဆိုပါတော့) တွေဟာ အကြိမ်အရေအတွက်နဲ့ လုပ်ပုံလုပ်နည်းတွေ ကြောင့်သာ ကွဲပြားကြရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လူသားတွေကြားမှာ စံသတ်မှတ်ချက် အတိုင်းအတာတွေ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ အရမ်းကို ကွဲပြားခြားနားနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကိုက သဘာဝလည်း ဖြစ်ပါတယ်” လို့ နယူးယော့ခ် အခြေစိုက် လိင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Sexologist) တစ်ယောက်ဖြစ်သူ ဒေါက်တာ Betty Dodson က ပြောပြခဲ့ပါတယ်။ သူဟာ နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်တဲ့ Sex for One ဆိုတဲ့ စာအုပ် ရေးသားသူလည်း ဖြစ်ပါတယ်။ (Sex for One ကို တစ်ဦးတစ်ယောက်စီအတွက် လိင်မှုဘ၀ လို့ဘာသာပြန်ရင် ဆီလျော်မယ်ထင်ပါတယ်)

နောက်ပညာရှင် တစ်ယောက်ဖြစ်တဲ့ The Big Book of Masturbation စာအုပ်ရဲ့ စာရေးသူ Martha Cornog ကလည်း “အမျိုးသားတိုင်း နီးပါးဟာ တစ်ကိုယ်ရေ ဆန္ဒဖြေခြင်းကို လက်ကိုသုံးလို့ ဖြစ်စေ၊ တစ်ခုခုနဲ့ ပွတ်သပ်လို့ ဖြစ်စေ၊ လိင်ဖျော်ဖြေရေး ကိရိယာ (sex toy) တစ်ခုခုကို ဒါမှမဟုတ် အခြား အိမ်ထဲက ရရာ တစ်ခုကို သုံးလို့ ဖြစ်စေ၊ စာအုပ် ရုပ်ပုံ ဗီဒီယို စတာတွေ ကြည့်ပြီး ဖြစ်စေ ခန္ဓာကိုယ်နေဟန် အမျိုးမျိုးနဲ့ လုပ်ကြတာ ချည်းပါပဲ။ တချို့ဆို မှန်ထဲတောင် ကြည့်ပြီး လုပ်ဖူးကြပါတယ်” လို့ ရှင်းပြပါတယ်။

ဒီနေရာမှာ အရမ်းအရမ်း အရေးကြီးတာ တစ်ခု ပြောပြရရင် မှန်ထဲကြည့်ပြီး အာသာဖြေတယ် ဆိုရာမှာ ကိုယ့်ပုံရိပ်ကို ကိုယ် ကြည့်ပြီး လုပ်တယ်ဆိုရင် ပြဿနာ မရှိဘူး။ ဒါဟာ သဘာဝအတိုင်း ဖြစ်ပါတယ်။ အကယ်၍ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဟာ မိန်းမအ၀တ်အစားတစ်ခုခု ဥပမာ အတွင်းခံ စတာတွေကို ၀တ်ပြီးမှ မှန်ထဲမှာ ကြည့်ပြီး လုပ်တတ်တာဆိုရင်တော့ ဒါဟာ လုံးဝလုံးဝ ပုံမှန်မဟုတ်တဲ့ လိင်ဆိုင်ရာ အမူအကျင့် တွေထဲက တစ်ခု (one of the abnormal sexual behaviors) ဖြစ်ပါတယ်။ စိတ်ရောဂါ တစ်မျိုး ဖြစ်ပြီး ရှိမှန်း သိနေရင် ကုသဖို့ လိုအပ်ပါတယ်။ ထပ်ပြီး အသေးစိတ် ပြောရရင် ငယ်ငယ်က အပေါင်းအသင်းနည်းပြီး အိမ်ပြင် သိပ်မထွက်ရတဲ့ မိဘက အရမ်းချုပ်ခြယ်တဲ့ ကောင်လေးအချို့မှာ ဒီအမူအကျင့်မျိုး ရှိနေတတ် တယ်လို့ ပညာရှင်များ ဆိုပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ၁၃ နှစ်မကျော်သေးတဲ့ ကောင်လေးတွေမှာ ဒီအပြုအမူမျိုးတွေ တွေ့ရင် abnormal လို့ ချက်ချင်း စာရင်းမသွင်းသေးဘဲ စောင့်ကြည့်ရင်း အရွယ်ရောက်လာရင် အလိုလို ပျောက်သွားတတ်တာကိုလဲ တွေ့ရပါတယ်။ မပျောက်သွားမှသာ ရောဂါ ဖြစ်ပါတယ်။

(ဒီလို ပြဿနာမျိုးကနေ စလို့ ဘယ်လို ပြဿနာမျိုး ဖြစ်ဖြစ် တိုင်ပင် ကုသ ပျောက်ကင်းချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ အတော်ဆုံး Sexologist တစ်ယောက် ဖြစ်တဲ့ ဒေါက်တာသီဟသစ်ရဲ့ Two-Body-Tiger Specialist Clinic မှာ သွားရောက် ပြသနိုင်ပါတယ်။ ဤကား စကားချပ်) Tongue out

(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အလွန်အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ၁၀၀% ဘေးကင်းတာတော့ မဟုတ်ဘူး။
အဖော်တစ်ယောက်ယောက်နဲ့ ဆက်ဆံတာနဲ့မတူဘဲ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်ကို ဘယ်လို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါမျိုး ကိုမှ မပေးပါဘူး။ အဖော်နဲ့ ဆက်ဆံခြင်းမှာ ရနိုင်တဲ့ ကိုးရိုးကားယားနိုင်တဲ့ ကြွက်သားညောင်းညာမှု တွေကိုရစရာ အကြောင်းကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝ ဘေးကင်းတဲ့ ကိစ္စပါလို့တော့ အာမမခံနိုင်ပါဘူး။

“တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ရှိသမျှ နည်းလမ်းတွေထဲမှာ အန္တရာယ် အကင်းဆုံး လို့ပဲ ပြောနိုင်တာပဲ ရှိပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်လိုက်လို့ ခန္ဓာကိုယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ဇီဝပိုင်းဆိုင်ရာ မှန်ကန်မှု နိယာမတွေ ရပ်ဆိုင်း သွားမှာတော့ မဟုတ်ပါဘူး” လို့ Cornog ကဆက်ပြောပြပါတယ်။

အကြိမ်အရေအတွက် များများ (သို့) ကြမ်းတမ်းစွာ တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ လိင်တံရဲ့ အရေပြားကို ထိခိုက်ပွန်းပဲ့စေတယ် ဆိုတာ အမျိုးသားတိုင်း သိကြမှာပါ။ ဒီနေရာမှာ သာမန်လုပ်နေကျ လက်နဲ့မျိုး မဟုတ်ဘဲ အပြားအချပ် တစ်ခုခု၊ ခေါင်းအုံး သို့မဟုတ် အောက်ခံအခင်း တစ်ခုခုကို ဆန့်ကျင်တွန်းခြင်း စတဲ့ နည်းတွေနဲ့ လုပ်ရင်တော့ ဆီးလမ်းကြောင်း (urethra) ကို ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

