သို့/
ဆရာတော်ဝီရသူ
မစိုးရိမ်တိုက်သစ် မန္တလေးမြို့။
ဆရာတော်အား တပည့်တော်မ၏ ဖြစ်စဉ်အား မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ သင်ခန်းစာ ယူနိုင်စေ ရန် တပည့်တော်မ၏ ဖြစ်စဉ်ကို အမှန်အတိုင်း လျှောက်ထားတင်ပြအပ်ပါသည်။
တပည့်တော်မ၏ အမည်မှာ မကေဇင်ခိုင်ဖြစ်ပြီး အသက် (၂၂) နှစ် အဖ ဦးမောင်မြင့် အမိ ဒေါ်သန်းဌေး တို့၏သမီး မှတ်ပုံတင်အမှတ် ၉/လဝန (နိုင်) ၁၂၀၀၀၃၂ ဖြစ်ပါသည်။ ယခုနေထိုင်သော နေရာမှာ နေပြည်တော်၊ လယ်ဝေး အမှတ် (၆) အင်ဘု (၃) လမ်းတွင်ဖြစ်ပါသည်။ တပည့်တော်မသည် (၂.၂.၂၀၁၂) ခုမှစ၍ တပည့်တော်မတို့၏မြို့တွင် ဖွင့်လှစ်သော (ပင့်ကူ) အခွေငှားဆိုင်တွင် တစ်လျှင် (၃၀၀၀၀) နှုန်းဖြင့် မွတ်စလင် ကုလားတစ်ဦး၏ဆိုင်တွင် အလုပ်ဝင်လုပ်ခဲ့ပါသည်။ အလုပ်ဝင်ပြီး နောက် ထိုဆိုင်ပိုင်ရှင် မွတ်စလင်ကုလား၏ မြှူဆွယ်မှုဖြင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့မိပါသည်။ ချစ်ကြိုက်မိပြီး လွန်ကြူးစွာ နေထိုင်မိပါသည်။ ထိုသို့ လွန်ကြူးစွာ နေထိုင်ပြီးနောက် ထိုမွတ်စလင်သည် အဝေးသင်စာမေးပွဲ ဖြေရန် ကျောက်ဆည်သို့ သွားပါသည်။ (၃) လ ကြာလျှင် စာမေးပွဲဖြေပြိး ပြန်လာပါမည်ဟု ပြောသွားခဲ့ပါသည်။ သူစာမေးပွဲဖြေနေစဉ် တပည့်တော်မသည် ကိုယ့်ကိုကိုယ် မသေချာ၍ ဆေးခန်းသွားပြခဲ့ပါသည်။
ဆေးခန်းမှ တပည့်တော်မအား ကိုယ်ဝန် (၂) လ ရှိပြီဟု ပြောသဖြင့် တပည့်တော်မလည်း သိသိချင်း ထိုသူထံ ဖုန်းဆက်၍ ပြောကြားခဲ့ရာ ပြန်လာပါမည်ဟု ပြောပြီး စာမေးပွဲဖြေပြီး နောက် (၃) လကြာသည်အထိ ပြန်မလာတော့ဘဲ ရှောင်ပုန်းနေခဲ့ပါသည်။ တပည့်တော်မသည် အမေအားလည်း မပြောရဲ သူငယ်ချင်းများအားလည်း မတိုင်ပင်ရဲပဲ ရှက်လွန်း၍ တစ်ယောက်တည်း ရှောင်ဖယ်နေခဲ့ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် စိတ်ဓာတ်ကျစွာ နေခဲ့ပါသည်။ စားမဝင် အိမ်မပျော်ဘဲ ပိန်လှီနေသော ကျွန်မအား အမေမှ ရောဂါရှိနေပြီထင်ပြီး ဆေးခန်းသွားရန်ပြောပြီး ကုတင် (၁၀၀) ဆေးရုံသို့ လိုက်ပို့ခဲ့ပါသည်။ ဆေးရုံမှ ဆရာမ မှ တပည့်တော်အား ဆီးစစ်ပိုက် ဝယ်ပါဟု ပြောသဖြင့် တပည့်တော်မ အမေအား ဆေးရုံတွင် ထားခဲ့ပြီး တပည့်တော်မ တစ်ယောက်တည်း ထွက်လာခဲ့ပါသည်။ ထိုနောက် လမ်းတွင် ထိုမွတ်စလင်နှင့်တွေ့ပြီး ဆေးရုံတွင် တပည့်တော်မ၏ အမေစောင့်နေကြောင်း ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်ကို သိလျှင် သက်ဆိုင်ရာသို့ တိုင်ကြားလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့ရာ သူမှ တပည့်တော်အား သူနဲ့လိုက်ခဲ့ပါ ဟု ပြောပြီး (၂၂.