Saturday, August 24, 2013

အဆစ်ရောင်ရောဂါ ပျောက်ကင်းစေရန် ဆောလျင်စွာ ကုသမှုခံယူသင့်


အဆစ်ရောင် ရောဂါသည် ပိုမိုဆိုးရွား လာပါက အဆစ်များ ရောင်ကိုင်း တောင့်တင်းပြီး နာကျင်မှု ဝေဒနာ ပြင်းထန်စွာ ဖြစ်ပေါ်စေသည်။ အဆိုပါ အဆ စ်ရောင် ရောဂါကို ဘဝတစ်လျှောက်လုံး ဖြစ်ပွားမှုမှ ကာကွယ်ရန် ကနဦး ရောဂါလက္ခဏာများ စတင် တွေ့ရှိသည့် အချိန်မှစ၍ နားလည် တတ်ကျွမ်းသော ဆရာဝန်များ ထံတွင် ဆောလျင်စွာ ဆေးစစ်မှုများ ပြုလုပ်ပြီး ကုသမှု ခံယူရန် လိုအပ်ကြောင်း ရှာဂျာမြို့ရှိ ဇူလီခါ ဆေးရုံမှ ကိုယ်ကာယ လေ့ကျင့် ခန်းဖြင့် ရောဂါ ကုသပေးသူ ဆန်ဟာရီဂျီ အစ်အာက ပြောကြားခဲ့သည်။

ကိုယ်လက် လှုပ်ရှားခြင်းသည် အဆစ်ရောင် ရောဂါ ကုထုံးတွင် အကောင်းဆုံး နည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆေးဝါးများ သောက်သုံးခြင်း အပါ အဝင်၊ အနားယူ အပန်းဖြေခြင်း၊ သင့်တင့် လျောက်ပတ် စွာ စားသောက်ခြင်း၊ ဆရာဝန်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းနှင့် အပူ၊ အအေး၊ လျှပ်စစ် နည်းပညာ အသုံးပြု၍ လှုံ့ဆော် ကုသသော နည်းလမ်းများသည်လည်း အဆစ်ရောင် ရောဂါ ကုထုံးအတွက် ကောင်းမွန် သော နည်းလမ်း တစ်ခု ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆစ်ရောင် ရောဂါ ခံစား ရသူများသည် ၎င်းတို့၏ အဆစ်အမျက်များကို ထိခိုက် ပျက်စီးစေနိုင် သောကြောင့် ကိုယ်လက် လှုပ်ရှားခြင်း များ မပြုလုပ်သင့်ဟု ယူဆ ထားကြ သည်။

ယခု လေ့လာ တွေ့ရှိချက်များအရ ကိုယ်လက် လှုပ်ရှားခြင်းများ လျော့နည်း ခဲ့ပါက အဆစ်အမျက်များ တောင့်တင်းခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ခန္ဓာကိုယ် ပင်ပန်းမှုများ ဖြစ်လာ စေနိုင်ပါသည်။ သို့ဖြစ်၍ သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှား ခြင်းများနှင့် အနားယူခြင်း တို့ဖြင့် သင့်တင့် လျောက် ပတ်စွာ နေထိုင်သွား သင့်သည်ဟု ထောက်ခံချက် ပေးထားကြောင်း၊ ပုံမှန် လေ့ ကျင့်ခန်း လုပ်ခြင်းဖြင့် အဆစ်များ တောင့်တင်း ရောင်ရမ်းမှုမှ ကာကွယ်ကာ ကြွက်သားများ သန်မာစေပြီး အဆစ်ရောင် ရောဂါ သက်သာမှုကို အထောက် အကူ ဖြစ်စေပါသည်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများသည် နာကျင်မှုကို သက်သာစေကာ အဆစ်ရောင် ရောဂါအား သက်သာစေကြောင်း တွေ့ရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...