Tuesday, August 13, 2013

စည်းကမ်းထိန်းသိမ်းရေး ဆုံးဖြတ်ချက် ရန်ကုန် စောင့်ကြည့်မည်

Tuesday, August 13, 2013

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းတွင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး နောက်ဆုံးပွဲမှ ရန်ကုန်ယူနိုက်တက်နှင့် နေပြည်တော်အသင်း တို့၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် အသင်း အနေနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားစာ ပေးပို့ခြင်း၊ ကန့်ကွက်စာ ပေးပို့ခြင်း ပြုလုပ်မည် မဟုတ်ပဲ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့် မည် ဖြစ်ကြောင်း ရန်ကုန် ယူနိုက်တက်အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးအောင်ပိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဝဏ္ဏသိဒ္ဓိကွင်းတွင် ဖြစ်ပွား ခဲ့သည့် ပြဿနာတွင် ပါဝင်ခဲ့သူများကို ပြင်းထန် စွာ အရေးယူမည်ဟု ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် သို့ မေးမြန်းစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်-နေပြည်တော် ပွဲစဉ်၏ ပြဿနာ အစမှာ နေပြည်တော်အသင်းက ကစားသမား ခိုင်ထူးက ရန်ကုန်ကစားသမား ရန်အောင်ကျော်ကို ခုန်ကန် ခဲ့သည့် အချိန်က စတင်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အသင်း ကို ကွင်းလယ်ဒိုင်က ပယ်နတီ ပေးခဲ့ချိန်၌ ကျေနပ်မှု မရှိသော နေပြည်တော်အသင်း ပရိသတ် အချို့ ကွင်းအတွင်း ဝင်ရောက်၍ ကွင်းလယ်ဒိုင်နှင့် ကစားသမားများကို ရန်မူခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် နှစ်ဖက် အသင်းသားများနှင့် ပရိသတ်များ ခိုက်ရန် ဖြစ်ခဲ့၍ ပွဲကစားချိန် ၃၇ မိနစ်တွင် ရပ်နားလိုက်ရပြီး ရန်ကုန်အသင်းကို အနိုင်ပေး ခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပွဲကြည့်စဉ်မှ ထိုင်ခုံများကို ဖျက်ဆီးခဲ့သည့် နေပြည်တော် ပရိသတ် ၁၂ ဦးကို ဇမ္ဗူသီရိ မြို့နယ် အမှတ် ၅ ရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆-၁ အရ သြဂုတ် ၈ ရက်နေ့ က စတင် အရေးယူခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက တစ်ပတ်ကြာသည့်တိုင် အရေးယူမှု မရှိသေးပေ။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...