အဲလို ဖြစ်ရင် သိသာတဲ့ လက္ခဏာတွေက ဆီးသွားရင် နာခြင်း၊ စသွားသွားခြင်းမှာ သွေးရောင်ပါပြီး နောက်ပိုင်းမှာ မပါတော့ခြင်း၊ ဆီးထွက်ခြင်းသည် ပိုက်မှ ထွက်သကဲ့သို့ ရေစီးကြောင်းပုံစံ မဟုတ်ဘဲ ကျဉ်းကျပ်သော မူမမှန်လမ်းကြောင်းကို တွန်းထွက်ရသလိုမျိုး (spray ဖျန်းသကဲ့သို့ဟု ပညာရှင်များက ဥပမာပေးထားသည်) ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်သွားတဲ့ လူအချို့ဆို ထိုင်လျက် မတ်တပ်ရပ်လျက် ဘယ်လိုမှကို ဆီးသွားလို့ မရတော့ဘဲ အရမ်းနာနေတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါပြီ။ ဒါပေမဲ့ ဒီလောက်ထိ ဖြစ်သွားတာကတော့လည်း ရှားပါတယ်။

အရမ်းအရမ်းဆိုးတဲ့ ကိစ္စတွေမှာ ဆိုရင်တော့ လိင်တံတောင် ကျိုးနိုင်ပါသေးတယ်။ အမျိုးသား တန်ဆာရဲ့ ရေမြှုပ်ဆန်တဲ့ တစ်သျှူးအလွှာများကို ဖုံးအုပ်ပေးထားတဲ့ အဖြူရောင် tunica albuginea ဆိုတဲ့ အလွှာအထိ စုတ်ပြဲသွားတာ ဖြစ်ပါတယ်။ အရမ်းကို နာကျင်တဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ စတန့်ထွင်ပြီး လုပ်လို့ မာတောင့်နေတဲ့ တန်ဆာကို မာကျောတဲ့အရာဝတ္ထု တစ်ခုခုနဲ့ မတော်တဆ ရိုက်မိလို့ ဖြစ်စေ၊ အောက်ကို လှန်ချိုးလိုက်မိလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ ဘေးကင်းချင်တယ်ဆိုရင်တော့ ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားတွေ သိပ်မလုပ်ကြပါနဲ့၊ ထူးဆန်းထွေလာ ဟိုအရာ တွေ သိပ်မသုံးကြပါနဲ့၊ တော်ကြာ ထူးထွေတည့် အံ့ရာသော် အဖြစ်တွေ ကြုံနေရဦးမယ် လို့ ကျန်းမာရေးသတိ ပေးချင်ပါတယ်။ အဖော်နဲ့မှာလည်း ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။

(မြန်မာပြည်မှာတော့ ဒါမျိုးတွေက တော်တော်ရှားပါသေးတယ်။ နောင်တော့လဲ
ပြောမရဘူးပေါ့။ ဒါမျိုးတွေလာရင် အရေးပေါ် ချုပ်၍ပြုပြင်ပေးခြင်း Emergency Repair လုပ်ပေးတတ်အောင် ဆရာဝန်တွေ ကျင့်ထားသင့်ပါတယ်။ စကားမစပ် ထပ်ပြောရရင်တော့ ဘေးကင်းတဲ့ ချောဆီလို ဟာမျိုးကတော့ ပညာရှင်တွေ တားမြစ်ထားတဲ့ အထဲမှာ မပါပါဘူး)

(၃) တစ်ဦးတည်း ဆန္ဒဖြေဖျောက်ခြင်းဟာ လိင်မှုဘ၀မှာ စွမ်းအား အလေ့အကျင့်တစ်ရပ် ဖြစ်စေပါတယ် (သို့) ပျက်စီးဆုံးရှုံးစေပါတယ်
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အဖော်နဲ့ကျရင် တကယ်ကောင်းမွန်တဲ့ အဖြစ်ကို ရစေတယ်ဆိုတဲ့၊ တကယ့် ဆုလာဘ် (real boon) ကိုရစေတယ်ဆိုတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။
ဒါဟာ အမျိုးသားတစ်ဦးချင်းစီကို မိမိရဲ့ တုန့်ပြန်မှု အနှေးအမြန်ပုံစံ ကို သိရအောင် သင်ကြားပေးပါတယ်။ ဘယ်လိုခံစားချက်ဆိုရင် သာယာတယ်၊ မသာယာဘူး၊ ဘယ်လိုခံစားချက် လာပြီး နောက်ဆိုရင် ပြီးဆုံး တတ်တယ် စတဲ့ တန်ဖိုး ရှိတဲ့ အချက်တွေကို သိရှိစေပါတယ်။ ဒါဟာ အဖော်နဲ့ ပွင့်လင်းစွာ စကားပြောတဲ့အခါမှာ နှစ်ဦးနှစ်ဖက် သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းနိုင်ခြင်း၊ အထွတ်အထိပ် ခံစားချက် (orgasm) မရောက်ခင်လေးတင်မှာ ရှိတဲ့ “ရှောင်လွှဲမရသော အခိုက်အတန့်” (moment of inevitability) မှာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်နိုင်အောင် အလေ့အကျင့် ဖြစ်စေတဲ့အတွက် အချိန်မတန်မီ သုက်လွှတ်ခြင်း (premature ejaculation) ကိုလည်း ဟန့်တားရာမှာ အကျိုးရှိစေ ပါတယ်။

နောက်ထပ် အရေးကြီးဆုံး အချက်လို့ ဆိုနိုင်တဲ့ အချက်တစ်ချက်ကတော့ ဒါဟာ အမျိုးသားတိုင်းအတွက် အဖော်နဲ့ တူတူနေလို့ ယာယီ မရနိုင်သေးခင်မှာ ကိုယ့်ကိုယ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တဲ့ နည်းလမ်းဖြစ်စဉ် တစ်ရပ် ဖြစ်တာပဲ ဖြစ်ပါတယ်။ (နို့မို့ ရာဇ၀တ်မှုတွေ ကူးစက်ရောဂါတွေဆီကို ဦးတည်သွားနိုင်စေကြောင်း တွေးကြည့်လို့ ရပါတယ်)

ဗဟုသုတအနေနဲ့ ဖော်ပြရရင် အချို့ အမျိုးသမီးတွေက အမျိုးသားတွေ ခေါ်သလောက် မလိုက်နိုင်ကြပါဘူး။ အလွန်ဆုံး နှစ်ခါထက် ပိုစိတ်မပါတော့ဘဲ ဒါမှမဟုတ် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကို အကြိမ်အရေအတွက် နှစ်သက်မှုကွာဟချက် (disparity in frequency preference) လို့ ခေါ်ကြောင်းပါ။

ဒီလို ဖြစ်နေရင် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ထက် အရှက်အကြောက်ကြီးမှု၊ အတွေ့အကြုံနည်းမှု၊ မ ဟော်မုန်းအားနည်းမှု၊ အိမ်မှုကိစ္စပင်ပန်းမှု၊ စိတ်ဖိစီးမှု စတဲ့ အချက်တွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ထွေထွေထူးထူး ဆေးကုဖို့ မလိုပါ။ အာဟာရမျှအောင် စားပေးပြီး အထက်ပါအချက်တွေကို စဉ်းစားစစ်ဆေး ပြုပြင်ပေးလိုက်ရုံနဲ့ နှစ်ဦးကြားက ကွာဟချက် ကျဉ်းမြောင်း သွားပါလိမ့်မယ်။

အချို့အမျိုးသားတွေကျတော့ သူတို့ရဲ့ အဖော်နဲ့ တူတူနေရခြင်းအပေါ်မှာ စိတ်ပါဝင်စားမှု လျော့နည်းစပြုလာတဲ့အတွက် တစ်ကိုယ်တော်လိင်မှုကိစ္စ (solo sex) အပေါ် စွဲလမ်းခုံမင် လာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတင်းချက်ရှိလာလို့ အဖော်နဲ့ ခွဲခြားနေထိုင်လိုစိတ် ပေါ်လာခြင်းဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး၊ အိမ်ထောင်ရေးမှာ အနုတ်လက္ခဏာ ဆောင်စေမလားလို့ တော်တော်များများ သံသယ ရှိတတ်ပါတယ်။ ဒါကြောင့် ပါရဂူတွေက ဒီအချက်ကို အလျင်အမြန် စမ်းသပ် စစ်ဆေး ဖော်ထုတ်ခဲ့ကြရာမှာ တွေ့ရှိရတာကတော့ အိမ်ထောင်သို့မဟုတ် လက်ရှိလက်တွဲဖော် ရှိနေရင်တောင်မှ အမျိုးသားတွေရဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ချွတ်ယွင်းချက်မဲ့ ပြဿနာမရှိ (perfectly OK) ပါတဲ့။

