Tuesday, August 27, 2013

မေ.ဆေးနှင်.ထုံဆေး ၏ ဆိုးကျိုးများ




မေ.ဆေးနှင်.ထုံဆေးတို.ကြောင်.ရရှိတတ်သောဘေးထွက်ဆိုးကျိုးများ
ခွဲစိတ်မှုအတွင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတွေ လျော့ပါးစေဖို့ လူနာတွေကို မေ့ဆေးပေးလေ့ ရှိပါတယ်။ ခွဲစိတ်ချိန်အတွင်း ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာပေါ် မူတည်ပြီး မေ့ဆေး၊ ထုံဆေး အမျိုးအစားကို ရွေးချယ်သုံးလေ့ ရှိကြပါတယ်။ အကြမ်းအားဖြင့် General anesthesia၊ Local anesthesia နဲ့ Regional anesthesia ဆိုပြီး မေ့ဆေး၊ ထုံဆေး အမျိုးအစား သုံးမျိုးရှိပါတယ်။ ဒီမေ့ဆေး ဒါမှမဟုတ် ထုံဆေးတွေကို သုံးရတာကြောင့် လူနာတွေမှာ ယေဘုယျအားဖြင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။

လည်ချောင်းနာခြင်း

လည်ချောင်းနာတာက မေ့ဆေးနဲ့ ထုံဆေးသုံးတာကြောင့် အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လည်ချောင်းနာတာက အသေးအမွှား ပြဿနာဖြစ်ပြီး နှစ်ရက်လောက်ပဲ ခံစားရတတ်ပါတယ်။ လည်ချောင်းနာတာ သက်သာစေဖို့ ငုံဆေးပြားတွေကို ငုံလို့ရပါတယ်။

ပျို့ချင်အန်ချင်ဖြစ်ခြင်း

မေ့ဆေးနဲ့ ထုံဆေးတို့ကြောင့် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေက ပျို့ချင်အန်ချင် ဖြစ်တာနဲ့ ပျို့အန်တာတွေပဲ ဖြစ်ကြပါတယ်။ လူအများစုဟာ ခွဲစိတ်ပြီးချိန်မှာ ပျို့ချင်အန်ချင်တဲ့ ဝေဒနာ ရတတ်ပါတယ်။ အဲဒီအချိန်မှာ အန်တာရပ်သွားစေဖို့ ဆရာဝန်တွေက လူနာကို အအန်ပျောက်ဆေး ပေးလေ့ရှိပါတယ်။

ချမ်းတုန်ခြင်း

မေ့ဆေးနဲ့ ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ တချို့လူတွေက ချမ်းတုန်တဲ့ ဝေဒနာရတတ်ပါတယ်။ ခွဲစိတ်မှု ခံယူတာကြောင့် စိတ်ဖိစီးမှုများကာ လူနာတချို့ဟာ ချမ်းတုန်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ လူနာတွေကို စောင်ခြုံပြီး နွေးနွေးထွေးထွေး နေခိုင်းလေ့ရှိပါတယ်။

သွေးပေါင်ကျခြင်း

မေ့ဆေးနဲ့ ထုံဆေးကြောင့် ရရှိနိုင်တဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးကတော့ သွေးပေါင်ကျတာပဲ ဖြစ်ပါတယ်။ မေ့ဆေးပြယ်ပြီး နိုးလာချိန်မှာ ထိုင်လိုက်ရင် လူနာတချို့ဟာ သွေးပေါင်ကျပြီး မူးဝေတတ်ပါတယ်။ သွေးပေါင်ကျတဲ့အတွက် အမြင်ဝေဝါးတတ်ပါတယ်။

မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်း

မေ့ဆေး၊ ထုံဆေးကြောင့် အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးက အိပ်ငိုက်တာနဲ့ သတိလက်လွတ်ဖြစ်ကာ မူးဝေတာမျိုး ဖြစ်တတ်ပါတယ်။ ခွဲစိတ်ပြီး ၁၅ မိနစ်အတွင်းမှာ မှတ်ဉာဏ်ထိခိုက်ပြီး မေ့တာမျိုးလည်း ယာယီ ဖြစ်တတ်ပါတယ်။

ပုံမှန်မဟုတ်သော ဘေးထွက်ဆိုးကျိုး

လူနာအများစုဟာ တစ်ခါတစ်ရံ ဓာတ်မတည့်မှု ဒါမှမဟုတ် ပုံမှန်ဖြစ်နေကျ မဟုတ်တဲ့ မေ့ဆေး၊ ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတတ်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ မေ့ဆေးနဲ့ ထုံဆေးတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မရရှိစေဖို့အတွက် ခွဲစိတ် ဆရာဝန်ကြီး ပါမောက္ခ ဦးအေးမွန်က “မခွဲစိတ်ခင်မှာ ခါးကို Spinal ဆေးထိုးပေးပါတယ်။ အဲဒဆေးထိုးထားတာကြောင့် ခွဲပြီးစ ၈-၁၀ နာရီအတွင်းမှာ ခေါင်းမထောင်ရပါဘူး။ လှဲအိပ်နေရပါတယ်။ ခေါင်းထောင်လိုက်ရင် ခေါင်းကိုက်ရောဂါ စွဲသွားတတ်ပါတယ်။ အဲဒီအချက်ကိုတော့ ဂရုတစိုက် လိုက်နာပေးသင့်ပါတယ်။ နောက်ရက်တွေမှာ Spinal ဆေးပြယ်သွားရင် ခန္ဓာကိုယ်ကို စောင်းပေးတာ၊ ထိုင်ပေးတာ၊ လမ်းလျှောက် ပေးတာတွေကို လုပ်ပေးရင် ပိုကောင်းပါတယ်။ ဒီလိုလှုပ်ရှားမှုလေးတွေ လုပ်ပေးမှ လေမြန်မြန်လည်မှာပါ။ လေလည်မှ အရည် စသောက်လို့ရမှာ ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဇွန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...