Tuesday, September 10, 2013

computer အသုံးပြုရာတွင်သိသင့်သည့်အချက်များ



ကျွန်တော်တို့ TRC အနေနဲ့ IT ဗဟုသုတများကိုမျှဝေတဲ့နေရာမှာ အခုတစ်ခါပြောချင်တဲ့အကြောင်းအရာ ကတော့ကျွန်တော်တို့ တွေဟာ နေ့ စဉ်လုပ်ငန်းခွင်ဝင်ကြရပါတယ်။ ခုဆိုရင်လုပ်ငန်းတော်တော်များများ ဟာလည်း computer အသုံးပြုလာကြပြီဖြစ်သလိုမိမိတို့ ရဲ့ ကိုယ်ရေးကိုယ်တာ၊စီးပွားရေးအစရှိတဲ့ အကြောင်းအမျိုးမျိုးနဲ့ computer အသုံးပြုနေကြတာလည်းရှိပါတယ်။ဆိုလိုရရင်တော့ကွန်ပျူတာကို အသုံး များလာသလို အထိုင်များလို့ အညောင်းမိတာတို့ ၊ ဇက်ကြောတက်တာတို့ နောက်မျက်မှန်တပ်ရတာတို့ မျက်စိကြည့်ရတာမကောင်းဘူးတို့ လည်းဖြစ်ဖူးချင်ဖြစ်ဖူးကြမှာပါ။

ဒီတော့ကျွန်တော်တို့ အနေနဲ့ ကွန်ပျူတာကိုမှန်မှန်ကန်ကန်အသုံးပြုစေလိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဒါလေးကို အကြံပြုချက်အနေနဲ့ ရေးသားလိုက်ရပါတယ်။



နံပါတ်(၁) computer ခုံမှာနေရာယူခြင်း

မထူးဆန်းတဲ့အကြောင်းအရာလို့ ထင်ရပေမယ့်ခါးညောင်းတာတို့ ဇက်ကြောတက်တာတို့ နောက်ကျီးပေါင်း ရောဂါတို့ ဖြစ်စေနိုင်တဲ့အထဲမှာကွန်ပျူတာရှေ့ မှာထိုင်တာလည်းပါပါလိမ့်မယ်။


Right Position ဖြစ်ပြီလား ? ဒီပုံထဲမှာ Right position အတွက်အထောက်အကူဖြစ်စေမယ့်အချက်လေး တွေပါတယ်နော်။ခါးကိုမတ်မတ်ထားပြီးမျက်လုံးက monitor ကိုဘယ်လိုကြည့်ရမယ်…လက်ကဘယ်လို ထားရမလဲ….ဒါတွေကိုမြင်နိုင်ပါတယ်။

နံပါတ်(၂) လက်အထားအသိုနေရာမှန်ခြင်း

လက်အထားအသိုမမှန်လို့ ကတော့ လက်ကောက်ဝတ်နာခြင်း၊လက်ဖနောင့်နာခြင်းနဲ့ လက်ကအကြော လေးတွေဒုက္ခရောက်ပါလိမ့်မယ်။ keyboard ကိုင်တာပဲဖြစ်ဖြစ်…mouse ကိုင်တာပဲဖြစ်ဖြစ်မှာ လက်က ဒုက္ခရောက်နိုင်ခြေရှိတတ်ပါတယ်။


ဒီပုံလေးကတော့စားပွဲပေါ်မှာ keyboard ကိုမှန်ကန်စွာကိုင်တွယ်နည်းပါ။ တစ်ခါတည်း keyboard လက်ကွက် ကိုင်နည်းကိုပါပြပေးလိုက်ပါတယ်။ ( Typing လက်ကွက်ကိုမှန်မှန်နဲ့ ရိုက်စေလိုပါတယ်။)


