Friday, August 30, 2013

ဆီးရီးယားကို စစ်တိုက်မယ့် ဗြိတိန်ဝန်ကြီးချူပ်ရဲ့ အဆိုကို ပါလီမန်လွှတ်တော်က လက်မခံ


လွန်ခဲ့တဲ့ညက ဗြိတိန် လွှတ်တော်ထဲမှာ ၀န်ကြီးချူပ် ဒေးဗစ်ကင်မရွန်း ရဲ့ “ဓါတုလက်နှက်နဲ့ ပြည်သူကို တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ဖို့” အဆိုကို မဲခွဲ သဘောထားကောက်ခံခဲ့ရာမှာ ၂၈၅ မဲ - ၂၇၂ မဲ (ကွာဟချက် ၁၃ မဲ) နဲ့ ၀န်ကြီးချူပ်ရဲ့အဆိုက ရှုံးနိမ့်သွားပါတယ်။

ပါလီမံ လွှတ်တော်က စစ်မတိုက်ဖို့ ကိစ္စ ဖိအားပေးနေပေမယ့် ဥပဒေအရ ၀န်ကြီးချူပ်မှာ စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် တပ်မတော်ကို အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာ ရှိနေပါတယ်။

ဘာတွေ ဆက်ဖြစ်လာမလဲ.. ဆက်လက်စောင့်ကြည့်ရမှာပါ။

ဓါတုလက်နှက်နဲ့ တိုက်ခိုက်ခဲ့သလား ဆိုတာကို စစ်ဆေးနေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကတော့ စနေနေ့မှာ ဆီးရီးယားက ပြန်လာပြီး အဖြေပေးမယ်လို့ သိရပါတယ်။….

ဒါပေမယ့် ရုပ်/သံတွေမှာတော့ ဆီးရီးယားပြည်သူတွေ အသက်ငင်နေပုံတွေ မရှုမလှ သေဆုံးနေပုံတွေက မြင်ရက်စရာ မရှိဘူး….

လက်နှက်နဲ့ အာဏာအားကိုးပြီး သတ်ချင်တိုင်းသတ် ဖြတ်ချင်တိုင်းဖြတ်ခြင်း ခံနေရတဲ့ ဆီးရီးယား ပြည်သူတွေကို ကမ္ဘာကြီးက ဒီအတိုင်း ပစ်ထားကြတော့မှာလား…

(ဇော်လွင်ဝင်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...