Thursday, August 15, 2013

လီမွန်ထမင်း


လီမွန်ထမင်းကတော့ အိန္ဒိယတောင်ပိုင်းရဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
ဆီပြန်အသားဟင်းများနဲ့ လိုက်ဖက်သလို သက်သတ်လွတ်စားချင်သူများအတွက်လည်း
အာလူးချက်ကဲ့သို့ ဟင်းရံများနှင့် စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
....................
• Basmati ဆန် (သို့) ရိုးရိုးဆန် - ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
• လီမွန်အရည် - စားပွဲဇွန်း ၃ ဇွန်း
• မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ်
• ချင်း - လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
• မြေပဲဆံ - အနည်းငယ်
• ကုလားပဲခြမ်း - စားပွဲဇွန်း ၁ ဇွန်းခန့်
• ငရုတ်သီးခြောက် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ဆား - အနည်းငယ်
• နနွင်း - လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ

ချက်နည်း
.............
၁။ ဆီကိုအပူပေးပြီး မုန်ညင်းစေ့ကိုထည့်ကြော်ပါ။
၂။ မုန်ညင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် မြေပဲနှင့်
ကုလားပဲများကိုထည့်ကာ ရွှေညိုရောင်သမ်းအောင် မီးနဲနဲနှင့် ကြော်ပါ။
၃။ ပျဉ်းတော်သိမ်နဲ့ ချင်းကိုထည့်ပါ။ ငရုတ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ။
၎။ နောက်ဆုံးမှာ ဆား၊ နနွင်းထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ။
၅။ ချက်ပြီးသားထမင်းများကို အသာအယာထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ။

...................
Evy's Kitchen

FOOD Magazine

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...