Wednesday, August 28, 2013

ကုလားမိသားစုရဲ့ လိင်ကျေးကျွန်ပြုခံရပြီး အသက်သေဆုံးခဲ့ရတဲ့ ဆယ်ကျော်သက်ကရင်မလေးရဲ့ ဘ၀ဆိုး



ပန်းတနော်မှာ ဘာသာရေးတင်းမာမှုဖြစ်စေတဲ့ အကြောင်းရင်းကို ကိုနေမျိုးဇင် facebook မှာတွေ့လို့ပြန်ရှယ်ပါတယ်။ ၉၆၉ တရားခွေဖွင့်တာက ပြဿနာကို အစပြုစေတဲ့အကြောင်းရင်းမဟုတ်ဘူး။ တကယ့်အကြောင်းရင်းက ကုလားအိမ်မှာ အိမ်ဖော်လုပ်တဲ့ အသက် ၁၆နှစ်သာရှိသေးတဲ့ ကရင်တိုင်းရင်းသူလေးကို ကုလားအဖေနဲ့ သား၃ဦးက တစ်လှည့်ဆီ မုဒိမ်းအကြိမ်ကြိမ်ကျင့်ပြီး လိင်ကျေးကျွန်ပြုခဲ့တယ်။ ကိုယ်ဝန်ရလာတော့ ဖျက်ချပစ်ရာကနေ ကလေးမလေး အသက်ဆုံးသွားရာကနေ ဒေသခံတွေကနေ ကုလားမုဒိမ်းကောင်တွေကို ရွံရှာစက်ဆုပ်လာပြီး ခုလို တင်းမာမှုတွေဖြစ်လာတာပါ။ အဓိကရုဏ်းတွေဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာမသိရင်တော့ ဗုဒ္ဓဘာသာတွေကပဲ သဘောထားတင်းမာနေသလို အစွန်းရောက်နေသလိုပေါ့ ။
ဒီလောက် စိတ်ထားနူးညံ့ပျော့ပျောင်းပြီး ကိုယ့်နိုင်ငံကို ကျူးကျော်တဲ့ ဖက်ဆစ်ဂျပန်ကိုတောင် အသက်ကယ်နိုင်တဲ့ မြန်မာလူမျိုးတွေ ကုလားကို မုန်းတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ခုလို UN လိုအဖွဲ့တွေ နိုင်ငံတကာမီဒီယာတွေ ပြည်တွင်းနိုင်ငံရေးခေါင်းဆောင်တွေကပါ မသိတဲ့ သိပေမဲ့ စောက်ဂရုမစိုက်တဲ့ မီးပွားသေးသေးလေးတွေ စုလာလို့ပါ။

သံဃာတော်တွေ ဘုန်းကြီးအလုပ်ပဲ လုပ်ပြီး အေးအေးမနေနိုင်ဘဲ လူတွေအရေးကို အဆဲအဆိုအပြစ်တင်ခံပြီး ခုလိုပါဝင်နေကြတာ
လူမသိသူမသိနဲ့ခုလို အဖျက်စီးအစော်ကားခံနေရတဲ့ မြန်မာမတွေရဲ့ ဘ၀တွေကို သိနေလို့ပါ။

မြန်မာပြည်မှာဖြစ်ခဲ့ရတဲ့ ဘာသာရေး အဓိကရုဏ်းအားလုံးနီးပါးဟာ လူနည်းစု မွတ်ဆလင်တွေ -ီးသရမ်းပြီး မြန်မာမိန်းကလေးတွေကို စော်ကားတာကနေ အစပြုခဲ့တာပါဆိုရင် ဘယ်သူငြင်းနိုင်မလဲ?

ဒီကုလားမိသားစုက အသက်မပြည့်သေးတဲ့ ကရင်မလေးကို အကြိမ်ကြိမ်မုဒိမ်းကျင့်ပြီး လိင်ကျေးကျွန်ပြုတာကိုရော ၉၆၉ လက်ချက်၊ အစိုးရလက်ချက် ပြောချင်ကြသေးလား?

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
=================================

Nay Myo Zin

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း လှုံ့ဆော်မှုများ မဖြစ်ပွားအောင် ထိန်းသိမ်းရန် အရေးတကြီး တိုက်တွန်းနှိုးဆော်ခြင်း
==========================================

ဖြစ်စဉ်များကို မတင်ပြမှီ မိမိတို့ မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်သည် ဘာသာရေး အသွင်သဏ္ဍာန်ဆောင်သော ရန်လို မုန်းပွား အဓိကရုဏ်းဖြစ်မှုများကို မလိုလားပါကြောင်း။