သူတို့ ပြောချင်တဲ့ နှစ်ချက်က
(၁) အဖော် (သို့) အိမ်ထောင်ရှိနေတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ကိုယ်ရည် အာသာဖြေတယ် ဆိုရင် သူ့နဲ့ အဖော်ကြားမှာ အိမ်ထောင်ဖက်နဲ့ ကြားမှာ ပြဿနာတစ်စုံတစ်ရာ ရှိတယ်လို့ မဆိုနိုင်ပါဘူး။
(၂) အဲလိုလုပ်လို့လည်း အဖော်အပေါ်မှာ ငြီးငွေ့စိတ်ကုန်သွားခြင်း ဖြစ်စေနိုင်ခြင်း မရှိပါဘူး……..တဲ့။

(၄) အချို့သော တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းများသည် ပန်းသေ ပန်းညှိုးခြင်းအထိ ဖြစ်စေနိုင်သည်။
ပုံမှန်အဖော်နဲ့ ရတဲ့ လှုံ့ဆော်မှုမျိုးတွေနဲ့ မတူတဲ့ လှုံ့ဆော်မှု ပုံစံတွေသုံးပြီး ခဏခဏ ရအောင် နှိုးဆွတတ်တဲ့ (ဥပမာ တန်ဆာကို တစ်ခုခုနဲ့ မြန်မြန်ရိုက်တာ၊ အရမ်းညှစ်တာ၊ အရမ်းပွတ်တာ စတဲ့နည်းလမ်းတွေ လုပ်တတ်တဲ့) အမျိုးသားတွေဟာ သုက်လွှတ်မြန်တတ်တာ သုက်လွှတ်နည်းတတ်တာတွေ ဖြစ်တတ်ပါသတဲ့။ အထွတ်အထိပ်ခံစားမှု ရတာ ခဏလေးပဲ ခံစားရပြီး ခံစားချက်က မြင့်မားကောင်းမွန်ခြင်းလည်း လျော့နည်းသွားပါသတဲ့။

(ကျွန်တော့် အရင်းအနှီးဆုံး ငယ်သူငယ်ချင်း နှစ်ယောက်လောက်တောင် ဒီလိုဖြစ်ဖူးလို့ ကျွန်တော် တိုင်ပင်ဆွေးနွေး ကုသပေးခဲ့ ဖူးပါတယ်။ တကယ်ကို ဆိုးတဲ့ အဖြစ်ပါ။ ပြီးလို့ ပြီးမှန်းလည်း မသိ၊ သုက်သာလွှတ်သွားတယ် ကျေနပ်မှု အပေါ်တဲ့ အဖြစ်ပါပဲ)

“ဒါကြောင့် ပန်းသေပန်းညှိုး ဖြစ်လာတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီမေးခွန်း ပြန်မေးသင့်ပါတယ်။ အဖော်ရဲ့ လက်၊ ပါးစပ်၊ မ အင်္ဂါ စတာတွေက ရတဲ့ လှုံ့ဆော်မှုနဲ့ မတူတဲ့ လှုံ့ဆော်မှုတွေ သုံးပြီး တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်မိနေလား ဆိုတဲ့ မေးခွန်းပါ” လို့ နယူးယောက်မြို့ Weill Cornell ဆေးပညာကောလိပ်ရဲ့ မျိုးဆက်ပွားဆေးပညာ၊ ဆီးလမ်းကြောင်းဗေဒနဲ့ စိတ်ရောဂါကုပညာ ဌာနတို့ရဲ့ ဆေးကုသရေးတွဲဖက်ပါမောက္ခ ဒေါက်တာ Michael A. Perelman က သတိပေးပြောကြားပါတယ်။ သူဟာ လိင်မှုရေးရာ ကုထုံးနှင့် သုတေသနအဖွဲ့အစည်း (Society for Sex Therapy and Research) ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

သူက ဆက်ပြောပါတယ်။ “ဒါကြောင့် ဒီအမျိုးသားဟာ သူ့ရဲ့ ပိုခံစားရစေတဲ့ ပိုကြိုက်တဲ့ အနေအထားတွေကို အဖော်ကို ပြောပြဖို့နဲ့ သူ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်နေတဲ့ နည်းလမ်းက ရတဲ့ အာရုံခံစားချက်တွေ သူ့အဖော်ဆီကရတဲ့ ပုံစံနဲ့ တူအောင် လုပ်သင့်ပါတယ်။ ဆက်ပြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်တော့ပါဘူး။

(၅) တစ်ကိုယ်ရည် အာသာဖြေခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဆက်စပ်မှု
ဒီဆက်နွယ်မှုဟာ အခုအချိန်အထိ အတန်ငယ်ေ၀၀ါးနေဆဲပဲ ဖြစ်ပါတယ်။ ခိုင်မာသေချာတဲ့ နောက်ဆုံးပေါ် တွေ့ရှိချက်တွေကို တင်ပြပေးလိုက်ပါတယ်။

အရွယ်ငယ်စဉ်တုန်းက မကြာခဏ တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ပေးခြင်းဟာ အသက်ကြီးချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်ကြောင်း BJU International စာစောင်မှာ သြစတြေးလျား သိပ္ပံပညာရှင်များက ၂၀၀၃ ခုနှစ် တုန်းက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ရောက်တော့ အမေရိကန်ဆေးပညာအသင်း ဂျာနယ်မှာ ဒီလိုဆက်စပ်မှုမျိုး အကျိုးသက်ရောက်မှုမျိုး မရှိဘူးလို့ ပြန်လည် ငြင်းဆိုကြပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆီးကျိတ်ကင်ဆာ (သို့)
ဆီးကျိတ်ကြီးရောဂါကို တကယ်လျှော့ချပေးနိုင်ကြောင်း ခိုင်ခိုင်မာမာ ဆက်စပ် တွေ့ရှိတဲ့ စာတမ်းတွေဘက်ကတော့ အင်အားပိုများလာနေသလိုပါပဲ။

ကျွန်တော့်ရဲ့ ဆေးပညာအမြင် နှင့် ဆွေးနွေးချက်
တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်ရင် လူငယ်အများစုမှာ အရွယ်ရောက် နောက်ကျတတ်ပါတယ်။ (ဒီတစ်ချက်ကလည်း မျိုးရိုးဗီဇ၊ မိဘဂရုစိုက်မှု၊ ဥာဏ်ရည်၊ အပေါင်းအသင်း စတဲ့ များစွာသော အချက်တွေ အပေါ်တော့ မူတည်နေပါတယ်။ ကျွန်တော်က ယေဘုယျသဘော ပြောတာပါ)
ဒီလို ကလေးစိတ်မကုန်သေးတဲ့ ကောင်လေးတွေဟာ အရွယ်ရောက်ပြီးသား ကောင်လေးတွေလောက် ဆန့်ကျင်ဖက်လိင်အပေါ် အာရုံမရှိသေးတဲ့ အတွက် လူပေါ်လူဇော် ဖြစ်ချင်စိတ်နည်းကြတာ တွေ့ရပါတယ်။ ဥပမာ ကျောင်းစာအဆင့်၊ အားကစား၊ လူမှုရေးပါဝင်လိုမှု၊ ပရိသတ်အလယ် ထွက်ရဲမှု စတာတွေမှာ အားနည်းချက် ရှိတာကို တွေ့ရပါတယ်။

