Thursday, August 15, 2013

ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ရခိုင်ပါတီ များသာ ကျင်းပပြီး အခြားပါတီများ နှင့် ၈၈ မျိုးဆက်များ၊ ဗကသ များ ကျင်းပခြင်းမရှိ


From : ..ဇော်နိုင်ဝင်း

ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန် ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ (၇၄) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင် တိုင်းရင်းသား နိုင်ငံရေးပါတီ နှစ်ခုနှင့် ရခိုင် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း ရက္ခ အလင်းတန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းတေဇက ပြောကြားသည်။

ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရန်အတွက် သြဂုတ်လ ၁၁ ရက်နေ့တွင် ရခိုင်ပါတီ နှစ်ပါတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက အခမ်းအနား ဖြစ်မြောက်ရေး အကြို ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မှာ နေကြတဲ့ ရခိုင်တွေ အားလုံး ပါဝင်ပြီး အခမ်းအနားကို ကျင်းပမယ်။ နောက်ပြီး ဦးဥတ္တမ ပန်းခြံကို ကန်တော်မင် ပန်းခြံလို့ သုံးနှုန်း ထားတာကို ပြန်ပြောင်းပေးဖို့ တောင်းဆိုမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ အခမ်းအနားကို အစီအစဉ် ၁၂ ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရေး အကြို ညှိနှိုင်းပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအစည်းအဝေး တက်ရောက်သူများထံမှ သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...