Friday, August 30, 2013

မန်ချက်စတာယူနိုက်တက် ပရိသတ်ကို ရွန်နီ ကျေးဇူးစကားဆို


Friday, August 30, 2013

ယခုနွေရာသီ တစ်လျှောက်လုံး အသင်းနှင့် ပတ်သက်သည့် သဘောထားကို တစ်စုံတစ်ရာ မဖွင့်ဟခဲ့သည့် ဝိန်းရွန်နီသည် ယခုအခါ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီ ဖြစ်သည်။ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီးခဲ့သော်လည်း လက်ရှိ အခြေအနေတွင်မူ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့်အတူ အနာဂတ် ဆက်လက်ဖြတ်သန်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ရွန်နီကို အလေးအနက် ကမ်းလှမ်းခဲ့သော်လည်း အောင်မြင်မှု မရရန် သေချာသွားပြီးနောက် ယခုအခါ အန်းဇီးတိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူးကို ခေါ်ယူရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ ရွန်နီသည် ချယ်လ်ဆီးနှင့် တနင်္လာနေ့ ညပိုင်းက ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်၌ ပွဲချိန်ပြည့် ဝင်ရောက်ကစားသွားပြီး ယူနိုက်တက် ပရိသတ်များက ၎င်းကို နွေးထွေးစွာ ကြိုဆိုအားပေးခဲ့ကြသည်။

ရွန်နီက ချယ်လ်ဆီးနှင့်ပွဲမှ ဓာတ်ပုံအချို့ကို Facebookတွင် လွှင့်တင်
ခဲ့ပြီးနောက် "ဒီမှာ တနင်္လာနေ့ည ပွဲစဉ်က ဓာတ်ပုံတွေပါ။ ပရိသတ်တွေ
ဆီက တုံ့ပြန်ပုံက မယုံနိုင်လောက်အောင်ပါပဲ။ သိပ်ကို ကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုကို ကျွန်တော် တကယ့်ကို အသိအမှတ်ပြုရမှာပါ။ ဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ် ရှိစေတယ်လေ"ဟု ရေး
သားထားခဲ့သည်။ ထိုစဉ်က အိုးလ်ထရက်ဖို့ဒ်ထိ လိုက်ပါ အားပေးခဲ့သည့် ချယ်လ်ဆီးပရိသတ် အချို့သည်လည်း ရွန်နီ၏ အပြောင်းအရွှေ့ကို
မျှော်လင့်ပြီး "နောက်တစ်ပတ်မှာ ဆုံကြမယ်"ဟု အော်ဟစ်ခဲ့ကြသေးသည်။

ချယ်လ်ဆီးနှင့်ပွဲတွင် ရွန်နီကို ပရိသတ်များက ကြိုဆိုခြင်းအပေါ် မိမိ မအံ့ဩဟု ယူနိုက်တက် အသင်းခေါင်းဆောင် နီမန်ဂျာ ဗီဒစ်က ပြော
ကြားခဲ့သည်။ ဆာဘီးယား ခံစစ်မှူးကြီးက "အသင်းမှာ ပရိသတ်က ကစားသမားတိုင်းကို အမြဲတမ်း အားပေးကြတာချည်းပဲ။ ရွန်နီ့အပေါ် သဘောထားကလည်း တူတူပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ပရိသတ်က သူ့ကို အားပေးခဲ့သလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း အားပေး ထောက်ခံကြမယ်ဆိုတာ ကျွန်တော် ကြိုတွေးလို့ ရပြီးသားပါ။ ရွန်နီဟာ ယူနိုက်တက်အတွက် ဂိုးတွေအများကြီး သွင်းယူပြီး ဆုဖလားတွေ ရယူပေးထားသူ ဖြစ်ပါတယ်။ သူ့ကို ပရိသတ်တွေက အမြဲတမ်း နွေးနွေးထွေးထွေး အားပေးနေမှာ
ပါ"ဟုလည်း သုံးသပ်သွားခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...