ဒါတွေမှာ မမြင့်လို့ စိတ်ဖိစီးမှုတွေရှိလာပြီး အပေါင်းအသင်းတွေကြားမှာ အံဝင်ခွင်ကျ မဖြစ်တော့ဘဲ ဘေးရောက်သွားတတ်ပါတယ်။ မိန်းကလေးတွေနဲ့လည်း အဆင်မပြေ၊ ယောက်ျားလေးအချင်းချင်းလည်း အကြောမတည့် ဖြစ်နေပြီး နောက်ပိုင်း သူတို့ အရွယ်ရောက်လာကြရင်တောင် ဒီအတွေ့အကြုံတွေဟာ သူတို့ဘ၀မှာ အနုတ်လက္ခဏာ သက်ရောက်မှု ရှိတာ တွေ့ရပါတယ်။ ကျွန်တော် အခုပြောတဲ့အချက် မှန် မမှန် သေချာစဉ်းစားကြည့်ရင် လူအများစုအတွက် မှန်တာတွေ့ရပါမယ်။

ဆီးကျိတ်ကြီးခြင်းဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်အခြေအနေ တစ်ရပ် ဖြစ်ပြီး ဆီးကျိတ်ကြီးရာကနေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သွားတတ်ပါတယ်။ များသော အားဖြင့်တော့ ခွဲစိတ် ဆေးသွင်း ကုသရင် ပျောက်ကင်းတာမို့ အရမ်းတော့လည်း မကြောက်ကြပါနဲ့။
ကင်ဆာဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်ဖြစ် ဘာကင်ဆာဖြစ်ဖြစ် အကုန်လုံးဟာ အချက်တစ်ချက်တည်း အပေါ်မှာ အခြေမခံဘဲ အချက်အများကြီးကြောင့် ဖြစ်ရသော (multi-factorial) ရောဂါအမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုချင်တာက တစ်ကိုယ်ရည် အာသာဖြေခြင်းက ကာကွယ်နိုင်သည် ဖြစ်စေ ပိုဖြစ်စေနိုင်သည် ဖြစ်စေ သိပ်ပြဿနာမရှိပါဘူးလို့။ ကျန်တဲ့ အစားအသောက် အနေအထိုင်၊ ဓာတုအဆိပ်တွေ ကိုယ်ထဲဝင်ရောက်မှု၊ ဓာတ်ရောင်ခြည်သင့်မှု စတဲ့အချက်တွေကပိုအဓိကကျတာမို့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးပါ။


နေ့စဉ် အသီးအရွက်များများစား၊ အားကစားလေး အဆင်ပြေသလိုလုပ်၊ ဓာတုပစ္စည်းတွေ ပါတဲ့ ရယ်ဒီမိတ် အစာတွေ ဆိုးဆေးတွေ တတ်နိုင်သမျှ ရှောင်ကြဉ်သွားမယ်၊ ဆေးလိပ် လုံးဝမသောက်ဘူး၊ အရက်လျော့သောက်မယ်၊ အကောင်းမြင်စိတ်လေးနဲ့ နေသွားမယ်၊ ဇီဝိတဒါနတွေဖြစ်တဲ့ (တကယ်လိုအပ်သူကို ဆေးလှူခြင်း၊ သတ္တ၀ါများကို ကျွေးမွေးခြင်း၊ လွှတ်ပေးခြင်း) တွေ မှန်မှန် လုပ်ပေးသွားမယ်ဆိုရင် ဆိုရင် ဆီးကျိတ်ကင်ဆာမှု မဟုတ်ပါဘူး ဘယ်ကင်ဆာမဆို ဝေးမှာ ဖြစ်ပါတယ်။

ကင်ဆာသည် ၀ဋ်နာကံနာဆိုးတစ်မျိုး ဖြစ်သည့်အတွက် အတိတ်ကံကို ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်ကံကို ကောင်းအောင် လုပ်ပေးသွားမယ်ဆိုရင် အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ အဟောသိကံ (အကျိုးပေးခွင့်မရတော့ခြင်း) ဖြစ်သွားနိုင်ပြီး မြတ်စွာဘုရားလက်ထက်က အနာမဲ့သူ ရှင်ပါကူ လို နေနိုင်သွားမှာ သေချာပါတယ်လို့ ကံ ကံ၏ အကျိုးကိုပါ ဝေဖန်တင်ပြပေးလိုက်ပါတယ်။

ဒေါက်တာသီဟသစ်
ကျန်းမာရေးစာတိုများစုစည်းမှု

Thursday, September 12, 2013

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ



From : .... New Myanmar News






အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။


ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။



ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။


ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။


မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။




သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။

(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။

အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။

• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။





ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။



B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

By Healths

Wednesday, September 11, 2013

ဘာ့ကြောင့် ကားသော့အပိုတစ်ချောင်းကူးယူထားသင့်သလဲ … ?






ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစလို့ ကားသစ်များကိုဈေးနှုန်းသင့်တင့်စွာဖြင့်ဝယ်ယူလာနိုင်ခဲ့ပါတယ်။ ကားမော်ဒယ်များမှာလဲ အမြင့်ပိုင်းသို့ရောက်ရှိခဲ့ပါတယ်။ ဒီကားတွေမှာပါတဲ့ ကားသော့ တွေမှာ လုံခြုံရေး Chip ပါလာခဲ့တာကို ကားပိုင်ရှင်အတော်များများ မသိကြပါဘူး။ ဒီ Chip ပါတဲ့ကားသော့ကို အရင်ကားတွေလို ရိုးရိုးသော့မှာပဲ သော့မိတ္တူကူးပြီးကားကိုစက်နှိုးလို့မရဘူးဆိုတာကိုလဲမသိကြပါဘူး။ ဒါကြောင့် (Transporter Chip Key) ပါဝင်တဲ့သော့အပိုတစ်ချောင်းကူးထားသင့်တဲ့အချက်တွေကိုပြောပြသွားမှာပါ။

ဘာ့ကြောင့် Transporter Chip Key ကိုအသုံးပြုပါသလဲ?

Transporter Chip Key ဆိုတာက ကားကိုအလွယ်တကူခိုးယူလို့မရအောင် လုံခြုံရေးအချက်အလက် ထည့်ထားတဲ့ သော့ကိုဆိုလိုတာပါ။ Transporader Chip Key Type (၂) မျိုးရှိပါတယ်။ Ignition Cylinder ထဲထည့်ပြီး နှိုးရတဲ့စနစ်နဲ့ နောက်တစ်မျိုးကတော့ Smart Key (Push Start) စနစ်ပါ။ ၂ မျိုးစလုံးကတော့ လုံခြုံရေးစနစ်တွေပါဝင် ပါတယ်။ အခုနောက်ပိုင်း ဥရောပအဆင့်မြင့်ကားတွေမှာတော့ Finger Print Sensor နဲ့ ကားပိုင်ရှင်ရဲ့ လက်ဗွေရာကို အသုံးပြုပြီးကားစက်ကိုနှိုးစေတဲ့စနစ်တွေပါဝင်လာပါပြီ။ ကိုယ့်ကားသော့မှာ Chip Key ပါ/မပါ အလွယ်တကူပဲ သိရှိနိုင်ပါတယ်။ ကားရဲ့အချက်အလက်ပြဒိုင်ကွက်မှာ Security Light ဆိုတာပါရှိပါတယ်။ ဒီမီးလေးက မိမိကားမှာ Transporter Chip Key ပါဝင်တယ်ဆိုတာအလွယ်တကူပဲသိရှိနိုင်ပါတယ်။ Chip မပါပဲသွေးထားတဲ့သော့ကို ကားသော့အိမ်ထဲထည့်ကြည့်လိုက်ပါ။ အဆိုပါမီးငြိမ်းသွားမှာမဟုတ်ပါဘူး။ ကားစက်လဲနှိုးလို့ရမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကားသော့မှ လုံခြုံရေးအချက်အလက်ကို ကားရဲ့ Immobilizer ECU ကမတွေ့ရှိလို့ပဲဖြစ် ပါတယ်။ Smart Key အမျိုးအစားသော့တွေကတော့ ကားထဲကို Smart Key ရောက်ရှိတာနဲ့ Security Light ကငြိမ်းသွားမှာဖြစ်ပါတယ်။ ဒီ Smart Key ကားထဲမရောက်ရှိနေခဲ့ဘူးဆိုရင် ကားကစက်နှိုးလို့ရမှာမဟုတ်ပါဘူး။ စနစ် (၂) မျိုးလုံးက ကားကိုအလွယ်တကူခိုးယူလို့မရအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ Truck, Motorcycle များတွင် လည်း Transporter Chip Key ပါဝင်လာပြီဖြစ်ပါတယ်။

