Saturday, August 17, 2013

ရွှေအိမ်သည်လို မျိုးစောင့်တရား အမေစုမှာ ရှိခဲ့လျှင်

၂၀၁၅ မှာ ဘယ်သူသမ္မတဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေပန်းစားနေတာ ကြာပါပြီ။ ဟိုအကြောင်း ဒီအကြောင်း
ထွေရာလေးပါး စကားများဆိုပါက စိတ်မ၀င်စားခဲ့သော်လည်း အခုလို ကိစ္စမျိုးကိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ဝင်စားမိတာ အမှန်ပါ။ သမ္မတဖြစ်နိုင်တယ်လို့ ရေပန်းစား နေတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေစုလည်း ပါဝင်နေပါတယ်။ အခြားပုဂ္ဂိုလ်ကြီးတွေလည်း ပါတာတော့ ကြားမိပေမယ့် အမေစုကို မယှဉ်နိုင်ဘူးလို့ အသံတွေ ထွက်လာပါတယ်။
အမေစုလို့ သုံးနှုန်းတာဟာ ဘယ်လိုသဘောမျိုးမှမဟုတ်ဘဲ ကိုယ့်အမေအရွယ်မို့လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ ၂၀၁၅ မှာ အမေစုကို သမ္မတဖြစ်စေချင်သူတွေကလည်း အများကြီးရှိပါတယ်။ အမေစု သမ္မတဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရမယ်လို့ အမျိုးမျိုးသော လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု တွေ ကိုလည်း ကြားနေရပါတယ်။ ကျွန်တော်ထင်တာက လက်ရှိ ဖွဲ့စည်းပုံအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရင်ရော အမေစု သမ္မတ မဖြစ်နိုင်
ဘူးလားပေါ့။ နိုင်ငံရေးအကြောင်း နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပြလိုက်
တော့မှ အဖြေက ရှင်းသွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားလို့ လက်ရှိဖွဲ့စည်းပုံ အတိုင်းဆိုရင် သမ္မတမဖြစ်နိုင်လို့ ပြင်ခိုင်းနေတာပေါ့လို့ပြောပြခဲ့ပါတယ်။
အဲဒီစကားကြားလိုက်တော့ ကျွန်တော်အတွေးထဲမှာ အမေစုသာ
မြန်မာနိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ခိုင်းဖို့
ပြောစရာမလိုဘဲ အလိုအလျောက် ပြည်သူတင်မြှောက်တဲ့ ၂၀၁၅ သမ္မတဖြစ်ခွင့်ရမှာ သေချာပါတယ်။ ဒါပေမယ့် အမေစုရယ်… နိုင်ငံခြားသား
ကိုလက်ထပ်မိလို့ သမ္မတဖြစ်ခွင့်မရခဲ့ရင်လဲ စိတ်ထိခိုက် မနေပါနဲ့။ ကိုယ်ကိုယ်တိုင် ပြန်ပြင်လို့မရတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့လို့
သား (၂) ယောက်တောင် ရနေပြီ မို့လား။

အမေစုကို ရွှေအိမ်သည်ဆိုတဲ့ မင်းသမီးလေးလို မျိုးစောင့်တရားရှိခဲ့လျှင်ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိပါတယ်။ ရွှေအိမ်သည်ကိုတော့ နိုဘယ်ဆုရှင် အမေစု သိမယ်ထင်ပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ သမီး ပုဂံနှင်းဆီလို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ပုဂံပြည်ရဲ့ အနာဂတ် အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မင်းသမီး တစ်ပါးဖြစ်ပါတယ်။ ရွှေအိမ်သည် မင်းသမီးလေးရဲ့ မျိုးစောင့်တရားထိန်းသိမ်းခဲ့ပုံလေးကို သမိုင်းကြောင်းထဲက အတိုင်း ပြန်သတိရစေဖို့ ပြောပြချင်ပါတယ်။