၄.၂၀၁၃) မှာ ခေါ်သွားခဲ့ပါသည်။ (၂၄.၄.၂၀၁၃) မှသာ တပည့်တော်မတို့နှစ်ဦး သဘောတူ စာချုပ်ကို မကျီးကုန်းရွာမှာ ပြုလုပ်ခဲ့ကြပါသည်။
လက်ထပ်စာချုပ်ပြုလုပ်ပြီး ရွာသူကြီးအား ကွာရှင်းစာချုပ်ပါ ပြုလုပ်ခိုင်းမည်ဟု တပည့်တော်အား ပြောပါသည်။ ဘာဖြစ်လို့လဲဟု တပည့်တော်က မေးသောအခါမှာ ဘာမှမ ဖြစ်ပါဘူး။ ကိုယ်ဝန်ဖျက်ချပြီး ပြန်၍ လပ်ထပ်ပါမည်ဟု ပြောပါသည်။ ရွာသူကြီးမှ တစ်ရက်တည်း လက်ထပ် တစ်ရက်တည်း ကွာရှင်းလို့ မရပါဘူးဟု ပြောပါသည်။
တပည့်တော်မသည် ကိုယ်ဝန်မဖျက်ချနိုင်ကြောင်း ပြောသောအခါ တပည့်တော်မ၏ ကိုယ်ဝန်အား ပျက်ကျစေရန် အနုနည်းနှင့် အမျိုးမျိုး နှိပ်စက်ခဲ့ပါသည်။ ကိုယ်ဝန်အရင့်အမာကြီးနှင့်ဖြစ်သော ကျွန်မအား သူတို့၏ လယ်ထဲ နွားစာခြံ စပါးကျီပေါ်မှာ ထားပါသည်။ ထိုစပါးကျီမှာ ၁၂ ပေခန့်မြင့်ပါသည်။ ထိုပေါ်သို့ ဝါလှေးကားဖြင့် တက်ရပါသည်။ ဝါးလှေကားမှာ တစ်ထစ်နှင့် တစ်ထစ် တစ်ပေခွဲခန့်ရှိပါသည်။ (၁၂) ပေခန့် မြင့်သဖြင့် တပည့်တော်မသည် ပြုတ်ကျမည်စိုး၍ အောက်လည်းမဆင်းရဲပါ။

အောက်ဆင်းမည်ဆိုသော်လည်း အလွန်ဆိုးသောခွေးများကို လွှတ်ထားပါသည်။
အပေါ့အပါးသွားလျှင်လည်း သူလာမှ သွားရပါသည်။ ထမင်းကျွေးသောအခါမှာလည်း နပ်မမှန်ခဲ့ပါ။ တပည့်တော်မအား တိရစ္ဆာန်တစ်ကောင်ပမာ ထားခဲ့ပါသည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျစေရန် W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်။ အားဆေးဟုလည်း ပြောပါသည်။ တပည့်တော်မသည် ဘာမှန်းမသိ၍ မသောက်ခဲ့ပါ။ နောက်ပိုင်းတွင် မြန်မာ့ အလင်းသတင်းစာ ထဲတွင် w.y စာတန်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများဖြစ်ကြောင်း ရေးထား၍ နောက်မှ သိခဲ့ရပါသည်။ သူသည် တပည့်တော်အား တစ်ပတ်ခန့် နွားစာခြံမှာထားပြီး သူ၏ သူငယ်ချင်း မှ ထိုနွားစာခြံသို့ အလုပ်လာရင်း တပည့်တော်မအား သနား၍ သူတို့နေထိုင်သော နေရာသို့ လိုက်ခဲ့ ပါဟု ပြောပြီး တပည့်တော်မတို့နှစ်ဦးအား သူ၏ အိမ်သို့ ခေါ်သွားပါသည်။ ထိုသို့ခေါ်သွားပြီး (၁၀) ရက်ခန့် အကြာ (၁၅.၅.