တစ်ချောင်းတည်းပါတဲ့ကားသော့ ပျောက်သွားခဲ့လျှင်ဘာတွေဖြစ်လာနိုင်သလဲ? ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

သင့်ကားရဲ့ Transporter Chip Key ပျောက်သွားခဲ့လျှင်သော်လည်းကောင်း၊ ပျက်စီးသွားလျှင်သော်လည်းကောင်း သင့်ကားကိုစက်နှိုးလို့ရတော့မှာမဟုတ်ပါဘူး။ ဒီအချိန်ကျရင် လုပ်ဆောင်ရမှာက ကားထဲမှာရှိတဲ့ Immobilizer ECU ထဲက Memory ကိုပြန်လည်ခေါ်ယူပြီး အသုံးပြုမဲ့ Key ထဲက Chip ထဲကိုပြန်လည်ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကကျွမ်းကျင်သော Locksmith တွေကပဲ Security Equipment တွေအသုံးပြုပြီးလုပ်ဆောင် လို့ရမှာပါ။ ဒီအခါကျရင် အပိုကုန်ကျစရိတ်တွေများပြားလာနိုင်ပါတယ်။ ရံဖန်ရံခါ ပစ္စည်းဝယ်မရခဲ့ရင် ပိုမိုကြာသွား နိုင်ပါတယ်။

ကားသော့အပိုတစ်ချောင်းကူးယူထားခဲ့လျှင်ဘယ်လိုအကျိုးတွေရှိလာနိုင်သလဲ? Remote ကိုရောကူးယူထားနိုင် သလား?

ကားသော့အပိုတစ်ချောင်းကူးယူထားခဲ့လျှင် Master Key ပျောက်သွားသည့်တိုင် ကားကိုစက်နှိုးနိုင်မှာဖြစ်ပါတယ်။ ငွေကုန်လဲသက်သာမှာဖြစ်သလို အချိန်ကုန်လဲသက်သာမှာဖြစ်ပါတယ်။ Remote ကိုလဲကူးယူထားနိုင်ပါတယ်။ ဒီနေရာမှာတော့ Car Key ကိုအရင်ကူးယူထားသင့်ပါတယ်။ Master Key (Remote) ပျောက်ဆုံးသွားခဲ့ရင် Copy Key နဲ့ကားစက်နှိုးပြီး Locksmith ဆီသွားပြီး Copy Remote ကို ပြန်လည် Memory သွင်းလို့ရပါတယ်။ Remote ကကုန်ကျစရိတ်များပါတယ်။ ဒါကြောင့်တကယ်လိုအပ်လာမှ ကူးယူနိုင်ပါတယ်။ Copy Key ကတော့ကြိုတင်ပြီး ကူးယူထားသင့်ပါတယ်။

တချို့ကားသော့ Chip Key မိတ္တူကူးယူလိုက်ကြတယ်။ အချိန်နည်းနည်းကြာသွားတော့ ပြန်သုံးကြည့်တယ် စက်နှိုးလို့မရဘူး? ဘာ့ကြောင့်ဒီလိုဖြစ်ရတာပါလဲ?

Chip Key မိတ္တူကူးယူထားပြီး နှစ်အနည်းငယ်အကြာမှ ပြန်သုံးကြည့်တယ် ကားကစက်နှိုးလို့မရတော့ပါဘူး။ ဒီလိုဖြစ်ရတာကတော့ ဈေးသက်သာပြီး အရည်အသွေးနိမ့်တဲ့ Chip ကိုအသုံးပြုထားလို့ဖြစ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ Chip Key သုံးထားခဲ့ရင်တော့အခုလိုကြုံတွေ့ရမှာမဟုတ်ပါဘူး။
Transporter Chip Key ပါတဲ့ကားသော့တိုင်း ကူးယူလို့ရပါသလား? Truck နဲ့ Motorcycle တွေမှာရောကူးလို့ရနိုင် သလား?
ဟုတ်ကဲ့၊ ရပါတယ်။ ဒါပေမယ့် မော်ဒယ်တူကားအမျိုးအစားမှာတောင် အသုံးပြုထားတဲ့ Chip ကမတူညီပါဘူး။ ဒါကြောင့် ဘယ်အမျိုးအစားသုံးထားရတယ်ဆိုတာမျိုးကို အရင်သိပြီးမှ အသုံးပြုတဲ့စက်အမျိုးအစားပေါ် မူတည်ပြီး ကူးယူနိုင်ပါတယ်။ Truck နဲ့ Motorcycle တွေမှာပါတဲ့ Chip Key တွေကိုလဲကူးယူထားနိုင်ပါတယ်။

Remote မပါပဲ Chip Key တစ်ချောင်းကူးထားခဲ့ရင် ဘယ်လောက်ကုန်ကျနိုင်ပြီးတော့၊ ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်မလဲ? Remote ကိုရောတပါတည်းကူးယူထားရင် ဘယ်လောက်ကုန်ကျနိုင်မလဲ?

Remote မပါတဲ့ Chip Key မိတ္တူတစ်ချောင်းကို အသုံးပြုပေးရမယ့် Chip ပေါ်မူတည်ပြီး (၁) သိန်းမှ (၁.၅) သိန်း ကြားကုန်ကျနိုင်ပါတယ်။ ဒီလိုကူးယူထားလိုက်ခြင်းအားဖြင့် Master Key မတော်တဆပျောက်ဆုံးသွားခဲ့ရင် အရေးပေါ်အခြေအနေအဖြစ် Copy Key ကိုအသုံးပြုပြီးကားကို ဆက်လက်အသုံးပြုနိုင်နေမှာဖြစ်ပါတယ်။ Remote ကိုလဲတပါတည်းကူးယူထားနိုင်ပါတယ်။ Remote ကူးယူခြင်းကတော့ (၂) သိန်းအထက်ကိုကျသင့်မှာ ဖြစ်ပါတယ်။

ကား သော့မိတ္တူကူးယူတော့မယ်ဆိုရင် ကား ယူလာဖို့လိုအပ်ပါသလား? (သို့မဟုတ်) ကားသော့ချည်းပဲယူလာ လို့ကောရနိုင်မလား?

