Friday, August 30, 2013

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကတ်များ ချထားပေးပြီးနောက် အင်တာနက်ဆိုင်တချို့ စီးပွားရေးအရ ပိတ်သိမ်းမှုများ ရှိလာ


ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ်များ ချထား ပေးပြီးနောက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အင်တာနက်ဆိုင် တချို့ စီးပွားရေးအရ တွက်ခြေမကိုက် သဖြင့် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။

ငွေကျပ် နှစ်သိန်းတန်ဖုန်း စတင် ချထားပေးပြီး နောက်ပိုင်းမှ စ၍ အင်တာနက် ဆိုင်တချို့ ရပ်တည်ရန် ခက်ခဲလာကြောင်း ၊ ငွေကျပ် တစ်သောင်းဖြင့် ဖုန်း အင်တာနက် လျှောက်ထား နိုင်သဖြင့် ဆိုင်သို့ တကူးတက လာရောက် အသုံးပြုသူ နည်းပါး လာကြောင်း ၊ ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မှု နှင့် ပုံမှန် အသုံးပြုသူ ရရှိထားသော ဆိုင်တချို့သာ ဆက်လက် ရပ်တည် နိုင်ကြောင်း သိရသည်။

" အခုဆိုရင် တန်ဖိုးနည်း ဖုန်းတွေ ချထားပေး နေတော့ လူအတော်များများ က ဖုန်းကိုင် လာနိုင်ကြတယ် ၊ ဖုန်း အင်တာနက် ကလည်း လျှောက်ရတာ လွယ်ကူပြီး သက်သာတော့ ဆိုင်လာပြီး အသုံးပြု တာမျိုးက တဖြည်းဖြည်း နည်းလာတာပေါ့ ၊ တချို့ဆိုင် တွေက တွက်ခြေ မကိုက်လို့ ပိတ်ကြတယ် ၊ တချို့ကလည်း ဂိမ်းဆိုင် အဖြစ် ပြောင်းလိုက် ကြတယ် ၊ ဂိမ်းနဲ့ အင်တာနက် တွဲလိုက်တော့ ဘာပဲ ပြောပြော တစ်ခုတည်း နဲ့ စာရင်တော့ လူပိုဝင် တာပေါ့ .... " ဟု အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။

လက်ရှိ လူငယ် အများစုသည် အင်တာနက် အသုံးပြုရုံ သက်သက်ဖြင့် ဆိုင်သို့ လာရောက်သူ နည်းပါးကြောင်း ၊ DOTA-2 ကဲ့သို့ အွန်လိုင်းဂိမ်း များ ဆော့ရန်အတွက် လာရောက် အသုံးပြု ကြကြောင်း ၊ ထို့ကြောင့် ဂိမ်း နှင့် အင်တာနက် နှစ်ခုတွဲဖွင့်မှသာ အင်တာနက် ဆိုင်များ အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း B-Net အင်တာနက်ဆိုင် မှ မန်နေဂျာ က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...