ပုဂံဧကရာဇ် နိုင်ငံတော်ရဲ့ အရှင်သခင် ကျန်စစ်သားမင်းကြီးဟာ သမီးတော်
ရွှေအိမ်သည်နဲ့ ပဋိက္ခရားကုလား မင်းသားတို့ ချစ်ကြိုက်နေတာကို တစ်နေ့တော့ သိသွားတယ်။ အဲဒီလို သိသွားတဲ့ နောက်ပိုင်း ညီလာခံ သဘင်မှာ သမီးတော်လေးရဲ့ ချစ်ရေးချစ်ရာကိစ္စကို ပွင့်ပွင့်လင်းလင်း
ပြောပြပြီး မှူးကြီး မတ်ရာတွေနဲ့ တိုင်ပင်တယ်။ ကျန်စစ်သားမင်းကြီးကို မှူးမတ်တွေက ဘယ်လိုလျှောက်တင်ခဲ့သလဲဆိုတော့ “ မှန်လှပါမင်းကြီး …. ရွှေအိမ်သည် မင်းသမီးလေးကို ပဋိက္ခရား ကုလားမင်းသားနဲ့ လက်ထပ်ထိမ်းမြှားပေးမယ်ဆိုရင် ပုဂံနေပြည်တော်ဟာ နောင် အရှည်မှာ ကုလားပြည်ဖြစ်တော့မယ် ” လို့ လျှောက်တင်ခဲ့ကြပါတယ်။
ဒီတော့ ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်သည်ကို ပဋိက္ခရား ကုလားမင်းသားနဲ့ မပေးစားခဲ့ပါဘူး။ ရွှေအိမ်သည် မင်းသမီးလေးကလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အဿဝတီဓမ္မ ၏ သား၊ နာဂသမန်း ဆိုတဲ့ ကိုယ့်နိုင်ငံသားကိုပဲ သဘောတူ ကြည်ဖြူစွာ လက်ထပ်ခဲ့တယ်၊

နောက်ပိုင်းမှာ အလောင်းစည်သူ အလောင်းအလျာကို မွေးဖွားခဲ့တယ်။ ယနေ့အချိန်ထိ ပုဂံပြည်ဟာ စေတီပုထိုး ဂူအမျိုးမျိုးနဲ့ မြန်မာ့ ယဉ်ကျေးမှု ဗိသုကာ မြို့တော်အဖြစ် နောင်သားစဉ်မြေးဆက်တိုင်အောင် ဂုဏ်ယူ
ဝင့်ကြွားနေရဆဲပဲ ဖြစ်ပါတယ်။ အကယ်၍ ရွှေအိမ်သည် မင်းသမီးသာ ပဋိက္ခရားနဲ့ လက်ထပ်ခဲ့ရင် ပုဂံပြည်ရဲ့ စေတီဘုရားတွေနေရာမှာ ဗလီတွေ များနေရာယူနေပြီလား မပြောတတ်ပါ။

ဒီဘက်ခေတ် မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးနေတယ်လို့
မြန်မာပြည်သူပြည်သားတွေ လေးစားအားကျနေရတဲ့ အမေစုကတော့ ထိုအခွင့်အရေးမျိုး ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို ကောင်းရင်းလည်းစံ၊ မကောင်းရင်လည်း ခံရမယ့်အခြေအနေမျိုး
ဖြစ်ပါတယ်။ သမ္မတလုပ်ချင်ပါတယ်လို့ တစာစာ ပြောနေပေမယ့် အမေစုက မြန်မာပြည်သူပြည်သားတွေ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ
ကိုတော့ အလေးအနက်ထားပုံ မပေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၉၆၉၊ မျိုးစောင့်ဥပဒေတွေကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေ တက်တက်ကြွကြွ လှုပ်ရှားနေချိန်မှာ အမေစု နှုတ်ဆိတ်နေခဲ့တယ်။