တည်ငြိမ်စွာဖြင့်ပင် ဖြစ်စဉ်အပေါ်ကို အမှန် အတိုင်း သုံးသပ်ချက် ကောက်နှုတ်၊ ဥပဒေပါ အတိုင်း ထိရောက်စွာ အရေးယူပြီး နောက် ယခုကဲ့သို့ အလားတူ အဖြစ်ဆိုးမျိုး ထပ်မံ ပေါ်ပေါက်မလာရန် ဘယ်လို ကာကွယ် ထိန်းသိမ်းမလဲ ဟုသာ တွေးဆစေလို ပြင်ဆင်စေလိုသည့် စေတနာဖြင့် တင်ပြခြင်းဖြစ်သည်။
မည်သည့် ဘက်မျှ ဘက်မလိုက်ပဲ ဒေသခံ လူထုမှ ဆက်သွယ် သတင်းပေးပို့လာသောကြောင့် ယနေ့ ကြားသိရသည့် ဖြစ်စဉ်ကိုသာ တင်ပြခြင်းဖြစ်ပါသည်။

ယခု ရက်ပိုင်း အတွင်း ဧရာဝတီတိုင်း ပန်းတနော်မြို့ တွင် လူမျိုးရေး အသွင် သဏ္ဍာန်ဆောင်သော ရန်စောင်မှု ၊ ၇န်လိုမှုနှင့် တရားစီရင်ရေး ဥပဒေ စိုးမိုးရေး ထိခိုက်ပျက်ပြားစေမည့် လှုပ်ရှားမှု တချို့ ဖြစ်ပွားခဲ့ကြောင်း ကြားသိရပါသည်။

အထူးသဖြင့် လွန်ခဲ့သော သုံးပတ်ခန့်က ဖြစ်ပွားခဲ့သော တိုင်း၇င်းသူ တဦး လူမျိုးခြား မိသားတစု လက်ချက်ဖြင့် ကိုယ်ဝန်ပျက်သေဆုံးခဲ့ရသည့် ဖြစ်စဉ် အပေါ် မကျေနပ်သော ဒေသခံ ပြည်သူလူထု အကြား ရန်မီးပွားလာခြင်းဖြစ်ပါသည်။

ယခုလို ဘာသာရေး လူမျိုးရေးကို အခြေခံသော လူထု အတွင်း မကျေနပ်မှုများဖြစ်ပွားလာသည်မှာ သုံးပတ်ခန့်ရှိပြီ ဟု ဒေသခံ တို့က ဆိုသည်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ဇရပ်လှ ကျေးရွာတွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင် ကုလားလူမျိုး ကုန်စုံဆိုင်ရောင်းချသည် မိသားစု တစု၏ ( အဖေ နှင့် သားများ သုံးဦး တလှည့်စီက ) က သူတို့ အိမ်တွင် အိမ်အကူ အဖြစ် ငှားရမ်းထားသော ( အလုပ်လုပ်နေသည်မှာ သုံးနှစ်ခန့် ရှိပြီဆိုသောကြောင့် ၁၃ နှစ် အရွယ်ခန့်ကပင် ခိုင်းစေလာခဲ့သည့် ) ကရင်တိုင်းရင်းသူ အသက် ၁၆ နှစ်ခန့် မိန်းမပျိုအား အိမ်တွင် ပိတ်ထားပြီး လူမဆန်စွာ မုဒိမ်းအခါခါ ကျင့်ခဲ့ကြသည်ဟု ဆိုသည်။

အမျိုးသမီးငယ်လေး ကိုယ်ဝန် ရသွားသော အခါ ထို ကုလားလူမျိုး၏ ဇနီး ရှကီလာ ဆိုသူက ကိုယ်ဝန်လွယ်ထားရသူ အိမ်ဖေါ်အသက်မပြည့်သေးသူ ကလေးမကို ရန်ကုန်သို့ ခေါ်သွားပြိး ကိုယ်ဝန်ဖျက်ချခဲ့သည်။

သန္ဓေသား ကို အရည်ဖျော်ချပြီး ဖျက်ဆီးပစ်ခဲ့သော်လည်း အရိုးစုနှင့် ဦးခေါင်းတို့မှာ အရည်မပျော်ပဲ သားအိမ်တွင် ကျန်ရစ်ရာမှ အပုပ်ဆန်ကာ နာမကျန်းဖြစ်လာခဲ့သည်။ သို့နှင့် ထို အိမ်ဖေါ်မလေးကို ပန်းတနော် မြို့နယ် သရက်ငူ ကျေးရွာ ရှိ သူတို့ အိမ်သို့ ပြန်ခေါ်လာပြိး အိမ်တွင်းတွင်ပင် ထိန်းချုပ်ကာ ကြိတ်ပြီး ဆေးကုသစေသည်။

လူမသိ သူမသိ ဆေးကုသရင်း ရောဂါ ပြင်းထန်လာပြီး ထို အိမ်ဖေါ်မိန်းကလေး အသက် (၁၅နှစ်ကျော်ခန့် ) သည့် သေဆုံးခဲ့ရသည်။