ဒါကလက်ကွက်အမှန်ဖြစ်ပါတယ်။ ဘယ်ဘက်လက်က A,S,D,F ဖြစ်ပြီး ညာဘက်လက်က J,K,L, ; ဖြစ်ပါတယ်။ လက်ချောင်းတစ်ချောင်းချင်းစီအပေါ်တက်၊အောက်ဆင်းအားဖြင့် စာလုံးလေးတွေကိုရိုက်ရတာ ဖြစ်ပြီးတော့ နိုင်ငံတကာမှာတော့ 60 wpm ( words per minutes) စာလုံးရေ ၆၀ ကိုစံအဖြစ်သတ်မှတ် ပါတယ်။ ဆရာကိုဇော်လင်း ပြောသလို “ ဖြစ်ချင်တာကတော့ Network Administrator ကြီး…typing ကို တစ်ချောင်းချင်းစီရိုက်နေတာနဲ့ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ” ဆိုတာလေးကိုသတိရမိမယ်။ typing ကတော့ computer ရဲ့ အခြေခံအကျဆုံးဖြစ်ပါတယ်။ဒီအခြေခံအကျဆုံးကို မှန်ကန်စွာနဲ့ ရမှသာလျှင် computer ကိုတကယ်နားလည်နိုင်မှာဖြစ်လို့ ဒါလေးကို အကြံပြုချက်အနေနဲ့ ကြားဖြတ်ရေးလိုက်ပါတယ်။


A,S,D,F,J,K,L, ; ကနေလက်ချောင်းတစ်ချောင်းချင်းစီအပေါ်တက်အောက်ဆင်း ရိုက်ရမည့်အနေအထားပါ


ပြီးတော့လက်အနေအထားကလည်း


ဒါကမှားယွင်းတဲ့လက်အထားအသိုပုံစံဖြစ်ပါတယ်…လက်အံသေတာတို့ လက်ကအကြောလေးတွေနာစေပါတယ်..


မှန်ကန်တဲ့လက်ထားသိုပုံက


မှန်ကန်တဲ့လက်ထားသိုပုံပါ


နောက်ဆုံးထိုင်ပုံထိုင်နည်း

ဟဲ…ဟဲ..ထိုင်နည်းမမှန်လို့ ကတော့ခါးနာခြင်း၊ခါးကိုက်ခြင်းနဲ့ ဇက်ကြောထိုးခြင်းများဖြစ်မှာမလွဲဗျို့ ..ဒီတော့ထိုင်ပုံထိုင်နည်းမှန်ဖို့ အရေးကြီးတယ်ဗျ။ပြီးတော့ပြီးခဲ့တဲ့ အချက်တွေအားလုံးကိုပြန်စုစည်းပြီး
ဒီမှာတစ်ပေါင်းတည်းတင်ပြလိုက်မယ်ဗျာ။


ခါးက 90 ဒီဂရီမတ်မတ်နဲ့ ကျောနောက်မှာအမှီတစ်ခုခုရှိပါမယ်။ လက်မောင်းတွေက relex ဖြစ်ရပါမယ်။ မော်နီတာနဲ့ မျက်လုံးအကွာအဝေးက (၁၈ လက်မကနေ ၂၈ လက်မ) ကြားထဲရှိရပါမယ်။ ပြီးတော့ကိုယ် ဟန်အနေအထားကလည်းအထက်ကပုံအတိုင်းဆိုရင်တော့ computer ကြာကြာကြည့်တဲ့အတွက် ဖြစ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာထိခိုက်မှုတွေကိုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ပါလိမ့်မယ်။

အဲ.အရေးအကြီးဆုံးကတော့ လူကအညောင်းမမိပါစေနဲ့ ။ ကြာကြာသုံးမယ်ဆိုရင် နာရီဝက်တစ်ခါလောက် ခြေဆန့် လက်ဆန့် အညောင်းပြေအညာပြေလမ်းလေးဘာလေးလျှောက်ပေးပါ။

အားလုံးပဲအဆင်ပြေကြပါစေဗျာ။

1 comments:

wihh nice info, saya pengunjung setia web anda
kunjung balik, di web kami banyak penawaran dan tips tentang kesehatan
Ada artikel menarik tentang obat tradisional yang mampu menyembuhkan penyakit berat, cek yuk
Obat Tradisional Kista Ganglion

Post a Comment

Related Posts Plugin for WordPress, Blogger...