ပြီးတော့အမေစုဟာ နိုင်ငံခြားသားကိုလက်ထပ်ပြီး နိုင်ငံခြားမှာနေလာခဲ့လို့လားတော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံ သားတွေအပေါ်မှာလည်း သံယောဇဉ်ရှိပုံမပြဘူး။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂါလီ ရုန်းရင်းဆန်ခတ်မှု တွေဖြစ်တုန်းက အမေစုက ဘင်္ဂါလီတွေဘက်ကိုသာ စာနာသနားကြောင်း စကားတွေပြောခဲ့ပြီး ရခိုင်လူမျိုးတွေ အတွက် စိတ်မကောင်းဖြစ်တဲ့ စကားတစ်ခွန်းမှ မပြောခဲ့ဖူးပါဘူး။ ကုလသမဂ္ဂ က စေလွှတ်လိုက်တဲ့ သောမတ်စ် ကင်တားနားက ဘင်္ဂါလီတွေဘက်ကနေ တစ်ဖက်သတ်ပြောဆိုပေးပြီး ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြပေးခဲ့တာ
တောင် အမေစုက မြန်မာနိုင်ငံသား ရခိုင်လူမျိုးတွေအတွက် တစ်ခွန်းမှ မဟခဲ့ဘူး။ တကယ်လို့ အမေစုသာ သမ္မတ ဖြစ်ခဲ့ရင် ဘင်္ဂါလီတွေကို
မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နေထိုင်ခွင့်ပေးမှာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။

အမေစုဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သူ မဟုတ်တဲ့အတွက် သမ္မတ ဖြစ်လာခဲ့ လျှင် မြန်မာနိုင်ငံထဲမှာ အမေစုရဲ့ အစွယ်အပွားတွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။ အခု အမေစုက အင်္ဂလိပ်နဲ့ ယူတာတောင် သမ္မတဖြစ်ခွင့်ရတယ်ဆိုလျှင် အနာဂတ်မြန်မာ
နိုင်ငံတော်ရဲ့ သမ္မတတွေဟာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးတွေ
နဲ့ လက်ထပ်တဲ့ ဘယ်ယောင်္ကျား၊ မိန်းမ မဆို သမ္မတဖြစ်နိုင်တယ် ဆိုတဲ့ အခွင့်အရေးတွေ ရရှိသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား စစ်စစ် သမ္မတကို မီးခွက်နဲ့ ထွန်းပြီး ရှာရမယ့် ကိန်းဆိုက်ပါလိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မှ အမေစု သမ္မတဖြစ်မယ်ဆိုရင်
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မထောက်ခံနိုင်ဘူးလို့ဘဲ ပွင့်ပွင့်
လင်းလင်း ပြောချင်ပါတယ်။

အထက်မှာ ပြောခဲ့သလို အမေစုဟာ နိုင်ငံခြားသားကို ယူခဲ့တဲ့အတွက် သမ္မတမဖြစ်ထိုက်ပါဘူး။ အဲဒီ အမည်းစက်ကို ဖျောက်ဖျက်ဖို့ အခြေခံ ဥပဒေထဲက အချက်ကို ရွေးပြီး ပြင်ဆင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သားစဉ်
မြေးဆက်အတွက် ရင်လေးစရာ အဖြစ်မျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အမေစုကို တစ်ခုပဲ ပြောချင်ပါတယ်။ ဘယ်သူမပြု မိမိမှုလို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ပါ။ မဆိုင်တဲ့အကြောင်း အရာတွေကို ခုတုံးလုပ်ပြီး ကိုယ့်အရိပ်
မဲကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ အမေစုသာ ရွှေအိမ်သည် မင်းသမီးလို မျိုးစောင့်တရားရှိခဲ့လျှင်၂၀၁၅ မှာ ပြိုင်ဘက်မရှိ သမ္မတဖြစ်ခွင့်ရနိုင်ပါတယ် ။ အခုတော့ …. ။

အောင်ချေ(စစ်တွေ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...