သို့နှင့် ထို ကုလား မိသားစုက အလောင်းက မီးသဂြိုဟ်ရန် ကြိုးစားနေချိန်တွင် ထိုသေဆုံးသူနှင့် အတူနေသူ အိမ်ဖေါ်မလေးက ငိုယိုပြီး သူ့သူငယ်ချင်းအား မုဒိန်းကျင့်ခံရပုံ၊ ဖျက်ချကြပုံ၊ အခု သေတော့ မီးရှို့ရန် လုပ်ကြပုံများကို ငိုငို ပြောပြကြမှ ပတ်ဝန်းကျင်နေ မြန်မာများ သံဃာတော်များ ကရင်တိုင်း၇င်းသားများက အလောင်း မီးရှို့ခွင့် မပေးပဲ ဆေးရုံသို့သယ်ဆောင် ရင်ခွဲ စစ်ဆေးသော အခါမှ မုဒိမ်းကျင့် ကိုယ်ဝန်ဖျက်ချ လူသေ အလောင်းဖျောက်မည့် လူမဆန်သော ၇ာဇ၀တ်မှုကြီး ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားရာ ဇရပ်လှ ကျေးရွာ ကို အုပ်ချုပ်ရသူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူး ထွန်းထွန်း ( ကျနော့်အား ပန်းတနော်မြို့နယ် အောက်ကန်ဇင်းတောကျေးရွာတွင် လူထုအား စကားပြောမှု ရဲကို အကြည်ညိုဖျက်စေမှုဖြင့် တရားစွဲ ထောင်ချခဲ့သူ ရဲအုပ် ထွန်းထွန်း) က ကုလားများမှ အဆိုပါ အလောင်းကို မီးရှို့ရေးအတွက် တွန်းအားပေးရာတွင် ပါဝင်သောကြောင့် ဒေသခံ တို့ အကြား ပြည်သူ့ဘက်ကို မရပ်တည်သော ဥပဒေ ဘက်တော်သားများ လုပ်ရပ်ကြောင့် မကျေနပ်မှုကို ပိုမို ဆိုးဝါးလာခဲ့သည်။

ယင်းသို့ဖြစ်ပွားခဲ့ပြိးနောက် တရားစိရင်ရေးမဏ္ဍိုင်ဘက်က ဒေသခံ လူထု အရှေ့မှောက် တွင် ပွင့်လင်းမြင်သာစွာ စစ်မေး စီရင်ခြင်း မပြုပဲ။ လူသေမှု ဖြင့်သာ အမှုဖွင့် ခဲ့သည်ဟု ကြားသိရသည့် အတွက် ဒေသခံ လူထုက ပိုမို ဒေါသထွက်ခဲ့ကြကြောင်း။
=========================================
အထက်ပါ ဖြစ်စဉ်ပါ အကြောင်းအရာများမှာ ပန်းတနော် ဒေသခံ လူထုမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည့် အခြေအနေများကို စုစည်း တင်ပြခဲ့ခြင်းဖြစ်ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာက ထိရောက်စွာ ဆောင်ရွက် ကာကွယ်မှု များ ထိုက်သင့်သလောက် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသော်လည်း လူထု အကျိုး ရှေးရှုသည့် ဖေါ်ထုတ်ချက်၊ ဘာသာရေး အသွင်ဆောင်လာနိုင်သည့် အရေးကို ကြိုတင်ကာကွယ်သော ရှင်းလင်းပြဆိုမှုများ ပြုလုပ်ရန် အားနည်းခဲ့သည်ဟု လူထုက သုံးသပ်သည်။

ယခု ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို တရားဥပဒေ အရာ တိကျစွာ ဖေါ်ထုတ် အရေးယူမည်ဆိုပါလျင် ကိုယ်ဝန်သည် မိန်းမ သဘောမတူပဲ ပဋိသန္ဓေဖျက်ချမှု ပုဒ်မ ၃၁၃ အရ အနည်းဆုံး ထောင်ဒါဏ် တသက်တကျွန်း ၊ ဆေးကုသခွင့် မပေးပဲ သေဆုံးသွားစေမှု လူသေမှု ပုဒ်မ. ၃၁၂(ဃ) သေဆုံးသွားသည့် အတွက် ဆယ်နှစ်အထိ ထောင်ဒါဏ်ချမှတ်နိုင်သည်။

လှုပ်ရှားအသက်ရှင်နေဆဲ ၀မ်းတွင်း ကလေးကို သေစေခြင်း ပုဒ်မ ၃၁၆ အရ ကလေးကို သေစေတဲ့ အတွက် ထိုက်သင့်မည့်ပြစ်ဒါဏ်က အနည်းဆုံး ထောင်ဒါဏ် ဆယ်နှစ်။

