Saturday, August 17, 2013

မိမိဇနီးအား အိပ်နေစဉ်သေဆုံးသွားမှာစိုး၍ မိနစ် ၄၀ တခါနှိုးသူ


တရုတ်နိုင်ငံ ကွေ့ယန်းမြို့ရှိ အမျိုးသား တစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူ လျိုချန်း အိပ်ပျော်နေရင်း သေဆုံး မည်ကို စိုးရိမ်သောကြောင့် မိနစ် ၄ဝ ကြာတိုင်း သူမအား နှိုးရလျက် ရှိသည်ဟု အင်တာနက် သတင်း

တစ်ရပ်အရ သိရသည်။ အဆိုပါ အမျိုးသား၏ အမည်မှာ ကျန်းကော့ချင် ဖြစ်ပြီး ၎င်း၏ဇနီး လျိုချန်းသည် လွန်ခဲ့သော နှစ်နှစ် အတွင်းက မတော်တဆ ဖြစ်ပွားခဲ့ရာမှ ဦးခေါင်းတွင် ဒဏ်ရာ ပြင်း ထန်စွာ ရရှိခဲ့ပြီး နောက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦး၏ အသိဥာဏ်မျှသာ ရှိတော့သည်။

ထို့အပြင် သူမသည် တစ်နာရီ ကျော်ကြာ နှစ်ခြိုက်စွာ အိပ်မော ကျမိပါက ပြန်လည် နိုးထ နိုင်တော့ မည် မဟုတ်ဘဲ သေဆုံးနိုင် ဖွယ် ရှိဟု ဆရာဝန်များက သူမ၏ ခင်ပွန်းဖြစ်သူ ကျန်းအား အသိပေး ပြောကြားခဲ့သည်။ ထို့ကြောင့် ကျန်းသည် ဇနီးဖြစ်သူ လျိုချန်းအား ၎င်း အလုပ်လုပ်သည့် နေရာနှင့် သွား သည့် နေရာတိုင်းသို့ ခေါ်ဆောင် သွားလေ့ရှိပြီး သူမကို အချိန်ကြာ အိပ်မောကျမှု မရှိစေရန် နှိုးလေ့ရှိသည့် အပြင် ဇနီး၏ ခွဲစိတ်ကုသမှု စရိတ်အတွက် စုဆောင်းရန် အလုပ်ကို အပြင်းအထန် ကြိုးပမ်း လုပ်ကိုင်လျက် ရှိသည်။ ထို့ပြင် မေတ္တာ ကြီးမားသော ကျန်းသည် ဇနီးကို နှိုးနိုင်ရန် အတွက် တစ်ညတာလုံး နှိုးစက် ဖွင့်ထားလေ့ ရှိသည်ဟု သိရ သည်။

Express

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...