Saturday, September 7, 2013

Vanity Fair ၏ နှစ် ၁၀၀ ပြည့် အထူးထုတ်မျက်နှာဖုံးရှင် ကိတ်အပ်တန်






ကိတ်သည် (၁၉၁၃)ခုနှစ်က စတင်တည်ထောင်သည့် မဂ္ဂဇင်းကြီး၏ ဂုဏ်ယူဖွယ်ရာ အထူးထုတ် မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ပေးခွင့် ရခဲ့ရာ ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်၏ ခေတ်ဟောင်းရိပ် လွှမ်းသော ဖက်ရှင်ဖြင့် ညှို့ချက်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့သည်။

ကမ္ဘာကျော် ဖျော်ဖြေရေး မဂ္ဂဇင်းကြီး Vanity Fairသည် မဂ္ဂဇင်းတိုက် ရပ်တည်မှု သက်တမ်း နှစ်(၁၀၀)ပြည့် အထူးထုတ်အတွက် ကိတ်အပ်တန်ကို အထူးတလည် ရွေးချယ်ခဲ့သည်။ ကိတ်သည် (၁၉၁၃)ခုနှစ်က စတင်တည်ထောင်သည့် မဂ္ဂဇင်းကြီး၏ ဂုဏ်ယူဖွယ်ရာ အထူးထုတ် မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ပေးခွင့် ရခဲ့ရာ ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်၏ ခေတ်ဟောင်းရိပ် လွှမ်းသော ဖက်ရှင်ဖြင့် ညှို့ချက်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကိတ်သည် လက်ထဲတွင် မွေးနေ့ကိတ်မုန့်ကို ကိုင်ကာ ဆွဲဆောင်မှုရှိသည့် ရွှေရောင် အတွင်းခံ ဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံထားခြင်း ဖြစ်သည်။ Vanity Fairသည် အထူးထုတ် မဂ္ဂဇင်းအတွက် ထင်ရှားသော စာရေးဆရာများ၊ ဓာတ်ပုံဆရာများကို ဖိတ်ကြား အသုံးပြုခဲ့သလို ကိတ်၏ ဓာတ်ပုံကို အသက်အဝင်ဆုံး ရိုက်ကူးပေးနိုင်ရန် နာမည်ကျော် ဓာတ်ပုံဆရာ အန်နီလီဘိုဗစ်ဇ်ကို တာဝန်ပေးခဲ့သည်။

ကိတ်သည် (၁၉၁၃)ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ထုတ် Dress & Vanity Fair မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်ကို ပြန်လည်ကိုးကားကာ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။ Vanity Fair၏ အယ်ဒီတာ ဂရေဒန်ကာတာက "ခေတ်တွေ အများကြီး ကျော်ဖြတ် ပြောင်းလဲပြီးချိန်မှာ ဒီလို ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး အငွေ့အသက်မျိုးကို ပြန်ဖော်ကျူးရတာ တစ်မျိုးတော့ ထူးခြားနေပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ယခုအထူးထုတ် မဂ္ဂဇင်းတွင် ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် အထင်ကရ ဖြစ်ခဲ့သည့် ဆောင်းပါးများ၊ မှတ်တမ်းများနှင့် ဓာတ်ပုံများကိုပါ ပြန်လည် ဖော်ပြထားခဲ့ကြောင်း သိရှိရသည်။

Planet

မော်ဒယ်ချောကိတ်အပ်ပ်တန်ရဲ့ မဖော့်တဖော် မပေါ့်တပေါ် ဣတ္ထိယအလှကို ကြည့်ချင်ရင်တော့ အောက်ကလင့်ကို ကလစ်ပြီးသွားရောက်ကြည့်ရှုနိုင်ပါတယ်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...