၂၀၁၃) တွင် ထိုအိမ်၌ တပည့်တော်မ မီးဖွားခဲ့ပါသည်။ သားယောကျာ်းလေးဖြစ်ပါသည်။ မီးဖွားစဉ် အချိန်တွင်လည်း တပည့်တော်မအား အခန်းထဲသို့ ဝင်မကြည့်ခဲ့ပါ။ သူ၏ သူငယ်ချင်းက ကျွန်မအား သနား၍ မီးဖွားဆရာမ ခေါ်ပေးခဲ့ပါသည်။ မီးဖွားရာတွင်လည်း အင်္ကျီ၊ ထဘီမရှိ၍ တိရစ္ဆာန်တစ်ကောင်ပမာ မွေးခဲ့ရပါသည်။ သူသည် ငွေကြေးပြည့်စုံသူဖြစ်ပြီး ကျွန်မအား မသိချင်ယောင်ဆောင်ကာ တမင်နှိပ်စက်ခဲ့ပါသည်။ ကလေးမွေးပြီးသောအခါတွင်လည်း (၁) ရက်လျှင် ထမင်းကို (၁) နပ်သာ ကျွေးပါတော့သည်။ ထို့အပြင် ညလည်း လာမအိပ်တော့ပါ။ ထမင်းတစ်နပ်ကိုလည်း ဆိုင်ကယ် ကယ်ရီဖြင့်သာ ပို့ခိုင်းပါသည်။ မီးဖွားပြီး (၃) ရက် ကြာသောအခါ ကျွန်မဆီလာတွေ့ပါသည်။
တပည့်တော်မအား သူ၏ဘာသာထဲသို့ ဝင်ရန် မြူဆွယ်ပြန်ပါသည်။ သူ၏ ဘာသာထဲသို့ မဝင်လျှင် ပေါင်းလည်းမပေါင်းနိုင် ကျွေးလည်းမကျွေးနိုင်ဟုပြောပြီး ဒါဆို ငါနဲ့ မွေးထားတဲ့ကလေးက ငါ့သားဘဲ နင်နဲ့ မဆိုင်ဘူး ငါခေါ်သွားပြီး ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်ဟု ပြောပြီး၊ တပည့်တော်မ၏ သားအား သူ၏ဘာသာထဲဝင်ဖို့ အတင်းဆွဲလုပါသည်။ ကျွန်မမှ မပေးနိုင်ပါဘူး ဟုပြောပြီး စကြိုက်စယူစဉ် ကတည်းက အစ္စလာမ်ဘာသာသို့ မဝင်နိုင်ပါဘူးဟု နှစ်ဦးသဘောတူခဲ့ပါသည်။ ထို့ကြောင့် တပည့်တော်မ၏ သားမှာလည်း ဗမာ/ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ခိုင်းမည်ဟု ပြောတဲ့အခါ တပည့်တော်မ၏ သားအား ဇွတ်လုယူရာ တပည့်တော်မမှ လူကြီးတွေနှင့် တိုင်မည်ဟုပြောသောအခါ ကလေးအား သူ၏ လက်ဖြင့် ပုတ်ထုတ်လိုက်သောအခါ ကလေး၏ မျက်လုံးကို ခိုင်းမိပြီး ကလေး၏ မျက်လုံးမှ သွေးများထွက်ကျ လာပါသည်။ သူသည့် တပည့်တော်အား ဆက်လက် မကျွေးနိုင်တော့ဘူး နင့်အိမ်နင်ပြန်တော့ဟု ပြောပါသည်။ ထိုအခါ တပည့်တော်သည် ဒါဆို တစ်ခါတည်း ကွာရှင်းပေးပါဟု ပြောသဖြင့် သူမှ ငါ့မှာ လက်ထပ်စာချုပ်ပဲ ရှိတယ်။ လာခေါ်ချင်တဲ့အချိန်လာခေါ်မှာဘဲ ကွာရှင်းမပေးနိုင်ဘူးဟု ပြောပြီး ထွက်သွားပါသည်။ ကလေးအား (၂) လကျော်လျှင် သူလာခေါ်မည်ဟုလည်း ပြောသွားပါသည်။ ထိုအချိန်မှစ၍ ထမင်းလည်းလာမပို့တော့ပါဘူး။ တပည့်တော်မသည် ကလေး (၇) ရက်ကြာသောအခါမှာ အစာအာဟာရ ချို့တဲ့ပြီး မူးမေ့လဲသွားပြီး သတိပြန်ရလာချိန်မှာ တပည့်တော်၏ အမေအား ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြီး လာခေါ်ပါဟု ပြောသဖြင့် အမေသည် ရပ်ကွက်ရုံးနှင့် ရဲစခန်းသို့ တိုင်ကြားကာ အိမ်သို့ ပြန်ခေါ်ပါသည်။ နောက်ရက်တွင် လူကြီးအား သူနှင့် မပေါင်းနိုင်ပါ။ သူသည် ကျွန်မအား အမျိုးမျိုး နှိပ်စက်နေသည်ဟု ပြောပြရာ ရပ်ကွက်လူကြီးမှ သူ၏အိမ်သို့ အကြောင်းကြားခဲ့ရာ တပည့်တော်မတို့နှင့် လာမတွေ့ခဲ့ပါ။ မကွာရှင်းပေးနိုင်ဘူးဟုလည်း ပြောပါသည်။