ကိုယ်ဝန်သည်ကို သေစေမှု ၃၀၄ (က) ၊ ဖျက်ချပေးသော ဆရာဝန်ကိုပါ အရေးယူရမည်ဖြစ်ကြောင်း ဒေသခံ လူထုကို အသိပေးပြီး တရားဥပဒေစိုးမိုးမှုကို တိကျစွာ အကောင်အထည်ဖေါ်ရမည်ဖြစ်ပါသည်။

ယခုကဲ့သို့ လူသား မဆန်သော ရာဇ၀တ်မှုကြီးမျိုးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးမှာ မစစ်ဆေးရပဲ ။ ခရိုင် တရားရုံးတွင်သာ လူထု ရှေ့မှောက် စစ်ဆေး စိရင်ရမည်ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ရန် တာဝန်ရှိသည့် တရားရုံးတော်နှင့် တရားစီရင်ရေး စနစ်ကို ဒေသခံ ပြည်သူလထုက အယုံကြည် ကင်းမဲ့ခြင်းသည်လည်း ရပ်ရွာ မငြိမ် မသက်မှုကို ဖြစ်စေသော အဓိက အကြောင်းအရာဖြစ်သည်။

တရားစီရင်ရေး မဏ္ဍိုင်နှင့် လုံခြုံရေး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး များစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည့် ပန်းတနော် ဒေသ အကြောင်း မိမိတို့ များစွာ တင်ပြခဲ့ဖူးပါသည်။

သို့သော်လည်း သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်း ကို မတွေ့ရှိရပါ။

ယခု ဖြစ်ပေါ်နေသော အခြေအနေများသည့် ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သည့် ဖြစ်စဉ်များဖြစ်သောကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးကို သာ ဆောင်ရွက်နေသည့် မိမိတို့ ကွန်ယက်က မိမိတို့ တောင်သူလယ်သမား ရေလုပ်သား သမဂ္ဂအဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး မလိုလားအပ်သည့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရန် ဆူပူမှုများ မဖြစ်ပေါ်စေရန် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

သို့သော်လည်း ပြည်သူ့ အကြား တည်ငြိမ်အေးချမ်းမှု ရရန် မှာ လူထု မျှော်လင့်သော တရားရေး မဏ္ဍိုင် အုပ်ချုပ်ရေး စနစ်သို့ ရှေးရှုသော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပေးမှ ဖြစ်ပေမည်။

သို့ကြောင့် လက်ရှိအားဖြင့် မတရားဖမ်းဆီးထားဆဲဖြစ်သော ရေလုပ်သား ၂၄ ဦး အမှုပိတ်သိမ်းပြီးသည့်တိုင် ဆက်လက် ဖမ်းဆီးထားခြင်း၊ အခြားသော ဧရာဝတီတိုင်း တိုင်းလုံးတွင် လယ်သမား ရေလုပ်သားပေါင်းများစွာကို ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲဆို ရုံးချိန်းများဖြင့် ငွေကုန်ကြေးကျ ဖိစီးနေစေခြင်း စသည့် အကြောင်းများ၊ လူထု မကြည်ညို မလိုလားသည့် ရဲတပ်ဖွဲ့ဝင်များကို ခေတ်ဟောင်းက ပုံစံ အတိုင်း ဆက်လက် ဖိနှိပ် အုပ်ချုပ်ခွင့် ပေးထားခြင်းတို့သည် ဒေသတွင်း မတည်မငြိမ် ဖြစ်ပွားလာစေခြင်းကို တွန်းအားပေးနေသည့် အကြောင်းရင်းများဖြစ်သည်ဟု သုံးသပ်ပါသည်။

ဧရာဝတီတိုင်း အတွင်းမှ မြို့နယ် အသီးသီးတွင် မလိုလားအပ်သည့် ဆူပူမှုများ ၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားအောင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့်လည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်၊ ဖြစ်ပွားလာနိုင်သည့် အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိစစ်မေး လေ့လာပြိး အများပြည်သူ့ အကျိုးကို သာ ရှေးရှုသော ပွင့်လင်းမြင်သာ ဘက်မလိုက်သည့် ဖြေရှင်း ဆောင်ရွက်ပေးမှုများ အဆောတလျင် အရေးတကြီး လုပ်ဆောင်စေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

မိမိတို့လူမှုကွန်ယက်များကို ဖိတ်ခေါ်မည်ဆိုပါကလည်း ဖြစ်စဉ်ဖြစ်ပွားနိုင်သည့် ကျေးရွာများအထိ ကွင်းဆင်းပြီးလူထုအကြား တည်ငြိမ်သော ဖြေရှင်းနည်းလမ်းများ ဆွေးနွေးပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးမှု တည်ငြိမ်အေးချမ်းမှုများ ရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...