Thursday, May 30, 2013

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင်၏ " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေလ ၂၈ ရက် နံနက်ပိုင်း တွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနား သို့ တက်ရောက်၍ တော်ဝင် ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။

အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့် ဇနီး ၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင် နှင့် ဇနီး တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီးများ နှင့် ဇနီးများ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့် ထက်သို့ ရောက်ရှိ နေရာယူ ကြရာ အခမ်းအနား သို့ တက်ရောက် လာသူ အားလုံးက အရိုအသေပြု နှုတ်ဆက် ကြသည်။ ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တော်ဝင် ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။ ယင်းနောက် သံတမန် အရာရှိက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိတာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက် နိုင်သည် သာမက မြန်မာ - ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး ကို တိုးတက်အောင် မြှင့်တင် ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင် မင်းမြတ် က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မွန်မြတ်သော ဆောင်ရွက်ချက် များကို ချီးကျူး ဂုဏ်ပြုသော အားဖြင့် " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် အား ပေးအပ်ချီးမြှင့် ပါကြောင်း ဖြင့် တော်ဝင် ဘွဲ့တံဆိပ် ခန့်အပ်လွှာ အား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တော်ဝင် ဘွဲ့တံဆိပ် အဆောင် အယောင် တံဆိပ်တို့အား တပ်ဆင် ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။ ဆက်လက်၍ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသည့် ဧည့်ပရိသတ် များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂုဏ်ပြု ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူ ပါကြောင်း ဖြင့် ပြန်လည် ပြောကြား သည်။

ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီးမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ အား စင်မြင့်ထက်သို့ ခေါ်ဆောင်၍ ဂုဏ်ပြု နှုတ်ဆက်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ထိုင်း ဘုရင့် တပ်မတော် မှ အရာရှိ ကြီးများနှင့် ဇနီးများ ၊ အခမ်းအနား တက်ရောက် လာကြသူ များက ဂုဏ်ပြု နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn တို့အား အခမ်းအနား တက်ရောက် လာသူ အားလုံးက သံတမန် အရာရှိ အမိန့်ဖြင့် စင်မြင့် ထက်မှ မထွက်ခွာမီ ဂါရ၀ ပြုကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီး များနှင့် ဇနီးများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် စစ်ရေးပြကွင်း ရှိ အလေးပြုခံ စင်မြင့်တွင် နေရာယူ ကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏ နှုတ်ဆက် အလေးပြုခြင်း ကို ခံယူသည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်း အဖွဲ့က Maharerk သီးချင်းအား တီးမှုတ် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ စစ်ရေးပြကွင်း မှ မော်တော်ယာဉ် ဖြင့် ပြန်လည် ထွက်ခွာ လာရာ ဂုဏ်ပြု တပ်ဖွဲ့က လေးပြု နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...