ကားသော့မိတ္တူကူးယူတော့မယ်ဆိုလျှင် ကားသော့မှာအသုံးပြုထားတဲ့ Chip ရဲ့ ID ကိုသိဖို့လိုပါတယ်။ ဒီလိုသိဖို့အတွက် Car Chip Key Copy Machine ကိုအသုံးပြုပြီး ဖတ်ရှုနိုင်ပါတယ်။ ID ပေါ်မူတည်ပြီး ကားယူ လာဖို့လိုအပ်တဲ့ကားရှိနိုင်သလို၊ ကားယူလာဖို့မလိုအပ်တဲ့ကားလဲရှိပါတယ်။

Aung Automobile Service အနေနဲ့ Transporter Chip Key များကို US မှပစ္စည်းများမှာယူပြီး အာမခံချက်ဖြင့် ကူးယူပေးနေပါတယ်။ Chip တွေက USA Made ဖြစ်တာကြောင့်အရည်အသွေးစိတ်ချရပါတယ်။ Key Shell ကတော့ Mexico နဲ့ Spain ကထုတ်လုပ်တဲ့ Key Shell များကိုအသုံးပြုထားပါတယ်။ ကျွန်တော်တို့အသုံးပြုပေးနေတဲ့ USA နိုင်ငံလုပ်စက်က (၈၅%) သော ကား၊ ထရပ်ကား၊ ဆိုင်ကယ် များရဲ့သော့များကို ကူးယူပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဆီလာရောက်လေ့လာနိုင်ပါတယ်။ မိမိကားရဲ့ Chip Key ဘယ်အမျိုးအစားသုံးတယ်ဆိုတာကို (အခမဲ့) လာရောက် စစ်ဆေးနိုင်ပါတယ်။ Copy ကူးယူချင်တယ်ဆို လဲဘယ်လောက်ကျသင့်တယ်မေးမြန်းနိင်ပါတယ်။

ပြည်မြန်မာ

Monday, September 9, 2013

ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း






ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကို လိုကောခေါင်းလောင်းကြီး ဖြစ်သည်။အမြင့် ၁၉’ ၃”၊အ၀န်း ၆၀’ ၉”၊အထူ ၂’ ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိ သည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းေ လာင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်း ပင်ဖြစ်သည်။ ခေါင်းလောင်း ၏ဘွဲ့အမည် မှာ မြန်မာဘာ သာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယ ကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြု ရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူး ထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက် လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီး လည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေ သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်း ထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်း ဆိုလျှင် ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းေ လာင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေ သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများ အနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒို ဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ေ ဆာင် ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

Friday, September 6, 2013

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော





ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

လည်ချောင်းကင်ဆာ ၊ ခံတွင်းကင်ဆာ ဆိုသည်မှာ ဆေးလိပ် ၊ အရက် ကြောင့်တွင်သာမက လွန်ကဲသော လိင်ဆက်ဆံမှုမှ HPV (Human Papilloma Virus )လို့ လိင်ဆက်ဆံမှုမှ ရရှိတက်တဲ့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်စေနိုင်




လိင်ဆက်ဆံရာတွင် ကူးစက်တက်သော HVP ဗိုင်းရပ်စ် သည် သားအိမ်ခေါင်းကင်ဆာနှင့် စအိုကင်ဆာ တို့ကိုဖြစ်စေတက်ပါသည်။ ပုံမှန်မဟုတ်သော လိင်ဆက်ဆံမှုများတွင် အထူးသဖြင့် ပါးစပ် ကို အသုံးပြုခြင်းကြောင့် ခံတွင်းကင်ဆာ နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားမှုတို့၏ ဆက်စပ်သော အကြောင်းတရပ်ဖြစ်လာနိုင်သည်ဟု ယခုအခါ ယူဆမှုတွေ ထွတ်ပေါ်လာနေသည်။

လွန်ခဲ့သော ဆယ်စုနှစ်တွေမှာ HVP ဗိုင်းရပ်စ်ကြောင့် ကင်ဆာဖြစ်ပွားမှုနုန်းသိသာစွာ တိုးမြင့်လာခဲ့ပြီး( HVP -16 (positive) )ဖြစ်သူ ၅၇ % မှာ ကင်ဆာရောဂါ ခံစားလာနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့ကြသည်။ HVP ဗိုင်းရပ်စ် သည် မျိုးပေါင်း (၁၀၀)ကျော် ရှိပြီး လူ့ခန္ဓာကိုယ်တွင် ပုံစံမျိုးစုံဖြင့် ကူးစက်ပြန့်ပွားနေတက်သည် ။ အထူးတလည် လက္ခဏတွေမပြတက်ပေမဲ့လည်း တခါတရံတွင်မူ ကြွက်နို့ပုံသဏ္ဍန်ဖြစ်ပေါ်နေတက်သည် ။ အရေပြားခြင်း ထိစပ်ရာမှာ လည်း ကူးစက်တက်သောကြောင့် လိင်ဆက်ဆံရာမှလည်း ပျံနှံ့တက်ပါသည်။ ယခုအခါ အသက် (၂၅) ဝန်းကျင် လူငယ် အများစု၏ မျိုးဆက်အင်္ဂါ တွင် HVP ကူးစက်မှု (၉၀)% အထိရှိနေနိုင်ခြင်းသည် လွန်ကဲသော လိင်ဆက်မှု များမှတဆင့် ကူးစက်လာခြင်း ဖြစ်နိုင်ကြောင်းကို ယုံကြည်လာကြသည်။ အဘယ်ကြောင့် ဆိုသော် HVP ဗိုင်းရပ်စ် (၁၅) မျိုးသည် ကင်ဆာရောဂါနှင့် ဆက်စပ်ကြောင်း ၊ ခံတွင်းကင်ဆာ (၂၅-၃၅) % သည် အဆိုပါ HVP ဗိုင်းရပ်စ်ကြောင့်ဟု လေ့လာတွေ့ရှိခဲ့ကြသည်။


အဆိုပါ လေ့လာတွေ့ရှိချက်များ ၊ ယူဆချက်များအပေါ်( HVP-16 (positive) )ကြောင့် ဖြစ်ပွားသော ခံတွင်းကင်ဆာနှင့်လည်ချောင်းကင်ဆာကို အပြီးသတ်ကုသနိုင်ခြေရှိကြောင်း ၊ ကင်ဆာရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပါးစပ် ဖြင့် လိင်ဆက်ဆံမှုပြုမှုခြင်းသည် HPV ဗိုင်းရပ်စ် ဝင်ရောက်နှုန်းကို ပိုမိုစေခဲ့ပြီး ခန္ဓာကိုယ်မှာ ယင်း ဗိုင်းရပ်စ်ပိုး ခံနိုင်ရည်ကို မြင့်တက်လာစေခဲ့ခြင်းသာ ဖြစ်စေနိုင်ပြီး ဆေးပညာအရ အတည်ပြုပေးနိုင်သော သက်ရောက်မှုတစ်ခုတော့ မဟုတ်သေးကြောင်း ၊ ထိုကြောင့် ဆယ်ကျော်သက်များအနေဖြင့် HVP ဗိုင်းရပ်စ် ကာကွယ်ဆေးများထိုးထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ နှင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုတို့ကို ရှောင်ရှားနိုင်၊ အကာကွယ်ပေးနိုင်ကြောင်းကို လန်ဒန် ဆေးရုံ ၊ ဦးခေါင်းနှင့် လည်ချောင်းပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဒေါက်တာကူးမား က ပြန်လည်ဖြေရှင်းထားပါသည်။

ကဲ ... ကင်ဆာ အဖြစ်ခံမှာလား ပုံမှန်လေးပဲပေါ့နော်



စာအုပ်စာပေ လူ့မိတ်ဆွေ

Thursday, September 5, 2013

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

 




ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့်
အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။

အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှု ယူခဲ့သလို သိပ္ပံပညာလောကမှာလည်း အောင်မြင်မှု တစ်ခုယူ ခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလ က(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ့ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ကို အိုင်ဒီယာရပြီး အနုပညာ- ဂီတ ဖန်တီးရှင် George Antheil နဲ့ ပူးပေါင်း တီထွင်ခဲ့ ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Wi-LAN စနစ်ဆိုတာ Hedy Lamarr တို့ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင် တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်း တင်ခဲ့တယ်လို့ သိရပါတယ်။
---
Ref:Wikipedia

လှလွန်းသူရဲ့ အငြိုး


တခါတုန်းက ကောသမ္ဗီပြည်ရဲ့ ရွာငယ်တခုမှာ ထင်ရှားတဲ့ လက္ခဏာဆရာ ဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ အဲဒီ ဇနီးမောင်နှံမှာ အင်မတန်ချောမောလှပတဲ့ သမီးကညာ တဦးလည်း ရှိပါသတဲ့။ မာဂဏ္ဍီဟာ တောမှာမွေးတဲ့ တောသူမလေးဆိုပေမယ့် ရုပ်ရည်လက္ခဏာဟာ ကတော်ဆယ်ပါး တပါးအပါအ၀င်ဆိုတဲ့ ရုပ်မျိုးဖြစ်သလို ဗေဒင်လက္ခဏာ ကိန်းခန်းတွေအရ ကြည့်ရင်လည်း မလွဲမသွေ ကတော်ဖြစ်မယ့် ဇာတာရှင်ပါတဲ့။ ဒီတော့လည်း မိဘတွေက သူတို့ကညာ အရွယ်ရောက်ပြီဆိုကတည်းက ရုပ်ရည်လက္ခဏာနှင့် တထပ်တည်းဖြစ်နိုင်ဖို့ သူ့သမီးရဲ့ ကြင်ဖက်ကို ဂရုတစိုက် ရွေးချယ်ကြပြီပေါ့။

သူတို့သမီးကိုလည်း အမြဲလို ဒီလို ဆုံးမစကား ပြောတတ်သေးသတဲ့။
(ဖခင်) သမီး-သမီးရဲ့ ရုပ်ရည်လက္ခဏာဟာ အင်မတန်ထူးခြားတယ်နော်၊ တော်ရုံ တန်ရုံများ စိတ်ထဲတောင် မထည့်နဲ့ သမီးရေ၊ မှန်းကတည်းက အမြင့်ဆုံးကို မှန်း၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ ဆိုတဲ့စကားလည်း ရှိသေးတာကလား-

(သမီး) စိတ်ချပါ အဖေရယ်၊ ဒီရွာက လူတွေများတော့ သမီးဖြင့် စိတ်ကူးထဲကို မထည့်ဘူး၊

မိဘနဲ့သမီး ညှိပြီးသားဆိုပေမယ့် အမေလုပ်တဲ့သူက တမျိုးပူပြန်သတဲ့၊ သူတို့သမီးက ဘုရင်ကတော်ဖြစ်ဖို့ ဇာတာကောင်းပေမယ့် ကောသမ္ဗီဘုရင် ဥတေနရဲ့ စရိုက်ကိုလည်း သူတို့လင်မယားက မကြိုက်ချင်ပြန်ဘူးဆိုပဲ၊ သူတို့လင်မယားရဲ့ လက္ခဏာဟောပြောမှု ထင်ရှားချက်က ရွှေနန်းတော်ထိ ပေါက်သတဲ့၊ ဒီတော့ မင်းစိုးရာဇာတွေနဲ့ အဆက်အဆံတွေကလည်းရှိတော့ တဆင့်စကား တဆင့်နားနဲ့ ဥတေနဘုရင်ဟာ ဒေါသကြီး စရိုက်ကြမ်းတယ်လို့ သိထားခဲ့တယ်။ အိမ်က သူတို့သမီးကလေးကလည်း အဖေအမေ အစွမ်းကုန် အလိုလိုက်ထားတဲ့ ခပ်ကြမ်းကြမ်းလေးဆိုတော့ တချိန်ချိန် ဘုရင်က အမျက်တော်ရှရင် ဘယ်လိုလုပ်မလဲ ဆိုတာထိ မိဘအနေနဲ့ တွေးပူကြတာပေါ့။ ဒီလိုနဲ့ပဲ ဖူးစာမဆုံသေးတဲ့ ဘုရင်ကိုတောင် စိတ်ကူးနဲ့မှန်းပြီး သဘောမကျဖြစ်နေတဲ့ မိဘတွေက မာဂဏ္ဍီရဲ့ သတို့သားလောင်းကို ဇွဲကောင်းကောင်းနဲ့ ရှာကြစမြဲပေါ့။

တနေ့မှာ ဘုရားရှင်ဟာ ဒီနေ့အတွက် ကျွတ်ထိုက်တဲ့သူတွေကို ဉာဏ်နှင့်ဆင်ခြင်ကြည့်တဲ့အခါ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကို မြင်သတဲ့။ ဒါကြောင့်လည်း ခရီးအနီးအဝေးကို ဂရုမပြုဘဲ တပါးတည်း ကြွချီတော်မူလာခဲ့တယ်။ ဒီလိုအချိန်မှာပဲ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကလည်း အကြောင်းကိစ္စတခုနဲ့ ရွာပြင်ဘက်ကို ရောက်နေကြသတဲ့။ ဒီမှာတွင် မြေမှာထင်ကျန်နေတဲ့ ဘုရားရှင်ရဲ့ ခြေရာကို အဖေကြီးက စမြင်ခဲ့တယ်။
( ဖခင် ) အိုး-မကြုံစဖူး ထူးကဲလှချည်လား ရှင်မရေ၊ ဒီမှာ-ကြည့်စမ်းပါဦးဟဲ့၊ ဒီခြေရာဟာ သာမန်ယောက်ျား တယောက်ရဲ့ ခြေရာမဟုတ်ဘူး။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာကွဲ့။
( မိခင် ) ဟင်-ဟုတ်လား၊ ကြည့်စမ်းပါရစေဦး၊ အင်း-ထူးခြားတာတော့ ဟုတ်တယ်ရှင့်၊ ဒါပေမယ့် ဒီခြေရာရှင်ဟာ လူ့လောကနဲ့ ကင်းလွတ်မယ့်သဘောရှိတယ်၊ ရှင်းရှင်းပြောရရင် အာသဝေါကုန်ခန်းနေတဲ့ ခြေရာရှင်ပဲ။

ဇနီးမောင်နှံ နှစ်ယောက်သား သူ့အထင်မှန်တယ်၊ ငါ့အထင်မှန်တယ်နဲ့ ငြင်းခုံဆက်လျှောက်လာကြရင်းမှ သစ်ပင်ရိပ်တခုရဲ့ အောက်မှာ ဘုရားရှင် သီးတင်းသုံးနေတာကို တွေ့လိုက်ရတယ်။ ဇနီးမောင်နှံရဲ့ စိတ်ထဲမှာ ဘုရားရှင်ကို ဖူးတွေ့ရပေမယ့် ဘုရားရှင်မှန်း မသိဘူးတဲ့။ အဲဒီအချိန်အခါက ဘုရားရှင်နဲ့အတူ တခြားသော သာသနာအတုအယောင်တွေလည်း အများကြီးဆိုတော့ သာမန်ရဟန်းတပါးအဖြစ်ပဲ ထင်နေသတဲ့။ ဒါကြောင့်လည်း
( ဖခင် ) အရှင်ရဟန်း-ကျွန်ုပ်ကို စကားပြောခွင့်ပေးပါ၊ အရှင်ရဟန်းရဲ့ ခြေရာကို ကျွန်ုပ်တို့ တွေ့မြင်ကတည်းက ထူးခြားမှန်း သိပါတယ်။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာရှင်ပါ။ ကျွန်ုပ်တို့မှာ ရှင်ရဟန်းလိုပဲ ထူးခြားတဲ့ ကြန်အင်လက္ခဏာရှိတဲ့ သမီးကညာတယောက် ရှိပါတယ်။ ထူးခြားသောသူနှစ်ဦး ပေါင်းဖက်မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ အရှင်ရဟန်း၊ ကျွန်ုပ်၏သမီးကို လက်ခံပေးပါလော။

