Friday, August 16, 2013

အမေရိကန်ဟာ အီဂျစ်နဲ့ လာမယ့်လမှာ ပြုလုပ်မည့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဖျက်သိမ်းကြောင်း သမ္မတ က ပြောကြားခဲ့ပြီးနောက် အီဂျစ်ပြည်သူများဟာ ခံစားချက်များ ရောထွေးနေ



အမေရိကန်ဟာ အီဂျစ်နဲ့ လာမယ့်လမှာ ပြုလုပ်မည့် ပူးတွဲ စစ်ရေး လေ့ကျင့် မှုကို ဖျက်သိမ်းကြောင်း သမ္မတ ဘားရတ်အိုဘားမားက သြဂုတ် (၁၅) ရက်နေ့က ပြောကြားခဲ့ပြီးတဲ့နောက်မှာ အီဂျစ်ပြည်သူများဟာ ၄င်းအတွက် ခံစားချက်များ ရောထွေးနေကြောင်း သိရပါသည်။ ၀ါရှင်တန်ဟာ အီဂျစ် သို့ နှစ်စဉ် စစ်ရေးအထောက်အပံ့ အဖြစ် (၁.၃) ဘီလီယံနဲ့ စီးပွားရေး အထောက်အပံ့အဖြစ် သန်း (၂၅၀) ခန့် ထောက်ပံ့ပေး လျှက်ရှိပါသည်။ အခုလို အီဂျစ်မှာ စစ်ရေးလေ့ကျင့်မှု ရပ်တန့်လိုက်တာဟာ အိမ်ဖြူတော်က အီဂျစ်ရဲ့ အခြေအနေအတွက် ၄င်းရဲ့ စိတ်မချမ်းမြေ့မှုကို ဖော်ပြ တာလည်း ဖြစ်ပါသည်။ ဒီလို စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့တဲ့အတွက် အီဂျစ်ပြည်သူအချို့က ၀မ်းသာခဲ့သလို အချို့ကတော့ ကွဲပြားတဲ့ အမြင် ရှိနေခဲ့ကြပါသည်။

MRTV

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...