တပည့်တော်မအား သတ်ပစ်မည်ဟု ကြိမ်းဝါးနေသဖြင့် တရားရုံးသို့ တိုင်ကြားခဲ့ပါသည်။ ထိုသို့တိုင်ကြား ရာတွင်လည်း အမှုစရိတ် မတတ်နိုင်သဖြင့် အမှုကို ၁၈.၇.၂၀၁၃ မှ တိုင်ကြားခဲ့ရပါသည်။ အလုပ်လိုက်ရှာရာမှာ လည်း ကလေးငယ်လေးနှင့်မို့ အမှုကလည်း တစ်ဖက်နှင့်မို့ မည်သူမှ အလုပ်မခန့်ခဲ့ပါ။ တပည့်တော်မ၏ အဖေမှာလည်း တပည့်တော် (၅) နှစ် သမီးကတည်းက ကွယ်လွန်သွားသဖြင့် တပည့်တော်မ၏ အမေမှာ ကြုံရာ အလုပ်လုပ်၍ ရှာဖွေ ကျွေးမွေးခဲ့ပါသည်။ တပည့်တော်မ၏ အမျိုးများမှာလည်း မွတ်စလင်နှင့် ရသော ကျွန်မအား မခေါ်တော့ပါဘူး။ ယခုလက်ရှိ တပည့်တော်မတို့ နေသောအိမ်မှာလည်း ခြံစောင့်ပေးရန် ခဏထားသောနေရာဖြစ်ပါသည်။ တရားရုံးကို အမှုရင်ဆိုင်ရာတွင်လည်း ရုံးသွားရုံးပြန် သူ့ကို ကြောက်နေရပါသည်။
သူ အဝေးသင်စာမေးပွဲဖြေပြီး (၆) လလောက်အကြာတွင် ကျွန်မတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးရန် ခဏလာတွေ့ပါသည်။ လာတွေ့ချိန်တွင်လည်း သူ၏ သူငယ်ချင်း မွတ်စလင်တစ်ဦးအား ခေါ်လာပါသည်။ ထိုအချိန်မှာ ၁၀.၃.၂၀၁၃ ရက်နေ့ ဖြစ်ပါသည်။ သူသည် ကျွန်မအား မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးရုံတွင် အန်ထွာဆောင်း ရိုက်ခိုင်းပြီး သူ၏ သူငယ်ချင်း မွတ်စလင်ကုလားနှင့် ထားခဲ့ပြီး ပြန်သွားပါသည်။ ဆေးရုံမှ ကျွန်မအား ကိုယ်ဝန် (၃၂) ပတ် (၈) လ ရှိပြီဟု ပြောလိုက်ပါသည်။ ထိုအန်ထွာဆောင်း ရိုက်သော စာရွက်စာတန်းများအား သူ့ သူငယ်ချင်းနှင့် ပေးလိုက်ရန် ဖုန်းဆက်ပြောပါသည်။ စာရွက်စာတန်းများကို သူ၏ သူငယ်ချင်းမှ ယူသွားပါသည်။ ယခု ကျွန်မတွင် စာရွက်စာတန်းများ တစ်ခုမှ မရှိပါ။ သူသည် ယခု ရုံးပေါ်တွင် ကလေးအား သူ၏ ကလေး မဟုတ်ပါဟု ငြင်းထားပါသည်။ သူသည် ကျွန်မအား အဝေးသင်သွားမတက်မီ ၁၇.၉.၂၀၁၃ တွင်လည်း အတည်တကျ လက်ထပ်ယူပါမည်ဟု ပြောပြီး ပျဉ်းမနား တည်းခိုခန်း Zar Zar သို့ တစ်ညခေါ်သွားပြီးမှ ကျောင်းသွားတက်ပြီး ပြန်လာမှ လက်ထပ်ယူပါမည်ဟု ပြောပြီး ကျွန်မအား အိမ်ပြန်ပို့ ခဲ့သည်မှာလည်း အထောက်အထားရှိပါသည်။