ဒီအချန်မှာ အမိအဘနောက်ကို လိုက်လာတဲ့ မာဂဏ္ဍီဟာလည်း အနားကို ရောက်ရှိနေသတဲ့။ အဖေလုပ်သူက ဒီလို စကားလမ်းကြောင်းနေတာဆိုတော့ မာဂဏ္ဍီရဲ့ စိတ်ထဲမှာလည်း အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာပေါ့။ ဒီရဟန်း ဘယ်လိုတုံ့ပြန်မလဲဆိုပြီး ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ ရဟန်းကို ခိုးကြည့်နေခဲ့တာပေါ့။ ဒီအခါမှာ-

( ဘုရားရှင် ) ဒါယကာကြီး-ငါဘုရားဟာ စည်းစိမ်ဥစ္စာအားလုံးကို စွန့်ပယ်ခဲ့ပြီး ဖြစ်ပေတယ်။ လှပပါတယ်ဆိုတဲ့ သင့်ရဲ့သမီးကို မဆိုထားနဲ့ ၀သ၀တ္တီနတ်ပြည်က နတ်သမီးတွေကိုတောင် ပိုင်ဆိုင်လိုစိတ် ကင်းခဲ့ပြီဖြစ်တယ်။ မိန်းမနှင့်တကွ ပိုင်ဆိုင်ချင်စရာကောင်းတဲ့ စည်းစိမ်ဥစ္စာမှန်သမျှဟာ ဆင်းရဲမျိုးစုံဖြစ်စေဖို့ အကြောင်းအရာတွေ ချည်းပါပဲ ဒကာ။ ဓားသွားပေါ်က ပျားရည်စက်တွေလို မက်စရာမရှိပေဘူး၊ တကယ်တော့ ချောပေ့ လှပေ့ဆိုတဲ့ သင့်သမီးဟာလည်း လှယမင်းထင်နေတဲ့ အပုပ်အသိုးသာ ဖြစ်တယ်။ လက်ခံဖို့မဆိုထားပါနဲ့ ခြောက်ထောက်နဲ့တောင် မထိလိုပါ။

ဘုရားရှင်ရဲ့ တရားတော်ကြားမှာ မိဘနှစ်ပါးဟာ တထိုင်တည်းနဲ့ တရားရသွားပေမယ့် မာဂဏ္ဍီကတော့ အမျက်ဒေါသမီးတွေ ဟုန်းဟုန်းထပြီပေါ့။ ငါ့ကို အပုပ်အသိုးလို့ တင်စားတဲ့ရဟန်း ဘာမို့လို့လဲ။ တနေ့ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး စိတ်ထဲက ကြုံးဝါးခဲ့သတဲ့။ နောင်တချိန်မှာ ဦးလေးဖြစ်သူရဲ့ အုတ်ထိန်းမှုအောက်မှာ ဆင်လက်ကြီးပြင်းခဲ့တဲ့ မာဂဏ္ဍီဟာ ကောသမ္ဗီဘုရင် ဥတေနရဲ့ မိဖုရားတပါး ဖြစ်လာခဲ့ပါတယ်။ တနေ့မှာ ဘုရားရှင်ဟာ ပင့်ဖိတ်သူရှိတဲ့အတွက် ကောသမ္ဗီမြို့တော်ကြီးကို ကြွချီဖို့အကြောင်း ဖြစ်လာတယ်။ အခွင့်အရေးကို စောင့်နေတဲ့ မိဖုရား မာဂဏ္ဍီဟာလည်း လက်စားချေဖို့ စပြီပေါ့။ ဘုရားရှင်နဲ့ နောက်တော်ပါး သံဃာတော်တွေ ကြွလာတဲ့လမ်းမှာ ကောသမ္ဗီလူမိုက်တွေငှါးပြီး မကြားဝံ့ မနာသာ နည်းမျိုးစုံနဲ့ ဆဲရေးခိုင်းခဲ့တယ်။

ဒီတော့ နောက်တော်ပါးက ပါလာတဲ့ အရှင်အာနန္ဒာက ဘုရားရှင်အစား မခံသာတော့ဘဲ ဒီအရပ်ကို ဆက်မကြွဖို့ လျှောက်သတဲ့။ ဒီအခါ ဘုရားရှင်က
(ဘုရားရှင်) အာနန္ဒာ-နောက်တနေရာရောက်လို့ ဒီလိုမျိုး ဆဲခံရဦးမယ်ဆိုရင်ရော
(အာနန္ဒာ) နောက်ထပ် ရွှေ့တာပေါ့ဘုရား
(ဘုရားရှင်) ဟုတ်ပြီ-ရွှေ့တဲ့နေရာမှာ ထပ်တွေ့ရင်ရော
(အာနန္ဒာ) ထပ်ရွှေ့ကြတာပေါ့ဘုရား
(ဘုရားရှင်) အာနန္ဒာ-ဒီလိုမဟုတ်ဘူး။ စစ်မြေပြင်ကိုဝင်တဲ့ ဆင်ပြောင်ကြီးဟာ ကျလာတဲ့ လေးမြှားဒဏ်ကို ကြံ့ကြံ့ခံနိုင်ရသလို ပြဿနာတို့ကို သည်းခံပါ။ သည်းခံခြင်းလက်နက်ကို ဘယ်အရာမျှ မထိုးဖောက်နိုင်ပါဘူး။

အာနန္ဒာ-အခု ဆဲဆိုနေတဲ့ လူမိုက်တွေဟာ ခုနစ်ရက်ထက် ပိုပြီး မဆဲနိုင်ပါဘူး။ သည်းခံခြင်းတရားနဲ့ ဆင်ခြင်ပါ အာနန္ဒာ။
ဘုရားရှင်ရဲ့ စကားဟာ အင်မတန် မှန်ပါတယ်။ နောက်ဆုံးမှာ လူမိုက်တွေ လက်လျှော့သွားရတဲ့အထိ ဘုရားရှင်ရဲ့ သည်းခံခြင်းတရားက အောင်မြင်ခဲ့ပါတယ်။

ကလေးတို့ရေ-ဒီဇာတ်တော်ကို ဖတ်ပြီးရင် ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်းခုနစ်ရက် ဆိုတာ ဒီကနေများ ဖြစ်လာသလား စဉ်းစားစရာပါပဲ-နော်။

( မိုးမိုးစောဝင်း )

Wednesday, September 4, 2013

သင့်မှာဘယ်လိုအကျင့်စရိုက်ရှိလည်း







၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို
တင်ပြတာ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။
ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။
ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့
အားလုံးကိုလည်း share လုပ်လိုက်တာပါ။

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ
ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက်
တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ
တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ
ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်
ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို
စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်
ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။
ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို
ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့်
အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်
ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။
ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင်
ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ
ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား
နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ
သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း
ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး
လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်
သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက
စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က
စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်
ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို
ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။
အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်
နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။
လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်
ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏
ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ
ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။
စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်
ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်
ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။
ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး
လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို
လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည်
အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်
တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ
အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား
ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်
ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။
အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ
တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို
သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို
မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်
ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။
ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။
လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့
ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု
မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ
နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်
အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏
ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်
ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က
ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်
သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်
ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်
ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး
ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး
ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ
ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်
အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်
ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း
မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး
ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ
ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ
ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော
နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း
ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး
ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို
လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို
စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏
နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို
တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

Related Posts Plugin for WordPress, Blogger...