ရုံးကိုတင်သောစာကိုလည်း သူတို့အိမ်နားက မွတ်စလင် ကုလားနှင့် ရသော မြန်မာ ဗုဒ္ဓ ဘာသာမက တပည့်တော်မ၏ ရုံးတင်သောစာအား မိတ္တူကူးပြီး အနောက် ဗလီဆရာလူကြီးများက သူတို့မွတ်စလင်ကုလားများအား ဖြန့်ဝေနေကြောင်း ပြောလို့ သိရပါသည်။ သောကြာနေ့ တက်တဲ့ မွတ်စလင်များအား ဝေသည်ဟု ပြောပါသည်။ သူသည် ရုံးကိုလာရင် တစ်ယောက်တည်းဖြစ်ပြီး နောက်ကွယ်မှ သူတို့ ဘာသာချင်းစည်းလုံးပြီး အကူအညီပေးနေပါသည်။ တပည့်တော်မအား ပြန်ပေါင်းပါဟု ထိုဗမာမမှလည်း လာ၍ စည်းရုံးပါသည်။ တပည့်တော်မမှ ပြန်မပေါင်းနိုင်ပါဟု ပြောပါသည်။ အရင်က သူ ဗလီမတက်ပါ။ ယခုဆို နေ့တိုင်း ဗလီတက်နေပါသည်။ အဖော်လိုက်ပေးသော လယ်ဝေးမြို့မှ အမျိုးဘာသာ၊ သာသနာစောင့်ရှောက် ရေး အသင်းမှ လူများအားလည်း မထီမဲမြင်နဲ့ ကြည့်ပါတယ်။ ထိုအဖွဲ့မှ နာမည်စာရင်းကိုလည်း ဗလီထဲမှာ ရေး ထားသည်ဟု သူနှင့် ပေါင်းသင်းခဲ့စဉ်က သူပြော၍ သိခဲ့ရပါသည်။ တပည့်တော်မ၏ အမှုအား ယခု လယ်ဝေးမြို့ တရားရုံး တရားခွင် (၂) တရားသူကြီး ဦးကျော်စိုးခိုင်ထံတွင်ဖြစ်ပါသည်။
သူ အဝေးသင်စာမေးပွဲဖြေပြီး (၆) လလောက်အကြာတွင် ကျွန်မတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးရန် ခဏလာတွေ့ပါသည်။ လာတွေ့ချိန်တွင်လည်း သူ၏ သူငယ်ချင်း မွတ်စလင်တစ်ဦးအား ခေါ်လာပါသည်။ ထိုအချိန်မှာ ၁၀.၃.၂၀၁၃ ရက်နေ့ ဖြစ်ပါသည်။ သူသည် ကျွန်မအား မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးရုံတွင် အန်ထွာဆောင်း ရိုက်ခိုင်းပြီး သူ၏ သူငယ်ချင်း မွတ်စလင်ကုလားနှင့် ထားခဲ့ပြီး ပြန်သွားပါသည်။ ဆေးရုံမှ ကျွန်မအား ကိုယ်ဝန် (၃၂) ပတ် (၈) လ ရှိပြီဟု ပြောလိုက်ပါသည်။ ထိုအန်ထွာဆောင်း ရိုက်သော စာရွက်စာတန်းများအား သူ့ သူငယ်ချင်းနှင့် ပေးလိုက်ရန် ဖုန်းဆက်ပြောပါသည်။ စာရွက်စာတန်းများကို သူ၏ သူငယ်ချင်းမှ ယူသွားပါသည်။ ယခု ကျွန်မတွင် စာရွက်စာတန်းများ တစ်ခုမှ မရှိပါ။ သူသည် ယခု ရုံးပေါ်တွင် ကလေးအား သူ၏ ကလေး မဟုတ်ပါဟု ငြင်းထားပါသည်။ သူသည် ကျွန်မအား အဝေးသင်သွားမတက်မီ ၁၇.၉.၂၀၁၃ တွင်လည်း အတည်တကျ လက်ထပ်ယူပါမည်ဟု ပြောပြီး ပျဉ်းမနား တည်းခိုခန်း Zar Zar သို့ တစ်ညခေါ်သွားပြီးမှ ကျောင်းသွားတက်ပြီး ပြန်လာမှ လက်ထပ်ယူပါမည်ဟု ပြောပြီး ကျွန်မအား အိမ်ပြန်ပို့ ခဲ့သည်မှာလည်း အထောက်အထားရှိပါသည်။
0 comments:
Post a Comment